အပိုင်း ၂၄၄
Vol. 17 Ch. 244
[သတင်းထူး! ဒီတခေါက် ကပ်ရောဂါက အရမ်းကူးစက်တတ်တယ်လို့ ကြားတယ်။ အဲဒါကို မထိန်းချုပ်နိုင်ဘဲ တခြားနေရာတွေကိုပါ ပြန့်သွားရင် ငါတို့တော့ပြီးသွားလိမ့်မယ်လို့ မထင်ဘူးလား?]
[ဒါ... ငါ ဒါကိုမယုံနိုင်ဘူး! ဒါအမှန်မဟုတ်လောက်ဘူး!]
[ဘာကိုဆိုလိုတာလဲ? ငါလဲ အဲ့ဒီအကြောင်း ကြားတယ်။ အထက်အရာရှိတွေက ခရိုင်ကိုချိတ်ပိတ်ဖို့ စီစဉ်နေကြတယ်]
[တကယ်လား? အဲ့ဒါက အရမ်းချဲ့ကားလွန်းတယ်!]
[ချဲ့ကားတယ်လား?] ထို့နောက် သူသည်ဓာတ်ပုံတစ်ပုံကို တင်လိုက်သည်။ [ကိုယ့်ဘာသာကိုယ်ကြည့်။ ဒါက ရောဂါပိုးကူးစက်ခံရလို့ သေဆုံးသွားတဲ့ အလောင်းပဲ။ ကျွတ်စ် ကျွတ်စ်၊ အရမ်းကြောက်ဖို့ကောင်းတယ်!]
ဓါတ်ပုံရဲ့အကျိုးသက်ရောက်မှုဟာ အရမ်းအံ့အားသင့်ဖွယ်ပင်။ ခရိုင်ကို ချိတ်ပိတ်တာက သိပ်မကောင်းဘူးလို့ ခံစားခဲ့ရတဲ့ အင်တာနက်သုံးစွဲသူတွေလည်း ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။
"ကြည့်ကြတာပေါ့!" စတားနက်တွင် တစ်ဖက်သတ်မှတ်ချက်များ တိုးလာသည်ကိုကြည့်ရင်း ချောင်ရှန်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “ပြည်သူတွေရဲ့ဆန္ဒကို ငါတို့ဆန့်ကျင်လို့မရဘူး”
"မှန်တယ်" စုန့်ထျန်းချန် ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ "ဒါဆို ငါချက်ချင်း စီစဉ်လိုက်တော့မယ်"
“ကောင်းပြီ”
မကြာမီ တရားဝင်ကြေငြာချက်တစ်ခုထုတ်ပြန်လာသည် — ခရိုင် ၁၂ ရှိကူးစက်ရောဂါအခြေအနေကြောင့်ခရိုင် ၁၂ ကိုယာယီပိတ်လိုက်ကာ 'ဝင်ထွက်ခွင့်မရှိ' မူဝါဒကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အများပြည်သူများ ကျွန်ုပ်တို့နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါတယ်။
ဒီသတင်း ထွက်လာချိန်မှာတော့ အင်တာနက်ပေါ်က လူတချို့ဟာ စိတ်သက်သာရာ ရသွားသလို တချို့ကလည်း စိတ်ပူနေကြသည်။ အမျိုးမျိုးသော ဆွေးနွေးမှုတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ဖိုရမ်တွင် တင်ထားသော သေဆုံးမှုစာရင်းဇယားများကို ကြည့်ရင်း၊ ချောင်းဟုန်မိန် အရမ်းဝမ်းသာသွားသည်။ သူမရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် ကွေးညွတ်သွားသည်။ အဲ့ဒီထဲက တစ်ယောက်မှာ မော့ချူးလည်းဖြစ်နေနိုင်သည်!
ကျွတ်စ် ကျွတ်စ်! ပြောရရင် ဒီလောက်ကောင်းတဲ့ ကလေးမလေး ဆုံးသွားတာ တော်တော်တော့သနားဖို့ကောင်းတယ်! ဒါပေမဲ့ ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူးလေ! သူ့ကို ဘယ်သူကများ ဒီလောက်ထိကန်းခိုင်းလို့လဲ?
ချောင်းဟုန်မိန် မျက်ခုံးပင့်လိုက်ကာ ရှုံ့ချပြီး ရွံရှာသည့် အရိပ်အယောင်တွေကို ပြလိုက်သည်။ သူက မဆွသင့်တဲ့လူတစ်ယောက်ကို ဆွခဲ့တာပဲ။ ကြည့်လေ၊ ဒါက ရိုးရှင်းတဲ့ လက်စားချေခြင်းပဲ မဟုတ်လား?
"ဘာဖြစ်လို့လဲ? ဘာလို့ဒီလောက်ပျော်နေရတာလဲ?" ချောင်းဟုန်မိန် နံဘေးတွင် ထိုင်နေတဲ့ ကောင်မလေးက သူမကိုကြည့်ကာ စပ်စုသလို မေးလိုက်သည်။
“ဘာမှမဟုတ်ဘူး” ချောင်းဟုန်မိန် ရယ်လိုက်ကာ ခလုတ်ခုံကို ပိတ်လိုက်သည်။ "ဟာသတစ်ခုတွေ့လိုက်လို့ပါ!"
တစ်ဖက်တွင်မူ မော့ယန် ဒီသတင်းကို မြင်လိုက်ရတဲ့အခါ သူ့ရင်ထဲ ဗြောင်းဆန်သွားသည်။
ကပ်ရောဂါ?
ခရိုင် ၁၂ မှာ ကြီးကြီးမားမားကပ်ရောဂါတစ်ခု ရုတ်တရက်ဖြစ်ခဲ့ပြီး ခရိုင်ကို ချိတ်ပိတ်ပစ်ရလောက်အောင်အထိ ဆိုးရွားနေတာလား?
ချူးလေး အဲ့ဒီထဲမှာရှိနေသေးတယ်!
ဒါကို တွေးမိလိုက်တော့ မော့ယန်ရဲ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။
အသင်းချုပ်မှာ ဒီလို ကပ်ရောဂါကြီး ကြီးကြီးမားမား ရှိခဲ့ဖူးတာက အချိန်အတော်ကြာခဲ့ပြီဆိုတာ သိထားရမည်ပင်။ နောက်ဆုံးအကြိမ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်ကဖြစ်ပြီး ကပ်ရောဂါဘေးမှ လွတ်မြောက်ခဲ့သော သက်ကြီးရွယ်အိုများအနေဖြင့် ထိုဘေးအန္တရာယ်ကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။ လူသေအလောင်းများသည် မြေပြင်တွင် ပြန့်ကျဲနေကာ လတ်လတ်ဆတ်ဆတ် သွေးတွေဟာလည်း မြေပြင်ပေါ်တွင် စိုရွှဲနေခဲ့သည်။ တစ်ကိုယ်လုံးဟာ မျှော်လင့်ချက်ပျက်သုဥ်းကာ အသက်မဲ့မှုတွေဖြင့် ဖုံးလွှမ်းနေသကဲ့သို့၊ လုံးဝလွတ်မြောက်ရန် မဖြစ်နိုင်ခဲ့ပေ။
ချူးလေးကိုယ်တိုင် ဒါကို တွေ့ကြုံနေလောက်တယ်လို့ တွေးကြည့်မိတာနဲ့ မော့ယန်ရဲ့ နှလုံးသားက နာကျင်စွာဖြင့် တုန်လှုပ်သွားတော့သည်။ သူ တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ချက်ခြင်းပြေးထွက်လာသည်။
ခရိုင် ၁၂၊ သူ ခရိုင် ၁၂ ကို သူမြန်မြန်သွားရမယ်!
သို့ပေမယ့် မော့ယန် အတန်းထဲကနေ ထွက်လိုက်တာနဲ့ ချင်ယွဲ့နဲ့တိုးကာ သူ့မျက်လုံးတွေ ရုတ်တရက် တောက်ပလာသည်။
လက်ရှိတွင် ခရိုင် ၁၂ ခုကို ပိတ်ထားလိုက်ပြီ ဖြစ်သည်။ ချင်ယွဲ့တွင်တော့ ဝင်ဖို့ နည်းလမ်းကောင်းရှိလိမ့်မည်ပင်။
ဒီအချိန်တွင် မော့ယန်တစ်ယောက် ချင်ယွဲ့ရဲ့ အထောက်အထားကို အကြမ်းဖျင်း သဘောပေါက်သွားသည်။ ချင်မိသားစုဟာ နိုင်ငံရေးနယ်ပယ်တွင် အတော်လေး အဆင့်အတန်းမြင့်သည်။ သတင်းကို ချင်ယွဲ့က ပထမဆုံး သိရင်သိခဲ့နိုင်သည်။
"ဒီကိုလာ" ချင်ယွဲ့ကို သူဘေးနားဆွဲလိုက်ပြီး ကုလားထိုင်ပေါ်တွင် တင်းတင်းကြပ်ကြပ် ဖိထားလိုက်သည်။ မော့ယန်က သူ့ကို စေ့စေ့ကြည့်ကာ သူ့လေသံက လေးလံနေသည်။ "စတားနက်မှာ အတိအကျဘာတွေဖြစ်နေတာလဲ? ခရိုင် ၁၂ မှာ ရောဂါက ဘာလို့ ရုတ်တရက် ပေါ်လာတာလဲ? အစိုးရက ခရိုင်ကိုပိတ်ဖို့ တကယ်ဆုံးဖြတ်ခဲ့တာလား?"
မေးခွန်းတွေတစ်ခုပြီးတစ်ခု ထွက်လာတော့ ချင်ယွဲ့မှာ ခေါင်းမူးသွားရသည်။
“အမ်း…” ချင်ယွဲ့မှာ အမြဲတမ်း မလိမ်တတ်တဲ့ လူတစ်ယောက်ဖြစ်သည်။ အရင်တုန်းကတော့ သူ သတင်းကို သိလိုက်ရတဲ့အချိန် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ အခုတော့ မော့ယန်ရဲ့ မျက်နှာပေါ်မှာ ဖုံးကွယ်လို့မရတဲ့ စိုးရိမ်ပူပန်မှုကို မြင်လိုက်ရတဲ့အခါ သူ့ရင်ထဲမှာ ပိုလို့တောင် တုန်လှုပ်သွားရသည်။ သူ့မှာ အကုန်လုံးကိုထုတ်ပြောလိုက်ရုံပင်။ "ငါရထားတဲ့ အချက်အလက်အရဆို ခရိုင် ၁၂ မှာ အရမ်းကြောက်စရာကောင်းတဲ့ ကပ်ရောဂါကို ခံစားနေရတယ်!"