← Chapters

အထူးသက်တော်စောင့်

Vol. 12 Ch. 179

အထူးသက်တော်စောင့်

Vol. 12 Ch. 179

ဝူး

ဇီးဇီးဇီး

ဝူး~ ခရက်ရှ်

ရထားတွဲအမှတ် ၁၂ အတွင်း၌ လင်းရှန်နှင့် ကီကီသည် ရထားတွဲ၏ ဗလာကျင်းနေသော ကြမ်းပြင်ပေါ်ထိုင်ကာ အနားယူနေရင်း PX-05 စက်ရုပ်၏ လက်နက်စခန်းတွင် စက်ကိရိယာများ တပ်ဆင်နေခြင်းကို ကြည့်ရှုနေကြသည်။

“လင်းရှန်”

“အင်း”

“ထူးဆန်းတယ် မထင်ဘူးလား။ ကျွန်မတို့သွားတဲ့ တခြားနေရာတွေမှာ မွန်းစတားတွေ မတွေ့ခဲ့ဘူး။ ဒါပေမယ့် ညအချိန်ထဲ ရောက်တာနဲ့ မွန်းစတားတွေ ကျွန်မတို့ကို ဝိုင်းနေတာ။ အရေးကြီးတဲ့အချိန်မှာပဲ တစ်ယောက်ယောက်က ရောက်လာပြီး ဒီမြို့ငယ်လေးထဲ ခေါ်လာတယ်”

ကီကီ လက်နှစ်ဖက်ဖြင့် ဒူးကိုဖက်ထားရင်း ခေါင်းစောင်းကာ လင်းရှန်ကို ကြည့်လိုက်သည်။

လင်းရှန်သည် ဘာမှမတတ်နိုင်ဟန်ဖြင့် ပြုံးလိုက်ပြီး မျက်လုံးများကို မှိတ်ကာ နက်ရှိုင်းစွာ အသက်ရှူလိုက်သည်။ “ငါလည်း သိချင်တာပဲ။ ဒါကို သိရင် ဒီကမ္ဘာပျက်ကပ်ထဲမှာ ကိုယ်က ထိန်းချုပ်နိုင်တဲ့ဘက်ကို ပြောင်းလို့ရမလားမသိနိုင်ဘူး”

အိုး~

ကီကီ သည် နက်ရှိုင်းစွာ သက်ပြင်းချပြီး ကြမ်းပြင်ပေါ် လှဲလိုက်ကာ ဗိုက်ကို ပွတ်သည်။

“ဒီကမ္ဘာပျက်ကပ်ကို မုန်းတယ်။ ကျွန်မရဲ့ ရေခဲမုန့်၊ အာလူးကြော်နဲ့ နို့ဖျော်ရည်တွေ လွမ်းတယ်။ ရထားအပြင်က ကြောက်စရာတွေကို တွေးမိတိုင်း စိတ်ထဲမှာ မလုံမခြုံဖြစ်နေရတယ်”

လင်းရှန်က မနေနိုင်ဘဲ ပြန်ဖြေသည်။

“ကြောက်စရာနဲ့ ဘာဆိုင်လဲ”

“ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး”

ကီကီက သက်ပြင်းချပြီး မျက်လုံးများကို မှိတ်ကာ လက်ကို အထက်သို့မြှောက်ပြီး လေထဲတွင် ဆုပ်ကိုင်လိုက်သည်။ “ငါ့စွမ်းအားတွေ ပိုသန်မာလာရင် မိုးပေါ်ပျံတက်ပြီး အဲဒီသတ္တဝါတွေကို အကုန်ဖျက်ဆီးပစ်မယ်။ ပြီးတော့ တွင်းနက်ထဲ ဝင်သွားပြီး အဲဒီထဲမှာ ဘာတွေဖြစ်နေလဲ ကြည့်မယ်”

“အိုး…ကလေးမ”

လင်းရှန်က ငေါ့ပြောလိုက်သည်၊၊

“မင်းအိပ်မက်ထဲမှာလေ မှတ်မိလား...”

“အိုင်းယား အိုင်းယား ငါဘာမှမကြားဘူး~”

လင်းရှန်က အိပ်မက်အကြောင်း စလိုက်သည်နှင့် ကီကီသည် ချက်ချင်း နားနှစ်ဖက်ကို အုပ်ကာ လင်းရှန်နှင့် သူမ၏ မှတ်ဉာဏ်များကို ဆွေးနွေးလိုစိတ်မရှိဟန် ပြလိုက်သည်။

“ငါပြောတာ အဲဒါမဟုတ်ဘူးလေ...”

လင်းရှန်က လေးနက်စွာပြောသည်။

“ငါပြောချင်တာက မင်းအိပ်မက်ထဲမှာ လေထဲမှာ လွင့်မျောနေတဲ့ ဧရာမလူသားတစ်ယောက်ကို ငါတွေ့ခဲ့တယ်”

ဤစကားကိုကြားသည်နှင့် ကီကီသည် တုံ့ဆိုင်းသွားပြီး ချက်ချင်း ပြန်ဖြေသည်။

“အရမ်းကြီးတဲ့လူ၊ လေထဲမှာ မျောနေတဲ့ ဧရာမလူသား၊ ဧရာမအလောင်းခြောက်တစ်ခု မဟုတ်လား”

လင်းရှန် ခေါင်းညိတ်သည်။

“ဒီလိုအရာမျိုးက ထင်ယောင်ထင်မှားဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ ငါထင်တယ်။ ငါတွေ့ခဲ့တာဆိုတော့ မင်းလည်း တစ်ချိန်ချိန်မှာ မြင်ခဲ့ဖူးမှာပဲ”

“ဟယ်လီကော့ပတာ ပျက်ကျတဲ့အချိန်၊ ကျိအန်းမြို့မှာ” ကီကီ သည် မျက်နှာကျက်ကို ကြည့်ကာ ပြောသည်။

“ပျက်ကျတဲ့အချိန်မှာ ဖြစ်ခဲ့တာဆိုတော့ သေချာမမှတ်မိတော့ဘူး။ ဒါပေမယ့် ခဏလောက်ကြာတော့ နည်းနည်းပြန်မှတ်မိလာတယ်။ ငါ တိမ်ထဲမှာ အရမ်းကြောက်စရာကောင်းတဲ့ မွန်းစတားတစ်ကောင်ကို တွေ့ခဲ့တယ်လို့ ထင်တယ်”

“မွန်းစတားတစ်ကောင်”

“အဲဒီလောက်ကြီးတဲ့အရာက မွန်းစတားမဟုတ်ရင် ဘာလဲ” ကီကီက မဲ့ရွဲ့ကာ ပြောသည်။

လင်းရှန် ခဏတာ စကားမပြောနိုင်ဖြစ်သွားသည်။ “ဟုတ်ပါတယ်၊ အဲဒီလို ဧရာမလူသားတစ်ယောက်ဆိုတော့... ဒါပေမယ့် အဲဒါက အလောင်းခြောက်တစ်ခုပဲ။ အသက်ရှင်နေလား သေနေလားတောင် ငါမသိဘူး”

“ဘယ်သူကရော သိမှာလဲ”

ကီကီသည် မျက်လုံးများကို မှိတ်ကာ နက်နက်ရှိုင်းရှိုင်း တွေးချင်စိတ်မရှိဟန်ဖြင့် သူမက မထီမဲ့မြင်ပြုကာ

“အခုရင်ဆိုင်နေရတဲ့ အရာတွေတောင် ငါတို့ မကိုင်တွယ်နိုင်ဘူး။ ထွက်ပြေးရုံပဲ တတ်နိုင်တယ်။ ပြေးလေလေ မွန်းစတားတွေက ပိုများလာလေလေ၊ ပိုသန်မာလာလေလေ။ ငါတို့ကို ပစ်မှတ်ထားနေသလိုပဲ အမှောင်ညထဲက မွန်းစတားတွေက ငါတို့အပေါ် ဆုလာဘ်တစ်ခု ရှိနေသလိုပဲ။ ကျွန်မတို့ရထားထဲမှာ စွမ်းအားရှင်တွေ အများကြီးရှိတော့ ကျွန်မတို့က တန်ဖိုးကြီးမှာပေါ့”

လင်းရှန်၏ မျက်ခုံးအနည်းငယ် တွန့်ကွေးသွားပြီး တိတ်ဆိတ်စွာ တွေးနေသည်။

လင်းရှန် စကားမပြောသည်ကို မြင်သည်နှင့် ကီကီက ထိုင်လိုက်ပြီး မေးသည်။

“ဘာဖြစ်လို့လဲ”

လင်းရှန် ခေါင်းခါပြီး အနည်းငယ် ခက်ခဲဟန်ဖြင့် ပြောသည်။ “ဘာမှမဟုတ်ဘူး၊၊ မင်းပြောတာတွေကို စဉ်းစားနေတာ”

“အခုနောက်ကျနေပြီ။ မင်း နည်းနည်းအိပ်သင့်တယ်” လင်းရှန်က အကြံပေးပြီး သူ၏ နာရီကို တစ်ချက်ကြည့်သည်။

“ဒီဟာပြီးရင် နောက်က ရထားကို ငါ သွားကိုင်တွယ်ရမယ်”

“အိုကေ~”

ကီကီ သည် အိပ်ငိုက်ဟန်ဖြင့် ခေါင်းညိတ်ပြီး ထလိုက်ကာ လင်းရှန်ကို တစ်ချက်ကြည့်ပြီး ခြေအနည်းငယ်လှမ်းလိုက်သည်။ ရုတ်တရက် သူမသည် ပြန်လှည့်လာကာ လေထဲတွင် မျောလွင့်ပြီး လင်းရှန်၏ ခါးကို ခြေထောက်များဖြင့် သိုင်းဖက်ကာ လက်များကို လည်ပင်းတွင် သိုင်းဖက်ပြီး ရင်ခွင်ထဲတွင် ခေါင်းအပ်လိုက်သည်။

လင်းရှန် သည် အံ့အားသင့်စွာ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

“မင်းဘာလုပ်နေတာလဲ”

“မလှုပ်နဲ့၊ ကျွန် ဒီမှာ နည်းနည်းအိပ်မလို့”

ကီကီသည် သူ၏ ရင်ခွင်ထဲမှ တီးတိုးပြောသည်၊၊

လင်းရှန်သည် သူမ၏ နွေးထွေးမှုနှင့် ခါးတစ်ဝိုက်၏ နူးညံ့မှုကို ခံစားရင်း မတတ်နိုင်ဟန်ဖြင့် ပြောသည်။

“ဒါက နည်းနည်း... နားလည်မှုလွဲစရာမဟုတ်လား။ ငါပြောတာက ဒီလိုအခြေအနေမျိုးမှာ”

“တိတ်စမ်း”

ကီကီ သည် မျက်လုံးများကို မှိတ်ကာ လင်းရှန်၏ လက်များကို သူမ၏ ခါးပေါ်သို့ ရွှေ့ထားသည်။

“ကြောင်သူတော်…ရှင် ကျွန်မရဲ့အတွင်းခံကို ခိုးကြည့်နေတဲ့အချိန်တုန်းက ဒီလောက်အလေးအနက်မထားခဲ့ပါဘူး။ ကျွန်မကို ဖက်ဖို့ ပြောတဲ့အချိန်လည်း ဒီလောက်စကားများမနေခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ရှင် စက်တွေကို ဝါးမျိုနေတဲ့အချိန်မှာ လှုပ်ဖို့မလိုဘူး။ ကျွန်မ ရှင့်ကို ကာကွယ်ပေးနိုင်တယ်”

ပြောပြီးသည်နှင့် ကီကီသည် အနေအထားကို ပြောင်းလဲကာ လင်းရှန်၏ ခါးကို ခြေထောက်များဖြင့် တင်းတင်းကျပ်ကျပ် သိုင်းဖက်ထားသည်။ သူမ၏ ခန္ဓာကိုယ်သည် ပေါ့ပါးသွက်လက်ကာ ယဉ်ကျေးသိမ်မွေ့သော ကြောင်တစ်ကောင်နှယ် နူးညံ့ပြီး သက်တောင့်သက်သာဖြစ်စေသည်။

ထိုအချိန်တွင် ကီကီသည် ရုတ်တရက် သူမ၏ ဗိုက်အောက်ပိုင်းတွင် တစ်စုံတစ်ရာကို ခံစားမိသွားသည်။ သူမ၏ မျက်နှာသည် ရဲတွတ်လာပြီး မျက်ခုံးတွန့်ကာ ငွေရောင်သွားများကို ကျိတ်လိုက်သည်။

“လူယုတ်မာကြီး”

လင်းရှန် အနေရခက်ကာ မရယ်နိုင်ပေ၊၊

“မင်း မဆင်ခြင်လုပ်တာလေ။ ငါ မလှုပ်ချင်ဘူးလို့ ပြောပြီးပြီ။ မင်း ငါ့ကို တွယ်ကပ်နေတာ။ ငါက ဘာတတ်နိုင်မှာလဲဟ”

“~”

လင်းရှန်သည် မျက်လုံးများကို မှိတ်ထားပြီး သူ၏ ရင်ခွင်ထဲတွင် အိပ်ငိုက်နေသော ကီကီကို ငုံ့ကြည့်လိုက်သည်။ သူ၏ နှလုံးသားသည် နွေးထွေးလာသည်။ ကီကီသည်သူ့ကို ကာကွယ်ရန် ကြိုးစားနေသည်ကို သူ သိပေသည်။

အပြင်ဘက်အခြေအနေသည် ဘာမှန်းမသိရသေးပေ၊၊ ရထားများကို ဝါးမျိုရန်အတွက် အနည်းငယ် စွန့်စားရပေမည်။ သို့သော် စိတ်အာရုံဖြင့် ထိန်းချုပ်နိုင်သော စွမ်းအားရှိသည့် ကီကီက သူ၏အနားတွင် ရှိနေသဖြင့် အနည်းငယ် စိတ်အေးချမ်းနိုင်သည်။ သို့သော် ကီကီသည် နှစ်ရက်ဆက်တိုက် အိပ်ရေးမဝခဲ့သည်ကိုလည်း သူ သိသည်။ သူသည် တက်လှမ်းဓာတ်လှေကားထဲတွင် ပင်ပန်းမှုကြောင့် ပြိုလဲခဲ့စဉ် ကီကီလည်း ထူးမခြားနားပင်၊၊

“ဒီလိုလုပ်ချင်တာ သေချာလား”

“အင်း~”

ကီကီ သည် တိုးညင်းစွာ ရေရွတ်ကာ အိပ်ပျော်လုနီးနီး ဖြစ်နေသည်။

“ဒါဆိုလည်း ကောင်းပြီ”

ထူးဆန်းသလို ခံစားရသော်လည်း ဤသည်မှာ ကီကီ၏ အထူးသက်တော်စောင့်ဝန်ဆောင်မှုဖြစ်သဖြင့် လင်းရှန်လည်း မညည်းညူတော့ပေ၊၊

သူသည် ထလိုက်ပြီး ကီကီကို သားပိုက်ကောင်ကဲ့သို့ ဖက်ထားရင်း နျူကလီးယားစွမ်းအင်သုံး ရထားခေါင်းမှ ထွက်လာကာ ကျန်းကျိုးမြို့မှ ဆွဲယူလာသော မြို့တွင်းရထားခေါင်းများဆီသို့ ဦးတည်သွားပြီး ဝါးမျိုမှုကို စတင်ရန် အသင့်ဖြစ်နေသည်။

အပေါ်မတတ်ခင် သူသည် မှောင်နေသော ကုန်စည်ပလက်ဖောင်းကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ အသုံးမပြုသည်မှာ ကြာပြီဖြစ်သော ရထားထဲသို့ တက်လိုက်သည်။

ကီကီ အနားတွင်ရှိနေသဖြင့် လင်းရှန်သည် ထူးဆန်းစွာ စိတ်အေးချမ်းမှုကို ခံစားရသည်။ သူမ သည် သူ၏ ရင်ခွင်ထဲတွင် တကယ်အိပ်ပျော်သွားနိုင်ပုံရပြီး သူမ၏ အသက်ရှူသံသည် တည်ငြိမ်လာသည်။ သူသည် ထိုင်ခုံတွင် အခြေချပြီး ယန္တရားဝါးမျိုမှုကို စတင်လိုက်သည်�၊၊

လင်းရှန်သည် သူ၏ ယန္တရားနှလုံးသား စနစ်မြင်ကွင်းကို ဖွင့်လိုက်သည်။

【လက်ရှိ ယန္တရားနှလုံးသားအဆင့်: အဆင့် ၃ (၅၆၅/၅၀၀၀)】

ခွန်အားအဆင့်: ၃【၃၀%】 (ပေါက်ကွဲအား ၃၀၀ ကီလိုဂရမ်)

အမြန်နှုန်းအဆင့်: ၂【၄၀%】 (အမြင့်ဆုံး ၁၃ မီတာ/စက္ကန့်)

ကာကွယ်ရေးအဆင့်: ၂【၂၆%】 (သံမဏိအရိုးများ)

【ယန္တရားနိုးကြားမှု】: ယန္တရားပညာရှင်

【နိုးကြားစွမ်းရည်များ】: သုတေသနဌာန၊ ထုတ်လုပ်ရေးစက်ရုံ

ယန္တရားဝါးမျိုမှု: ၃ (၄၆၆/၁၀၀၀) – ဝါးမျိုမှု ထိရောက်မှု တိုးမြှင့်သည်

ယန္တရားထုတ်လုပ်မှု: ၃ (၂၆၀/၁၀၀၀) – တည်ဆောက်မှု ထိရောက်မှု တိုးမြှင့်သည်

ယန္တရားဆိုင်ရာ စွမ်းရည်များ : စကင်ဖတ်မှု/ပြုပြင်မှု/ဖျက်သိမ်းမှု

【အထူးစွမ်းရည်များ】

လေအမြောက် (သာမန်) (အဆင့် ၃၊ အမြင့်ဆုံးအဆင့်)

ရေခဲဒိုင်းကာ (သာမန်) (အဆင့် ၂၊ ၀၉%)

ပြန်လှည့်ရိုက်ချက် (ရှားပါး) (အဆင့် ၁၊ ၃၀%)

စွမ်းအားထိုးတတ်ခြင်း (ရှားပါး) (အဆင့် ၁၊ ၂၃%)

【သတိပေးချက်: VoG လောင်ချာ ပုံကြမ်းအား အဆင့်မြှင့်နေသည်၊ ကျန်အချိန် ၀:၀၀:၃၄】

“ဟဟ… ပုံကြမ်းက ပြီးတော့မယ်...”

【ဂုဏ်ယူပါသည်။ သင်သည် မိုးကြိုးမုန်တိုင်း A1 လောင်ချာ (ပုံကြမ်း) ကို ရရှိခဲ့သည်】

“ဝိုး…တစ်ချက်ပစ်ကနေ ဆက်တိုက်ပစ်တာကို ပြောင်းလိုက်တာလား။ ရှားရှားတော့ ဒါကို သဘောကျမှာပဲ”

လင်းရှန် ကျေနပ်စွာ ပြုံးလိုက်သည်။ သုတေသနဌာနသည် အမှန်တကယ် အံ့ဩဖွယ်ရာဖြစ်သည်။ လက်တွေ့ကျသော ကန့်သတ်ချက်များ မရှိခဲ့လျှင် လင်းရှန် သည် လျှပ်စစ်သံလိုက်အမြောက်ကို ထည့်ကာ ဘာထွက်လာမည်ကို ကြည့်ချင်မိသည်။

သို့သော် ယခုအချိန်တွင် အိပ်မက်တစ်ခုသာ ဖြစ်သည်။ ထိုသို့သော အရာမျိုးသည် သူ၏ လက်ရှိ ယန္တရားထုတ်လုပ်မှု အဆင့်ဖြင့် ဖွံ့ဖြိုးရန် ရက်၅၀မှ ၆၀ခန့် ကြာနိုင်သည်။ ပုံကြမ်းထွက်လာသည်ပင်ဖြစ်စေ တည်ဆောက်နိုင်ဦးမည် မဟုတ်ပေ။ ၎င်းသည် ရုပ်ရှင်ကြည့်နေရပြီး ဘယ်တော့မှ သရုပ်ဆောင်ခွင့်မရသည့်နှယ် ဖြစ်သည်။

အနည်းငယ် စဉ်းစားပြီးနောက် လင်းရှန်သည် အကြီးစားလက်နက်များထဲမှ တစ်ခုဖြစ်သော ဆရာမချန်၏ A33K တင့်ဖျက်သေနတ်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

【လက်နက်ဖွံ့ဖြိုးမှု ဦးတည်ရာကို ရွေးချယ်ပါ】

【ပစ်ခတ်အား】 (၃ ရက် ၁၅ နာရီ)

【ရွေ့လျားနိုင်မှု】 (၃ ရက် ၁၂ နာရီ)

“ဟမ်”

လင်းရှန် သည် မျက်ခုံးတွန့်လိုက်သည်။

“ငါ့ရဲ့ ယန္တရားထုတ်လုပ်မှုက အဆင့် ၃ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်ကြာနေတာလဲ”

သူသည် ခဏတွေးပြီး တင့်ဖျက်သေနတ်သည် အဆင့်မြင့်လက်နက်ဖြစ်သဖြင့် အချိန်ပိုကြာမည်ဟု ခန့်မှန်းသည်။

စမ်းသပ်မှုအတွက် လင်းရှန် သည် Roarer K23 လျှပ်စစ်ဂတ်တလင်သေနတ်နှင့် အသစ်ရရှိထားသော မိုးကြိုးမုန်တိုင်း A1 လောင်ချာ ပုံကြမ်းများကိုလည်း ထည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ပထမတစ်ခုသည် ၄ ရက်၊ လောင်ချာက အနည်းငယ်ပိုကြာပြီး ၃ ရက် ၂၀ နာရီ လိုအပ်သည်။

All Chapters