အပိုင်း ၂၄၃
Vol. 17 Ch. 243
ခရိုင် ၁၂ ဟာ အနောက်ဘက်ကျသော်လည်း ပထဝီဝင်ဆိုင်ရာ အထူးတလည် တည်နေရာကြောင့် ခရိုင် ၁၂ မှစစ်သားတွေဟာ မှော်သားရဲတွေနဲ့ မှော်အပင်တွေကို တစ်နှစ်ပတ်လုံး တိုက်ထုတ်နေရတာကြောင့် သူတို့တစ်ဦးချင်းစီရဲ့အရည်အသွေးဟာ အရမ်းမြင့်မားလှသည်။ ကောင်းကောင်းဖွဲ့စည်းထားတဲ့အဖွဲ့ဟာ တခြားခရိုင်တွေမှ တပ်စုတစ်ခုရဲ့ စစ်အင်အားနှင့်ပင် ယှဉ်နိုင်သည်။
ထိုသို့သော သာလွန်နေသည့် တိုက်ခိုက်ရေးအင်အားဟာ အခြားသူတွေကို မနာလိုဖြစ်စေသည်မှာ ပုံမှန်ပင်။
သို့သော်၊ ခရိုင် ၁၂ ရဲ့စစ်တပ်တပ်ဖွဲ့တွေ အားလုံးက နျဉ်ယွိယွင်ရဲ့ထိန်းချုပ်မှုအောက်တွင် ရှိနေတာကြောင့် ဘယ်သူမှ မဝင်ရောက်နိုင်ပေ။ ဒီကပ်ရောဂါဟာ အခွင့်အရေးကောင်းပင်ဖြစ်သည်။ သူတို့ ရေကိုနောက်ကျိအောင် လုပ်ရင်တောင်မှ နောက်ကျိနေတဲ့ရေထဲမှာ ငါးဖမ်းလို့ ရနိုင်သေးတယ်မလား?
“ဟမ်းး…” ဒါကိုကြားတော့ စုန့်ထျန်းချန်ရဲ့ မျက်နှာဟာ ရုတ်တရက် ပြောင်းလဲသွားသည်။ သို့ပေမယ့် သူဟာ နိုင်ငံရေးသမားဟောင်းတစ်ယောက်ဖြစ်သည်။ သူ့မျက်နှာ ပြောင်းလဲနိုင်စွမ်းက ပထမတန်းစားဖြစ်ကာ မြန်မြန်ဆန်ဆန်ဘဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
ယေဘူယျအားဖြင့်ပြောရလျှင် စိတ်ပါလက်ပါပြောဆိုခြင်းသည် နိုင်ငံရေးနယ်ပယ်တွင် သာမာန်နည်းဗျူဟာဖြစ်သည်။ အကြီးအကဲချင်ဟာ စုန့်ထျန်းချန်ရဲ့ အတွေးတွေကို စကားလေးတစ်ခွန်းထဲနဲ့ ဖွင့်ထုတ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ? လက်ရှိလူတွေရဲ့ အမူအရာမှာ အနည်းငယ် မချိခံသာဖြစ်နေကြသည်။
"တကယ်တော့... အကြီးအကဲဟောင်းစုန့် ပြောတဲ့စကားက ယုတ္တိမရှိတာတော့ မဟုတ်ပါဘူး" ဒါကတော့ ချောင်မိသားစုရဲ့ လက်ရှိ မိသားစုအကြီးအကဲ ချောင်ရှန်း ဖြစ်သည်။
ဆေးဝါးအများအပြားကို သောက်သုံးထားတာကြောင့်လားဆိုတာမသိပေ၊ အသက် ၂၃၀ ကျော်ပြီဖြစ်တဲ့ ချောင်ရှန်းဟာ သူ့ရဲ့ ရွယ်တူတွေထက်တောင် အများကြီးငယ်နေပုံပေါက်သည်။ သို့ပေမယ့် ချင်ရှန့်ရဲ့ ခန္ဓာကိုယ်တွင် အုံ့မှိုင်းသည့် ရောင်ဝါတွေ ရှိနေသည်။ “ဘာဘဲဖြစ်ဖြစ်၊ ကျွန်တော်တို့တွေအနေနဲ့ ပုံရိပ်ခပ်ကြီးကြီးကို အမြဲတမ်း ဦးစားပေးရမယ်။ ခရိုင် ၁၂ ကိုပဲ အာရုံစိုက်နေလို့ မရဘူး။ တခြားနေရာတွေကိုလည်း စဉ်းစားရမှာပေါ့”
ချောင်မိသားစုဘက်မှ ခရိုင်ကိုချိတ်ပိတ်ဖို့ သဘောတူတယ်ဆိုတာ မထူးဆန်းပါချေ။ အမှန်တော့၊ ခရိုင် ၁၂ ရဲ့ စစ်အင်အားပဲ ဖြစ်ဖြစ် နျဉ်ယွိယွင်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ အားလုံးဟာ ကျော်ကြားလှသည်။ သူတို့တွေ ဆက်လက်ကြီးထွားတိုးတက်လာတာကို ဘယ်သူမှ ထိုင်ကြည့်နေနိုင်မည်မဟုတ်ပေ။ အခု သူတို့မှာ အခွင့်အရေးတစ်ခုရလာတော့ လုံးဝလက်မလွတ်နိုင်ပေ!
ချောင်ရှန်း ပါးစပ်ဖွင့်လိုက်တာနဲ့ အစောပိုင်းက ဆွံ့အနေကြတဲ့ မိသားစုငယ်လေးတွေကလည်း သူ့စကားတွေကို သံယောင်လိုက်လာသည်။
မည်သို့ပင်ဆိုဆို၊ ချောင်မိသားစု၏ ဆေးဖက်ဝင်ဆေးပြားတွေဟာ အဖွဲ့ချုပ်တစ်ခုလုံးတွင် လူသိများသည်။ သူတို့ရဲ့ အခြေခံစွမ်းရည်ကို မြှင့်တင်နိုင်ရန်အတွက် ချောင်မိသားစုရဲ့ ဆေးဖက်ဝင်ဆေးပြားကို ရနိုင်ရန် လူတိုင်းက သူ့ကို မျက်နှာသာပေးကကြသည်။
"အကြီးအကဲချောင်ရဲ့စကားတွေလဲ မှန်ပါတယ်"
"ဒီရောဂါက ကုလို့ မပျောက်နိုင်ဘူးလို့ ကြားတယ်"
"လုံလောက်ပြီ!" သရုပ်ဆောင်နေကြတဲ့ လူတစ်စုကိုကြည့်ကာ အကြီးအကဲဟောင်း ချင်မှာ ခေါင်းပြင်းပြင်းထန်ထန် ကိုက်သလိုတောင် ခံစားလိုက်ရသည်။ နောက်ဆုံးတော့ သူက မသွားခင် အေးစက်စက်ပြောလိုက်သည်။ “ဒီမှာ ငါပြောမယ်။ မင်းတို့ရဲ့အစီအစဥ်တွေကို ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းတို့တွေ ခရိုင်ကိုချိတ်ပိတ်ချင်တာကိုတော့ ငါ ချင်သာ့ဖန်က သဘောမတူဘူး!"
ချင်သာ့ဖန် ထွက်သွားတော့ တခြားလူတွေလည်း ထွက်သွားကြသည်။ ဒီဆွေးနွေးမှုဟာ မပျော်မရွှင်နဲ့ အဆုံးသတ်သွားတော့သည်။
"အကြီးအကဲချောင်၊ ကျွန်တော်တို့ရဲ့ ခရိုင်ကို ချိတ်ပိတ်မယ့် စိတ်ကူးကို စွန့်လွှတ်လိုက်မှာလား?" စုန့်ထျန်းချန်က ချောင်ရှန်းနားလျှောက်လာကာ သူ့ကိုယ်ကိုအသာကုန်းလိုက်သည်။ သူ့လေသံထဲတွင် မေးမြန်းစူးစမ်းလိုကာ စိတ်အနှောက်အယှက်ဖြစ်နေသည့် အရိပ်အယောင်လည်းပါသည်။ ဒီလိုအခွင့်အရေးမျိုးကို သူတို့နောက်ဆုံးမှ မြင်တွေ့ရတာဖြစ်ကာ ဘာမှမလုပ်ဘဲ လက်ထဲကနေ ချော်ထွက်သွားတာကို ဒီတိုင်းစောင့်ကြည့်နေရမှာလား?
"စိတ်မပူပါနဲ့၊ ကိစ္စတစ်ခုကိုလုပ်ရင် စိတ်ရှည်ရမယ်" ချောင်ရှန်းရဲ့နှုတ်ခမ်းက အသာကွေးသွားကာ နားမလည်နိုင်တဲ့ အပြုံးတစ်ခုကို ထုတ်ပြလာသည်။ "ခရိုင်ကို ချိတ်ပိတ်မယ့်ကိစ္စကို ချင်သာ့ဖန် တစ်ယောက်တည်းပဲ ဆုံးဖြတ်ရတာ မဟုတ်ဘူး!"
အချိန်တို တစ်နာရီ၊ နှစ်နာရီလေးအတွင်းမှာဘဲ ခရိုင်၁၂ဟာ ပြင်းထန်တဲ့ ကူးစက်ရောဂါကို ခံစားနေရတယ်ဆိုတဲ့ သတင်းဟာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားတော့ကာ အာရုံစိုက်မှုများစွာရရှိခဲ့သည်။
တရားဝင်သေဆုံးမှု စာရင်းဇယားတွေတောင်မှ ထွက်ပေါ်လာကာ သက်ဆိုင်ရာ ဝဘ်ဆိုဒ်တွေနဲ့ ဖိုရမ်တွေပေါ်တွင် တင်ထားတာကြောင့် အင်တာနက်သုံးစွဲသူတွေမှာ ထိတ်လန့်သွားကြသည်။
[ဘာတွေဖြစ်နေတာလဲ? တကယ်ဘဲလား?]
[သွားပါပြီ၊ ငါ့အဖေက ခရိုင် ၁၂ မှာပဲ ရှိနေသေးတာ! တစ်ခုခုဖြစ်သွားလောက်မလား?]
ယခင်က မှတ်ချက်တွေက ပုံမှန်ဖြစ်နေပေမယ့် နောက်ဆုံးတွင်တော့ တခြားဦးတည်ချက်ဆီကို မသိလိုက်ဘာသာနဲ့ ဦးတည်သွားတော့သည်။