အလိုရှိခြင်း
Vol. 50 Ch. 736
မေရီက အသက်ပြင်းပြင်းရှူပြီး စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် သူမ၏ စတေးတပ်စ်ကို စတင်ရေးသားလိုက်သည်။
[ဒီသီချင်းရဲ့ စာသားတွေကို ကျွန်မ ရေးသားခဲ့တာပါ။ Marvel က သဘောကျပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကယ်၍ မူပိုင်ခွင့်ကို လိုချင်တယ်ဆိုရင်တော့ ကျွန်မ ၂၀% လျှော့စျေးနဲ့ ပေးပါမယ်]
"လခွမ်း! မင်း ရူးနေတာလား? မင်း ၂၀% လျှော့စျေး ပေးလိုက်ရင် ငါတို့ သန်း ၂၀ လျော့သွားမှာပေါ့”
ဒန်နီ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး သူ့မျက်စိရှေ့မှ ပိုက်ဆံများ ပျံထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"မင်း အဲ့ဒီပိုက်ဆံတွေကို အရမ်းပေါ့ပေါ့တန်တန် သဘောထားတာပဲ၊ ငါ့တစ်သက်လုံးမှာ သန်း ၂၀တောင် ရှာနိုင်မှာ မဟုတ်ဘူး”
ဂျော့ရှ်က သူ့ရဲ့နှလုံးသား နာကျင်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့သည် သန်း ၁၀၀ ကို သူတို့ရဲ့ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားပြီးကြသည်။
"နင်တို့ ဘာသိလို့လဲ၊ ဒီသီချင်းကို ငါ တကယ် ရေးထားတာဆိုရင် ငါ သူတို့ကို လျှော့ဈေး ပေးမယ်လို့ ထင်နေလား”
မေရီက မကျေမနပ်ဖြစ်ကာ ဆက်ပြောလိုက်သည်။
"ငါတို့ အခု အများသူငါရဲ့ ထင်မြင်ချက် အင်အားကို လိုအပ်နေတာ၊ သူတို့ရဲ့ ထောက်ခံမှုကို ငါတို့ လိုအပ်နေတာ၊ သန်း ၂၀ ကို နုတ်လိုက်ရင်တောင် ငါတို့မှာ သန်း ၈၀ ကျန်နေဦးမှာပဲ! အဲ့ဒါက အလကားရတဲ့ သန်း ၈၀ ပဲ!"
ဒန်နီနဲ့ ဂျော့ရှ်တို့ နားလည်သွားပုံရပြီး ထိုအကြောင်း ဆက်မပြောတော့ပေ။ သို့သော် သူတို့မျက်လုံးထဲတွင် မျှော်လင့်တောင့်တသည့် အကြည့်က ရှိနေတုန်းပင်။
တစ်ချိန်တည်းမှာပင် မေရီ၏ပို့စ်ကို အင်တာနက်တစ်ခွင်၌ မျှဝေခြင်း ခံလိုက်ရသည်။
[မေရီက ၂၀% အလကား လျှော့ပေးလိုက်တာ အရမ်းကို ရက်ရောတာပဲ]
[ဝါး၊ ငါတို့နိုင်ငံသားတွေကတော့ ထင်တဲ့အတိုင်းပါပဲ၊ သန်း ၂၀ကို အလွယ်တကူ ပေးလိုက်တာ၊ တကယ့်ကို မြင့်မြတ်တဲ့ စိတ်ဓာတ်ပဲ]
[ဒီသီချင်းက Marvel နဲ့ တကယ်ကို ကိုက်ညီတယ်၊ Ironman နဲ့ Spiderman တောင် ပါနေတာ]
[မေရီကို အားပေးကြပါ၊ ဒီသီချင်းက အစကတည်းက သူ ရေးထားတာလေ]
[အဆိုတော်ဝိုင်၊ မင်း လာရာလမ်းအတိုင်း ပြန်လိုက်တော့၊ အဲ့ဒီ သန်း ၁၀၀ကို အဆိုတော် ဝိုင်လို လူမျိုးတွေဆီ ဘယ်တော့မှ ပေးလို့မဖြစ်ဘူး]
[တရုတ်တွေ ငါတို့ပိုက်ဆံကို ယူဖို့ ခွင့်မပြုနိုင်ဘူး၊ မူပိုင်ခွင့်က မေရီရဲ့ပိုင်ဆိုင်မှု ဖြစ်သင့်တယ်၊ သဘောတူရင် like လုပ်လိုက်]
အင်တာနက်တွင် ချက်ချင်း ဆူညံပွက်လောရိုက်သွားလေသည်။ မေရီက နှုတ်ခမ်းကို အနည်းငယ်တွန့်ကွေး၍ မေးလိုက်သည်။
“နင်တို့ ဘယ်လိုထင်လဲ”
“အံ့ဩစရာပဲ၊ တစ်နိုင်ငံလုံးက အခု မင်းကို ထောက်ခံနေတာကြ”
ဂျော့ရှ်က အံ့ဩဟန်ဖြင့် ပြောလာသည်။
“ဒါ ငါတို့အပိုင်ပဲ၊ သေချာပေါက်ကို ငါတို့ အပိုင်၊ ရှစ်သန်းနဲ့ဆိုရင် ငါတို့ တစ်ယောက်ကို သန်းနှစ်ဆယ်ကျော် ရနိုင်ပြီ”
ဒန်နီ၏ မျက်လုံးများက တောက်ပစွာ အရောင်လက်နေ၏။
…
မကြာခင်သေးမီက တရုတ်နိုင်ငံ၏ Weibo က လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။ သို့သော် ယနေ့သည် တက်ကြွ လှုပ်ရှားမှု အများဆုံး ဖြစ်သည်။ အဆိုတော်ဝိုင်နှင့် ပတ်သက်သော သတင်းမားက ရေပန်းစားနေသော ရှာဖွေမှု ထိပ်တန်း ဆယ်နေရာ၌ နေရာယူထားသည်။
လက်ရှိတွင် Weibo သည် ရုတ်တရက် အသုံးပြုများ များပြားလာခြင်းကြောင့် အလုပ်မလုပ်နိုင်တော့လုနီးပါး ဖြစ်သွားခဲ့သည်။
[Marvel၊ ဒါ Marvel ပဲ၊ သူတို့က အဆိုတော်ဝိုင်ရဲ့ မူပိုင်ခွင့်တွေအတွက် တကယ်ကို သန်း ၁၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့တာ!]
[မယုံနိုင်စရာပဲ၊ မယုံနိုင်စရာပဲ]
[လခွမ်း၊ အဆိုတော်ဝိုင်က ဘုရားပဲ၊ ပိုက်ဆံရှာတာ ဘယ်တုန်းက အဲ့ဒီလောက် လွယ်သွားတာလဲ?]
[ငါတို့ တရုတ်က သီချင်းက Marvel ကနေ အသိအမှတ်ပြုခံရတာ ခံရတယ်တဲ့လား၊ မယုံနိုင်စရာပဲ]
[အရင်ပို့စ်ကလူ၊ အဆိုတော်ဝိုင်ရဲ့ သီချင်းက အံ့ဩစရာတွေပဲလေ၊ သူသာ သူတို့ကို ရောင်းခဲ့မယ်ဆိုရင် အဲ့ဒါက Marvelရဲ့ ကံကောင်းခြင်းပဲ]
[နိုင်ငံခြားသားတွေက အရှက်မရှိတာပဲ၊ သူတို့ဆီက ကောင်းတဲ့အရာ ဘာမှမရှိဘူး၊ အထူးသဖြင့် အခုတခေါက်ပေါ့၊ အရမ်းရွံဖို့ကောင်းတာပဲ]
[အဲ့ဒီ မေရီဆိုတာ ဘယ်သူလဲ၊ သူ ပိုက်ဆံ ခိုးယူဖို့ ဘယ်ကနေ ရောက်လာတာလဲ]
[ဒါ အဆိုတော်ဝိုင်ရဲ့ ပိုက်ဆံကို လိမ်ဖို့ ကြိုးစားနေတာပဲ! သူတို့က ငါတို့ တရုတ်တွေကို အထင်သေးနေတာ၊ ချီးပဲ]
…
အခြေအနေက အချိန်ကြာလာသည်နှင့်အမျှ ပို၍ ဆိုးရွားလာသည်။ မီဒီယာပလက်ဖောင်း အမျိုးမျိုးကလည်း သတင်းတင်လာကြသည်။ အချိန်အတော်ကြာသည်အထိ Weibo၊ Jinri Toutiao နှင့်Tieba တို့တွင် ထိုဆွေးနွေးမှုများနှင့် ပြည့်နှက်နေသည်။
တရုတ်လူမျိုးများနှင့် နိုင်ငံခြားသားများသည် နောက်တစ်ကြိမ် ထပ်၍ စကားစစ်ပွဲ စတင်လာလေတော့သည်။
ရဲ့လင်းချန်သည် သူ့စာအုပ်ကို ပေါ့ပေါ့ပါးပါး ဖတ်နေသော်လည်း သူ့ဘေးမှ တုန်းမြောင်မြောင်မှာမူ အာရုံပျံ့လွင့် နေလေသည်။ Marvel က များပြားသော မူပိုင်ခွင့်ကြေးဖြင့် ကမ်းလှမ်းလာသည်ကို သူမ မြင်လိုက်ရသည့်အခါတွင် ပို၍ အာရုံမစိုက်နိုင်တော့ချေ။ ၎င်းက သူမကို လုံးလုံးလျားလျား သတိလက်လွတ် ဖြစ်သွားစေခဲ့ပြီး တည်ငြိမ်အောင် မနေနိုင်တော့ပါ။
“တရုတ် တိုင်းရင်းဆေးပညာကို ကိုယ်တိုင် လေ့လာခြင်း၊ တရုတ် ဆေးပညာ ကျွမ်းကျင်မှု +၁”
“တရုတ် တိုင်းရင်းဆေးပညာကို ကိုယ်တိုင် လေ့လာခြင်း၊ တရုတ် ဆေးပညာ ကျွမ်းကျင်မှု +၁”
“တရုတ် တိုင်းရင်းဆေးပညာကို ကိုယ်တိုင် လေ့လာခြင်း၊ တရုတ် ဆေးပညာ ကျွမ်းကျင်မှု +၁”
…
ကျွမ်းကျင်မှုက ၉၇% တွင် ရပ်သွားသည့်အခါမှသာလျှင် ရဲ့လင်းချန်က တရုတ် တိုင်းရင်းဆေးပညာ စာအုပ်ကို လက်ထဲမှ ချလိုက်သည်။ ထို့နောက် သူသည် ရှားပါးရောဂါများဟု အမည်ရသော နောက်ထပ် စာအုပ်တစ်အုပ်ကို ယူ၍ စတင် ဖတ်ရှုလိုက်သည်။
"ဥက္ကဋ္ဌရဲ့၊ Marvel က သန်းတစ်ရာ ကမ်းလှမ်းလာပါတယ်”
တုန်းမြောင်မြောင် မနေနိုင်တော့ဘဲ ပြောလိုက်သည်။
ရဲ့လင်းချန်၏ မျက်ခုံးများ တွန့်လာပြီး တအံ့တဩ မေးလိုက်သည်။
"သန်းတစ်ရာ ဟုတ်လား”
"ဟုတ်တယ်၊ သန်းတစ်ရာ၊ ရှင် သူတို့ကို ဆက်ပြီး လျစ်လျူရှုနေမယ်ဆိုရင် အဲ့ဒီပိုက်ဆံတွေက တခြားတစ်ယောက်ဆီ ရောက်သွားလိမ့်မယ်၊ အခု ကျွန်မတို့က ဆန်းကြယ်ကျွန်းကို တည်ဆောက်နေတာကြောင့် ပိုက်ဆံသုံးဖို့ လိုအပ်တဲ့ အရာတွေ အများကြီး ရှိနေတယ်" တုန်းမြောင်မြောင်က Marvel ၏ ကြေညာချက်ကို ရဲ့လင်းချန်အား အမြန် ပြလိုက်သည်။
ရဲ့လင်းချန်က ရယ်လိုက်သည်။
"သိပ်မကြာခင် တစ်စုံတစ်ယောက်က ငါ့အစား အရေးယူတော့မယ်လို့ ထင်တယ်"
တစ်ချိန်တည်းမှာပင် သူ၏ တရုတ်တိုင်းရင်းဆေးပညာ ကျွမ်းကျင်မှုက ၁၀၀% သို့ ခက်ခက်ခဲခဲ ရောက်ရှိသွားသောကြောင့် စနစ်သတိပေးချက် အသံ ထွက်ပေါ်လာသည်။
တုန်းမြောင်မြောင်က ပြန်မေးလိုက်သည်။
“ဘယ်သူက အရေးယူမှာလဲ၊ Marvel လား”
သူသည် လက်ထဲက ဆေးပညာစာအုပ်ကို ချလိုက်ပြီး ပြောလိုက်လေသည်။
"ငါဆိုထားတဲ့ သီချင်းက သီချင်းသက်သက်မဟုတ်ဘူး၊ စစ်သည်တော်ရဲ့ သီချင်း ဒါမှမဟုတ် သူရဲကောင်း တစ်ယောက်ရဲ့ သီချင်းလို့ သတ်မှတ်နိုင်တယ်၊ ငါ အဲ့ဒါကို ထုတ်လိုက်တဲ့အချိန်တုန်းက စစ်သည်တော်ဌာနက သတိထားမိမှာ သေချာတယ်။"
"အဲ့ဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ"
"မင်း ဘာလို့ ဒီလောက်တောင် နုံအတာလဲ?"
ရဲ့လင်းချန်က အားမလိုအားမရ သက်ပြင်းချလိုက်သည်။
“ငရဲတံခါး တည်ရှိနေတာကို မင်း သိနေတာပဲ၊ ဒီလိုအချိန်မျိုးမှာ ဒီသီချင်းက မတူညီတဲ့ အဓိပ္ပာယ်ကို ဆောင်နေတယ်၊ သူတို့ ဒီသီချင်းကို အရှက်ခွဲခံရအောင် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး၊ ပြီးတော့ စစ်သည်တော်ဌာနက ငါ့ဘက်မှာ ရှိနေတာ သေချာတယ်”
“Marvel က ဒီသီချင်းရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်ထားလို့ သူတို့ ဒီလောက်ဈေးနှုန်းမြင့်မြင့် ကမ်းလှမ်းတာ ဖြစ်ရမယ်"
Marvel သည် နိုင်ငံတကာက နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်ပြီး သူရဲကောင်းရုပ်ရှင် အမျိုးအစားအားလုံးကို ရိုက်ကူးရာတွင် အာရုံစိုက်ထားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူတို့က ထိုအရာကို သိထားကြောင်း သိသာပေသည်။ သူတို့သည် Marvel လောကထဲမှ သဘာဝလွန်စွမ်းအားတွေကို အသက်သွင်းရန် သုတေသနများ ကြိုးစားပမ်းစား လုပ်နေလောက်သည်။
"ဒါ တကယ်လား"
တုန်းမြောင်မြောင်က သံသယ ဝင်နေသော်လည်း သူမ၏ ဖုန်းကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည့် အချိန်တွင် မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူမ အလွန် အံ့အားသင့်သွားရသည်။
ဤမျှ တိုတောင်းသော အချိန်တိုလေးအတွင်း၌ ရှင်းလင်းပြတ်သားသော သတိပေးချက်တစ်ခု၊ ပို၍ အတိအကျ ပြောရမည်ဆိုလျှင် အလိုရှိကြောင်း ကြေညာစာတစ်စောင် ပေါ်လာလေသည်။
[ဒန်နီ၊ ဂျော့ရှ်နဲ့ မေရီတို့က အဆိုတော်ဝိုင်ရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ပြီး အဆိုတော်ဝိုင်ကို အသရေဖျက်ပြီး သူ့ရဲ့လက်ရာတွေကို ခိုးယူခဲ့ကြောင်း ငါတို့မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိနေပါပြီ၊ ဒီလူတွေကို အခု အလိုရှိတဲ့ ရာဇဝတ်သားတွေအဖြစ် တရားဝင် ကြေညာလိုက်ပြီ]
တရားဝင် အရေးအသား၊ အပြာရောင်နောက်ခံနှင့် အနီရောင်အမှတ်အသားက စာဖတ်သူများ၏ စိတ်နှလုံးထဲသို့ အံ့အားသင့်မှုနှင့် ထိတ်လန့်မှုတို့ ဆောင်ကြဉ်းလာသည်။
၎င်းက ရုတ်တရက်ဆန်ဆန် ဖြစ်ပျက်သွားခဲ့သည်။
ဂုဏ်ယူနေသော လူသုံးဦးက တစ်ခဏအတွင်း အလိုရှိသော ရာဇဝတ်သားတွေအဖြစ် ပြောင်းလဲသွားမည်ဟု မည်သူက ထင်ထားမည်နည်း။
ထိုအပြောင်းအလဲက အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ဖြစ်ပျက်သွားခဲ့သည်။ ယင်းက နိုင်ငံခြားသားများကို အံ့အားသင့်စေပြီး သူတို့ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားစေသည်။
ပုံမှန်အခြေအနေမျိုးတွင် ဤသို့သောကိစ္စမျိုးက ထိုသို့သော ကြေညာချက်မျိုး မလိုအပ်ပေ။ ဒါ့အပြင် သူတို့သည် အခုမှ အငြင်းပွားနေကြခြင်းဖြစ်ပြီး တရားစွဲဆိုခြင်း မရှိသေးပေ။ ရာဇဝတ်မှုစွဲချက် မတင်ခင် ဥပဒေ လုပ်ငန်းစဉ်လည်း မရှိခဲ့ချေ။
*ဒါက အစိုးရဌာနတွေကတောင် အမြဲတမ်း စောင့်ကြည့်နေတဲ့ အဆင့်မြင့် ကိစ္စတစ်ခု ဖြစ်နိုင်သလား*
၎င်းက ပြင်းထန်လွန်၍ လူအများစုက ယင်းကို မဖြစ်နိုင်ဘူးဟု ထင်ကာ အတုအယောင် ကြေညာချက်တစ်ခုဟုပင် ထင်မြင်လာခဲ့သည်။
ဒန်နီ၊ ဂျော့ရှ်နှင့် မေရီတို့၏ အပြုံးများက သူတို့မျက်နှာပေါ်တွင် ရှိနေဆဲပင်။ သူတို့ အလွန် ပျော်ရွှင်နေလွန်း၍ ပြုံးနေခြင်း မဟုတ်ပါ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် လှုပ်ပင်မလှုပ်နိုင်အောင် ကြက်သေ သေသွား၍ ဖြစ်လေသည်။ သူတို့၏ မျက်နှာ အစိတ်အပိုင်းများက ဆန့်ငင်ဆန့်ငင် ဖြစ်ကာ တဆတ်ဆတ် တုန်ရီနေဆဲပင်။
သူတို့သည် မကြာသေးခင်ကမှ မာန်တက်နေခဲ့ကြသော်လည်း တစ်ခဏအတွင်းမှာပင် မရဏ သတင်းက သူတို့ရှေ့ ပေါ်လာခဲ့သည်။
သူတို့၏ အတွေးများ ပေါက်ကွဲမတတ် ဖြစ်နေသည်။ သူတို့၏ ရိုးရှင်းသော ဦးနှောက်များက ဤသို့ ရုတ်တရက်နှင့် အကြီးအကျယ် ပြောင်းလဲမှုကို လိုက်မီရန် အဆင်မပြေချေ။ သူတို့၏ ခြေလက်များ အေးခဲသွားသကဲ့သို့ ခံစားရပြီး သူတို့၏ ဘောင်းဘီထဲ၌ ဆီးထွက်ကျလုနီးပါး ဖြစ်သွားခဲ့သည်။