ဆေးစံအိမ်၏ အကြိုဖွင့်လှစ်မှု
Vol. 50 Ch. 737
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"
ဒန်နီက သူ့ကို ဖမ်းဆီးရန် အမိန့်ထုတ်ထားသည့် ကြေညာချက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး အိပ်မက်မက်နေသည်ဟု ထင်နေမိသည်။
"ငါတို့ကို… ရဲက အလိုရှိနေတာလား?"
ဂျော့ရှ်သည်လည်း ထိုနည်းတူပင်။ သူ၏ နှုတ်ခမ်းများ တုန်ရီနေပြီး သူ့မျက်နှာတွင် ဘယ်လိုအမူအရာမျိုး ပေါ်နေလဲ မသိတော့ချေ။
"အား … ဒါတွေအားလုံးက နင်တို့အမှားကြောင့်ပဲ၊ နင်တို့က ငါ့ကို ဒီရွှံနွံထဲ ဆွဲသွင်းခဲ့တာ”
မေရီ၏ မျက်နှာက စက္ကူတစ်ရွက်သဖွယ် ဖြူဖျော့သွားပြီး စိတ်နှလုံး နာကျင်နေသည့် အော်သံဖြင့် အော်ဟစ်လာသည်။ သူမက ဒန်နီနှင့် ဂျော့ရှ်တို့ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ရူးသွပ်နေသော မိန်းမတစ်ယောက်သဖွယ် အော်ဟစ်လိုက်သည်။
"နင်တို့ ငါ့ကို ပျက်စီးအောင် လုပ်တာ"
သူတို့သုံးယောက်လုံး တုန်လှုပ်ခြောက်ခြားပြီး စိတ်အာရုံများ ပျက်ပြားနေလေသည်။
တစ်ခဏအကြာတွင် တံခါးကို မြန်မြန်ခေါက်လာသည့်အသံက သူတို့ကို သတိဝင်လာစေသည်။ ရဲဝတ်စုံနှင့် လူတချို့က သူတို့အား တံခါးအပြင်မှနေ၍ စိတ်မပါတပါ ကြည့်နေကြသည်။ ထို့နောက် ရဲအရာရှိက အေးတိအေးစက်ဖြင့် ကြေညာလာသည်။
“မင်းတို့ကို ဖမ်းဆီးလိုက်ပြီ”
…
မကြာခင်မှာပင် ဒန်နီ၊ ဂျော့ရှင်နှင့် မေရီတို့ ဖမ်းဆီးခံရသည့် သတင်းက လူသိရှင်ကြား ဖြစ်သွားပြီး အုတ်အော်သောင်းနင်း ဖြစ်လာလေသည်။ မရေတွက်နိုင်သော နိုင်ငံခြားသားများသည်လည်း အံ့အားသင့် နေကြသည်။
[သူတို့ အဖမ်းခံရပြီးပြီလား၊ အာဏာပိုင်တွေက အဲ့ဒီလောက် မြန်မြန်လုပ်စရာလိုလို့လား]
[လခွမ်း၊ သူတို့ အခုလေးတင် ကြေညာချက် ထုတ်လိုက်တာ မဟုတ်လား၊ သူတို့ ဘယ်တုန်းက အဲ့ဒီလောက် စွမ်းဆောင်ရည် ကောင်းခဲ့တာလဲ]
[ဒီလူ ၃ယောက်အတွက် ရှက်စရာပဲ၊ သူတို့က ငါတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်တာ]
[ချီး … မကြာသေးခင်က တရုတ်တွေကို ငါ ဆဲဆိုခဲ့တာ ဆိုးတာပဲ၊ ငါ့ကိုယ်ငါ အရမ်းယုံကြည်မှုရှိခဲ့ပေမယ့် ငါက အရူးတွေဘက်မှာ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး]
[ငါတော့ သေပြီပဲ၊ သူတို့က အရမ်းရက်စက်တယ်]
[ဟားဟားဟား၊ လူတစ်ယောက်က သူ့ကိုယ်သူအပေါ် ကပ်ဆိုးတစ်ခု ဖိတ်ခေါ်လိုက်ပြီဆိုရင် ရှောင်တိမ်းဖို့ မြဖစ်နိုင်တော့ဘူး၊ အဲ့သုံးယောက် ခံရတာတောင် နည်းသေးတယ်]
[သူတို့က ငါတို့ကို ဗုံလိုထိုးပြီး ကစားသွားတာ! သူတို့အပေါ် ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်ပေးဖို့ ငါတောင်းဆိုတယ်]
[သက်ဆိုင်ရာဌာနတွေက သူတို့ရဲ့ အရှက်မရှိတဲ့ အပြုအမူကို သည်းမခံနိုင်တော့တာ ဖြစ်မယ်၊ ဒါက သမိုင်းမှာ အမြန်ဆုံး ဖမ်းဆီးမှုပဲ]
…
ထိုအခိုက်တွင် တရုတ်လူမျိုးများသည် စစ်ပွဲများ ဆက်တိုက် အနိုင်ရသကဲ့သို့ ခံစားနေကြရသည်။ သူတို့ထဲက အများစုသည် အဆိုတော်ဝိုင်၏ Weibo ကိုသွားပြီး အားပေး ထောက်ခံကြသည်။
သူတို့အတွက် ဤကိစ္စသည် နိုင်ငံခြားဂီတလောကကို ပြီးပြည့်စုံစွာ အနိုင်ယူလိုက်သည့် တရုတ်ပြည်၏ အောင်ပွဲ တစ်ရပ်ပင်။ အထူးသဖြင့် နိုင်ငံခြားသားများ ထိုအတွက် အဖမ်းခံရသည်ကို မြင်တွေ့လိုက်ရတဲ့အခါ အောင်မြင်မှုနှင့် ဂုဏ်ယူခြင်းတို့ကို ခံစားမိစေပြီး အပျော်လွန်သွားကြသည်။
[666666…]
[လခွမ်း … အဆိုတော်ဝိုင်က အမြဲတမ်းလိုပဲ ရက်စက်တယ်ဗျာ၊ သူ့ပြိုင်ဘက်တွေကို ထောင်ထဲ တန်းပို့လိုက်တာ]
[ဟားဟားဟား၊ ငါ အရမ်းပျော်တယ်၊ ငါ အရမ်းပျော်တယ်]
[နိုင်ငံခြားသားတွေရဲ့ အပြုအမူက အရမ်းအရှက်မရှိပေမယ့် လူတွေကို ဖမ်းဆီးရာမှာတော့ အရမ်းထိရောက်တယ်။ သူတို့ကို ချီးကျူးလိုက်ပါတယ်]
[တေးရေးဆရာအဖြစ် ဂိုက်ဖမ်းနေတုန်းကတော့ ခင်ဗျားတို့ အရမ်းကြည့်ကောင်းတယ်၊ ဒါပေမယ့် အဖမ်းခံရတော့ အရမ်းကို ဆိုးရွားနေတာပဲ]
[ဒီလိုဆိုရင်တော့ အဆိုတော်ဝိုင်က သန်း ၁၀၀ ရပြီးလောက်ပြီ၊ လခွမ်း၊ အရမ်းကောင်းတဲ့ ခံစားချက်ပဲ]
[အဆိုတော် ဝိုင်က အရမ်းကို မိုက်တာပဲ၊ နိုင်ငံခြားကနေ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တယ်၊ သူက သူရဲကောင်း တစ်ယောက်ပဲ]
…
ရဲ့လင်းချန်သည် ထုံးစံအတိုင်း နောက်ထပ် ရေပန်းစားသော ရှာဖွေမှုလှိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သူ၏ ရေပန်းစားမှုအမှတ်က ၈ သန်းသာ ကျန်ရှိရာမှ ၁၄ သန်းသို့ တိုးလာပြီး ဆက်၍ မြန်မြန်ဆန်ဆန် တိုးတက်နေသည်။
ရေပန်းစားမှုအဥ ဤအဖြစ်အပျက်သည် ရဲ့လင်းချန်၏ ရေပန်းစားမှုအမှတ်ကို ၈ သန်းဝန်းကျင် ထပ်ထည့်ပေးသဖြင့် သူ၏ ရေပန်းစားမှုအမှတ်က နှစ်ဆ ဖြစ်သွားလောက်သည်။
တကယ်ကို အံ့ဩစရာ ကောင်းလှပေသည်။
ထိုသတင်းက ပြည်တွင်းရော ပြည်ပမှာပါ နာမည်ကြီးနေသည်။ ပါဝင်သူများက များပြားလွန်း၍ ထိုမှ ရရှိလာသည့် အကျိုးအမြတ်ကလည်း ကြီးမားပေးသည်။ သူ့ရဲ့ ရေပန်းစားမှုအမှတ်အပြင် သန်း ၁၀၀ မူပိုင်ခွင့်ကြေးလည်း ရရှိခဲ့ပါသေးသည်။
ဒန်နီ၊ ဂျော့ရှ်နှင့် မေရီတို့သည် မေးခွန်းထုတ်စရာ စိတ်ဓာတ်တွေရှိသော်လည်း သူ့အတွက် အလွန် အထောက်အကူပြုခဲ့သဖြင့် ကောင်းသောလူများပင်။
"နောက်ဆုံးတော့ အဖမ်းခံရပြီ၊ သူတို့နဲ့ ထိုက်တန်တယ်၊ ငါ့ဒေါသကို ဖြေဖျောက်ပေးလို့ ကျေးဇူးတင်တယ်"
တုန်းမြောင်မြောင်၏ ချစ်စရာ နှာခေါင်းလေး တွန့်သွားပြီး သူမက ရဲ့လင်းချန်ကို စူးစမ်းလိုစိတ်နှင့် ကြည့်ကာ မေးလိုက်သည်။
“သူတို့ ကူညီပေးမယ်ဆိုတာကို ရှင်က ဘယ်လို သိနေခဲ့တာလဲ”
ရဲ့လင်းချန်က အသာပြုံး၍
ရဲလင်ချင်းက အနည်းငယ်ပြုံးပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြန်ပြောလိုက်သည်။
"ငါ့မှာ ကိုယ်ပိုင်လှည့်ကွက်လေးတွေ ရှိတယ်လေ"
အသေးအမွှား ကိစ္စတစ်ခုသာဆိုလျှင် အာဏာပိုင်တွေက လျစ်လျူရှုနိုင်ကြောင်း သူ့စိတ်ထဲမှ သိနေခဲ့သည်။ သို့သော် ငရဲတံခါးနှင့် ပတ်သက်လာလျှင် သာမန်နိုင်ငံသားများက လက်ခံရမှာဖြစ်ပြီး မည်သို့သော ချိုးဖောက်မှုမျိုးမှ မလုပ်သင့်ပေ။
ဤသည်မှာ သမိုင်းတွင် အကြီးမားဆုံးသော ပြောင်းလဲမှုဖြစ်ပြီး လူသားမျိုးနွယ်၏ ရှင်သန်မှုက စိုးရိမ်စရာ ဖြစ်နေသည်။ ပေါ့ဆမှုနှင့် ပေါ့ပေါ့တန်တန် သဘောထားမှုတို့ကို ခွင့်လွှတ်မည် မဟုတ်ပါ။
ထို့အပြင် သီချင်းက သူရဲကောင်းတွေအကြောင်းကို အဓိကထားပြီး ဟင်းလင်းပြင်နယ်မြေကို တိုက်ခိုက်ခဲ့သည့် စစ်သည်တော်များကို ချီးကျူးဂုဏ်ပြုထားသည်။ အကယ်၍ ထိုသုံးယောက်ကို မဖမ်းဆီးခဲ့ပါက အပြည်ပြည် ဆိုင်ရာမှ ပြည်သူများ၏ ဒေါသကို ဆွသလို ဖြစ်သွားလိမ့်မည်။ အနည်းဆုံး စစ်သည်တော်ဌာနက ဤကိစ္စကို အဆုံးအထိ ဆက်လက်လုပ်ဆောင်မှာ သေချာသည်။
ရဲ့လင်းချန်က လုံးဝ သွေးမပျက်ပါ။ အကယ်၍ သူတို့သုံးယောက်က ဒီသီချင်းကို သူတို့ ပိုင်သည်ဟု ပြောရဲလျှင် အသိဉာဏ် ကင်းမဲ့မှုက အကြောက်အလန့်ကင်းမဲ့မှုကို မွေးဖွားလာစေသည်ဟုသာ ပြောရပေမည်။
အချိန်များ ကုန်လွန်သွားလေသည်။
ရဲ့လင်းချန်သည် ကုန်ကျစရိတ်ကို ထည့်မတွက်ဘဲ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သဖြင့် ဆန်းကြယ်ကျွန်း၏ ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အရှိန်မြင့်တင်ပေးနိုင်ခဲ့သည်။ ဝမ်ရုံနည်းပညာ၊ ပန်ဒါ တိုက်ရိုက် ထုတ်လွှင့်မှု၊ ဝိုင်အလှကုန်၊ အမျိုးမျိုးသော ရုပ်သံဇာတ်လမ်းတွဲနှင့် သီချင်းမူပိုင်ခွင့်ကြေးများမှ ရရှိသော ရန်ပုံငွေအားလုံးကို ဆန်းကြယ်ကျွန်း တည်ဆောက်ရာ၌ ထည့်သွင်း ရင်းနှီးမြှုပ်နှံထားသည်။
ဆေးစံအိမ်ဟု အမည်ရသော ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်ပြီး စာလုံးများကိုမူ ရဲ့လင်းချန် ကိုယ်တိုင်က ခမ်းနားထည်ဝါပြီး ခန့်ညားသောပုံစံရှိသည့် လက်ရေးနှင့် ရေးသားထားသည်။ စာလုံးများကို ရွှေရောင်နှင့် ဖော်ပြထားပြီး ဆိုင်းဘုတ်ကို ရှားပါးပြီး အရည်အသွေးမြင့်သော မွှေးရနံ့ရှိသည့် သစ်နက်သားဖြင့် ပြုလုပ်ထားသည်။ ဆန်းကြယ်ကျွန်းပေါ်မှ အဆောက်အအုံသည် ဆေးစံအိမ်၏ ရုံးချုပ်ဖြစ်လာမှာ ဖြစ်ပြီး အနာဂတ်တွင် တခြားသော အဆောက်အအုံများ တည်ထောင်ခဲ့လျှင်တောင်မှ ဤအဆောက်အအုံကဲ့သို့ ခမ်းနားထည်ဝါမှုရှိမှာပင်။
နာမည်က အနည်းငယ် ထည်ဝါလွန်းသည်ဟု ထင်ရသော်လည်း ဆေးစံအိမ် ပိုပြီး ကျော်ကြားလာသည့်အချိန်တွင် လူတိုင်းက ဤသည်ကို တဖြည်းဖြည်းနှင့် စိတ်လိုလက်ရ လက်ခံလာလိမ့်မယ်ဟု ရဲ့လင်းချန် ယုံကြည်ထားသည်။
သားရဲရန်စွယ်ဆေးလုံး ထုတ်လုပ်မှုကို စတင်နေပြီ ဖြစ်သည်။ ချွမ်းမြောင် ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး ကုမ္ပဏီ၏ ဝန်ထမ်းများ ရှိသော်လည်း အရေအတွက်က မများသဖြင့် ထုတ်လုပ်မှုက အကန့်အသတ်နှင့် ဖြစ်နေသည်။ လူအများကို မြန်နိုင်သမျှ မြန်မြန် ကယ်ဆယ်နိုင်ပြီး အပြင်ဘက်မှ လူများကို အလုပ်ခန့်နေကာ ဆေးလုံးများကို အကန့်အသတ်နှင့် ထောက်ပံ့ပေးနိုင်ရန်လည်း ပြင်ဆင်နေရသည်။ ထိုအလုပ်များအားလုံးကို တုန်းမြောင်မြောင်ထံ အပြည့်အဝ လုပ်ပိုင်ခွင့် ပေးထားလိုက်သည်။
အဆိုတော် ဝိုင်၏ ကျော်ကြားမှုက အင်တာနက်တွင် တဖြည်းဖြည်း မှေးမှိန်လာပြီး အများပြည်သူ စိတ်ဝင်စားမှုကို ထိန်းသိမ်းထားသည့် အကြောင်းအရာအသစ်များနှင့်အတူ မီဒီယာ သတင်းများက မိုးရွာပြီးနောက် ပေါ်လာသည့် မှိုများကဲ့သို့ ပေါ်ထွက်လာသည်။
သို့သော် အင်တာနက်၏ ရေပန်းစားသော ရှာဖွေမှု သတင်းများကို အမြဲတမ်း စောင့်ကြည့်နေသည့် လူတစ်စုမှာမူ သူတို့၏ မိုဘိုင်းဖုန်းတွေကို တစ်နေကုန်နီးပါး ကြည့်နေကြသည်။ သူတို့သည် သတင်းကြည့်ခြင်းထက် တခြားအရာတစ်ခုကိုသာ မျှော်လင့်နေခြင်း ဖြစ်သည်။
ဆေးရုံခန်းတစ်ခု၌
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဆေးရုံကုတင်ဘေးတွင် ထိုင်နေသည်။ သူ့မျက်လုံးများက နီရဲနေပြီး သူ့တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေ၏။ သူသည် ရက်အနည်းငယ်လောက် အနားယူထားခြင်း မရှိကြောင်း ထင်ရှားကာ ဆောက်တည်ရာမရလုနီးပါး ဖြစ်နေသည်။
အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က မျက်နှာနီမြန်းကာ နှုတ်ခမ်းဖြူဖျော့နေပြီး လဲလျောင်းနေသည်။ သူသည် သိသိသာသာ ကိုယ်အပူလွန်နေပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါနေကာ သူ့စိတ်ကလည်း အနည်းငယ် ဝေဝါးနေ၏။
"သားလေး၊ သား ဖေဖေ့စကား နားထောင်နော်၊ တောင့်ထားပေးပါဦး၊ နောက်ထပ် ရက်နည်းနည်းလောက်ပဲ တောင့်ခံထားပေးပါကွာ၊ ခွေးရူးပြန်ရောဂါ ကုသဆေးက သိပ်မကြာခင် ထွက်လာတော့မှာပါ"
အမျိုးသားများသည် အလွယ်တကူ ငိုယိုခဲသော်လည်း ထိုလူ၏ မျက်ရည်များက ပါးပြင်ပေါ်သို့ ထိန်းမနိုင်သိမ်းမရ စီးကျနေသည်။
"ကျေးဇူးပြုပြီး၊ တောင့်ခံထားပေးပါနော်..."
ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ အနောက်တွင် ငိုယိုလွန်း၍ မေ့လဲလုနီးပါး ဖြစ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်နှင့် တခြားဆွေမျိုးအနည်းငယ်လည်း ရှိနေသည်။ အမျိုးသမီး၏ မျက်လုံးများကလည်း နီရဲနေပြီး သူမ၏ မျက်နှာအမူအရာက အလွန်အမင်း သနားစရာ ကောင်းလှသည်။ သူမက ကောင်လေး၏ အမေပင်။
သူမက တစ်ယောက်တည်း ဝိုးတိုးဝါးတား ရေရွတ်နေ၏။
"ငါတို့မိသားစု ဘာတွေမှားခဲ့လို့လဲ၊ ငါတို့သားက ဒီလိုခံစားနေရအောင် ငါတို့ ဘာအပြစ်တွေ ကျူးလွန်ခဲ့လို့လဲ၊ အီးဟီးဟီး…”
ပုံမှန်အတိုင်း ညစာစားပြီးလမ်းလျှောက်တာက သူတို့အတွက် အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ပန်းခြံထဲတွင် ခွေးတစ်ကောင်က ရုတ်တရက်ပေါ်လာပြီး ကလေးကို ကိုက်ခဲ့သည်။
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးခြင်းသည် အချိန်ကာလတစ်ခုအတွင်းမှာ ထိုးမှသာ အသုံးဝင်ပြီး ကိုက်ရာက ပြင်းထန်းလွန်းပြီး ဆိုးရွားသော ကူးစက်မှု ဝင်နှင့်ပြီးပါက အကျိုးသက်ရောက်မှု မရှိပေ။
"ကျန်းချန်၊ မင်း တရေးတောင် မအိပ်တာ နှစ်ရက် ရှိနေပြီ၊ နည်းနည်း အနားယူပါဦး၊ ကောင်းကင်ဘုံက ရှောင်ရှင်းကို ကူညီမှာပါ၊ ဆေးက တစ်ခဏအတွင်း ပေါ်ချင် ပေါ်လာနိုင်တာပဲလေ၊ ဘယ်သူ သိနိုင်မလဲ”
“ဟုတ်တယ်၊ မင်း အရင် အိပ်သင့်တယ် အစ်ကိုကြီး”
“ချီးပဲ၊ နတ်ဆေးဆရာဝိုင်၊ ဘာလို့ ဆေးလေးတစ်မျိုး ထုတ်ဖို့ကို အဲ့လောက် ကြာနေရတာလဲ၊ အချိန်ပိုကြာလေလေ၊ အသက်တွေ ပိုပြီး ဆုံးရှုံးရလေလေပဲ”
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ ညည်းတွားလေသည်။
"ဆေးက ဘယ်တော့မှ ဈေးကွက်ထဲ ရောက်မှာလဲ၊ အချိန်မီပါစေ၊ မြတ်စွာဘုရား၊ ကျေးဇူးပြုပြီး ရှောင်ရှင်းကို ကယ်တင်ပေးပါ”