← Chapters

နေ့ခင်းကြောင်တောင် အိမ်မက်

Vol. 4 Ch. 59

နေ့ခင်းကြောင်တောင် အိမ်မက်

Vol. 4 Ch. 59

ကျိယွမ်သည် အဓိကနေရာထဲသို့ သတိကြီးကြီးထားကာ ဝင်ရောက်လာသည်။

သူ၏ရှေ့တွင် အဆုံးမရှိသော တောင်တန်းများက အလျားလိုက်တန်းစီနေ၏။ သူသည် မြေပြန့်တစ်နေရာသို့ရောက်သောအခါ ရပ်လိုက်သည်၊

သူ၏ရှေ့တွင် အောက်ခြေကိုမမြင်နိုင်လောက်အောင် မြူခိုးများဖုံးနေသည့် ချောက်နက်ကြီးတစ်ခုရှိသည်၊

ချောက်နက်ထဲတွင် မည်သည့်တိရစ္ဆာန် သို့မဟုတ် အပင်ကိုမျှ မတွေ့ရပေ။

သို့သော် ဓာတ်ကြီးငါးပါးတို့၏ စွမ်းအင်များကို ကိုယ်စားပြုသည့် အရောင်ငါးမျိုးကိုတော့ မှုန်ပျပျ မြင်နေရသည်၊

ထိုဓာတ်စင်အရောင်များသည် ဆူပွက်နေသော ဆေးရောင်ခြယ်ရေပြင်များကဲ့သို့ဖြစ်နေပြီး ထိုအထဲသို့ လူတစ်ဦး ပြုတ်ကျပါက အရိုးများပင် ပျော်ဝင်သွားနိုင်မလားဟုပင် ထင်ရသည်။

အကယ်၍ အရင်ဘဝကသာမန်လူဖြစ်သောကျိယွမ်သာ ယခုချောက်နက်ကို ငုံ့ကြည့်မိလျှင် သူ၏ အမြင့်ကြောက်သည့်ရောဂါကြောင့် ခြေထောက်များ တုန်ယင်လာပြီး အလိုလိုခုန်ချလိုသည့် စိတ်ကူးများပင် ဖြစ်ပေါ်လာနိုင်သည်။

သို့သော် ယခုအချိန်မှာ ကျိယွမ် ထိုသို့မခံစားရတော့ပေ။

“ပုံမှန် ဂိမ်းစည်းမျဉ်းတွေအရဆိုရင် နောက်ဆုံးဆုလာဘ်ရှိတဲ့နေရာကို ရောက်ဖို့ ဒီနေရာက ဓာတ်စင်ဝိဉာဉ်တွေကို အကုန်သတ်ရမှာ မဟုတ်ဘူးလား။ မမျှော်လင့်ဘဲ ဓာတ်စင်ဝိဉာဉ်တွေက မရှိတော့ဘူး၊ ဒါကြောင့် ငါလည်း ဘယ်အကောင်ကိုမှ မသတ်ရဘဲ ဒီကိုရောက်လာနိုင်တာပဲ”

ကျိယွမ်သည် သတို့သမီးလေးကို ပွေ့ချီလိုက်သည်။

“သတိထားပါ”

စကားဆုံးသည်နှင့် ကျိယွမ်သည် ချောက်နက်ကြီးထဲသို့ လွှားခနဲခုန်ချလိုက်သည်၊

ချက်ချင်းပင် သူသည် ပါးလွှာသော အမြှေးပါးတစ်ခုနှင့် တိုက်မိသလို ခံစားရသည်၊

သူက ထိုအမြှေးပါးကို ဖောက်ထွင်း၍ ချောက်နက်ထဲသို့ ဆက်လက်ကျဆင်းသွားသည်၊

သူရောက်နေသော ချောက်ကြီး၏အောက်ခြေပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အရောင်ငါးမျိုးခြယ်ထားသော ထူးဆန်းသည့်မြေပြင်တစ်ခုကို တွေ့ရသည်။

သေသေချာချာကြည့်သောအခါ ထိုနေရာသည် ရေကန်တစ်ခုဖြစ်ပုံရသည်၊

သို့သော် ရိုးရိုးရေကန်မဟုတ်ဘဲ ဆူပွက်နေသော ဓာတ်ကြီးငါးပါး၏ အရောင်ငါးမျိုးဖြင့် ပြည့်နေသည်။ရုတ်တရက်ကြည့်လိုက်လျှင် ရောင်စုံရေများဖြင့် ပြည့်နေသော ရေကူးကန်တစ်ခုနှင့်ပင် တူနေ၏။

ကျိယွမ်သည် သူ၏ခန္ဓာကိုယ်တွင် ကျဉ်လိုလို စိမ့်သလိုလိုကြီး ခံစားရသည်၊

သတိရသွားပြီး သတို့သမီးလေးကို ငုံ့ကြည့်လိုက်ရာ သူမသည် ချွေးပေါင်းအိမ်ထဲတွင် ရောက်နေသလိုမျိုး ပိုမိုနီမြန်းလာသည်၊ သေချာပေါက် သူမသည် တော်တော်လေး မသက်မသာ ခံစားနေရပုံရသည်၊

"ပေါင်းစည်းကြမယ်"

ကျိယွမ်က သူ၏ခွန်အား သို့မဟုတ် ခုခံမှုကို မြှင့်တင်ရန်မဟုတ်ဘဲ သူမကို ကာကွယ်ရန် ပေါင်းစည်းလိုက်ရသည်။

သတို့သမီးလေးသည် သူမချည်းသပ်သပ်ဆိုလျှင် အလွန်အားနည်းပုံရသည်၊ ဓာတ်ကြီးငါးပါး၏ဂုဏ်သတ္တိများ တဟုန်းဟုန်းထနေသော ယခုနေရာတွင် ပင်ကိုယ်အတိုင်း ဆက်နေပါက သူမကိုအလွယ်တကူ ထိခိုက်သွားမှာသေချာ၏။

သူမကို ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲပြီး ကျိယွမ်၏ ရင်ဘတ်ပေါ်တွင် ပေါင်းစည်းထားသည်က ပိုကောင်းသည်။

သံချပ်ကို ဝတ်ဆင်ထားရင်း ကျိယွမ်သည် အရောင်စုံရေကန်ကိုဖြတ်၍ ရွေ့လျားသည်။

သို့သော် သူ၏အရှိန်သည် အလွန်နှေးကွေးသည်။ပျစ်ချွဲသော ကတ္တရာအရည်များထဲတွင် လမ်းလျောက်နေရသကဲ့ ခရီးမတွင်ဖြစ်နေ၏။ရေကန်ထဲရှိအရာများက ရေများဟုတ်မနေချေ။

“ဒီနေရာက အရောင်တွေလက်နေပေမဲ့ သာမန်ပါပဲ၊ အသုံးဝင်တာ ဘာမှမရှိလောက်ဘူး ထင်တယ်”

ရေကန်ထဲမှ ရောင်စုံဓာတ်စင်များသည် အလွန်စင်ကြယ်သည်ကိုတွေ့ရသည် ။အရောင်တစ်ရောင်စီသည် သီးခြားဓာတ်တစ်ခုစီဖြင့် ပြုလုပ်ထားသော သန့်စင်သည့် အရာဝတ္ထုတစ်ခုကဲ့သို့ ဖြစ်သည်။

ကျိယွမ်သေသေချာချာ စစ်ဆေးကြည့်မှ သိလိုက်ရ၏ ။ချောက်၏အောက်ခြေသည် အတော်လေးကျယ်ဝန်းသော်လည်း အရောင်စုံ ဓာတ်ကြီးငါးပါးအနှစ်သာရများက သိပ်မများ​ဘဲ ရေကန်တစ်ခုတည်း၌သာ စုနေပုံရသည်။

သူကစွမ်းရည်ကို သုံးလျှက် ရေကန်ထဲမှအရောင်များကို စစ်ဆေးရန်ဆုံးဖြတ်လိုက်သည်။

【၎င်းသည် ရွှေသဲနွံဖြစ်ပြီး နေမင်းကြီး၏ ပူလောင်မှုကြောင့် ရွှေ၏အနှစ်သာရမှ စုဆောင်းထားခြင်းဖြစ်သည်၊ ၎င်းထဲတွင် ရေချိုးခြင်းဖြင့် ရွှေဓာတ်စင်ကို သိရှိနိုင်သော အခွင့်အလမ်း ပိုများလာမည်။】

【၎င်းသည် သစ်သားသဲနွံဖြစ်ပြီး နေမင်းကြီး၏ ပူလောင်မှုကြောင့် သစ်သား၏အနှစ်သာရမှ စုဆောင်းထားခြင်းဖြစ်သည်၊ ၎င်းထဲ၌ ရေချိုးခြင်းဖြင့်...】

【၎င်းသည် ရေသဲနွံဖြစ်ပြီး...】

သူ မြင်နေရသည့်အရာများသည် နေမင်းကြီး၏ ပူလောင်မှုကြောင့် ထွက်ပေါ်လာသော ဓာတ်စင်များ၏ အနှစ်သာရများ ဖြစ်နေကြသည်။

ထိုသဲများက ဓာတ်ကြီးငါးပါး၏ အနှစ်သာရကိုသိရှိနိုင်သော အခွင့်အလမ်းကို တိုးစေနိုင်သည်။

ကျိယွမ်တွေ့ခဲ့သော လူသုံးဦးအတွက်ဆိုလျှင် အလွန်အသုံးဝင်ဖွယ်ရှိ၏။

သို့သော် ကျိယွမ်အတွက်မူ ၎င်းတို့သည် တော်တော်လေး အသုံးမဝင်သလောက်ဖြစ်သည်၊

“ငါ့ရဲ့ နားလည်မှုနှုန်းက ၁၀၀ ရာခိူင်နှုန်းပဲလေ၊ နားလည်အောင် ကြိုးစာနေဖို့မှ မလိုတာ ၊ဒီဓာတ်ကြီးငါးပါးအနှစ်သာရသဲမှုန့်တွေက ငါ့အတွက်အသုံးမဝင်ဘူး"

“ဒါပေမဲ့ ငါတွေ့ခဲ့တဲ့ ဟိုNPC သုံးယောက်အတွက်တော့ အသုံးဝင်နိုင်တယ်။ သူတို့ရဲ့နားလည်မှုနှုန်းက ၁% တောင်မရှိဘူးတဲ့၊တစ်ခါနားလည်ဖို့ တစ်နှစ်တောင်ကြာတယ်ဆိုပဲ ၊ ဘယ်လောက်တောင် ကြေကွဲစရာကောင်းလိုက်လဲ”

ကျိယွမ်သည် ဓာတ်ကြီးငါးပါးအနှစ်သာရသဲမှုန့်အနည်းငယ်ကို သိမ်းထားလိုက်သည်။

သူ့အတွက် အသုံးမဝင်သော်လည်း အခြားသူများအတွက် တန်ဖိုးရှိသောကြောင့် အနည်းငယ်ယူထားသည်မှာ အကျိုးမယုတ်နိူင်ပေ၊ မဟုတ်ပါက ဤနေရာသို့ တကူးတကကြီးခုန်ချလာပြီးမှ ဘာမှမရခဲ့လျှင် အဓိပ္ပာယ်မရှိဖြစ်သွားလိမ့်မည်။

ထိုအခိုက် ကျိယွမ် ရုတ်တရက်ရပ်တန့်သွားသည်။

ဓာတ်ကြီးငါးပါအနှစ်သာရသဲရေအိုင်များအပြင် အခြားသောအရာတစ်ခုကို တွေ့လိုက်သောကြောင့်ပင်။

【ကြီးမြတ်သောနေမင်းပန်းပွင့်၊ ၎င်းကို ထိခြင်းအားဖြင့် နေမင်းကြီး၏ ကြွင်းကျန်နေသောအတွေးအချို့ကို ကြားနိုင်သည်၊ ကံကောင်းသူများသည် အသုံးဝင်သော နည်းစနစ်အချို့ကိုပင် ရရှိနိုင်သည်၊】

"နည်းစနစ်လား၊ဒါဆိုရင်တော့ ယူပြီပဲ"

ကျိယွမ်၏ရှေ့တွင် မျှော့အရွယ်မျှရှိသည့် အလင်းတန်းတစ်ခု ရှိနေသည်။

သူသည် ထိုအလင်းတန်းကို လက်ထဲတွင် ဆုပ်ကိုင်လိုက်၏​။

ပြတ်တောင်းပြတ်တောင်းဖြစ်နေသော တီးတိုးစကားသံများ ကျိယွမ်၏နားထဲသို့ ဝင်ရောက်လာသည်၊

“ဝမ်ယုကုန်းမြေဟာ ငါ့ရဲ့အခြေခံပဲ၊ မင်း ဘယ်လိုတောင် လုပ်ရဲတာ...”

“ပြင်ပနတ်ဆိုးကောင်၊ အား.....”

“နေမင်းကြီးရဲ့ မန္တာန်..”

..............

“ငါလုံးဝ မကျေနပ်ဘူး.....”

မပြည့်မစုံဖြစ်နေသောအတွေးများသည် ကျိယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာပြီး သူ့ကို မတည်မငြိမ်ဖြစ်စေသည်။

"ဓာတ်ကြီးငါးပါးအနှစ်သာရသဲဗွက်ပေါ်ရပ်နေတာတာက စွမ်းအင်တွေအရမ်းကုန်စေတယ်ထင်တယ်၊မဟုတ်ဘူး ဒီနေ့ ငါဂိမ်းကစားတာများအရမ်းကြာသွားလို့လား၊ဂိမ်းထဲက ထွက်ဖို့လိုနေပြီ"

တစ်လက်စတည်း ကျိယွမ်သည် သူကြားခဲ့ရသော အတွေးစများကို ဝေဖန်ဆန်းစစ်လိုက်မိသည်။

“စွမ်းအားကြီးတဲ့သူတစ်ယောက်က သူ့ထက်စွမ်းအားကြီးတဲ့သူတစ်ယောက်နဲ့ တွေ့ပြီး တိုက်ပွဲမှာ ရှုံးနိမ့်သွားပုံပဲ”

“ပြင်ပနတ်ဆိုးလို့အော်တာလည်း ကြားလိုက်တယ်။ ဒါက ဂိမ်းရဲ့ နောက်ဆုံးဘော့စ်ကို ရည်ညွှန်းတာများလား။ နေမင်းကြီးက ကောင်းကင်ဘုံနတ်ဘုရားများလား။ သူက အဲဒီနတ်ဆိုးနဲ့တိုက်ပြီး ဆိုးဆိုးဝါးဝါး ရှုံးသွားတာပဲ၊ နေမင်းကလည်း နတ်ဆိုးရဲ့ခြေထောက်လေးကိုတောင် ပူအောင်မလုပ်နိုင်ဘူးထင်တယ်"

“ဒီနတ်ဆိုးက တော်တော်အားကြီးပုံရတယ်။ ကောင်းကင်ဘုံနတ်ဘုရားက အဆင့် ၉၉ ဖြစ်နိင်တယ် သတို့သမီးမင်းသမီးရဲ့ အကူအညီနဲ့ ဆိုရင် အဆင့် ၁၀၄ လောက်ရှိနိုင်တာကိုတောင် နတ်ဆိုးကို ရှုံးနိမ့်ခဲ့တယ်”

“ဒီနောက်ဆုံးဘော့စ်က တော်တော်မလွယ်တာပဲ၊ငါ တစ်ယောက်တည်းတိုက်ဖို့ဆိုရင် အနိမ့်ဆုံးအဆင့် ၁၀၀ ရောက်ဖို့ လိုမယ်ထင်တယ်။ ဒီလောက်နှစ်တွေကြာသွားပြီဆိုတော့ ဘော့စ်ကလည်း ပိုအားကောင်းလာမယ်ထင်တယ် "

“ကံမကောင်းတာက တားမြစ်နယ်မြေ လေးခုမှာ မကောင်းဆိုးရွားတွေက အရမ်းနည်းလွန်းတယ်။ ငါ့စိတ်တိုင်းကျသာ သတ်လိုက်ရလို့ကတော့ နောက်ဆုံးဘော့စ်နဲ့ မတိုက်ခင် အဆင့် ၉၉၉ အထိတောင် အဆင့်မြှင့်ပစ်လို့ရမှာ”

ထိုအချိန်တွင် သူ၏လက်ထဲမှ အလင်းတန်းလေးသည် ရုတ်တရက်စူးရှစွာလင်းလက်လာသည်။သူက အလန့်တကြားဖြစ်သွားချိန်မှာပင် သေခါနီးအဘိုးအိုတစ်ဦး၏ နောက်ဆုံးအသက်ရှူသံကဲ့သို့ဖြစ်ပြီးနောက် မှိန်ဖျော့ကာ ပျောက်ကွယ်သွားသည်၊

နည်းစနစ်အပိုင်းအစတစ်ခုသည် ချီယွမ်၏ စိတ်ထဲသို့ ချက်ချင်းဝင်ရောက်လာသည်။

“နေ့ခင်းအိပ်မက်နည်းစနစ်လား”

နည်းစနစ်၏အမည် သိလိုက်သောအခါ ကျိယွမ်သည် တအံ့တဩဖြစ်သွားသည်။

“နေ့ခင်းကြီးမှာ အိပ်မက်မက်တဲ့နည်းစနစ်လား။ တော်လိုက်တော့၊နေ့ခင်းကြောင်

တောင်ကြီးမှာ အိမ်မက်မက်တာ ဘာခက်လို့လဲ၊ ဒါကြောင့် ဒီနတ်ဘုရားက မကောင်းဆိုးဝါးကို မနိုင်တာကိုး”

ကျိယွမ်စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

“ဒီနတ်ဘုရားက ငါ့လောက်တောင် ယုံကြည်လို့မရပါလား”

သို့သော်သူသည် ထိုနည်းစနစ်အပိုင်းအစအချက်အလက်များကို စုပ်ယူလိုက်သည်။

နေ့ခင်းအိပ်မက်နည်းစနစ်သည် နာမည်နှင့်တော်တော်လေးလိုက်ဖက်၏။၄င်းက စိတ်ကူးယဉ်ခြင်းနှင့် အမှန်တကယ်သက်ဆိုင်နေပြီး ကြယ်များကိုစိတ်ကူးယဥ်နေခြင်းပင်။

နည်းစနစ်က အရာအားလုံးကို ဝါးမျိုခြင်းအပေါ် အခြေခံထားသည်၊ အစောပိုင်းအဆင့်များသည် ပုံမှန်အတိုင်းဖြစ်သော်လည်း နောက်ပိုင်းအဆင့်များသည် ကြယ်များကို ဝါးမျိုပြီး ပိုမိုအားကောင်းလာစေရန်ပင်ဆိုထားသည်။

“စကြဝဠာကြီးက ဒီလောက်ကျယ်တာ ၊ ငါက တစ်ကိုက်တည်းနဲ့တောင် စားပစ်မယ်တဲ့လား"

"တော်လိုက်တော့ ဒီနည်းစနစ်က ကျရှုံးဖို့ပဲရှိတယ်၊နေမင်းကြီးက ဒါကိုကျင့်နေမှတော့ ရှုံးပြီးပေါ့၊ နေခင်းကြောင်ကြောင် အိမ်မက်သွားမက်တာကိုး"

ကျိယွမ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။မထင်မှတ်ဘဲ သူ၏အကြည့်သည် ချောက်နက်ကိုဖြတ်၍ အပေါ်ရှိ ကြယ်တာရာများကို ထိုးဖောက်ကြည့်လိုက်မိသည်။

【၎င်းသည် လဖြစ်သည်၊ လ၏ ရောင်ပြန်ဟပ်ခြင်းသာ ဖြစ်သည်၊】

【၎င်းသည် ဝိဉာဉ်ဖြတ်ကြယ်ဖြစ်သည်၊ ဝိဉာဉ်ဖြတ်ကြယ်၏ ရောင်ပြန်ဟပ်ခြင်းသာ ဖြစ်သည်၊】

ကောင်းကင်ယံ၌ ကြယ်များဖြင့် ပြည့်နေသော်လည်း ၎င်းတို့သည် အမှန်တကယ် မဟုတ်ဘဲ ကောင်းကင်ယံတွင် ရောင်ပြန်ဟပ်နေသော အရိပ်များသာ ဖြစ်သည်။

ကြယ်များနှင့်လသည် အတုအယောင်များဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့ကို မည်သို့ မျိုချနိုင်မည်နည်း။

“ဒါပေမယ့် သူသာငါ့အရင်ဘဝက ကမ္ဘာပေါ်မှာနေခဲ့ရင် ဒီနည်းစနစ်မှာ အလားအလာကြီးမားနိုင်တယ်။ အဲဒီမှာကြယ်တွေက အများကြီးရှိတယ်၊ ကျောက်ခေတ်ဟောင်းကနေစပြီး ကမ္ဘာကြီးပျက်တဲ့အထိ တစ်ရက်ကို တစ်လုံးစားမယ်ဆိုရင်တောင် ကုန်မယ်မထင်ဘူး”

နေ့ခင်းအိမ်မက်ကြောင့် ကျိယွမ်၏ အတွေးများ လွင့်မျောနေသည်။

ခဏကြာမှ လက်ရှိအခြေအနေကို ပြန်သတိရသွား၏။

“ငါ ထွက်သွားရတော့မယ် ၊ စွမ်းအင်ကုန်တာ အရမ်းများနေပြီ”

နေ့ခင်းအိပ်မက်နည်းစနစ်အပိုင်းအစကို ရရှိပြီးနောက် ကျိယွမ်သည် ချောက်နက်ထဲမှ ထွက်ခွာလာပြီး တိတ်ဆိတ်သောနေရာတစ်ခုကို ရှာဖွေလိုက်ပြီး တွင်းကြီးတစ်ခုကို တူးကာ မြုပ်နှံလိုက်သည်။

ဂိမ်းထဲမှ အချိန်မီထွက်လာခဲ့သဖြင့် ကျိယွမ်ပင်ပန်းမှုကို မခံစားရပေ။

“အခြေခံအုတ်မြစ်တည်ပြီးရင်တော့ ငါ့ရဲ့ဝိဉာဉ်ကို မြှင့်တင်ဖို့ နည်းစနစ်တွေ ကျင့်ကြံရမယ်”

ကျိယွမ်က ဂိမ်းထဲတွင်ကြာကြာနေကာ လေ့ကျင့်ချင်သောကြောင့် ထိုသို့ဆုံးဖြတ်လိုက်သည်။

“နေ့ခင်းအိပ်မက်နည်းစနစ်က တော်တော်မပြည်စုံဘူး၊ ဒါပေမယ့် သူ့ထဲကအကြောင်းအရာအချို့က ‘ကျိယွမ်ကျမ်း’ နဲ့ ကိုက်ညီပုံရတယ်၊ ဒါပေမယ့် တန်းသုံးလို့မရသေးဘူး နည်းနည်းပါးပါးကော်ပီလုပ်ဖို့ ပုံစံတူနည်းစနစ်တစ်ခုခု ကို ရှာဖို့လိုတယ်”

ကျိယွမ်သည် အစီနှင့်အစဥ်နှင့် လုပ်တတ်ကိုင်တတ်​သူတစ်ဦးဖြစ်သည်။ ကံမကောင်းသည်မှာ မဟူရာတောင်တန်းဂိုဏ်းမှ နည်းစနစ်များတွင် ပုံစံတူနည်းစနစ်များ မရှိပေ။

ကျန်းလင်စုကို မေးရမယ် ။

သူ၏ညီမလေးသည် ချမ်းသာပြီး အသိပညာကြွယ်ဝသူတစ်ဦးဖြစ်သည်မဟုတ်ပါလား။

ကျိယွမ်က ကျန်းလင်စ၏ ကောက်ရိုးအိမ်လေးသို့ သွားရန်ပြင်ဆင်လိုက်သည်။

သူမ၏သက်ကယ်မိုးအိမ်ထဲတွင် ကျန်းလင်စု၏မျက်နှာသည် ရေခဲများ ဖုံးလွှမ်းနေသည်။

သူမသည် အသက်ကိုပြင်းစွာရှုကာ မျက်လုံးများကို ဖွင့်လိုက်၏။

ရေခဲများပျောက်ကွယ်သွားသောအခါ သူမ၏ နုပျိုသောမျက်နှာတွင် ခါးသီးမှုအချို့ ပေါ်လာ၏။

“ဒါက ကောင်းကင်နဲ့မြေကြီးကြေးမုံကို သုံးစွဲတဲ့အတွက် ပေးရတဲ့တန်ဖိုးလား”

သူမ၏ သွေးမျိုးဆက်နိုးထပြီးနောက် ကောင်းကင်နှင့်မြေကြီးကြေးမုံကို အသုံးပြုရန် အခွင့်အရေးရရှိခဲ့ပြီး အနာဂတ်ကို တစ်စွန်းတစ်စ မြင်ခဲ့ရသည်။

သို့သော် ထိုသို့သောရတနာသည် သူမ၏ ကျင့်ကြံမှုအဆင့်ဖြင့် အကျိုးဆက်မရှိဘဲ သုံးစွဲနိုင်သည့်အရာ မဟုတ်ပေ။

အကျိုး​ဆက်အနေဖြင့် သူမတွင် ကြီးမားသောရောဂါတစ်ခု ကျန်ရစ်ခဲ့သည်။

တစ်ခါတစ်ရံ ရေခဲဓာတ်သည် သူမ၏ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်ပြီး ပြင်းထန်စွာခံစားရသည်။

ယခုတစ်ကြိမ်သည် အနည်းငယ်အားပျော့၍ တော်သေးသည်။ပြင်းထန်သောအချိန်များဆိုလျှင် သတိမေ့သည်အထိဝေဒနာက ဆိုးရွား၏။

နာကျင်မှုကို သက်သာစေရန်အတွက်ခရမ်းရောင်နန်းတော်အဆင့်ရှိ ရေဓာတ်စွမ်းရည်ရှိသော ကျင့်ကြံသူတစ်ဦး၏ အကူအညီကို လိုအပ်သည်။

ကျန်းမျိုးနွယ်စုတွင် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများရှိသော်လည်း ရေဓာတ်စွမ်းရည်မရှိကြပါ။မျိုးနွယ်စု၏ မိတ်ဆွေများထဲတွင်လည်း ခရမ်းရောင်နန်းတော်အဆင့်များရှိသော်လည်း ရေဓာတ်ကျင့်ကြံသူမရှိပေ။

အတွေးများနေခိုက် အိမ်အပြင်ကတစ်ခုခုကို ခံစားမိသဖြင့် ကျန်းလင်းစုနေရာမှထကာ အိမ်ပြင်သို့ စူးစမ်းလိုက်၏။

သူမသည် ကျိယွမ်ကို တံခါးဝတွင် တွေ့လိုက်သည်။

"ဆရာတူအစ်ကိုကြီး၊ ကျွန်မကို ရှာနေတာလား”

ကျိယွမ်က ကျန်းလင်ဆု၏ အနည်းငယ်ဖျော့တော့နေသောမျက်နာကိုမြင်သောအခါ ဂရုတစိုက်ဖြစ်သွားသည်။

“ညီမလေး၊ နေမကောင်းဘူးလား”

“ငါ ကြက်သားစွပ်ပြုတ်များ လုပ်ပေးရမလား”

ကျိယွမ်က အလွန်ဖော်ရွေစွာကမ်းလှမ်းလိုက်သည်။

ကျန်းလင်စု သက်ပြင်းချပြီးခေါင်းခါပြလိုက်သည်။သူမ၏အစ်ကိုကြီးအကြောင်းကို သူမလောက်မည်သူသိမည်နည်း။

“ဆရာတူအစ်ကိုကြီး ၊မလိုပါဘူး။ ကျွန်မ ကောင်းကောင်းမအိပ်ရလို့ပါ”

“ဘာကိစ္စနဲ့ လာတာလဲကိုသာ ပြောပါ”

ကျိယွမ်က လိပ်ပြာမလုံသလိုရယ်လိုက်၏။သူ၏ညီမလေးက ပါးနပ်လှလေသည်။

ထို့ကြောင့် သူလာရသောအကြောင်းကို အမှန်အတိုင်း ရှင်းပြလိုက်သည်။

သူ၏စကားဆုံးသောအခါ ကျန်းလင်းစုသည် ကျိယွမ်ကို ထူးဆန်းသောအကြည့်ဖြင့်ကြည့်လိုက်သည်။

“ဆရာတူအစ်ကိုကြီး၊ ဒီလိုနည်းစနစ်တွေက ဒီကမ္ဘာမှာ မရှိသင့်ပါဘူး။ ဒါပေမဲ့ ရှေးတုန်းကတော့ အရှေ့ပင်လယ်မှာ ဘီလူးမျိုးနွယ်လို့ခေါ်တဲ့ ထွားကြိုင်းတဲ့လူမျိုးစုတစ်ခုရှိပြီး သူတို့ရဲ့နည်းစနစ်တွေကလည်း ဒါမျိုးနဲ့ဆင်တူတယ်လိူ့တော့ ပြောကြတာပဲ၊ကံမကောင်းတာက ဘီလူးမျိုးနွယ်စုက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ၊အမွေအနှစ်တွေဘာတွေ ကျန်ခဲ့လားဆိုတာတော့ ဘယ်သူမှမသိနိုင်ဘူး"

“ကျေးဇူးပဲ ညီမလေး”

ကျိယွမ်က အနည်းငယ် စိတ်ပျက်မိသော်လည်း ဒါကဖြစ်သင့်သည်ဟု တွေးမိသည်၊သူကြုံတွေ့သမျှ အရာအားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ကျိယွမ်က ကျန်းလင်းစုကို ကြည့်လိုက်သည်။

“ညီမလေး၊နင့်မှာအခက်အခဲရှိရင် ပြောနော်။ အစ်ကိုကြီးရဲ့ ခွန်အားကအတော်အသင့် ကောင်းနေပြီ၊ သာမန်ကိစ္စတွေလောက်ဆို ငါကိုင်တွယ်နိုင်တယ်”

ချမ်းသာသောညီမလေးကို ဂရုစိုက်ခြင်းသည် လူတိုင်း၏တာဝန်ဖြစ်သည်။

ထို့အပြင် သူ၏ညီမလေးသည် သူ့ကို အတော်လေး ကူညီခဲ့သည်မဟုတ်ပါလား။

ချီယွမ်သည် “မင်းက ငါ့ကို မက်မွန်သီးပေးရင် ငါက ကျောက်စိမ်းပြန်ပေးမယ်” ဆိုသည့် သဘောတရားကို နားလည်သည်။

ကျိယွမ်၏စကားကို ကြားသောအခါ ကျန်းလင်းစု ညင်သာစွာ ပြုံးလိုက်သည်၊

“ဆရာတူအစ်ကိုကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”

သူမ၏အစ်ကိုကြီးသည် အင်အားနည်း၏။

ဥပါဒါန်သွေးမျိုးဆက်ဖြစ်သောကြောင့် ဉာဏ်ရည်နှေးကွေးကာ မဆင်မချင်ပြုမူပြောဆိုတတ်သော်လည်း သူ၏စိတ်သဘောထားကမူ မဆိုးသေး၍ တော်သေးသည်ဟုသာ ​​ကျန်းလင်းစုဖြေသိမ့်လိုက်ရသည်။

..............

ကျိယွမ်ဂိမ်းထဲသို့ ထပ်မံဝင်ရောက်လိုက်သသောအခါ အလည်ထွက်သွားကုန်သော ဓာတ်စင်ဝိညာဥ်များအားလုံး အဓိကနေရာထဲသို့ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။

"ပွတာပဲ၊မင်းတို့ပါတီပြီးရင် ငါ့ပါတီပေါ့ကွာ"

ကျိယွမ် အလွန်ပျော်ရွှင်သွားသည်။

"သတို့သမီးလေး၊ တွင်းထဲမှာ ပုန်းနေဦးနော် ၊ငါ သိပ်မကြာဘူး ပြန်လာခဲ့မယ်"

သတို့သမီးလေး၏ အေးစက်သော လက်မောင်းဖျားသည် ချီယွမ်၏ အဝတ်များကို ဆုပ်ကိုင်ထားပြီးလွှတ်မပေးချေ။

မျက်ရည်ကျနေသော မျက်နှာပုံပါသည့် သစ်သားပြားတစ်ခုက သူမထံမှ ထွက်ကျလာ၏။

မျက်ရည်ကျနေသောမျက်နှာသည် သတို့သမီးလေး၏ သဘောထားကို ကိုယ်စားပြုသည်။

သူမက မနေခဲ့ချင်ပေ ၊ ထားခဲ့လျှင် ဝမ်းနည်းနေမည်ဟု ဆိုလိုသည်။

“ဟူး၊ ငါတို့ နေ့တိုင်း ပေါင်းစည်းရမှာလား”

“ငါတို့က တကယ့်လင်မယားတွေနဲ့ ပိုပိုပြီး တူလာသလိုပဲ"

ပြောရင်းဆိုရင်းပင် ကျိယွမ်သည် သတို့သမီးလေးနှင့်ပေါင်းစည်းလိုက်သည်။

သွေးရောင်ချပ်ဝတ်တန်ဆာသည် သူ၏ကိုယ်ခန္ဓကို ချက်ချင်းဖုံးလွှမ်းသွားသည်။ချပ်ဝတ်က ထက်ရှသော ဆူးများဖြင့် ပြည့်နေပြီး အန္တရာယ်ရှိကာ အေးစက်နေသည်။

ကြီးမားသောကိုယ်ခန္ဓာနှင့် အေးစက်ပြီးလှပသော သွေးရောင်သည် ဓာတ်ကြီးငါးပါးဝိဉာဉ်များနှင့် လုံးဝကွဲပြားခြားနားနေသည်။

“ငါ့ဓားက သွေးဆာနေပြီ”

“ကံမကောင်းတာက မင်းတို့ကသွေးမထွက်ဘူး”

“ငါ့ကို ဆန့်ကျင့်တဲ့ကောင်တွေ သေပေတော့”

ကျိယွမ်သည် သူ၏မီတာလေးဆယ်ရှိသော ဓားကြီးကို မြှောက်လိုက်သည်၊ မည်သည့်စွမ်းရည်မှ ထုတ်မသုံးဘဲ အပြင်းထန်ဆုံး အင်အားဖြင့် ခုတ်ချလိုက်သည်၊

ဓားတစ်ချက်ခုတ်ချလိုက်သည်နှင့် မီတာအတော်မြင့်သော အပူလှိုင်းများ ဖြစ်ပေါ်လာပြီး ဓာတ်စင်ဝိညာဥ် တော်တာ်များသည် မရှောင်တိမ်းနိုင်လိုက်ဘဲ ကျိယွမ်၏လက်ချက်ဖြင့် သေဆုံးဝိညာဥ်များဖြစ်သွားကြသည်။

အဆင့် ၉၀ကျော် နှင့် အဆင့် ၈၀ကျော်သည် သိသိသာသာပင် ကွဲပြားသောအခြေအနေရှိ၏။

ထို့အပြင် သတို့သမီးလေး၏အကူအညီဖြင့် ဆိုလျှင် ကျိယွမ်သည် အဓိကနေရာတွင်အဆင့် ၉၀ရှိသော ဓာတ်စင်ဝိညာဥ်ပေါင်းများစွာ၏ ဝန်းရံခြင်းမခံရသရွေ့ သူအလိုရှိသလို သတ်နိုင်သည်။

“သတ်”

ချီယွမ်သည် ကောင်းမွန်စွာနေထိုင်နေသော တိုင်းပြည်တစ်ခုသို့ ဝင်ရောက်လာသော နတ်ဆိုးတစ်ကောင်အလား ရှိသည်။ သူ၏ဓားကြီးဖြင့် မြင်မြင်သမျှကို ခုတ်ထစ်သတ်ဖြတ်၏။

ပထမအကြိမ်တိုက်ခိုက်မှုတော်တော်များများတွင် ဓာတ်စင်ဝိညာဥ်များ အငိုက်မိသွားသဖြင့် အစုလိုက်အပြုံလိူက်သေဆုံးကုန်သည်။

သို့သော်အချိန်ကြာလာသည်နှင့်အမျှ ဓာတ်စင်ဝိညာဥ်များက အချိန်မီတိမ်းရှောင်လာနိုင်ကြသည်။ အချိူ့ဆိုလျှင် ကျိယွမ်က ၄င်းတို့ဘက်သို့ ဦးတည်လိုက်သည်နှင့် ဝေးရာသိူ့ပြေးကုန်၏။ ကျိယွမ်ကအခြားဘက်သို့ ဦးတည်ကာ တိုက်ခိုက်သောအခါမှ ပြန်လှည့်လာကြ၏။

ထို့ကြောင့် ကျိယွမ်မှာ ဓာတ်စင်ဝိညာဥ်များအလယ်တွင် ဓားကြီးတစ်ချောင်းနှင့် တောင်ပြေးလိုက် မြောက်ပြေးလိုက်ဖြစ်နေသည်။

ရလဒ်အနေဖြင့် သူ၏ဝိညာဥ်သက်ဖြတ်နှုန်းက သိသာစွာ နှေးကွေးသွားသည်။

“အရမ်းနှေးလွန်းတယ်၊ ဒီနှုန်းနဲ့ဆို ဓာတ်စင်ဝိညာဥ်တွေ အကုန်စုဖို့ တစ်လခွဲလောက်ကြာသွားလိမ့်မယ်”

“ဟူး၊ ငါ တော်တော်အသုံးမကျတာပဲ၊ ဘာအစွမ်းအစမှမရှိဘူး၊အလကားပဲ”

ထိုအချိန်တွင် အဓိကနေရာနှင့် အနည်းငယ်ဝေးသောနေရာတွင် မျက်လုံးရှစ်လုံးသည် ဓာတ်စင်ဝိဉာာဉ်များကြားတွင် လျှင်မြန်စွာတိုက်ခိုက်နေသော ကျိယွမ်ကို ကြည့်နေသည်။

မူလရှိသောသုံးယောက်အပြင် ယခုအခါ၌ ပိန်ပိန်ပါးပါး လူတစ်ဦးပါ ရောက်နေသည်။

သူက ကျိယွမ်၏ စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာသတ်ဖြတ်မှုများကို ကြည့်နေသည်။ထိုသို့သတ်ဖြတ်ရုံဖြင့် ဓာတ်စင်များကိုနားလည်နိုင်သည်ဆိုသောစကားကို သူမယုံပါ။ထို့ကြောင့် မလှည့်စားနိုင်ရန် သေချာလေ့လာနေခြင်းဖြစ်သည်။

ထိုအခိုက် သူ၏မျက်လုံးများ အဆမတန်ပြူးကျယ်သွားပြီး မျက်နှာတွင်မယုံကြည်နိုင်သည့်အမူအရာများဖြင့် ပြည့်လာသည်၊

အနီရောင်ဝတ်စုံနှင့်အမျိုးသားသည် သူ့လက်ကို ဝင့်ကြွားစွာဆန့်ထုတ်လိုက်သည်။

“လီချင်း၊ ရေဓာတ်စင်ကျောက်တုံးကို ပေးလိုက်တော့”

လူသစ်ဖြစ်သောလီချင်း၏ မျက်နှာသည် နာကျင်မှုဖြင့် ပြည့်နေသည်။

“ဒါက အရမ်းလူမဆန်တာပဲ၊ ဘာကြောင့် ဒီလောက်ကြီးလဲ ”

အနီရောင်ဝတ်စုံနှင့်အမျိုးသားက လီချင်းကို အဝတ်အထည်ဌာနသခင်သည် ရေဓာတ်စင်ချီကို အလွန်လျှင်မြန်စွာနားလည်နိုင်ပြီး ဓာတ်စင်ဝိညာဥ်တစ်ကောင်လျှင် ချီတစ်မျှင်ရသည်ဟု ပြောခဲ့သည်။

လီချင်းက အားရပါးရရယ်မောကာ လုံးဝမယုံကြည်ခဲ့ပေ။အနီရောင်ဝတ်စုံနှင့်အမျိုးသားက အခွင့်အရေးကိုလက်လွတ်မခံဘဲ အလောင်းအစားတစ်ခုပြူလုပ်ခဲ့သည်။

လီချင်းကလည်း အလကားလာပေးသော လက်ဆောင်ကို ငြင်းတတ်သူမဟုတ်ပေ။ထို့ကြောင့် သဘောတူလိုက်၏။

သို့သော် လက်တွေ့မြင်လိုက်ရသောအခါ လီချင်းမခံစားနိုင်အောင် ကြေကွဲသွားတော့သည်။အနီရောင်ဝတ်စုံသည် သူ့ကိုအပိုင်ချည်တုပ်ပြီး ရိုက်သွားခဲ့ခြင်းပင်။

လီချင်းက ရှုံ့မဲ့နေ၏။

အနီရောင်ဝတ်စုံနှင့်အမျိုးသားက ရေဓာတ်စင်ကျောက်တုံးကိုကြည့်ကာ ပီတိဖြစ်နေသည်။

ထိုအချိန်တွင် တန်ယန်သည် ကျိယွမ်၏ ပုံရိပ်ကို စူးစိုက်ကြည့်နေပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအရာပေါ်လာသည်။

“ကြည့်ကြဦး၊ သူက မြေဓာတ်စင်ချီကိုပါ နားလည်သွားပြီ

"မဟုတ်ဘူး"

"ဒါ..ဒါက.. မီးဓာတ်စင်ချီရောပဲ....”

အခြားသူများက မဖြစ်နိုင်တာဟူသော အတွေးဖြင့် အဓိကနယ်​ထဲသို့ ပြန်ကြည့်ကြသည် ။

ကျိယွမ်က ရေဓာတ်စင်ဝိညာဥ်များကိုသတ်ပြီးနောက် အခြားဓာတ်စင်အုပ်စုများကိုလည်း အပြင်းအထန်သတ်ဖြတ်နေသည်။

သူ၏ဓားချက်တိုင်း၌ ဓာတ်စင်ဝိညာဥ်များက ဓာတ်စင်ချီများအဖြစ်ပြောင်းလဲကုန်၏။

ဝမ်းနည်းစရာကောင်းသည်မှာ ၄င်းတို့အားလုံးကို ကျိယွမ်ကနားလည်နေခြင်းပင်။

သူတို့အားလုံးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြကာ သူတို့၏ဘဝများကို မေးခွန်းထုတ်နေမိကြသည်။

သူနဲ့ငါတို့က ဘာလို့များဒီလောက်ကွာခြားနေရတာလဲ ။ပါရမီချင်းမတူလျှင်တောင် ဒီလောက်ကြီးတော့ မဖြစ်သင့်ဘူး မဟုတ်လား။

တန်ယန်သည် အဝတ်အထည်ဌာနသခင်သည် ရေဓာတ်စွမ်းရည်တွင်သာ ထိပ်တန်းပါရမီရှင်ဟု ထင်ခဲ့သည်၊

ယခုအခါမှာတော့ သူသည်... ဓာတ်ကြီးငါးပါးလုံးတွင် ထိပ်တန်းပါရမီရှင်ဖြစ်နေသည်။

တန်ယန်၏ဘေးမှ အနီရောင်ဝတ်စုံနှင့်အမျိုးသားက ကျိယွမ်ကိူကြည့်ကာ မှတ်ချက်ပြုသည်။

"ဒါဆိုသူက တစ်လလောက်နဲ့ ဓာတ်ကြီးငါးပါးကို အပြည့်အဝကျွမ်းကျင်သွားနိုင််တယ် မဟုတ်လား"

အနီရောင်ဝတ်စုံနှင့်အမျိုးသားက ထိုအကြောင်းက်ိုတွေးမိတော့ ရှက်သလိုခံစားရသည်။ အဝတ်အထည်ဌာနသခင်က ဒြပ်စင်ငါးပါးတားမြစ်နယ်​မြေကိုထိန်းချုပ်မည်ဟု ပြောသည်ကို ကြားရစဥ်က သူကလှောင်ပြောင်မိခဲ့သည်မဟုတ်ပါလား။

ယခုတော့ ထိုအရာက အချိန်တစ်လ နှစ်လအတွင်းမှာပင်အမှန်ဖြစ်လာတော့မည်။အဝတ်အထည်ဌာနသခင်နှင့် မျက်နှာချင်းဆိုင်မိလျှင် မည်သို့မျက်နှာပြရတော့မည်နည်း။

တန်ယန်သည် သူ၏သွားများကို တင်းတင်းကြိတ်လိုက်သည်၊ ပုံမှန်အားဖြင့် ခန့်ညားချောမောကာ တည်ငြိမ်တတ်သောပါရမီရှင်သည် ယခုအခါမှာတော့ သူ၏တည်ငြိမ်မှုကို ဆုံးရှုံးသွားသည်၊

"ဓာတ်ကြီးငါးပါးလုံး ပြည့်စုံ​တဲ့သူလား...."

"သူ....သူက ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကိုက တကယ်ကြီး ထိန်းချုပ်နိုင်တော့မှာလား...ဒါပေမဲ့ မဖြစ်နိင်တာကြီးလေ....”

“ဒီလို အရည်အချင်းမျိုး...."

"ဒီလို ပါရမီရှင်မျိုး......"

တန်ယန်သည် စကားပြောရင်း ဝမ်းသာမျက်ရည်များ တတိတိကျလာသည်။

“ကောင်းကင်က ငါတို့ကို သနားတာများ ဖြစ်မလား”

ပြင်ပနတ်ဆိုး၏ ခွန်အားသည် အတိုင်းအဆမရှိပေ၊ကောင်းကင်ဘုံနတ်ဘုရား ၏အထွတ်ထိပ်ဆုံးအချိန်တွင်ပင် ပြင်ပနတ်ဆိုးက အနိုင်ယူခဲ့သည်။

တားမြစ်နယ်​မြေအချို့ နတ်ဆိုးများ၏အရိပ်အောက်သို့ ကျရောက်သွားချိန်တွင် စွမ်းအားကြီးသူတစ်ချို့က တားမြစ်နယ်မြေများထဲသို့ ဝင်ရောက်ခဲ့ကြဖူးသည်။ပြင်ပနတ်ဆိုးများ၏သရုပ်မှန်ကို စုံစမ်းဖော်ထုတ်ရန်နှင့်သတ်ဖြတ်ရန်နည်းလမ်းများရှာဖွေရန် ကြိုးစားခဲ့ကြသော်လည်း လက်ဗလာနှင့်သာ ပြန်ပြေးလာကြရသည်။

အချို့မှာပြန်ပြေးလာရန်ပင် အခွင့်အရေးမရခဲ့ကြပါ။

ပြင်ပနတ်ဆိုးကို သတ်ရန်အသာထား၊ပြင်ပနတ်ဆိုး၏ ပထမဆုံးကိုယ်ပွားဖြစ်သော ​ရွှေရောင်ချပ်ဝတ်ကိုပင် မနိုင်ကြပါ။

သူ၏ကိုယ်ပွားတစ်ကောင်ကိုပင် မသတ်နိုင်ဘဲနှင့် ပြင်ပနတ်ဆိုးကို အနိုင်ယူရန် မည်သို့

မျှော်လင့်နိုင်မည်နည်း။

----------------

All Chapters