အပိုင်း ၂၄၂
Vol. 17 Ch. 242
"ဟုတ်တယ်၊ သူ့ကိုပို့လိုက်!"
သူတို့နားက အဖွဲ့ဝင်တွေဟာ မတုံးအပါချေ။ ဟူချင်းသာ ဒီမှာနေပါက သူတို့အားလုံးကို ကူးစက်သွားစေနိုင်သည်။ ဒီလိုဒုက္ခမျိုး သူတို့မလိုချင်ပေ!
"မဟုတ်ဘူး ငါမသွားဘူး!" ဒါကိုမြင်တော့ ဟူချင်းက ချက်ချင်း နောက်ပြန်ဆုတ်ကာ တိုင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ "ဒါ ငါ့အိမ်၊ ဘာလို့ ငါကထွက်သွားရမှာလဲ"
ဟူချင်းက နေမကောင်းဖြစ်နေတာမို့ ဘယ်သူမှ သူမဆီမသွားကြပေ။ အခု သူမက တိုင်ကို တင်းတင်းကြပ်ကြပ်ဖက်ထားတာကြောင့် သူတို့ဘာမှလုပ်လို့မရပေ။
"ငါတို့ အဖွဲ့၃က တပ်သားတွေကို ဆက်သွယ်လိုက်ရင်ရော?" ဝေ့ယွမ်က ခဏလောက်စဉ်းစားလိုက်ပြီး ခလုတ်ခုံကိုဖွင့်လိုက်သည်။ အဖွဲ့၃မှ တပ်သားတွေရဲ့ တာဝန်ဟာ သူတို့ဘေးကင်းရေးအတွက် တာဝန်ရှိပြီး မသင်္ကာစရာကောင်းသည့် လူနာတွေကို စုံစမ်း ဖော်ထုတ်ရန် ဖြစ်သည်။
"မလုပ်နဲ့!" ဒါကိုမြင်တော့ ဟူချင်းက ထိတ်လန့်သွားသည်။ သူမ ခုန်အုပ်ကာ ဝေ့ယွမ်ရဲ့ လုပ်ရပ်ကို တားချင်သော်လည်း ဟူထျန်းက တားလိုက်သည်။ "ချင်းချင်း၊ ပြဿနာရှာနေတာရပ်လိုက်!"
"ပြဿနာရှာတယ်? သမီးက ပြဿနာရှာနေတာလား?" ဟူချင်းလှည့်ကြည့်လာကာ သူမရဲ့အမူအရာမှာ ရူးသွပ်မှု အနည်းငယ် ရောထွေးနေသည်။ "သမီး ပြဿနာရှာနေတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နေတာ!"
"ချင်းချင်း! ပြဿနာရှာနေတာရပ်လိုက်စမ်း!" ဟူထျန်းက တင်းမာစွာဖြင့် နောက်တစ်ခေါက် ပြောလိုက်သည်။ ဟူချင်း စိတ်မတည်ငြိမ်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူ သူမအားဖက်လိုက်ကာ သူမ၏ အပြုအမူတွေကို ထိန်းချုပ်လိုက်သည်။ ဝေ့ယွမ်ကို လှည့်ကြည့်လိုက်ပြီး သူ့လေသံထဲတွင်ဝမ်းနည်းပူဆွေးမှုတွေဖြင့် ပြည့်နှက်နေသည်။ "ဆက်သွယ်လိုက်၊ သူတို့ကို ဆက်သွယ်လိုက်ပါ!"
"အဖေ!" ဟူချင်း ဟူထျန်းကို မယုံကြည်နိုင်သလို ငေးကြည့်လိုက်သည်။ သူမကိုအမြဲတမ်းအလိုလိုက်ခဲ့တဲ့ သူမရဲ့ဖခင်ဟာ သူမကို ရောဂါကူးစက်ခံရသူတွေထားတဲ့စင်တာကို အမှန်တကယ် ပို့လိမ့်မည်ဟု သူမ မထင်ခဲ့ပါချေ။ အဲဒါက သူမကို သေအောင်ပို့လိုက်တာနဲ့ တူတူပင်။
"မသွားဘူး မသွားဘူး!" ဟူချင်းက အစွမ်းကုန်ကြိုးစားကာရုန်းကန်နေသည်။ သူမမျက်နှာပေါ်က အမူအရာဟာ ရက်စက်ကြမ်းကြုတ်လာကာ ကြောက်စရာကောင်းလာသည်။ နဖူးပေါ်က အနာတွေဟာလည်း ပိုပိုကြီးလာသည်။
“ဟမ်-” ဟူထျန်းအသံပြုလိုက်သည်။
"ခေါင်းဆောင်!" တခြားတပ်သားတွေလည်း အံ့အားသင့်သွားကြသည်။ ဟူထျန်းရဲ့လက်ပေါ်တွင် ဒဏ်ရာရှည်အကြီးက သွေးတွေထွက်နေတာကို သူတို့ကူကယ်ရာမဲ့စွာသာကြည့်ရုံဘဲ တတ်နိုင်တော့သည်။
"ဟူချင်း မင်းရူးနေလား?" ဝေ့ယွမ်က ဟောက်လိုက်သည်။ ဒီလို ဒဏ်ရာနက်နက်ကိုတောင်မပြောနဲ့ ရိုးရိုးလေးထိတွေ့မိရင်တောင် ရောဂါကူးစက်တတ်သည်။ ဒီလိုဆိုပါက အဖွဲ့ခေါင်းဆောင်လည်း သူမနဲ့အတူ ရောဂါကုးစက်ခံရသူတွေထားသည့်စင်တာသို့ လိုက်သွားရမည်ပင်။
“ငါ…” ဟူချင်း နောက်ဆုံးတော့ ငြိမ်သက်သွားသည်။ ဟူထျန်းရဲ့လက်က ဒဏ်ရာကို သူမ ငေးကြည့်နေမိသည်။ “သမီး ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒီလိုဖြစ်သွားလိမ့်မယ်မှန်း မသိလိုက်ဘူး..."
ဟူထျန်း ဘာမှပြန်မပြောပေ။ သူ သက်ပြင်းသာသာချလိုက်မိသည်။
မကြာခင်မှာပဲ အဖွဲ့ ၃ က စစ်သားတွေ အပြေးရောက်လာကာ ဟူချင်းနဲ့ ဟူထျန်းကို ခေါ်သွားတော့သည်။
"ပြီးသွားပြီ။ ငါတို့ အခု ဘာလုပ်သင့်လဲ?" သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်သာ တစ်ခုခုဖြစ်ခဲ့ရင်၊ သူတို့ရဲ့ ဝံပုလွေရိုင်းအဖွဲ့ ဟာလည်း လုံးဝဖျက်သိမ်းခံရလိမ့်မှာပင်။
သူတို့ရဲ့ ဆုတ်ယုတ်သွားတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင်း ဝေ့ယွမ် ပြောလိုက်သည်။ “ဒီရောဂါဆိုးကြီး မြန်မြန်ပျောက်ကွယ်သွားဖို့ကိုဘဲ မျှော်လင့်နေရုံပေါ့!"
တစ်ချိန်တည်းမှာပင် အဖွဲ့ချုပ်၏ ခရိုင် ၁ အစိုးရခန်းမ၌ အပြင်းအထန် ဆွေးနွေးနေကြသည်။
ပါးကိုက်နားဖြစ်နေသည့်အလယ်တွင် လေထုဟာ အရမ်းကိုတင်းမာနေသည်။
"အားလုံးရူးသွားကြပြီလား?" ဘယ်ဘက်အပေါ်ထောင့်မှာ ထိုင်နေတဲ့ လူအိုကြီးတစ်ယောက်က စားပွဲကို ရိုက်ချလိုက်သည်။ သူ့ရဲ့မျက်နှာပေါ်က ဒေါသဟာပြေလျော့သွားသည်။ "မင်းတို့တွေ တကယ် ခရိုင်ကို ချိတ်ပိတ်ချင်နေတာလား? အဲဒီထဲမှာ သန်းနဲ့ချီတဲ့ အသက်တွေ ရှိနေသေးတယ်! မင်းတို့က အဲ့ဒါတွေကို စွန့်လွှတ်လိုက်မှာလား?"
ချင်မိသားစုရဲ့ အကြီးအကဲဟောင်းအနေဖြင့် ချင်သာ့ဖန်ရဲ့စကားတွေဟာ ချင်မိသားစုရဲ့အမြင်တွေကို သဘာဝအလျောက် ကိုယ်စားပြုသည်။ 'ခရိုင်ကို ချိတ်ပိတ်ခြင်း' ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်သည့် နည်းလမ်းကို သူတို့ လုံးဝသဘောတူမည်မဟုတ်ပေ။
"အကြီးအကဲဟောင်းချင်၊ အဲ့လိုပြောလို့ မရဘူးလေ" အောက်ဆုံးခုံမှာထိုင်နေတဲ့ စုန့်ထျန်းချန်က ခပ်ဖျော့ဖျော့အပြုံးနဲ့အတူ သူ့မျက်လုံးတွေက တောက်ပနေသည်။ “ဒီတစ်ခေါက်ရောဂါက အရင်တုန်းကဟာတွေနဲ့ မတူဘူး။ အရမ်းကူးစက်တတ်တယခ။ အကယ်၍ ကျွန်တော်တို့သာ ခရိုင် ၁၂ ကို ချိတ်ပိတ်မယ့် မူဝါဒကို အကောင်အထည် မဖော်လို့ ဒီရောဂါသာပြန့်သွားရင် အဖွဲ့ချုပ်တစ်ခုလုံး ဒုက္ခရောက်ကုန်မှာ မဟုတ်ဘူးလား?"
"ဟမ့်!" ဒါကိုကြားတော့ ချင်သာ့ဖန်က မနေနိုင်ဘဲအေးစက်စက် နှာမှုတ်လိုက်သည်။ "မင်းပြောတဲ့ဟာက အဓိပ္ပာယ်မရှိတာထက်တောင် ပိုဆိုးတယ်။ ငါ့ကို ခါထုတ်ဖို့ ဒီလို့ အသံမြင့်မြင့်တွေမသုံးစမ်းနဲ့ ။ ကောင်လေး မင်းက ခရိုင် ၁၂ ရဲ့ စစ်အင်အားကို တစ်စတစ်စဆုတ်ယုတ်သွားအောင် လုပ်ဖို့ကြိုးစားနေတာ မဟုတ်လား? ဒီလိုဝေ့လည်ကြောင်ပတ် လုပ်ဖို့ လိုသေးလို့လား?"