မင်းကရေဓာတ်စင်ရဲ့ ဖခင်ကြီးများလား
Vol. 4 Ch. 58
"အဝတ်အထည်ဌာနသခင်က ဘာမေးချင်လို့လဲ၊လွတ်လွတ်လပ်လပ် မေးလို့ရပါတယ်"
တန်ယန်က အေးအေးဆေးဆေးပင် လမ်းဖွင့်ပေးလိုက်သည်။
"ငါက ဓာတ်ကြီးငါးပါးဝိညာဥ်တွေ ဘယ်နေရာမှာ အများဆုံးရှိလည်း သိချင်တာပါ၊
များလေကောင်းလေပဲ ၊ အများဆုံးဆိုတဲ့ နေရာကိုသာပြောပါ"
ကျိယွမ်က သူအသိချင်ဆုံးအရာကို မေးလိုက်သည်။သူကထိုမေးခွန်းကို မေးချင်လွန်း၍ မေးစရာလူလိုက်ရှာနေသည်မှာ ကြာခဲ့လေပြီ။ယခုမှပင် မေးခွင့်ကြုံတော့သည်။
သူသွားခဲ့သမျှနေရာတိုင်း၌ ဓာတ်စင်ဝိညာဥ်များက အရမ်းနည်းပါးနေသဖြင့် သူကစိတ်ဓာတ်များပင် ကျချင်သလိုဖြစ်နေရသည်မဟုတ်ပါလား။
သူ၏မေးခွန်းကိုကြားသောအခါ သူတို့ကိုယ်သူတို့ နားကြားမှားလေသလားဟု သံသယဝင်သွားကြသည်။
ဘယ်သူက ဓာတ်စင်ဝိညာဥ်တွေများတဲ့ နေရာကို စုံစမ်းရဲမှာလဲ။
ဓာတ်စင်ဝိညာဥ်တွေအနည်းဆုံးနေရာလို့ မေးလိုက်တာဖြစ်မယ်။
မဟုတ်ဘူး ငါကြားမိတာက အများဆုံးနေရာတဲ့။
နားကြားမမှားခဲ့မှန်း သေချာနေသဖြင့် တန်ယန်က မေးခွန်းကို ဖြေလိုက်သည်။
"ဒီကနေ မိုင်နှစ်ရာအကွာမှာ သစ်သားဝိညာဉ်နှစ်ရာရှိတဲ့ ချိုင့်ဝှမ်းတစ်ခုရှိပါတယ်။ အဝတ်အထည်ဌာနသခင်အတွက် လုံလောက်ရဲ့လား"
ကျိယွမ်က စိတ်ညစ်သွားပုံဖြင့် ခေါင်းခါလေသည်။
"နှစ်ရာတည်းလား ၊ ဒီထက်များတာ မရှိဘူးလား"
"ဘယ်လောက်များတာလဲ"
ဆံထုံးနှင့်အမျိုးသမီးက မနေနိုင်တော့ဘဲ ဝင်မေးမိပြန်သည် ။
"များလေ ကောင်းလေပဲ။ တစ်ထောင်ဆိုလည်း မများသေးဘူး။ တစ်သောင်း..... အင်း..တစ်သောင်းလောက်ဆိုရင်တော့ နည်းနည်းများသွားမယ်ထင်တယ်၊ တစ်သောင်းမပြည့်တပြည့်ပေါ့ " ။
အားလုံးက ကျိယွမ်ကိုအရူးတစ်ယောက်လို ကြည့်မိကြလေသည်။စိတ်ထဲတွင် ကြိတ်ကာ ခေါင်းယမ်းလိုက်ကြ၏။
ဓာတ်ကြီးငါးပါး လေ့ကျင့်ရေးကွင်းထဲကို ဝင်လာပြီဆိုလျှင် တိတ်ဆိတ်သောနေရာကိုရှာပြီး ဓာတ်စင်တစ်ခုကို ဖြည်းဖြည်းချင်း နားလည်အောင်ကြိုးစားကာ စုဆောင်းသင့်သည် မဟုတ်ပါလား။
"မင်းက ဘာဖြစ်လို့ ဓာတ်စင်ဝိညာဉ်တွေ အများကြီးရှိတဲ့နေရာကို ရှာရတာလဲ"
နားမလည်သည့်အဆုံးတွင် အနီရောင်ဝတ်စုံအမျိုးသားက ထုတ်မေးသည် ။
ကျိယွမ်က သူကိုကြည့်ပြီး ဒီအနီရောင်ဝတ်စုံနဲ့လူက နည်းနည်းတော့တုံးအသည်ဟုတွေးလိုက်သည် ။
"ဓာတ်စင်ချီစွမ်းအားကို လိုချင်လို့ပေါ့။ ဓာတ်စင်ဝိညာဉ်တွေ များလေ ဓာတ်စင်ချီတွေ ပိုများလေပဲ မဟုတ်လား၊ စုဆောင်းရတာ ပိုလွယ်တယ်လေ "
အနီရောင်ဝတ်စုံအမျိုးသားမှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
တန်ယန်ကတော့ ကျိယွမ်ကို ကြည့်ပြီး သဘောပေါက်သွားသည်။
သူကလေ့ကျင့်ရေးကွင်းထဲကို အခုမှရောက်လာတာဆိုတော့ ဓာတ်စင်ချီတစ်ခုမှ စုဆောင်းဖူးပုံမရှိဘူး၊ဒါကြောင့် လှည့်ကွက်တွေကို မသိဘဲ စိတ်ထင်ရာတွေ ပြောနေတာပဲ။
တန်ယန်က လျှို့ဝှက်ချက်များကို ကျိယွမ်အား ပြောပြပေးရန် ဆုံးဖြတ်လိုက်သည်။
"အဝတ်အထည်ဌာနသခင်၊ ဓာတ်စင်ချီတစ်ခုကို ရယူဖို့ဆိုတာ ထင်သလောက်လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ အဓိကအချက်အချို့ကို သတိထားဖို့ လိုအပ်တယ်၊ဓာတ်စင်ချီကို စုဆောင်းဖို့ဆိုရင် ပထမအနေနဲ့........
.........."
တန်ယန်က ရှည်လျားစွာရှင်းပြနေလေသည်။
သူ၏ရှင်းပြချက်ဆုံးသောအခါ တန်ယန်က ကျိယွမ်၏မေးခွန်းကိုပါ ဖြေပေးခဲ့သည်။
"ဒီကနေ အရှေ့ဘက် မိုင်တစ်ထောင်အကွာမှာ လျှိုမြောင်ကြီးတစ်ခုရှိတယ်။ အဲ့ဒါက ပလေ့ကျင့်ရေးကွင်းရဲ့ အဓိကနေရာဖြစ်ပြီး ဓာတ်စင်ဝိညာဉ်ပေါင်း တစ်သောင်းကျော်ရှိရှိတယ်" ။
တန်ယန်က ထိုနေရာသို့ သွားရမည့် လမ်းကြောင်းများကိုပါ အသေးစိတ်ပြောပြပေးလေသည်။
ဓာတ်စင်ချီများကို စုဆောင်းနည်းအကြောင်းကိုပြောစဥ်က ပျင်းရိစွာနားထောင်နေခဲ့သော ကျိယွမ်သည် ဝိညာဥ်တစ်သောင်းကျော်ရှိသောနေရာအကြောင်းကို ကြားသောအခါမှာတော့ အလွန်စိတ်အားထက်သန်စွာနားထောင်၏။လမ်းကြောင်းများကို သေချာပြန်မေးနေသေးသည်။
မသိလျှင်သူက ချက်ချင်းပင်ပြေးသွားတော့မည့်အလားပင်။
ဘေးတွင်ရပ်နေသော အနီရောင်ဝတ်စုံအမျိုးသားက ကျိယွမ်၏ဟိတ်ဟန်ထုတ်နေ ပုံကိုကြည့်ကာ ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည် ။ သူက မျက်နှာကိုတိုက်ရိုက်ကြည့်ပြီး ရယ်မိလျှင် ယခင်ကလည်း ထိုသူ၏အကြောင်းကို မကောင်းပြောခဲ့ဖူးသဖြင့် ရှက်စရာတော်တော်ကောင်းသွားနိုင်၏ ။
ထိုအချိန်တွင် ကျိယွမ်က တစ်စုံတစ်ခုကိုတွေးမိသလို မေးလိုက်သည်။
"ဓာတ်စင်ချီစွမ်းအင်ကိုရဖို့က တကယ်ခက်တာလား"
"အရမ်းကို ခက်တယ်။ တန်ယန်လိုမျိုး ထူးခြားတဲ့ ပါရမီရှိသူတောင်မှ ရေဓာတ်စင်တစ်မျှင်ကို နားလည်ပြီးရယူဖို့အတွက် တစ်နှစ်ကြာခဲ့တယ်"
ဆံထုံးနှင့်အမျိုးသမီး၏ အဖြေကြောင့် ကျိယွမ်ရှုပ်ထွေးသွားသည်။
"တစ်နှစ်ကြီးလား ..."
သူသိထားသည်နှင့် အဘယ့်ကြောင့်ကွာခြားနေရသနည်း။
ကျိယွမ်က ဆံထုံးနှင့်အမျိုးသမီးနောက်တွင် ချုပ်နှောင်ထားသော ရေဓာတ်ဝိညာဥ်တစ်ကောင်ကို ကြည့်လိုက်သည်။ထိုဝိညာဥ်မှာ တန်ယန်၏တိုက်ပွဲကိုမနှောက်ယှက်နိုင်စေရန် ဖမ်းဆီးထားသော ဝိညာဥ်တစ်ကောင်ဖြစ်သည်။
"ဒါကို နင်တို့လိုသေးလား"
"မလိုတော့ဘူး"
"ဒါဆို အဆင်ပြေတယ် ။ ငါက နင်တို့ရဲ့ ဝိညာဥ်တွေကို မလုချင်ပါဘူး"
ကျိယွမ်က စကားဆုံးသည်နှင့် သူ၏ဓားကို လွှဲလိုက်သည် ။ ရေဓာတ်ဝိညာဉ်သည် ချက်ချင်းဆိုသလို နှစ်ပိုင်းပြတ်သွား၏ ။
အတွေ့အကြုံရမှတ် +100 ။
ရေဓာတ်စင်ချီ +1 (မျှင်) ။
လှောင်ရယ်ချင်နေသော ဝတ်စုံနီ၏ မျက်လုံးများ အလန့်တကြားပြူးကျယ်သွားသည်။
သူအမြင်များမှားနေသလားဟုတွေးမိကာ မျက်လုံးများကို ချကိချင်းပွတ်သပ်ကြည့်လိုက်သည်။
မမှားပါ။
သူလုံးဝမမှားခဲ့ပါ။
ဒါက ဘာကြီးလဲ၊အဝတ်အစားဌာနသခင်က ရေဓာတ်ဝိညာဉ်တစ်ကောင်ကို ဓားတစ်ချက်နဲ့ သတ်ပစ်လိုက်ပြီးတော့... ရေဓာတ်စင်ချီတစ်မျှင်ကို နားလည်သွားတာတဲ့ ။
ဒါက ဒီလောက်ရိုးရှင်းတာလား ။ ပါရမီကြောင့်လား ။ မဖြစ်နိုင်ဘူး ။ ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ရမယ် ။
အနီရောင်ဝတ်စုံအမျိုးသားတင်မကပါ ။ တန်ယန်နှင့် ဆံထုံးအမျိုးသမီးတို့ကလည်း
ထိုအတိုင်းသာ တွေးမိနေကြသည်။
"အဝတ်အထည်ဌာနသခင်၊ မင်းရဲ့ပါရမီက အံ့သြစရာပါပဲ။ အသက်ရှူချိန် ခဏလေးအတွင်းမှာပဲ ရေဓာတ်စင်ချီကို နားလည်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး"
တန်ယန်က စိတ်ပါလက်ပါ ချီးကျူးလိုက်သည် ။
တန်ယန်က အဝတ်အထည်ဌာနသခင်သည် သူ့ထက်ပင်ပါရမီပိုထူးခြားသော ရေဓာတ်ပိုင်ရှင် တစ်ယောက်ဖြစ်ကြောင်း သေချာသွားသည် ။
"ငါက မင်းတို့နဲ့ ဘယ်တူမလဲ"
ချီယွမ်က သူ၏ပါရမီက ထူးခြားသောကြောင့် လွယ်ကူနေသည်ဟုမထင်ပါ။ သူက ဤဂိမ်းကို ကစားနေသော ကစားသမားတစ်ဦးဖြစ်သည် ။မကောင်းဆိုးရွားများကို သတ်လျှင် ဂိမ်းက သူ့ကိုအတွေ့အကြုံရမှတ်၊ မာနာ စသောဆုများပေးသည် ။ထိုအရာက သာမန်သာဖြစ်ပြီး မထူးဆန်းပါ။
သို့သော် သူ၏ရှေ့တွင်ရှိနေသော NPC များကတော့ တကယ့်နားလည်နိုင်စွမ်းကို အားကိုးရပုံရှိသည်။
ကျိယွမ်၏ ကြွားဝါသလိုလေသံကြောင့် သူတို့သုံးယောက်လုံး အောင့်သက်သက်ဖြစ်သွားလေ၏။
မိမိတို့အားသူနှင့်နှိုင်းယှဥ်ရန် အဆင့်မမီဟုပြောလိုက်သလို ခံစားရသည်။
ဆံထုံးနှင့်အမျိုးသမီးကတော့ အဝတ်အထည်ဌာနသခင်၏ စကားများကလည်း အနီရောင်ဝတ်စုံ၏စကားများကဲ့သို့ပင် စိတ်အနှောင့်အယှက်ပေးလှသည်ဟု တွေးမိသည်။
ထိုအချိန်တွင် ကျိယွမ်က အနီရောင်ဝတ်စုံအမျိုးသားကို မေးလိုက်၏။
"မင်းရဲ့နောက်က အဲ့ဒီရေဓာတ်ဝိညာဉ် သုံးကောင်ကို လိုသေးလား"
အနီရောင်ဝတ်စုံနဲ့ အမျိုးသားက ခေါင်းကို အမြန်ခါပြသည် ။
"မလိုတော့ဘူး"
ချီယွမ်က ပြုံးလိုက်သည်။
"ဒါဆို ငါယူလိုက်မယ်"
သူက ရေဓာတ်ဝိညာဉ်သုံးကောင်ဆီကို ဓားကိုင်ပြီး လျှောက်သွားသည် ။
အနီရောင်ဝတ်စုံအမျိုးသားက အံ့သြသွားသော်လည်း ခေါင်းခါလိုက်၏။
အဝတ်အထည်ဌာနသခင်သည် ပထမအကြိမ်ကဲ့သို့ ကံစမ်းချင်နေပုံရသည်။
ဘယ်လိုလုပ်အဲဒီလောက်တိုက်ဆိုင်နိုင်မှာလဲ။
ကျိယွမ်က ရေဓာတ်ဝိညာဉ်များအနီးသို့ ရောက်သည်နှင့် သုံးချက်ဆက်တိုက် ခုတ်လိုက်သည်။
ချုပ်နှောင်ခံထားရသော ရေဓာတ်ဝိညာဥ်သုံးကောင်မှာ ချက်ချင်းသေဆုံးသွားလေ၏။
အတွေ့အကြုံရမှတ် +300 ။
ရေဓာတ်စင်ချီ +3 (မျှင်) ။
တန်ယန် ကြောင်အသွားသည် ။
ဆံထုံးနှင့်အမျိုးသမီးမှာ ဆွံ့အသွား၏ ။
အနီရောင်ဝတ်စုံနှင့်အမျိုးသားကတော့ စကားတစ်ခွန်းပင် မပြောနိုင်တော့ပါ။
ရေဓာတ်စင်ချီ သုံးမျှင်လား ။
ဓားသုံးချက်နှင့်ရေဝိညာဉ်သုံးကောင်ကို သတ်လိုက်ရုံဖြင့် အဝတ်အထည်ဌာနသခင်က ရေဓာတ်စင်ချီသုံးမျှင်ကို တကယ် နားလည်သွားသည် ။
ရေဓာတ်စင်ကို နားလည်ဖို့က ဒီလောက်ရိုးရှင်းသွားတာလား ။ ရေဓာတ်ဝိညာဉ်ကို သတ်ရုံပဲပေါ့ ။
သူတို့အတွက် ဓာတ်စင်ချီများကို ရယူရန်ဆိုလျှင် ဂရုတစိုက်ပြင်ဆင်ရသည်၊ သင့်လျော်သော ဓာတ်စင်ဝိညာဥ်များကို ရှာရသည်။တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ဖန်တီးရသည်၊ ထို့နောက် ဖြည်းဖြည်းချင်း နားလည်ရန် စိတ်ရှည်စွာ နာရီပေါင်းများစွာ ကြိုးစားရသည်၊ နားလည်ပြီဆိုမှ သတ်ရသည်။ သို့တိုင်အောင် အကြိမ်ကြိမ်အခါခါ ကျရှုံးပြီး တစ်ခါတစ်ရံမှသာ အောင်မြင်ခဲ့ကြသည် ။
ဒါပေမဲ့ ထိုသူအတွက်ကတော့ ရေဓာတ်ဝိညာဉ်တစ်ကောင်ကို ဓားတစ်ချက်နှင့်သတ်လိုက်ရုံဖြင့် ရေဓာတ်စင်ကို နားလည်သွားသည် ။
ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ ။
ဓာတ်ကြီးငါးပါးလေ့ကျင့်ရေးကွင်းမှာ တစ်ခုခုတော့ မှားယွင်းနေတာဖြစ်ရမယ် ။
အနီရောင်ဝတ်စုံနှင့်အမျိုးသားသည် ရေဓာတ်ဝိညာဉ်တစ်ကောင်ကိုရှာပြီး ဓားတစ်ချက်နှင့်သတ်ကာ ရေဓာတ်စင်ကို နားလည်နိုင်မလားဆိုတာကို စမ်းကြည့်ချင်သွားသည် ။
ကံမကောင်းစွာဖြင့် အနီးအနားတွင်ရှိသော ရေဓာတ်ဝိညာဉ်များကို ကျိယွမ်က သတ်လိုက်လေပြီ။
ကျိယွမ်က ရေဓာတ်ဝိညာဉ်သုံးကောင်ကို သတ်ပြီးနောက် သူ၏ဓားကြီးကို သတို့သမီးလေးဆီ ပြန်ပေးလိုက်သည် ။
ထို့နောက် တန်ယန်တို့သုံးဦးကို ထပ်မေးလိုက်၏။
"ဓာတ်စင်ချီစွမ်းအင်ကိုရဖို့က တကယ်ခက်တာလား"
သုံးယောက်စလုံးတွင် ဖြေစရာစကားမရှိခဲ့ပါ။သူတို့က တိတ်ဆိတ်နေ၏။
သူတို့သုံးယောက်စလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြကာ ဘာပြောရမှန်း မသိတော့ပေ။
"လူတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ စိတ်မပျက်ကြပါနဲ့။ ဆက်ပြီး ကြိုးစားကြပါ ။သိချင်တာလေးတွေဖြေပေးလို့ ကျေးဇူးတင်ပါတယ်။ ငါ သွားတော့မယ်"
ကျိယွမ်က နှုတ်ဆက်ပြီးသည်နှင့် သတို့သမီးလေးကို ပွေ့ချီကာ လေ့ကျင့်ရေးကွင်း၏ အဓိကနေရာဆီကို ဦးတည်ကာ ထွက်သွားသည်။
လူငယ်သုံးယောက်လုံးသည် ထုံထိုင်းသောမျက်နှာအမူအရာများဖြင့် ကျန်ခဲ့၏။
"အဝတ်အထည်ဌာနသခင်ကိုမြင်ခဲ့တာက ငါစိတ်ချောက်ခြားပြီး အိပ်မက်မက်နေတာလားလို့တောင် ထင်မိတယ်"
အနီရောင်ဝတ်စုံနှင့်အမျိုးသားက ကျိယွမ်ထွက်သွားသည့်ဘက်ကို မျှော်ကြည့်ကာ အရင်ဆုံး စကားစသည် ။
တန်ယန်ကတော့ စကားမပြန်ခဲ့ပေ။
ဆံထုံးနှင့်အမျိုးသမီးက "ငါလည်း အတူတူပဲ အိပ်မက်မက်နေတယ်လို့ပဲ ထင်တယ်"
တန်ယန်က စကားစပြောလာ၏။
"အဝတ်အထည်ဌာနသခင်က တကယ်ကို... မွေးရာပါပါရမီရှင် ပဲ" ။
သူက စိတ်ပျက်စွာသက်ပြင်းချပြီး ထပ်ပြောလိုက်သည် ။
"အဝတ်အထည်ဌာနသခင်က ရေဓာတ်စင်ရဲ့ ဖခင်ကြီးပဲ ၊ မဟုတ်ဘူး၊ ရေဓာတ်စင်ရဲ့ ဘိုးဘေးအဖြစ် မွေးဖွားလာတဲ့ ရေဓာတ်ပါရမီရှင်ပဲ"
အနီရောင်ဝတ်စုံနှင့်အမျိုးသားသည် တန်ယန်၏စကားကို နားလည်ရန် ခက်ခဲနေပုံရသည် ။
မွေးရာပါ ရေဓာတ်ပါရမီရှိရင်တောင် ဓားတစ်ချက်တည်းနဲ့ ရေဓာတ်စင်ကို နားလည်နိုင်မှာတော့ မဟုတ်ဘူး မှတ်လား ။
ဓာတ်ကြီးငါးပါးလေ့ကျင့်ရေးကွင်းမှာ တစ်ခုခုတော့ မှားနေတာပဲဖြစ်ရမယ် ။
ထိုအခိုက်မှာပင် ရေဓာတ်ဝိညာဉ်တစ်ကောင်သည် သူတို့သုံးယောက်၏အနီးအနားမှာ ပေါ်လာပြီး အနီရောင်ဝတ်စုံနှင့်အမျိုးသားအား တိုက်ခိုက်ရန်ပြေးလာ၏ ။
အနီရောင်ဝတ်စုံမှာ ၄င်းတို့၏ဒေါသကို ပိုပြီး ဆွဲဆောင်နိုင်ပုံ ရသည် ။
မျက်စိလျင်သော အနီရောင်ဝတ်စုံနှင့် အမျိုးသားက အရင်ဆုံးမြင်သွားကာ စိတ်လှုပ်ရှားစွာ ထအော်လိုက်သည် ။
"ရပြီကွ"
အခြားသူများထက် လက်ဦးအောင် သူကလှုပ်ရှားလိုက်သည်။
တစ်ချက်တည်ဖြင့် ရေဓာတ်ဝိညာဥ်က သေဆုံးသွား၏။
အနီရောင်ဝတ်စုံနှင့်အမျိုးသားက ကျိယွမ်၏ကိုယ်နေဟန်ထားအတိုင်းရပ်ကာ မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်စားနေလိုက်သည်။
သို့သော် မည်သည့်အရာမှ ဖြစ်ပျက်မလာပါ။
"ဘာလဲဟ"
နားမလည်သလိုဖြင့် သူ၏ဓားကိုတစ်လှည့် ရေဓာတ်ဝိညာဥ်အကျွင်းအကျန်များကိုတလှည့်ကြည့်ကာ အဖြေရှာမရဖြစ်နေ၏ ။
ထိုအခိုက် အဝတ်အစားဌာနသခင် မထွက်ခွာခင်က ပြောခဲ့သော "လူတွေက မတူကြဘူး" ဆိုသည့် စကားကို သူ သတိရသွားသည် ။
ဒါပေမဲ့... လူတွေက မတူဘူးဆိုရင်တောင် ဒီလောက်ကြီး မကွာခြားသင့်ဘူး မဟုတ်လား ။
အနီရောင်ဝတ်စုံနှင့်အမျိုးသား ကြေကွဲသွားရှာသည်။
တစ်ခုခုကို တွေးမိဟန်ဖြင့် တန်ယန်က အကြံပေးလာသည် ။
"ငါ့မှာ အကြံတစ်ခုရှိတယ်။ပိုပြီးသေချာသွားအောင် ငါတို့ အဓိကနေရာကို လိုက်သွားကြည့်ရင်ကောင်းမလား"
အနီရောင်ဝတ်စုံအမျိုးသား နှင့် အမျိုးသမီးတို့က အမြန်ခေါင်းညိတ်သည် ။
"ဟုတ်တယ်၊ ရေဓာတ်စင်ကို နားလည်ဖို့ ဓားတစ်ချက်နဲ့ ခုတ်တာအပြင် အခြားအသေးစိတ်အချက်တွေလည်းရှိနိုင်တယ်"
"ခုနက သူသတ်လိုက်တာကအရမ်းမြန်းတော့ ငါတို့သတိမထားမိတာဖြစ်မယ်"
လေ့ကျင့်ရေးကွင်း၏ အဓိကနေရာကိုသွားရန်မှာ သူတို့အတွက် အချိန်သိပ်မလိုပေ၊။
တစ်စုံတစ်ယောက်က ရေဓာတ်ဝိညာဉ်တစ်ကောင်ကို ဓားတစ်ချက်နှင့်သတ်ပြီး ရေဓာတ်စင်ကို နားလည်သွားရခြင်း၏ အသေးစိတ်အချက်များကို ကြည့်ရန်မှာ တစ်သက်တွင်တစ်ခါသာ ကြုံနိုင်သော အခွင့်အရေးဖြစ်သည် ။
သူတို့လို ရေဓာတ်ကျင့်ကြံသူများအတွက် ရွှေရောင်အခွင့်အရေးကြီးကို လွဲချော်မခံနိုင်ပေ။
"ဒီလိုအခွင့်အရေးမျိုးကို လွဲချော်သွားရင် ငါတို့လောက် မိုက်တဲ့သူမရှိတော့ဘူး"
သူတို့သုံးယောက်သည် နေရာမှလျှင်မြန်စွာပျောက်ကွယ်သွားကြသည်။
.................
မိုင်တစ်ထောင်ဆိုသောအကွာအဝေးသည် ကျိယွမ်အတွက် သိပ်မဝေးလှသော်လည်း အချိန်အနည်းငယ်တော့ ကြာမြင့်လေ၏။
ထို့အပြင် သူကလမ်းတစ်လျှောက်တွင်တွေ့ရသော ဓာတ်စင်ဝိညာဥ်များကိုလည်း သတ်ဖြတ်ရန် မမေ့ခဲ့ပါ။တစ်ကျပ်မြတ်မြတ် နှစ်ကျပ်မြတ်မြတ် အမြတ်ငွေဟူသည် အားလုံးအတူတူသာဖြစ်၏။သူက လက်လွတ်မခံနိုင်ပါ။
ကျိယွမ်က လမ်းတစ်လျှောက် ရပ်လိုက်၊ သတ်လိုက်နှင့် သွားနေခဲ့သော်လည်း တန်ယန်တို့မှာ ယခုထိသူ့ကို မမီကြသေးပေ။
တန်ယန်တို့သုံးဦးမှာ ကျိယွန်၏နောက်သို့ လိုက်နေရင်းမှာပင် အပြင်ဘက်မှလူများအား အခြေအနေကို အသိပေးခဲ့သည်။
ကျိယွမ်ကတော့ ထိုလူသုံးယောက် လိုက်လာနေသည်ကို မသိခဲ့ပါ။သူက လေ့ကျင့်ရေးကွင်း၏ အဓိကနေရာသို့ရောက်သောအခါ ချက်ချင်းမဝင်သေးဘဲ ရပ်သွား၏။
ကျိယွမ်က ယခုအချိန်တွင် အဆင့် ၉၃နှင့်အလွန်နီးကပ်နေသည်ဟု ခံစားရသည်။ထို့ကြောင့် အန္တရာယ်ရှိနိုင်သော အဓိကနေရာသို့မဝင်မီ အဆင့် ၉၃ သို့တတ်ရန်ဆုံးဖြတ်လိုက်သည်။
ထို့သို့မလုပ်ခဲ့လျှင် သူ၏ဓားကမည်မျှပင်ထက်ပါစေ ထောင်ပေါင်းများစွာသော ဓာတ်စင်ဝိညာဥ်များကြောင့် တုံးသွားမှာသေချာ၏။
ကျိယွမ်က အဓိကနေရာ၏အပြင်ဘက် ပတ်ဝန်ကျင်းရှိ ဝိညာဥ်များကိုရှာဖွေသတ်ဖြတ်ကာ အဆင့်တတ်ရန် ဦးတည်လိုက်သည်။
သူထွက်သွားပြီး မကြာမီမှာပင် တန်ယန်တို့သုံးဦးသည် လေ့ကျင့်ရေးကွင်း၏ရောက်လာ၏။
ထိုနေရာက သဘာဝအတိုင်းတိတ်ဆိတ်နေပြီး ကျိယွမ်ရောက်မနေသည်ကိုမြင်သောအခါ နားမလည်နိုင်ဖြစ်ကုန်သည်။
အနီရောင်ဝတ်စုံနှင့်အမျိုးသားသည် လေ့ကျင့်ရေးကွင်း အဓိကနေရာ၏အဝေးမှပင် အတွင်းထဲမှ ကြောက်စရာကောင်းသော ဓာတ်စင်စွမ်းအားများကို ခံစားမိသည် ။
"အဝတ်အထည်ဌာနသခင်က ငါတို့ကို လှည့်စားသွားတာများလား။ လမ်းလွှဲတဲ့နည်းစနစ်ကို သုံးပြီးလုံးဝမလာခဲ့တာလား"
သူ၏အသံကို ကြားသောအခါ ဆံထုံးနှင့်အမျိုးသမီးက သူ့ကိုမျက်စောင်းထိုးပြီး သူ့နဲ့ဝေးရာဘက်သို့ လျှင်မြန်စွာ ရွေ့သွားသည် ။
"နင့်အသံကို တိုးတိုးပြောစမ်း ။ နင်က ဓာတ်စင်ဝိညာဉ်တွေရဲ့ဒေါသကို အဆွဲဆောင်နိုင်ဆုံးပဲဆိုတာ မသိဘူးလား"
တန်ယန်ကလည်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည် ။
အနီရောင်ဝတ်စုံနှင့်အမျိုးသား၏ ပါးစပ်က လူတိုင်းကို စိတ်အနှောင့်အယှက်ပေးတတ်ပြီး သူပေါ်လာတိုင်းမှာလည်း ဓာတ်စင်ဝိညာဉ်များ၏ ဒေါသတကြီးတိုက်ခိုက်ခြင်းကို မကြာခဏခံရသည် ။
အခြားနေရာများတွင် ကိစ္စမရှိသော်လည်းယခုနေရာကတော့ အဓိကနေရာဖြစ်သည် ။ အဓိကနေရာမှာဆိုလျှင် နတ်ဘုံအဆင့် ဓာတ်စင်ဝိညာဥ်များပင် ရှိလေသည် ။
"နင်က အရမ်းစိတ်ပူနေတာပဲ။ အရင်ဖြစ်ခဲ့တာတွေက တိုက်ဆိုင်မှုတွေပါဆို"
အနီရောင်ဝတ်စုံနှင့်အမျိုးသားက သူကြောင့်မဟုတ်ကြောင်း ရှင်းပြရန်ပြင်လိုက်သည်။သို့သော် သူစကားမစရသေးခင်မှာပင် အဓိကနေရာထဲမှ မိုးခြိမ်းသံကဲ့သို့သောအော်သံကြီးများ ထွက်ပေါ်လာသည် ။
တန်ယန်နှင့်အမျိုးသမီးတို့က အနီရောင်ဝတ်စုံနှင့်အမျိုးသားကို ဘယ့်နှယ်ရှိစ ဟူသောအကြည့်ဖြင့် ကြည့်လိုက်၏။
ထို့နောက် နှစ်ယောက်စလုံးက မပြောမဆိုနှင့် ထွက်ပြေးကြလေသည်။
အဓိကနေရာအတွင်းမှ ဓာတ်စင်ဝိညာဉ် ထောင်ပေါင်းများစွာသည် ဒေါသကြီးစွာအော်ဟစ်လျှက် အစုလိုက်အပြုံလိုက် ပြေးလာကြကုန်သည်။
အနီရောင်ဝတ်စုံနှင့်အမျိုးသားမှာ အော်ငိုချင်စိတ်များပင် ပေါက်သွား၏ ။
"ငါ့ကို စောင့်ကြပါဦးဟ။တကယ်ပဲ ဒါကငါ့အမှား မဟုတ်ပါဘူး"
သူက အဖော်နှစ်ယောက်နောက်သို့ အားကိုးတကြီးလိုက်လေသည်။
"နင့်ပါးစပ်ကို ပိတ်ထားလို့ "
"ငါ့ဘက်ကို ပြေးမလာနဲ့လေ"
"တန်ယန်ဘက်ကိုသွား"
အဓိကနယ်မြေအတွင်းမှ ဓာတ်စင်ဝိညာဥ်များက သူတို့သုံးယောက်နောက်သို့ ဒေါသကြီးစွာ လိုက်သွားကြသည်မှာ ကွင်းပြင်တစ်ခုလုံး ဝိညာဥ်များဖြင့် မည်းမည်းတုပ်သွားတော့သည်။
................
တစ်နာရီခန့်ကြာသောအခါ ကျိယွမ်သည် သတို့သမီးလေးကိုဆွဲလျှကိ အဓိကနေရာသို့ တိတ်တိတ်ကလေး ရောက်လာ၏။
ဝိညာဥ်တစ်ကောင်မှမရှိဘဲ ဗလာဖြစ်နေသော အဓိကနေရာကို မြင်သောအခါ ကျိယွမ် မျက်လုံးပြူးသွားသည်။
"ငါ နေရာများ မှားလာမိတာလား"
သူက အဝေးမှတောင်တန်းများကို သံသယမျက်လုံးများဖြင့် လှည့်ပတ်ကြည့်မိသည် ။ နေရာတိုင်း၌ ဓာတ်စင်ဝိညာဉ်အငွေ့အသက်များရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည် ။
"မြေကြီးက နွေးနေတုန်းပဲ၊ သူတို့ ထွက်သွားတာ မကြာသေးဘူး။အကုန်လုံးကြီး ထွက်သွားတာ ဘာလုပ်ဖို့ပါလိမ့် ၊ ပါတီသွားနေကြတာလား"
ကျိယွမ်က ထိသို့တွေးပြီး သွားများကိုကြိတ်လိုက်သည် ။
"ပါတီကို ငါ့ကိုမဖိတ်တာတော့ အရမ်းလွန်သွားပြီ"
သူက အဓိကနေရာထဲသို့ ဒေါင်းတင်မောင်းတင် ဝင်ချသွားသည် ။
သို့သော်အထဲသို့ရောက်ရောက်ချင်းမှာပဲ သူ၏အတွင်းမှပူနွေးလာဟု ခံစားမိလိုက်၏ ။ သူ၏ခန္ဓာကိုယ်ထဲက ဓာတ်စင်စွမ်းအားများက ဆူပွက်လာပုံရသည် ။
"နေဦး ၊ ဟိုချောက်ထဲမှာ တလက်လက်နဲ့လင်းနေတာက ဘာကြီးလဲ"
-----------