← Chapters

ရည်မှန်းချက်

Vol. 12 Ch. 167

ရည်မှန်းချက်

Vol. 12 Ch. 167

“အကယ်၍ မင်းတို့ ဒီရထားပေါ်တက်ဖို့ ရွေးချယ်ရင် ဒီနေရာက ယာဉ်အားလုံးကို ငါဝါးမျိုပြီး ပြန်အသုံးပြုမယ်။ ဆိုလိုတာက နောက်ပြန်လှည့်စရာ မရှိတော့ဘူး”

လင်းရှန်၏ စကားသံသည် လူအများ၏ အတွေးများကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။

အကျိုးအပြစ်များကို ချိန်ဆလျက်ရှိသူ၊ သားရဲအကျိုးသက်ရောက်မှုကို စဉ်းစားနေသူ၊ Fireline ယာဉ်တန်း၏ ကြောက်မက်ဖွယ်ကံကြမ္မာကြောင့် စိတ်လှုပ်ရှားနေသူ သို့မဟုတ် စွန့်ပစ်ခံရမည်ကို စိုးရိမ်သူ၊ အသုံးချခံရမည်ကို စိတ်ပူသူများ...

ထိုအခိုက်အတန့်၌ လူတိုင်း၏ အကြည့်များသည် သူ့ဆီသို့ ရောက်ရှိလာသည်။ လင်းရှန်၏ နောက်တွင် အနက်ရောင်သံချပ်ကာဖြင့် ဖုံးအုပ်ထားသော အနန္တရထားကြီးသည် ရပ်တည်နေသည်။ ၎င်း၏ ထူထဲသော သံချပ်ကာပြားများပေါ်တွင် သွေးခြောက်များကပ်ငြိလျက် ရထားဘီးများပေါ်တွင် အညိုရင့်ရောင်သွေးကွက်များ စွန်းထင်နေသည်။

သိပ်သည်းလှသော ကျည်ဆန်ရာများ၊ အဖြူရောင်သတ္တဝါကြီးနှင့် အနီရောင်ကင်းခြေများ၏ ဓားသွားပမာ ချွန်ထက်သော ပါးစပ်ဖြင့် ထိုးဖောက်ခံရသော ဒဏ်ရာများနှင့် မိုးပျံဂျယ်လီဖစ်၏ ဆူးတောင်များကြောင့် ဖြစ်ပေါ်ခဲ့သော နက်ရှိုင်းသည့် ဖောင်းကြွဒဏ်ရာများ—ဤအရာများသည် အနန္တရထားကြီးသည် အမှောင်ထုကို ဖြတ်ကျော်လာခဲ့သည့် ထိတ်လန့်ဖွယ်ရာ တိုက်ပွဲများ၏ သက်သေများဖြစ်သည်။

“ဟုတ်တယ်…သူရဲဘောင်ကြောင်တဲ့သူတွေအတွက် အနန္တရထားပေါ်မှာ နေရာမရှိဘူး”

လူအုပ်ကြားမှ ငယ်ရွယ်သော အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

လို့ရှားရှားသည် သူမ၏ မျက်နှာကို မော့ထားရင်း ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြောလိုက်သည်။ လူအုပ်ထဲမှ တုံ့ပြန်မှုများသည် ထင်ရှားစွာ ပေါ်ပေါက်လာပြီး ၎င်းတို့၏ မျက်နှာများပေါ်တွင် တုံ့ပြန်မှုများက ပြောင်းလဲသွားသည်။

မြောင်လုက လို့ရှားရှားကို ကြည့်လိုက်ပြီး ချက်ချင်းပင် ရှေ့သို့တက်လာကာ “ကျွန်မတို့က သတ္တိမရှိတဲ့သူတွေ မဟုတ်ဘူး”

လုချန်သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီရဲလျက် “ဟုတ်တယ် ခေါင်းဆောင်လင်း ကျွန်တော်တို့ ခင်ဗျားနဲ့အတူလိုက်မယ်”

“ခေါင်းဆောင်လင်း အမိန့်ပေးရုံပါပဲ ဒီယာဉ်တွေထဲက ပစ္စည်းတွေအားလုံးကို အနန္တရထားပေါ်ကို အခုပဲ စသယ်မယ်”

“အစ်မချင်း ခင်ဗျားကို ယုံတယ်၊၊ ဒါကြောင့် ကျွန်တော်လည်း ယုံတယ်”

“ဟုတ်တယ် အတိအကျပဲ”

“ကျွန်တော်တို့ကို ပါဝင်ခွင့်ပေးပါ သူရဲဘောကြောင်တဲ့သူတွေလို ထွက်ပြေးမှာ မဟုတ်ဘူး”

လေးလံထှိုင်းမှိုင်းနေသော လေထုသည် ချက်ချင်းပင် ပြိုကွဲသွားသည်။

လင်းရှန်သည် ရှုချင်းထံသို့ လှည့်ကာ ရှင်းလင်းသော အသံဖြင့် “လူတွေ ရေထားလိုက်၊၊ ဒီညထွက်ခွာမယ်”

ရှုချင်းက ခေါင်းညိတ်ပြီး လင်းရှန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

စွမ်းအားရှင်များဖြင့် ပြည့်နှက်နေသော အဖွဲ့တစ်ဖွဲ့အတွက် ၎င်းတို့ကို အဖွဲ့ထဲသို့ လက်ခံခြင်းသည် အကျိုးထက် ဒုက္ခပိုပေးနိုင်ပုံရသည်။ သူမထံတွင် တိုက်ခိုက်နိုင်သူ အနည်းငယ်ရှိသည်၊၊ သူမ၌လည်း တိုက်ခိုက်ရေးစွမ်းရည်အနည်းငယ်ရှိသည်။ သို့သော် သူမ၏လူများထဲတွင် အများစုသည် အားကောင်းသော တိုက်ခိုက်ရေးစွမ်းရည်များ မရှိကြပေ။ ထောက်ပံ့ပို့ဆောင်ရေးအကူအညီမှလွဲ၍ ယခုအချိန်တွင် ၎င်းတို့သည် များစွာကူညီနိုင်ခြင်းမရှိချေ။

သို့သော် လင်းရှန်၏ စကားများသည် လူတိုင်း၏ နှလုံးသားထဲမှ မီးစတစ်စကို လှုံ့ဆော်လိုက်သည်။ ၎င်းတို့သည် စိတ်လှုပ်ရှားမှုဖြင့် တက်ကြွလာသည်။

“လင်းရှန်”

ချန်ဆီရွှမ်သည် လူအုပ်ကို စစ်ဆေးကြည့်ရင်း ၎င်းတို့၏ တက်ကြွလာသော စိတ်ဓာတ်ကို သတိပြုမိပြီး “ဒါဆို နောက်တစ်ဆင့်က ဘာလဲ”

လင်းရှန်က ခေါင်းညိတ်လိုက်သည်၊၊ လူအားလုံး၏ အကြည့်များသည် သူ့ထံတွင် စုစည်းနေချိန်တွင် ရှင်းပြသည်။

“ယခုအခါ ကမ္ဘာတစ်ဝှမ်းရှိ အသက်ရှင်ကျန်ရစ်သူတွေမှာ အခြေခံရွေးချယ်စရာ သုံးခုရှိတယ်”

“ပထမအချက်က ဖီးနစ်အဖွဲ့၏ ကြယ်တွင်းနက်ဆိုင်ရာ အစီရင်ခံစာတွေကို လိုက်နာပြီး ဝင်ရိုးစွန်းညအမှောင်က ထွက်ပြေးဖို့ပဲ။ လမ်းတစ်လျှောက်မှာ အသက်ရှင်ကျန်ရစ်တွေက ပိုပြီးကြီးမားတဲ့ အုပ်စုတွေအဖြစ် စုဝေးကြတယ် ဒါမှမဟုတ် ဖီးနစ်အဖွဲ့မှ ဖြန့်ကျက်ထားတဲ့ ကယ်ဆယ်ရေးနေရာတွေမှာ လူစုလာကြတယ်။ ဒါပေမဲ့ ဘယ်လမ်းကြောင်းမဆို အဆုံးသတ်ရည်မှန်းချက်က တူညီနေတယ်—အာရုဏ်ဦးစင်တာနဲ့အတူ ပိုလုံခြုံပြီး ပိုကျယ်ပြန့်တဲ့ နယ်မြေတွေဆီကို ထွက်ပြေးဖို့”

“ဒုတိယအချက်က ကြယ်မြို့တော်လို ကြီးမားတဲ့ ခိုလှုံနေရာ ဒါမှမဟုတ် အဓိကမြို့ကြီးတွေဆီကိာ ဦးတည်ပြီး ခုခံတွန်းလှန်ရေးတပ်ဖွဲ့များ ဖွဲ့စည်းဖို့”

“လူတွေက ကြယ်မြို့တော်ကို ထပ်သွားနေသေးတယ်လား၊၊ ဖက်ဒရေးရှင်းရဲ့ ကျွန်ဖြစ်ရမှာ မကြောက်ဘူးလား”

ကီကီက နှာခေါင်းရှုံ့လိုက်သည်၊၊

“ကြောက်တယ်”

ရှုချင်းက ဝင်ပြောသည်။

“အသက်ရှင်ကျန်ရစ်သူတွေ အများစုမှာ တကယ့်ဦးတည်ရာမရှိဘူး။ ကြယ်မြို့တော်က နဂါးနိုင်ငံရဲ့ မြို့တော်ဖြစ်တယ်၊၊ ဒါကြောင့် ကမ္ဘာပျက်ကပ်နေ့ရောက်လာတဲ့အခါ လူအများစုဟာ အဲဒီမြို့ရဲ့ ခိုင်ခံ့တဲ့မြို့ရိုးတွေကို ယုံကြည်ပြီး အလိုလိုထွက်ပြေးသွားကြတယ်။ ဖီးနစ်အဖွဲ့ရဲ့ လမ်းညွှန်မှုက ထွက်ပြေးဖို့ ဦးတည်ရာတစ်ခုပဲ ပေးတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့လူတွေအတွက် တည်ငြိမ်တဲ့ ခိုလှုံနေရာတစ်ခုရဲ့ ဆွဲဆောင်မှုက ပိုပြင်းထန်တယ်၊၊ မြောင်းထဲမှာ ပုန်းနေရရင်တောင် သူတို့က တွေဝေမနေဘဲ အဲဒီထဲကို ဝင်သွားကြတယ်”

လင်းရှန်က ခေါင်းညိတ်သည်။ ရှုချင်း၏ စကားသည် မမှားပေ။

ကမ္ဘာပျက်ကပ်နေ့ပြီးနောက် သတင်းအချက်အလက်များသည် ရှားပါးလာသည်။ အသက်ရှင်ကျန်ရစ်သူများစွာသည် အမှောင်ရေဒီယိုကိုပင် မရနိုင်ကြဘဲ မြို့ကြီးများ သို့မဟုတ် ခိုလှုံနေရာများဆီသို့ ထွက်ပြေးခြင်းသည် လုံခြုံမှုကို ရှာဖွေလိုသော မသိစိတ်၏ လှုံ့ဆော်မှုတစ်ခုသာဖြစ်သည်။

ဥပမာအားဖြင့် မြေအောက်မြို့တော်အမှတ် ၉…၎င်းသည် ကမ္ဘာပျက်ကပ်ခိုလှုံနေရာတစ်ခုဟု ကောလာဟလထွက်ခဲ့သော်လည်း တရားဝင်အင်တာနက်ပေါ်တွင် ဘယ်သောအခါမှ စာရင်းမတင်ခဲ့ပေ။ သို့သော် ထိုနေရာသည် တာ့လိုတောင်သို့ ဒုက္ခသည်ယာဉ်တန်းများစွာကို ဆွဲဆောင်ခဲ့သည်။

လင်းရှန်သည် ထိုမြင်ကွင်းကို ပြန်လည်သတိရမိသည်—ဆီးနှင်းမုန်တိုင်းအောက်တွင် မိုင်ပေါင်းများစွာ ဖုံးလွှမ်းနေသော ယာဉ်များ…သူ၏ စိတ်ထဲတွင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုအဖြစ် ယခုထိ ထင်ရှားစွာ ကျန်ရှိနေသည်။

“တတိယရွေးချယ်မှုက ဘာလဲ”

ကီကီက မေးသည်။

“တတိယအချက်ကတော့ ဒါရိုက်တာတင်း အရင်ကပြောခဲ့တဲ့ ဝင်ရိုးစွန်းရေခဲပြင်ပဲ”

လင်းရှန်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ “လူအများစုက အဲဒီနေရာကို နောက်ဆုံးလုံခြုံတဲ့ ခိုလှုံနေရာလို့ ယုံကြည်ကြတယ်၊၊ ဒါကြောင့် အစကတည်းက အဲဒီကို ဦးတည်ချက်ထားတဲ့သူတွေ ရှိပြီးသားပဲ။ ဒါပေမယ့် အခုအချိန်မှာ အဲဒီနေရာဟာ ဝင်ရိုးစွန်းညအမှောင်ထဲမှာ ပိတ်မိနေတယ်။ လေးလအတွင်း သူတို့က ပုန်းနေတာပဲဖြစ်ဖြစ် ရည်မှန်းချက်မရှိဘဲ လှည့်လည်နေတာပဲဖြစ်ဖြစ်…အားလုံးဟာ အဲဒီကို အလုံးအရင်းနဲ့ ပြေးကြလိမ့်မယ်”

လုရှင်းချန်က ခေါင်းညိတ်သည်။

“အဓိပ္ပာယ်ရှိတယ်။ ဒါဆို ငါတို့လည်း ဝင်ရိုးစွန်းရေခဲပြင်ကို ဦးတည်မှာလား”

လင်းရှန်က ခေါင်းခါသည်။

လုရှင်းချန်က အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။

“ဒါဆို ဖီးနစ်အဖွဲ့ရဲ့ လမ်းညွှန်မှုကို လိုက်မှာလား”

“ငါ နင်တို့ကို ပြောပြီးသားမဟုတ်လား ဂြိုဟ်ပတ်ရထားလမ်းကို လိုက်ပြီး အရှေ့ဘက်ကို သွားမယ်လို့”

ကီကီက လုရှင်းချန်ကို မျက်စောင်းထိုးကြည့်ရင်း မေးလိုက်သည်။

“ဟုတ်တယ်မလား လင်းရှန်”

လင်းရှန်က ပြုံးလိုက်သော်လည်း မဖြေပေ။

“ခဏလေး... အဲဒါလည်း မဟုတ်ဘူးလား”

ကီကီ၏ မျက်နှာထားသည် တင်းမာလာသည်။

“ရှင်က ကြယ်မြို့တော်ကို သွားမလို့တော့ မဟုတ်ဘူးမလား”

“မင်း အတွေးများနေပြီ”

လင်းရှန်က သက်ပြင်းချသည်။ ထို့နောက် လူအုပ်ကို ကြည့်ကာ ခိုင်မာသော အသံဖြင့်

“ယူပေမြို့ကို မရောက်ခင်၊ ငါ့ရဲ့ အစီအစဉ်က ဂြိုဟ်ပတ်ရထားလမ်းထဲ ဝင်ပြီး အရှေ့ဘက်ကို ထွက်ပြေးဖို့ပဲ။ ဒါပေမယ့် အခုတော့... ငါ့အတွေးတွေ ပြောင်းသွားပြီ”

ချန်ဆီရွှမ်က သူ့ကို ကြည့်သည်။

“ဂြိုဟ်ပတ်ရထားလမ်းကို မလိုက်တော့ဘူးလား”

“မလိုက်တော့ဘူး”

လင်းရှန်၏ အသံသည် တည်ငြိမ်သည်။

“ငါ အတွေးပြောင်းသွားတယ်လို့ ပြောတဲ့အခါ လမ်းကြောင်း ဒါမှမဟုတ် နည်းလမ်းကို ပြောတာမဟုတ်ဘူး။ ဦးတည်ချက်က ပြဿနာမဟုတ်ဘူး...”

လူအုပ်သည် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

လင်းရှန်သည် ၎င်းတို့၏ မျက်နှာများကို တစ်ချက်ကြည့်ပြီး တည်ငြိမ်သော လေသံဖြင့် ဆက်လက်ပြောသည်။

“မြေအောက်မြို့တော်အမှတ် ၉ ကို ငါတို့ရောက်ခဲ့ဖူးတယ်။ ဒေါ်လာထရီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ ကမ္ဘာပျက်ကပ်ခံတပ်တစ်ခု၊၊ ဒါပေမယ့် အဲ့ဒါရဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတွေထဲမှာ ပိုကြောက်စရာကောင်းတဲ့ ကပ်ဆိုးတွေ ပုန်းအောင်းနေခဲ့တယ်—တစ်ညတည်းနဲ့ လူ ၃၆၀,၀၀၀ ကို ဝါးမျိုခဲ့တဲ့ သတ္တဝါတွေ”

“ကောင်းကင်ပေါ်က သံချပ်ကာတပ်ဖွဲ့ရဲ့ အစွမ်းထက်တဲ့ ချေမှုန်းရေး လေသ‌ေင်္ဘာာ တွေနဲ့ Lighting အာကာသတိုက်လေယာဉ်တွေတောင် ချင်းလွမ်မြို့ရဲ့ ပျက်စီးမှုကို မတားဆီးနိုင်ခဲ့ဘူး...

“ယူပေမြို့မှာတော့ လူတွေ ပိုထွက်ပြေးလေလေ၊မွန်းစတားတွေ ပိုပေါ်လာလေလေပဲ”

“တစ်ကမ္ဘာလုံးက ဧရာမအမဲလိုက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသလိုပဲ၊၊ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ သားရဲတွေက ငါတို့လူသားတွေကို အမဲလိုက်နေကြတယ်”

သူ ခဏရပ်တန့်လိုက်ပြီး သူ၏ မျက်လုံးများသည် ထက်ရှလာသည်။

“ငါ့အဖွဲ့ကို တစ်ခါပြောဖူးတယ်၊၊ ငါ့ရဲ့ ယန္တရားစွမ်းရည်ကို သုံးပြီး ရထားကို ပျံသန်းစေမယ်လို့။ အဲဒီရည်မှန်းချက်က မပြောင်းလဲဘူး။ ပြီးတော့ ငါလည်း ပြောခဲ့ဖူးတယ်၊၊ အကယ်၍ ငါတို့က အမှောင်ထဲက ထွက်ပြေးလွတ်မြောက်နိုင်ရမယ် မဟုတ်ရင် အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်”

“အဲဒီသဘောအရ၊ ငါတို့ရဲ့ ရည်မှန်းချက်ဟာ ဖီးနစ်အဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ တစ်ထပ်တည်းပဲ”

“အဲဒါကတော့—အာရုဏ်ဦးကို လိုက်ရှာဖွေရင်း အမှောင်ကို အနိုင်ယူနိုင်တဲ့ စွမ်းအားကို ရယူဖို့ပဲ”

လင်းရှန်၏ စကားများသည် လူတိုင်း၏ နှလုံးသားထဲတွင် လှုပ်နှိုးလိုက်သည်။

ကမ္ဘာပျက်ကပ်နေ့မှစ၍ လူသားအားလုံးသည် နောက်ထပ်နေထွက်မည့်အချိန်ကို မြင်တွေ့ရန် မျှော်လင့်ချက်ဖြင့် အစွမ်းကုန်ထွက်ပြေးနေခဲ့ကြသည်။

သို့သော် ဖီးနစ်အဖွဲ့၏ ကမ္ဘာပျက်ကပ်ရေဒီယိုထုတ်လွှင့်မှုသည် အမှန်တရားကို ဖော်ပြခဲ့ပြီးဖြစ်သည်—တစ်နှစ်နှင့် ၉၆ ရက်အတွင်း အပြာရောင်ဂြိုဟ်သည် ၅၇၁ နှစ်ကျော်ကြာ တည်ရှိမည့် ကမ္ဘာလုံးဆိုင်ရာ အမှောင်ညထဲသို့ ဝင်ရောက်မည်ဖြစ်သည်။

အကယ်၍ ကမ္ဘာသည် ပျက်စီးရန် သေချာနေသည့် မလွှဲမရှောင်နိုင်သောကံကြမ္မာဖြစ်ခဲ့လျှင် ထွက်ပြေးခြင်းသည် အဆုံးသတ်ကို ရွှေ့နိုင်ရုံသာဖြစ်သည်။

ထိုသို့သော စိတ်ပျက်အားငယ်မှုဖြင့် ထွက်ပြေးခြင်းသည် နှေးကွေးသော မိမိကိုယ်ကို သေကြောင်းကြံစည်မှုတစ်ခုသာဖြစ်သည်။

ဤသည်မှာ ဖက်ဒရေးရှင်းအစိုးရဟောင်းသည် မြေအောက်မြို့စီမံကိန်းကို အခိုင်အမာတောင်းဆိုခဲ့သည့် အကြောင်းရင်းလည်းဖြစ်သည်—အကြောင်းမှာ အနိုင်ရမည့်အလားအလာမရှိသော စစ်ပွဲတစ်ခုကို ယုံကြည်ချက်ပြတ်သား၍ ဇွဲရှိသော စိတ်ဓာတ်ဖြင့်သာ ခံနိုင်ရည်ရှိမည်ဖြစ်သည်။

ယူပေအာကာသဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များပြီးနောက် လင်းရှန်သည် သူ့အပေါ်တွင် ဖိအားပေးလာသော မခံမရပ်နိုင်သော အလေးချိန်တစ်ခုကို ခံစားနေရသည်။

“သံချပ်ကာတပ်ဖွဲ့ရဲ့ စွန့်လွှတ်မှုက လူ ၂၀,၀၀၀ကို တစ်နှစ်နဲ့ ၉၆ ရက်လောက် ရှင်သန်နေခွင့်ပေးခဲ့ရုံသာဆိုရင် သူတို့ရဲ့ သေဆုံးမှုဟာ အဓိပ္ပာယ်မရှိခဲ့ဘူး”

“အဲဒီစစ်သားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေက တစ်နေ့မှာ အမှောင်ကို အနိုင်ယူမယ်လို့ ယုံကြည်ပြီး သေဆုံးသွားကြတာ”

လင်းရှန်သည် ရှုချင်းကို ကြည့်လိုက်သည်။

“ရှုချင်း…မင်းက လက်ဗလာနဲ့ မွန်းစတားတွေကို တိုက်ခိုက်ပြီး ဒီလောက်အားကောင်းလာလိမ့်မယ်လို့ မတွေးခဲ့ဖူးဘူးမဟုတ်လား”

ရှုချင်းသည် ခဏတာ ကြောင်အမ်းသွားပြီးမှ ခေါင်းညိတ်သည်။

“ပြီးတော့ မင်းတို့အားလုံး...”

လင်းရှန်သည် ၎င်းတို့အားလုံးကို ကြည့်သည်။ “စွမ်းရည်ရှိရှိ၊ မရှိရှိ၊ ငါတို့ အသက်ရှင်နေတဲ့ နေ့တိုင်းက ငါတို့ကို ပြောင်းလဲတိုးတက်စေနေတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ငါတို့လိုပဲ တွန်းလှန်နေတဲ့သူတွေ ရှိတယ်”

“အဲဒါက ငါတို့ရဲ့ အခွင့်အရေးပဲ”

“ဒါကြောင့် ငါတို့ရဲ့ ရည်မှန်းချက်ဟာ ထွက်ပြေးဖို့တစ်ခုတည်းတော့ မဟုတ်တော့ဘူး”

“လမ်းတစ်လျှောက် ငါတို့ဟာ ပိုမိုအားကောင်းလာရမယ်၊၊ အမှောင်ကို ရင်ဆိုင်နိုင်တဲ့အထိ…”

“အဲဒီနေ့ရောက်လာတဲ့အခါ—ဝင်ရိုးစွန်းညဟာ ကမ္ဘာပျက်ကပ်ဖြစ်နေဦးမယ်လို့လား ထင်လား”

လူတိုင်း၏ မျက်လုံးများသည် အံ့အားသင့်စွာ ပြူးကျယ်လာသည်။

ကီကီက လက်နှစ်ဖက်ပိုက်ကာ ပြုံးပြလိုက်သည်။

“အမှောင်ထဲမှာ ငါတို့ အသက်ရှင်နိုင်မယ်ဆိုရင် ကမ္ဘာတစ်ခုလုံး အမှောင်ထဲ နစ်မြုပ်သွားရင်တောင် ဘာမှ မထူးဆန်းတော့ဘူး”

ချန်ဆီရွှမ်က ခေါင်းညိတ်လိုက်သည်။

“တစ်နှစ်နဲ့ ၉၆ ရက်ဆိုတာ ရုတ်တရက် သိပ်ကြောက်စရာမကောင်းတော့ဘူး”

လုရှင်းချန်၏ လက်ဖဝါးထဲတွင် မီးလျှံများ တောက်လောင်လာသည်။

“ဒါဆို ငါ့မီးတောက်တွေနဲ့ ထာဝရအမှောင်ညကို ထွန်းလင်းစေရမယ်”

ရှုချင်းက သက်ပြင်းချလိုက်ပြီး သူမ၏ ပင်ပန်းနွမ်းနယ်မှုသည် ပေါ့ပါးသွားသည်။ “ဒီရည်မှန်းချက်က... အသက်ရှင်ဖို့အတွက် ထွက်ပြေးနေတာထက် အများကြီး စိတ်ခွန်အားဖြည့်ပေးတယ်”

“ဒါဆို ခေါင်းဆောင်လင်း—နောက်တစ်ဆင့်က ဘာလဲ”

လင်းရှန်၏ အကြည့်သည် ဗလာကျင်းနေသော ပလက်ဖောင်း၊ ကျန်းကျိုးမြို့မှ ယူဆောင်လာသော ရထားနှစ်စင်းနှင့် အဝေးပြေးလမ်းတစ်လျှောက်တွင် ရပ်ထားသော ယာဉ်သုံးဆယ်ကျော်ကို ရောက်သွားသည်၊၊

နေရောင်သည် ခေါင်းပေါ်တွင် တောက်လျက်၊ လေညင်းသည် လေထုထဲတွင် ညင်သာစွာ တိုက်ခတ်နေသည်။

“ဒီလို သာယာတဲ့နေရာလေးမှာ…”

“ရထားကို ပြင်ဆင်ရမှာပေါ့”

All Chapters