← Chapters

အပိုင်း ၂၄၁

Vol. 17 Ch. 241

အပိုင်း ၂၄၁

Vol. 17 Ch. 241

လူအများအပြားက သူမကို အံ့သြတကြီး ကြည့်နေကြသည်။

"နင်... နင်တို့ အားလုံး ဘာကြည့်နေကြတာလဲ!" ဟူချင်း အစပိုင်းမှာ ထိတ်လန့်သွားပြီး သူမရဲ့မျက်လုံးတွေ ဂဏှာမငြိမ်ဖြစ်သွားသည်။ နောက်တော့ သူမအမြန်ဘဲ တည်ငြိမ်သွားကာ သူတို့ကို အော်ပြောလိုက်သည်။

သေစမ်း! အရင်အတိုင်းပဲကို! ဟူချင်းကို ဒီလိုမျိုးမြင်လိုက်ရတဲ့အခါ တခြားသူတွေ ပခုံးတွန့်လိုက်ကြသည် "ဒါက မစ်ဟူရဲ့ပုံမှန်စတိုင်ပဲလေ!"

တစ်ဖက်မှာတော့ ဟူချင်းနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကောင်မလေးက ရုတ်တရက် မျက်မှောင်ကြုတ်ကာ စူးစမ်းသလို မေးလာသည်။ “ထူးဆန်းတယ်။ ဒီနေ့ဘာလို့မိတ်ကပ်မလိမ်းတာလဲ?"

အရင်းအမြစ်တွေ ရှားပါးလာပေမဲ့ ဟူချင်းက နှုတ်ခမ်းနီဆိုးဖို့ လိုအပ်နေတတ်သူတစ်ဦးဖြစ်သည်။ ဒီနေ့ဘာလို့ မိတ်ကပ်မလိမ်းဘဲ ထွက်လာတာလဲ?

“ငါ…” ဒီစကားကိုကြားတော့ ဟူချင်းရဲ့ လှုပ်ရှားမှုတွေ ရုတ်တရက် ရပ်သွားကာ သူမရဲ့ နီမြန်းနေတဲ့အသားအရေကို ဖုံးထားတဲ့ ဆံပင်တွေကို သတိလက်လွတ်ဆွဲလိုက်မိသည်။ "ငါ...နင်က ငါ့ကိုဘာလို့လိုက်ဂရုစိုက်နေတာလဲ? ငါ ဒီနေ့မိတ်ကပ်မလိမ်းချင်လို့လေ!"

ကျွတ်စ်! ဒါကိုကြားတော့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ကောင်မလေးက မနေနိုင်ဘဲ မျက်လုံးလှိမ့်လိုက်သည်။ မေ့လိုက်တော့၊ သူမက အကောင်းမေးတာကို!

“ခဏနေပါအုံး!” ရုတ်တရက် ကောင်မလေးက တစ်စုံတစ်ခုကို သတိပြုမိသွားပုံရကာ သူမရဲ့ မျက်လုံးတွေက ရုတ်တရက် စူးစိုက်ကြည့်လာသည်။ သူမက ဟူချင်းရဲ့နဖူးကို စူးစိုက်ကြည့်ကာ သူမလက်ကညွှန်ပြနေရင်း တုန်ရီနေသည်။ "အဲ့ဒီမှာဘာဖြစ်တာလဲ? ဒဏ်ရာရထားတာလား?"

ချင်းဟူ စကားမပြောရသေးခင် ကောင်မလေးက တစ်ခုခုတွေးမိသွားပုံရသည်။ သူမရဲ့ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး မသိစိတ်ကနေ ခြေလှမ်းနည်းနည်း နောက်ပြန်ဆုတ်သွားသည်။ "နင်၊ နင် ကူးစက်ခံထားရတာလား?"

ဒီလိုပြောလိုက်တဲ့အခါ ဘေးနားက လူတွေ အားလုံးအံ့ဩသွားကြသည်။ ပထမတော့ သူတို့တွေ ထိတ်လန့်သွားပြီး အားလုံး ဟူချင်းကို စိုက်ကြည့်လိုက်ကြသည်။

"နင်၊ နင် ဘာတွေ ပြောနေတာလဲ?" ဟူချင်းရဲ့ မျက်နှာက ဖြူဖျော့သွားကာ သူမ ချက်ချင်း ငြင်းလိုက်သည်။ "ငါ့ ကူးစက်ခံထားရတယ်ဆိုတာ နင်ဘယ်လိုသိလဲ? နင်သက်သေပြလေ!"

ကံဆိုးစွာနဲ့၊ ဒီအချိန်မှာ ဟူချင်းရဲ့ရှင်းပြချက်ကို ဘယ်သူမှ နားမထောင်ပေ။ အမှန်တော့ ဒီလိုကိစ္စမျိုးက စိတ်ပူစရာ ကောင်းသည်။

“နင့်ရဲ့ဆံပင်ကို ဖယ်လိုက်” ကောင်မလေးက အော်ဟစ်လိုက်ပြီး သူမ မျက်လုံးတွေထဲ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေသည်။ "ငါတို့ကို ပေးကြည့်!"

"ဟုတ်တယ်!" ဒီလိုပြောလိုက်တဲ့အခါ လူအများက သူမပြောတာကို သဘောတူလာကြသည်။

"ဘာလို့လဲ၊ ဘာလို့လဲ!" ဟူချင်းရဲ့ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားသည်။ သူမက နဖူးပေါ်က ဆံပင်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ အော်ပြောလိုက်သည်။ "ငါမဖျားဘူး၊ ကူးစက်ခံရသူတွေထားတဲ့စင်တာကို ငါမသွားချင်ဘူး!"

ဝေ့ယွမ်နဲ့ တခြားသူတွေရဲ့ မျက်နှာတွေဟာသိသိသာသာ ပြောင်းလဲသွားသည်။ သူတို့နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြကာ အားလုံးက ဟူထျန်းကို ကြည့်လိုက်ကြသည်။ သူတို့ခေါင်းဆောင် ဆုံးဖြတ်ရမည်ပင်။ “ခေါင်းဆောင်ကြည့်…”

စောစောက စုဝေးနေကြတဲ့ လူတွေ ချက်ချင်းဘဲ လူစုကွဲသွားကြကာ ဟူချင်းနားတွင် နေရာလွတ်ကြီးတစ်ခု ပေါ်လာသည်။ ဟူထျန်း တစ်ယောက်သာ သူမဘေးမှာ ရပ်နေသည်။ သူ့မျက်လုံးတွေမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေသည်။ "ချင်းချင်း၊ အဖေ့ကိုပြော၊ မင်းနေမကောင်းဘူးလား?"

"မဟုတ်ဘူး သမီးတကယ်မဖျားဘူး!" ဟူချင်းက ခေါင်းကို အပြင်းအထန် ခါလိုက်ကာ သူမမျက်လုံးတွေကနီရဲလာသည်။ "အဖေ၊ သမီးကိုယုံရမယ်။ သမီး ကူးစက်ခံရသူတွေ ထားတဲ့စင်တာကို အပို့မခံချင်ဘူး!"

သို့ပေမယ့် သူမပြင်းပြင်းထန်ထန် ခေါင်းခါလိုက်တာကြောင့် အရေပြားကို ကာထားတဲ့ဆံမြိတ်တွေ လွင့်သွားသည်။ နီရဲပြီး ရောင်ရမ်းနေတဲ့ အရေပြားအကွက်သေးသေးလေးက လူတိုင်းရဲ့မျက်လုံးရှေ့တွင် ပေါ်လာသည်။

"အို ဘုရားရေ၊ သူတကယ် ကူးစက်ခံထားရတာဘဲ!" အော်ဟစ်သံတွေ ပွင့်အံထွက်လာကာ၊ ပြင်းထန်တဲ့ ရွံရှာမှု၊ ငြင်းပယ်မှုတွေဖြင့် ပြည့်နှက်သွားသည်။ “မြန်မြန် သူ့ကို အဝေးပို့လိုက်။ ငါတို့ကို ဒုက္ခမပေးပါနဲ့!"

"အဖေ၊ ကယ်ပါဦး" သူမရဲ့ ဒဏ်ရာကို မြင်လိုက်ရတဲ့အခါ ဟူချင်းရဲ့ အမူအရာဟာ ချက်ချင်းဘဲ ပြောင်းလဲသွားသည်။ သူမ အရင်ကလို တည်ငြိမ်မှုမရှိတော့ဘဲ မျက်ရည်တွေ ချက်ချင်းစီးကျလာတော့သည်။ သူမရဲ့ လက် တွေကဟူထျန်းရဲ့အင်္ကျီလက်ကိုတင်းတင်းကြပ်ကြပ်ဆွဲထားသည်။ "သမီးကို ရောဂါကူးစက်ခံရသူတွေထားတဲ့စင်တာကို မပို့ပါနဲ့!"

ပိုးမွေးသလိုမွေးခဲ့ရတဲ့ သူ့သမီးကို မြင်လိုက်ရတဲ့အခါ ဟူထျန်း မနေနိုင်တော့ပေ။ သူပါးစပ်ဟခါနီးမှာ တခြားတစ်ယောက်ဆီကနေ စကားဖြတ်ပြောခံလိုက်ရသည်။

"ခေါင်းဆောင်၊ မရဘူး၊ ကျွန်တော်တို့ သူ့ကို ပို့ရမယ်!"

All Chapters