← Chapters

အပိုင်း ၂၄၅

Vol. 17 Ch. 245

အပိုင်း ၂၄၅

Vol. 17 Ch. 245

“အဲ့ဒီရောဂါက အရမ်းကူးစက်ပြီး သေဆုံးမှုနှုန်းလဲ အရမ်းမြင့်တယ်လို့ ပြောကြတယ်။ ဒီ့ပြင် အထက်အရာရှိတွေက ခရိုင်ကို ချိတ်ပိတ်ဖို့ စတင်နေကြပြီ။ ဒါပေမယ့်၊ ဒါကခရိုင် ၁၂ ကို သူတို့လက်လျှော့လိုက်တယ်လို့တော့ မဆိုလိုဘူး" ချင်ယွဲ့ အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။ "အခု၊ ဆေးအဖွဲ့နဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေးဆေးတွေကို ခရိုင် ၁၂ ဆီ စပြီးပို့ဆောင်ပေးနေပြီ။ ရောဂါပြန့်မှာကို ငါတို့ထိန်းချုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"

"ဘယ်တော့သွားမှာလဲ?" မော့ယန် ခဏလောက်စဉ်းစားလိုက်ကာ ရုတ်တရက် မေးလိုက်သည်။

"ဘာကို?" ချင်ယွဲ့ တစ်ခဏ‌လောက် မတုံ့ပြန်နိုင်လိုက်ပေ။

"ဆေးပို့ပေးမယ့်လူတွေ ဘယ်တော့သွားမှာလဲ?" မော့ယန် ခေါင်းအသာမော့ကာ သူ့မျက်လုံးတွေက ရွှန်းစိုနေသည်။ ခရိုင် ၁၂ ကို ပိတ်ပစ်တော့မှာ။ အခုချိန် သူဝင်လို့မရတော့တဲ့အတွက် ဆေးသွားပို့ပေးတဲ့ ဒီလူတွေနောက်ကနေ လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

"မင်းရူးနေလား?!" ချင်ယွဲ့ ထိုင်ခုံကနေ ခုန်ထလိုက်သည်။ တခြားလူတွေက ထွက်ပြေးဖို့ ကြိုးစားနေပေမဲ့ ဒီကလေးကတော့ ခိုးဝင်ဖို့ ကြိုးစားနေတယ်!

“မစိုးရိမ်နဲ့၊ အထဲမှာ မော့ချူး ဘယ်နေရာမှာရှိနေလဲဆိုတာ ရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်" မော့ချူး 'ပန်းပင်' ကိုရှာဖွေရန် ခရိုင် ၁၂ သို့သွားကြောင်း ချင်ယွဲ့ လည်းသိသည်။

"ချူးလေးက လုံးဝနေကောင်းနေပေမယ့် မင်းကိုယ်တိုင်ကျတော့ ကူးစက်ခံသွားရရင် ဘယ်လိုလုပ်မလဲ! ဒါက မမှန်မကန် ဆုံးဖြတ်မိတာမဖြစ်သွားဘူးလား?"

ချင်ယွဲ့ ဒီလောက်ထိလေးနက်တဲ့ စကားကို ပြောခဲပေမယ့် မော့ယန်ကတော့ လုံးဝ ဂရုမစိုက်ပေ။ သူ့ကိုသာ စိုက်ကြည့်နေကာ ပြောလိုက်သည်။ “မေ့လိုက်‌တော့၊ မင်း ငါ့ကို မကူညီချင်ဘူးဆိုရင်လဲ ငါကိုယ်တိုင်ဘဲ သွားစစ်ဆေးကြည့်မယ်”

ဒီလို အန္တရာယ်များတဲ့နေရာတွင် ချူးလေးတစ်ယောက်ထဲ ရှိနေတာကို မော့ယန် တကယ်စိုးရိမ်နေမိသည်။ ဘာပဲဖြစ်ဖြစ် သူသွားရမည်!

“မလုပ်နဲ့" နောက်ဆုံးတော့ ချင်ယွဲ့သူ့ဆီကနေ သိမ်းသွင်းခံလိုက်ရသည်။ "ငါ မင်းကို ပြောပြမယ် ဟုတ်ပြီလား? ပထမအသုတ် ပို့ဆောင်ရေး ဝန်ထမ်းတွေက မနက်ဖြန် သဘက်ခါ ညနေ ၃ နာရီမှာ ထွက်တယ်။ မင်းအတူတူသွားချင်ရင် ကြယ်စင်စုကြားသင်္ဘောပေါ်မှာ ငါ့ကိုစောင့်နေ။ မင်း ဝင်ဖို့ ငါစီစဉ်ပေးမယ်"

“ကောင်းပြီ!” ဒါကိုကြားတော့ မော့ယန် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ချင်ယွဲ့ပခုံးကို ကျေးဇူးတင်စွာဖြင့် ပွတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်ကို!"

“မလိုပါဘူး" ချင်ယွဲ့ သူ့လက်ကိုရိုက်လိုက်သည် "ခရိုင် ၁၂ ကို ရောက်တာနဲ့ မင်းရဲ့ဘေးကင်းရေးကို ဂရုစိုက်ရမယ်။ ဒါတွေအားလုံးက ငါ မင်းပေါ် အကြွေးတင်နေတာတွေပဲ!"

“ကောင်းပြီ!”

မော့ယန် ခရိုင် ၁၂ ထဲ ဝင်ရောက်ရန် စီစဉ်နေချိန်တွင် ခရိုင်ကို ချိတ်ပိတ်လိုက်သည့် သတင်းဟာ ရည်ရွယ်ချက်ရှိရှိနှင့်လား မရည်ရွယ်ဘဲနှင့်လားဆိုတာ မသိနိုင်စွာဖြင့် ပျံ့နှံ့နေပြီဖြစ်သည်။

"မာရှယ်နျဉ် မကောင်းတော့ဘူး၊ မကောင်းတော့ဘူး!" သူဟာ တည်ငြိမ်မှုကနေ ပိုပိုပြီး ကင်းကွာလာပြီလို့ ခံစားမိနေရတဲ့ လက်ထောက်ခရိုင်မှူးဟာ ရုံးခန်းထဲကိုအမြန်ပြေးဝင်လာသည်။ ပြင်းပြင်းထန်ထန် မောဟိုက်နေကာ သူ့ခေါင်းပေါ်က ချွေးသီးတွေကို မသုတ်အားပေ။ “ကျွန်တော်၊ အထက်အရာရှိတွေ ခရိုင်ကိုချိတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းကို အခုလေးတင်ရလိုက်တယ်!"

ဘုရားရေ! ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ခရိုင်ကို ချိတ်ပိတ်လိုက်ရင် ဒီကလူတွေရဲ့ အခြေအနေက ပိုဆိုးသွားလိမ့်မယ်!

တခြားဟာတွေ အားလုံးကို ဘေးဖယ်ထားဦး၊ ဒီသတင်းကို ထုတ်ပြန်လိုက်တာနဲ့တင် လူထုကိုကြီးကြီးမားမားမငြိမ်မသက်ဖြစ်သွားစေလိမ့်မည်ပင်!

"ငါသိပြီးပြီ" ‌နျဉ်ယွိယွင်က ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။ သူ မတ်တပ်ထရပ်လိုက်ပြီး သူ့မျက်နှာကတော့ အရင်အတိုင်း တည်ငြိမ်နေဆဲပင်။ "ကိုယ်နဲ့ လမ်းလျှောက်ထွက်ဖို့လိုက်လာခဲ့"

"ဘယ်ကိုလဲ?" လက်ထောက်ခရိုင်မှူးက ခေါင်းမော့ကာမေးလိုက်သည်။ သူ မနေနိုင်ဘဲ စိတ်ပူသွားမိသည်။ ‌နျဉ်ယွိယွင်တစ်ယောက် အရမ်းအရေးတကြီးတဲ့အချိန်မှာတောင် ဒီလိုမျိုးပြောနေသေးတယ်။ အကယ်၍ သူသာ နောက်လာမယ့် တန်ပြန်အစီအမံတွေကို မပြင်ဆင်ထားရင် တခြားဘယ်နေရာကို သူသွားမှာလဲ?

"သွားကြရအောင်" နောက်တော့ ‌နျဉ်ယွိယွင်တစ်ယောက် မော့ချူး လက်ကိုကိုင်ကာ အတူတူလမ်းလျှောက်ထွက်သွားတာကို လက်ထောက်ခရိုင်မှုးမြင်လိုက်ရသည်။

အချိန်အတော်ကြာ ကြောင်အနေပြီးတဲ့နောက် လက်ထောက်ခရိုင်မှူးမှာ နောက်ဆုံးတော့ တုံ့ပြန်လာသည်။ အဲ့ဒီစကားတွေက သူ့ကိုရည်ရွယ်တာမဟုတ်ကြောင်း သဘောပေါက်သွားတော့သည်။

F*ck၊ သူသတိလက်လွတ်ဖြစ်သွားပြီး သူတို့ချစ်ကြည်နူးနေတာကို တွန်းအားပေးကြည့်ခိုင်းခံလိုက်တာဘဲ! ဒုခရိုင်မှူးစိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။ သို့ပေမဲ့ ‌နျဉ်ယွိယွင်ရဲ့ တင်းမာတဲ့ အမူအရာကြောင့် အဆုံးမှာတော့ သူပြောချင်တာတွေကို မျိုချရုံမှလွဲပြီး ဘာမှမတတ်နိုင်တော့ဘဲ သူတို့နောက်ကနေ လိုက်သွားလိုက်သည်။

သူတို့က မောင်းနှင်ခြင်းစက်ပေါ် ထိုင်လိုက်ပြီး ရောဂါမကူးစက်ထားတဲ့ သူတွေထားသည့်စင်တာနှင့် ရောဂါကူးစက်ခံရသူတွေထားသည့်စင်တာဆီ မောင်းနှင်သွားကြသည်။ ဒီနေရာနှစ်နေရာဟာ တစ်ခုနဲ့တစ်ခု မဝေးလှကာ မျက်နှာချင်းဆိုင်ရှိနေသည်။

‌နျဉ်ယွိယွင် မောင်းနှင်ခြင်းစက်ကို အလယ်တွင်ရပ်လိုက်ကာ သူ့ခြေတံရှည်ရှည်ဖြင့် လှမ်းထွက်လာသည်။ သူ့လက်ထဲတွင် အသံချဲ့စက်တစ်လုံးရှိပြီး သူ့အသံက ခပ်နက်နက်နှင့် ခွန်အားအပြည့်ရှိနေသည်။

All Chapters