← Chapters

ဒါ ကမ္ဘာပျက်ကပ်ရထားပဲ

Vol. 12 Ch. 166

ဒါ ကမ္ဘာပျက်ကပ်ရထားပဲ

Vol. 12 Ch. 166

ကီကီက သူတို့၏ စကားဝိုင်းကို ကြားလိုက်ပြီး မေးလိုက်သည်၊၊

“ဘာလဲ ဘယ်လိုကောလဟာလလဲ”

ရှုချင်း၏ မျက်နှာထား ရှုပ်ထွေးနေသည်၊၊ သူမက ကီကီကို တစ်ချက်ကြည့်ပြီး လင်းရှန်ကို ကြည့်လိုက်သည်၊၊

“လူတွေပြောနေကြတဲ့ သားရဲအကျိုးသက်ရောက်မှုဆိုတဲ့ ကောလဟာလကို မကြားဖူးဘူးလား”

“သားရဲအကျိုးသက်ရောက်မှု”

လင်းရှန်၏ မျက်ဝန်းများ စူးရှသွားသည်၊၊

“ဒီနေရာမှာ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ သက်ဆိုင်မှုရှိလား”

ရှုချင်း၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားသည်၊၊ “အခြေအမြစ်မရှိတဲ့ ကောလဟာလတွေပါပဲ”

“ကောလဟာလတွေတဲ့လား”

ထိုစကားကိုကြားသည်နှင့် ကျိုးရီရွှမ်က တင်းမာသောမျက်နှာဖြင့် လျှောက်လာသည်၊၊

“ချူကွမ်မှာ ငါတို့ လူအိုကြီးမိုနဲ့ အဖွဲ့ဖွဲ့ခဲ့တုန်းက အဲဒီအရာကို မကြုံခဲ့ဖူးဘူးလား၊၊ အဲဒီညက ဖုတ်ကောင်အုပ်ကြီးက တိုက်ခိုက်ခဲ့တာပဲ”

“အဲဒါ ကျီးနက်လေးကောင်အဖွဲ့ရဲ့ လက်ချက်လို့ ငါတို့ ပြောပြီးပြီ မဟုတ်လား”

ရှုချင်းက ချက်ချင်း ပြန်ငြင်းသည်၊၊

“ဒါပေမယ့် နောက်ပိုင်းက သွေးမိစ္ဆာတွေကရော ဘာလဲ၊၊ အဲဒီညက ငါတို့ ယာဉ်လေးစီးတောင် ဆုံးရှုံးခဲ့ရတယ်”

ကျိုးရီရွှမ်၏ စိတ်လှုပ်ရှားမှု ပိုမိုပြင်းထန်လာသည်၊၊

“ပြီးတော့ ယူပေမြို့မှာ ဘာလို့ ဖုတ်ကောင်တွေနဲ့ မွန်းစတားတွေ အဲဒီလောက်များနေရတာလဲ၊ လူတွေအများကြီးက အဲဒါကို မူမမှန်ဘူးလို့ ထင်ကြတယ်၊၊ အဲဒီမှာ အသက်ရှင်ကျန်ရစ်သူတွေ အများကြီး စုဝေးနေခဲ့လို့ သားရဲအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့တာပဲ၊၊ အခုဆို ငါတို့လမ်းတစ်လျှောက် Fireline ယဉ်တန်းတစ်ခုကလွဲလို့ တခြားယဉ်တန်းတွေ မတွေ့ခဲ့ဘူး၊၊ သူတို့ဆိုလည်း တိုက်ခိုက်ခံခဲ့ရတာပဲ သူတို့က ယဉ်တန်းသုံးခုကို ပေါင်းစည်းခဲ့တယ်၊၊ရှုချင်း ဒါက သက်သေပြနေတာမဟုတ်ဘူးလား”

လင်းရှန် ချက်ချင်း သဘောပေါက်သွားသည်၊၊ တကယ်တော့ သူကိုယ်တိုင်လည်း ဤသီအိုရီကို စဉ်းစားမိခဲ့ပြီးဖြစ်သည်၊၊

“ဒါဆို မင်းပြောချင်တာက လူဦးရေများလေလေ..ထူးဆန်းတဲ့သတ္တဝါတွေ ပိုပြီး တိုက်ခိုက်လာလေ ဆိုတဲ့သဘောပေါ့”

ချန်ဆီရွှမ်က မေးသည်၊၊

ရှုချင်းက တည်ငြိမ်စွာ ခေါင်းညိတ်သည်၊၊

“ဟုတ်တယ် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ရေဒီယိုလှိုင်းတွေမှာ ကောလဟာလတွေ ပျံ့နှံ့နေတယ် အသက်ရှင်ကျန်ရစ်သူအုပ်စုက ပိုကြီးလေလေ ထူးဆန်းတဲ့သတ္တဝါတွေနဲ့ မွန်းစတားတွေနဲ့ ပိုပြီး ထိပ်တိုက်ရင်ဆိုင်ရလေလေတဲ့၊၊ ဒါပေမယ့် နောက်ထပ်ရှင်းပြချက်တစ်ခုလည်း ရှိသေးတယ် အကယ်၍ လိုက်ဖမ်းခံနေရတဲ့ သားကောင်နှစ်ကောင်က ရုတ်တရက် ဆုံတွေ့သွားရင် ဘာကိုဆိုလိုလဲ”

“အဲဒါက သူတို့ရဲ့ နောက်မှာ သားရဲနှစ်ကောင်ရှိနေတယ်ဆိုတာပေါ့”

လင်းရှန်က ဖြေသည်၊၊

“အတိအကျပဲ ဘယ်လိုပဲဖြစ်ဖြစ် အုပ်စုက ပိုကြီးလေလေ အန္တရာယ်က ပိုများလေလေပဲ၊၊ အခုဆို အသက်ရှင်ကျန်ရစ်သူတွေ အများကြီး စုပေါင်းနေကြပေမယ့် ဒါက မွန်းစတားတွေ လိုချင်တဲ့အရာဖြစ်နိုင်တယ်”

ကျိုးရီရွှမ်က ပြောသည်၊၊

“သူတို့က ငါတို့ကို တစ်ခါတည်း သုတ်သင်ပစ်ချင်တာလား”

အုပ်စုထဲမှ မိန်းကလေးတစ်ဦးက ထိတ်လန့်စွာ အော်ပြောလိုက်သည်၊၊

လင်းရှန်၏ မျက်ဝန်းများ ကျယ်သွားသည်၊၊ ဤသီအိုရီသည် တကယ်ကို ယုံကြည်လောက်ဖွယ်ပင်၊၊

အနီရောင်ကင်းခြေများနှင့် အဖြူရောင်သတ္တဝါကြီး၏ လိုက်ဖမ်းမှုနှင့် သံချပ်တပ်များကို ပစ်မှတ်ထားသည့် မိုးပျံဂျယ်လီဖစ်တို့သည် တိုက်ဆိုင်မှုသက်သက်ဖြစ်စေ သို့မဟုတ် ပို၍ မကောင်းသည့်အရာဖြစ်စေ ပုံစံတစ်ခုကို ဖြစ်ပေါ်စေနေသည်၊၊

“အခုနားလည်ပြီ”

လင်းရှန်က ခေါင်းညိတ်သည်၊၊

“ဒါဆို မင်းပြောချင်တာက ငါတို့နဲ့ ပူးပေါင်းရင် အန္တရာယ်တွေ ပိုများလာမယ်ဆိုတဲ့သဘောပေါ့”

“ခေါင်းဆောင်လင်း”

ရှုချင်းက စကားပြောရန်ပြင်လိုက်သည်၊၊ သို့သော် လင်းရှန်က လက်ကာပြပြီး သူ့စကားဆုံးအောင် ပြောခွင့်ပေးခိုင်းလိုက်သည်၊၊

ယခုမှ စိတ်လှုပ်ရှားနေခဲ့သော ကျိုးရီရွှမ်က ရုတ်တရက် တုံ့ဆိုင်းသွားသည်၊၊ သူမ၏မျက်နှာသည် ဝေခွဲမရဖြစ်နေသည်၊၊

ပြုပြင်ရေးအလုပ်ရုံတွင် သူသည် အုပ်စုပေါင်းစည်းရန် သိပ်စိတ်အားမထက်သန်ခဲ့သည်ကို လင်းရှန်က သတိပြုမိခဲ့သည်၊၊ ရှုချင်း၏အဖွဲ့ထဲမှ လူတိုင်းသည် တစ်စိတ်တစ်ဝမ်းတည်း မရှိပေ၊၊

“မဟုတ်ဘူး ခေါင်းဆောင်လင်း အဲဒါ ငါပြောချင်တဲ့သဘော မဟုတ်ဘူး”

ကျိုးရီရွှမ်၏ မျက်နှာဖြူဖျော့သွားသည်၊၊ သူ၏အသံ အနည်းငယ် တုန်ခါသွားသည်၊၊

“လူတိုင်းသိတယ် စွမ်းအားရှင်တွေ ဒါမှမဟုတ် ယဉ်တန်းကြီးတွေနဲ့ လိုက်ပါရင် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းပိုများတယ်၊၊ အဲဒါ အမှန်ပဲ ငွေရောင်ကြယ်၊ နဂါးတောင် ၁ ဒါမှမဟုတ် ဖီးနစ်ကိုကြည့်လေ…. ဒါပေမယ့် ငါတို့လို သာမန်လူတွေအတွက်ကတော့ ရုတ်တရက် အုပ်စုကြီးနဲ့ ပူးပေါင်းလိုက်ရင် ငါတို့ရဲ့ခွန်အားနဲ့ မမျှတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမယ် ငါ စိတ်ပူမိတာပဲ အနန္တရထားအတွက် ငါတို့က ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လာလိမ့်မယ်”

သူပြောနေစဉ် ရှုချင်း၏ ယဉ်တန်းမှ အဖွဲ့ဝင်များ၏ မျက်နှာထားများ ရှုပ်ထွေးနေသည်၊၊ သူတို့၏ အကြည့်များ မသိမသာ ပြောင်းလဲသွားသည်

လင်းရှန်က ကျိုးရီရွှမ်ကို ကြည့်ပြီး သူမ၏စကားထဲမှ အမှန်တရားကို ချက်ချင်း ဖောက်မြင်လိုက်သည်၊၊

သူသည် ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို အမှန်တကယ် မကြောက်ပေ၊၊ သူကြောက်နေသည်မှာ စွမ်းအားရှင်များအတွက် အသေခံပစ္စည်းအဖြစ် အသုံးပြုခံရမည်ကိုသာ ဖြစ်သည်၊၊

တကယ်တော့ သူ၏ကြောက်ရွံ့မှုသည် လုံးဝအခြေအမြစ်မရှိသည်တော့မဟုတ်ပေ၊၊ အကယ်၍ သားရဲအကျိုးသက်ရောက်မှုသည် အမှန်တကယ်ရှိလျှင် စွမ်းအားရှင်များနှင့် အကြီးစားယဉ်တန်းတစ်ခုကို ပေါင်းစည်းခြင်းသည် မလွှဲမရှောင်သာ ပိုကြီးမားသော ခြိမ်းခြောက်မှုများကို ဆွဲဆောင်လာလိမ့်မည်၊၊ သာမန်အသက်ရှင်ကျန်ရစ်သူများအတွက် ထိုအရာသည် အန္တရာယ်ကြီး ဖြစ်လာမည်၊၊

သို့သော် ဤကဲ့သို့ အလွန်အမင်း ခွဲခြမ်းစိတ်ဖြာပြီး ပြီးပြည့်စုံသော အန္တရာယ်ရှောင်ရှားရေးဗျူဟာဖြင့် အသက်ရှင်ကျန်ရစ်ရန် ကြိုးစားခြင်းသည် အတွေးလွန်နေခြင်းပင်၊၊

ရိုးရှင်းစွာပြောရလျှင် သာမန်လူအများစုသည် ကျိုးရီရွှမ်ကဲ့သို့ တွေးမည်မဟုတ်ပေ၊၊ တွေးခဲ့သည်ပင်ဖြစ်စေ ၎င်းကို အသံထွက်ပြောမည်မဟုတ်ပေ၊၊ အကြောင်းမှာ နောက်ဆုံးတွင် ၎င်းသည် မည်သည့်အရာကိုမျှ ပြောင်းလဲပေးမည်မဟုတ်ပေ၊၊ အတူတကွ စုစည်းနေထိုင်ခြင်း ပိုမိုအားကောင်းသူများကို လိုက်နာခြင်းနှင့် ဘေးကင်းရေးရှာဖွေခြင်းသည် လူ့သဘာဝဖြစ်သည်၊၊

သို့သော် ကျိုးရီရွှမ်၏ ကြောက်ရွံ့မှုသည် သူမ၏ဆင်ခြင်တုံတရားကို လွှမ်းမိုးထားလေသည်၊၊ သူတို့ရင်ဆိုင်ခဲ့ရသော အခက်အခဲအားလုံးကို ရှုချင်းက အခြားယဉ်တန်းများနှင့် ပေါင်းစည်းခဲ့ခြင်းကြောင့်ဟု အပြစ်တင်ခဲ့သည်၊၊ သားရဲအကျိုးသက်ရောက်မှုကို လျစ်လျူရှုထားသည် သာမန်လူတစ်ဦးအနေဖြင့် သူသည် မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်စွမ်းမရှိသည်ဟု ခံစားနေရသည်၊၊ ရှုချင်းက အနန္တရထားနှင့် ပူးပေါင်းခြင်းကို သူ၏လူများကို နောက်ဆုံးတွင် ထိခိုက်စေမည့် ဘေးဥပဒ်တစ်ခုအဖြစ် မြင်နေသည်၊၊

ထို့ပြင် ကျားဟောင်၏ မိသားစုတစ်ခုလုံး၏ သေဆုံးမှုကို မြင်တွေ့ပြီးနောက် ကျိုးရီရွှမ်၏ ထွက်ပြေးလိုစိတ်သည် ပိုမိုပြင်းထန်လာသည်၊၊

လင်းရှန်က သူ့ကို တစ်ချက်ကြည့်ပြီး အခြားသူများကို ကြည့်လိုက်သည်၊၊ လမ်းပေါ်တွင် ပြင်းထန်သော သွေးနံ့များရှိနေသော်လည်း သူ၏အသံသည် တည်ငြိမ်ကာ လေးနက်နေသည်၊၊

“သားရဲအကျိုးသက်ရောက်မှုက မှန်တာ မမှန်တာထက် စည်းလုံးညီညွတ်မှုဟာ လူသားတွေရဲ့ ဩဇာကို ချဲ့ထွင်နိုင်တဲ့ နည်းလမ်းဖြစ်ခဲ့တယ်”

သူသည် ရှုချင်းဘက်သို့ လှည့်လိုက်သည်၊၊

“ဒီနေရာမှာ သုံးလို့ရတဲ့ ယာဉ်တွေ အများကြီးရှိတယ် ထရပ်ကားကြီးတွေလည်း ပါတယ်၊၊ အခုဆို မနက်စောသေးတယ် အခုထွက်သွားရင် ဟန်ရှန်းတောင်ကြားကို မမှောင်ခင် ရောက်သင့်တယ်၊၊ ငါတို့နဲ့ ပူးပေါင်းချင်တဲ့သူတိုင်း အခုထိ လက်ခံတယ်၊၊ ဒါပေမယ့် သေဖို့ အဆင်သင့်ဖြစ်နေရမယ်၊၊ ဘာလို့ဆို ရှေ့မှာ ရင်ဆိုင်ရမယ့် မွန်းစတားတွေက အစောပိုင်းရင်ဆိုင်ခဲ့ရတာတွေထက် ပိုကြောက်စရာကောင်းလိမ့်မယ်၊၊ တစ်ယောက်ယောက်က သံသယရှိတယ် ဒါမှမဟုတ် တုံ့ဆိုင်းနေတယ်ဆိုရင် ယာဉ်တစ်စီးယူပြီး ကိုယ့်လမ်းကိုယ်သွားလို့ရတယ်”

သူစကားဆုံးသည်နှင့် ကျိုးရီရွှမ်၏ စိတ်ထဲတွင် အနည်းငယ် ရှင်းလင်းသွားသော်လည်း သူသည် လွန်ဆွဲနေဟန်ရှိသည်၊၊

သူ့ရှေ့တွင် Fireline ယဉ်တန်း၏ အပြည့်အစုံတပ်ဆင်ထားသော ထရပ်ကားကြီးများ ရှိနေသည်၊၊ သူ၏ကိုယ်ပိုင်ယုတ္တိဗေဒအရ ဤသည်မှာ အမှန်တကယ် အခွင့်အလမ်းကောင်းတစ်ခုပင်၊၊

ကျိုးရီရွှမ်က ရှုချင်းဘက်သို့ လှည့်ကြည့်သည်၊၊ သို့သော် သူမက သူ့ကို တည်ငြိမ်ပြီး လျစ်လျူရှုသည့်အကြည့်ဖြင့်သာ ပြန်ကြည့်နေသည်၊၊

“မင်းရဲ့ဆုံးဖြတ်ချက်ကို ငါလေးစားတယ်”

“ကျေးဇူးပါ ရှုချင်း”

လေထုသည် လေးလံနေသည်၊၊

ကျိုးရီရွှမ် ထပ်၍စကားမပြောတော့ဘဲ သူ၏ယာဉ်သို့ ပြန်သွားပြီး ပစ္စည်းများကို စတင်ထုပ်ပိုးလိုက်သည်၊၊ အခြားသူသုံးဦးလည်း လိုက်ပါသွားသည်၊၊

သူတို့လေးဦးသည် ထရပ်ကားကြီးတစ်စီးနှင့် လမ်းကြမ်းယာဉ်တစ်စီးကို ယူသွားပြီး နှုတ်ဆက်ပြီးနောက် အဝေးသို့ မောင်းထွက်သွားကြသည်၊

ရှုချင်း၏ ယဉ်တန်းသည် တိတ်ဆိတ်စွာ ဝမ်းနည်းမှုထဲတွင် ကျန်ရစ်ခဲ့သည်၊၊

လင်းရှန်က သူတို့ထွက်သွားသည်ကို ကြည့်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်၊၊

သူအဖွဲ့ကို စတင်တည်ဆောက်ချိန်တွင် လူများသည် အချိန်မရွေး ထွက်ခွာသွားနိုင်သည်ဟု ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်၊၊ အသက်ရှင်ကျန်ရစ်ရန်ဖြစ်စေ ကိုယ်ပိုင်အကျိုးအတွက်ဖြစ်စေ ချန်ဆီရွှမ်၊ကီကီ၊တာ့လိုနှင့် အခြားသူများအတွက်လည်း အတူတူပင်၊၊

အကြောင်းပြချက်က မိုက်မဲသည်ဟု ထင်ရစေကာမူ လူတိုင်းသည် ၎င်းတို့၏ကိုယ်ပိုင်ရွေးချယ်မှုများကို ပြုလုပ်ကြသည်၊၊

ဤပျက်စီးနေသော ကမ္ဘာပျက်ကပ်တွင် လူ့သဘာဝအကြောင်း ပြောဆိုခြင်းသည် ရိုးသားလွန်းပေသည်၊၊ သာမန်ဖြစ်စေ…မဖြစ်စေ အသက်ရှင်ကျန်ရစ်ရေးသည် တစ်ခုတည်းသော ဦးစားပေးဖြစ်သည်

လင်းရှန်က ရှုချင်းဘက်သို့ လှည့်ကာ သူ၏မျက်နှာထား တင်းမာနေသည်၊၊

“မင်းရော”

“ငါ မင်းနဲ့လိုက်မယ်”

ရှုချင်း၏ အသံသည် ခိုင်မာသည်၊၊

“မင်းက ငါ့ကို မခေါ်ချင်ဘူးဆိုရင် ငါ့လူတွေကို ခေါ်ပြီး အခုထွက်သွားမယ်”

ထိုစကားများကြောင့် လို့ရှားရှားက ချန်ဆီရွှမ်၏ အင်္ကျီလက်ကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်သည်၊၊ အနန္တရထားအဖွဲ့တစ်ခုလုံး လေထုထဲတွင် တင်းမာမှုကို ခံစားမိသည်၊၊

ထိုစဉ် ရှုချင်း၏ ယဉ်တန်းမှ ကျန်ရစ်သော အဖွဲ့ဝင်များက လင်းရှန်ကို တိတ်ဆိတ်စွာ စိတ်အားထက်သန်မှုဖြင့် စိုက်ကြည့်နေကြသည်၊၊

သူတို့၏ အကြောင်းပြချက်များ မည်သည်ပင်ဖြစ်စေ ကျန်ရစ်ရန် ရွေးချယ်သူများသည် အနန္တရထားပေါ်သို့ တက်လိုကြသည်၊၊

လင်းရှန်က ၎င်းတို့ကို တစ်ချက်ကြည့်လိုက်သည်၊၊

“သားရဲအကျိုးသက်ရောက်မှုက မှန်တာ မှားတာထက် ဒီညမှာ ငါတို့လည်း Fireline ယဉ်တန်းလိုပဲ လုံးဝသုတ်သင်ခံရဖို့ပဲ ဖြစ်နိုင်တယ်၊၊ ငါ့ရထားပေါ်တက်မယ်ဆိုရင် အဲဒီအတွက် အဆင်သင့်ဖြစ်နေရမယ်၊၊ အသက်ရှင်ကျန်ရစ်သူတွေရဲ့ စည်းလုံးမှုက အသက်ရှင်ဖို့ မလုံလောက်ဘူးဆိုရင် အာကာသဆိပ်ကမ်းလုံခြုံရေးတပ်နဲ့ သံချပ်ကာတပ်ရဲ့ စွန့်လွှတ်မှုတွေကို ငါတို့ မအောင်မြင်ခဲ့ဘူးပေါ့”

“ဒါကြောင့် မျက်လုံးကို ဖွင့်ပြီး သေချာကြည့်ကြ”

လင်းရှန်က ရုတ်တရက် လှည့်ကာ သူ၏နောက်တွင်ရှိသော အနက်ရောင်သံချပ်ကာရထားကို ညွှန်ပြသည်၊၊

“ဒါက ဘေးကင်းတဲ့ ခရီးသည်ရထားမဟုတ်ဘူး ဒါက ကမ္ဘာပျက်ကပ်ရထားပဲ”

All Chapters