← Chapters

အပိုင်း ၂၄၆

Vol. 17 Ch. 246

အပိုင်း ၂၄၆

Vol. 17 Ch. 246

"ပထမဆုံးအနေနဲ့ လူတိုင်းကို စိတ်မကောင်းစရာ သတင်းလေးတစ်ခု ပြောပြချင်ပါတယ်" ‌နျဉ်ယွိယွင် အသံထွက်လာတဲ့အခါ စင်တာနှစ်ခုမှလူတွေ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကာ မျက်တောင်မခတ်တမ်း သူ့ကိုကြည့်လာကြသည်။ "ခရိုင် ၁၂ ကို ချိတ်ပိတ်တော့မယ်လို့ အထက်အရာရှိတွေဆီကနေ အမိန့်ကိုအခုလေးတင်ရလိုက်တယ်"

ဒါကိုကြားတော့ ‌နျဉ်ယွိယွင် နောက်ကို လိုက်လာတဲ့ လက်ထောက်ခရိုင်မှူးမှာ ချွေးအေးတွေ ထွက်လာသည်။ဒီလိုအချိန်မှာ ဒီလိုစကားမျိုးကို သူဘယ်လိုလုပ် ပြောနိုင်ရတာလဲ? သတင်းကို အစွမ်းကုန်ကြိုးစားဖုံးကာကမှ မှန်ဦးမည်။ စောစောက ရုတ်ရုန်သဲသဲဖြစ်ခဲ့တာကို မမြင်ဘူးလား?

မျှော်လင့်ထားသည့်အတိုင်း၊ လက်ထောက်ခရိုင်မှူး ခန့်မှန်းထားသလိုပင်၊ စောစောက သံသယတွေဟာ ပြည်သူတွေကို ဒေါသဖြစ်လာစေသည်။ အခု ဒီသတင်းကို အတည်ပြုလိုက်တဲ့အတွက် အားလုံးမှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ မခံမရပ်နိုင်မှုတွေဖြင့် ပြည့်နှက်သွားသည်။ ဒေါသတကြီး အော်ဟစ်သံတွေ၊ ငိုကြွေးသံတွေ ရောယှက်သွားကာ လူတွေကို လုံးဝဝမ်းနည်းသွားစေသည်။

‌နျဉ်ယွိယွင်က ဘာမှပြန်မပြော‌ပေ။ သူသည် နေရာမှာဘဲ ငြိမ်သက်စွာ ရပ်နေသည်။ သူ့ရဲ့မျက်လုံးတွေထဲ ဆုံးဖြတ်ချက်တွေ ခိုင်မာပြတ်သားနေသည်။

ရုတ်တရက် တစ်စုံတစ်ယောက်က အော်ပြောလာသည်။ “ခရိုင်ကို ချိတ်ပိတ်လိုက်ရင် မာရှယ်နျဉ်လဲ အထဲမှာ ပိတ်မိသွားမှာလား?"

ဒါကိုကြားတော့ လူတိုင်း အံ့ဩသွားသည်။ အမှန်ဘဲ! သူတို့နဲ့ယှဉ်ပါက ‌နျဉ်ယွိယွင်ဟာ ကောင်းကင်ဘုံရဲ့ ဂုဏ်ယူဖွယ်ရာသားတော်ဟု ဆိုနိုင်သည်။ သူတကယ်ပဲ ခရိုင် ၁၂ မှာ အပိတ်ခံခဲ့ရတာလား? ဒါမှမဟုတ်... ထွက်သွားဖို့ သူအခွင့်အရေးရှာမှာလား?

" မင်းတို့ကိုကယ်ဖို့ ငါ အစွမ်းကုန်ကြိုးစားမယ်လို့ ပြောခဲ့တယ်!" ‌နျဉ်ယွိယွင်ရဲ့ အသံဟာ အနည်းငယ်နက်သော်လည်း မိုးသောက်ရောင်ချီလိုမျိုး မျှော်လင့်ချက်ကို သယ်ဆောင်လာသည်။ “အခု ငါတို့မှာ ထွက်လမ်းမရှိတော့ဘူး။ ဒီကပ်ဆိုးကြီးကို ငါနဲ့အတူ အနိုင်ယူဖို့တိုက်ထုတ်ဖို့ ဆန္ဒရှိကြလား?"

“အသက်ရှင်ရင်၊ အတူတူအသက်ရှင်ကြမယ်။ သေရင်လဲ၊ အတူတူသေကြမယ်!"

ဒီစကားလုံးအနည်းငယ်ဟာ လုံးဝကို ကူးစက်သွားစေသည်။

ဒီစကားလုံးတွေဟာ လူတိုင်းရဲ့ရင်ထဲ ကျယ်လောင်စွာ ထိုးဖောက်ဝင်ရောက်လာသလိုပင်။

အမှန်ပင်။ ခရိုင်ကို ချိတ်ပိတ်လိုက်ပြီဖြစ်တာကြောင့် အဆိုးဆုံးမှာ သေဆုံးခြင်းပင်ဖြစ်သည်။ ဒီလိုဆိုမှတော့ မာရှယ်နျဉ်နဲ့အတူ တိုက်ပွဲဝင်တာက ပိုကောင်းသည်။ ထွက်ပေါက်ရှာလို့တောင် ရကောင်းရနိုင်သည်!

"ကောင်းပြီ မင်းပြောတဲ့အတိုင်း ငါတို့လုပ်မယ်!"

"မှန်တယ်၊ ငါတို့ မင်းပြောတာကို နားထောင်မယ်!"

"မာရှယ်နျဉ်၊ ငါတို့ မင်းကိုယုံတယ်!"

ဝမ်းနည်းမှုကို ရဲရင့်မှုဖြင့် အစားထိုးလိုက်သည်။ ဒီအချိန်မှာ ရောဂါပိုးရှိသူပဲဖြစ်ဖြစ်၊ သာမန်လူပဲဖြစ်ဖြစ် အားလုံး စိတ်လှုပ်ရှားနေကြသည်။ သူတို့ရဲ့မျက်ခုံးတွေ ပင့်တက်လာကာ မှုန်ရီဝိုးတဝါးဖြစ်နေခြင်းဟာလည်း လုံးဝပျောက်ကွယ်သွားသည်။ ဒီအခိုက်အတန့်မှာ မျှော်လင့်ချက်တွေ ပေါက်ဖွားလာသည်!

ဒါတွေအားလုံးကို ‌နျဉ်ယွိယွင် လုပ်ခဲ့တာပင်။ စကားလုံးအနည်းငယ်၊ စိတ်ပိုင်းဖြတ်ထားသည့် အကြည့်တို့ဖြင့် သူဟာ လူတိုင်းကို အောင်မြင်စွာနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။

တခါတရံမှာ စိတ်အားထက်သန်မှုက ပိုအရေးကြီးသည်။ မာရှယ်တစ်ယောက်အနေနဲ့ ‌နျဉ်ယွိယွင်ဟာ ဒီသဘောတရားကို သဘာဝကျကျ နားလည်သည်။

မဝေးလှတဲ့နေရာမှ ခပ်မတ်မတ် နောက်ကျောကိုကြည့်ရင်း မော့ချူး ရင်ထဲမှာလည်း သူ့နောက်လိုက်ကာ စိတ်အားထက်သန်မှုတွေဖြင့် ပြည့်နှက်သွားသည်! သူတို့သာ သူ့ရဲ့ခြေလှမ်းအတိုင်းလိုက်မယ်ဆိုရင် သူကလဲ သူတို့ကိုစိတ်ပျက်အောင်လုပ်မှာမဟုတ်ဘူး!

ထို့ကြောင့် ခရိုင် ၁၂ သို့ ဆေးဝါးတွေ ပထမအသုတ်ပို့လာတဲ့အခါ၊ ဒီနေရာရှိ လူတွေရဲ့ စိတ်ဓာတ်နဲ့ အသွင်အပြင်ဟာ လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်! ဖျားနာမှုဒဏ်ကို ခံနေရတဲ့ လူနာတွေအားလုံးဟာလည်း အပြုံးတွေဖြင့် အံ့ကြိတ်ကာ သည်းခံထားကြသည်။ သူတို့ဘဝရဲ့အချိန်တိုင်းကို သူတို့မြတ်နိုးသည်။ လက်မလျှော့သလို၊ မျှော်လင့်ချက်တွေကိုလဲ မစွန့်လွှတ်ဘူး!

ခလုတ်ခုံပေါ်မှ ဒီမြင်ကွင်းကို စတားနက်ပေါ်တွင်တင်လိုက်တဲ့အခါ လူတိုင်း အံ့အားသင့်သွားကြသည်။

"ဒါက ဘယ်လို..... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ခလုတ်ခုံပေါ်မှ ဒီမြင်ကွင်းကိုကြည့်ရင်း စုန့်ထျန်းချန် မျက်မှောင်ကြုတ်လိုက်သည်။ အစကတော့ ‌နျဉ်ယွိယွင်ရဲ့ ညစ်ပေနေတဲ့မျက်နှာကို မြင်ရလိမ့်မယ်လို့ သူထင်ခဲ့ပေမဲ့ အမှန်တကယ်မှာတော့ လှပတဲ့ တစ်ကျော့ပြန်ထွက်လာမှုမျိုး သူတကယ်လုပ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါချေ! သူကထပ်ပြီး ထောက်ခံမှုတွေကို အောင်အောင်မြင်မြင်နဲ့ရခဲ့ပြန်ပြီ!

“အကြီးအကဲချောင်း၊ ဒါကိုကြည့်ပါအုံး…” စုန့်ထျန်းချန်မှာ သူ့ရဲ့ ဆန္ဒပြည့်ဝတဲ့အတွေးတွေ လုံးဝကျရှုံးသွားတယ်လို့ ခံစားလိုက်ရကာ မနေနိုင်ဘဲဒေါသထွက်လာတော့သည်။

ချောင်းရှန်းမှာတော့ အမူအရာမပြောင်းလဲကာ မျက်ခုံးအနည်းသာ ပင့်တက်သွားပြီး သူ့မျက်လုံးတွေထဲ ချီးကျူးလိုမှုတချို့ ပေါ်လာသည်။ "‌နျဉ်ယွိယွင်ကို မျှော်လင့်ထားသလိုပဲ၊ သူက တကယ်ထူးခြားတာပဲ!"

"အကြီးအကဲချောင်း!"

"ဘာကိုစိတ်ပူနေတာလဲ?" သူ့ကို ကြိမ်းမောင်းပြီးနောက်၊ ချောင်းရှန်းရဲ့ မျက်လုံးထောင့်တွေ ကွေးညွတ်သွားသည်။ "ဒါကပြီးသွားပြီလို့ မင်းထင်နေတာလား? ‌နျဉ်ယွိယွင်သာ ဒီရောဂါကို မဖြေရှင်းနိုင်ရင်၊ သူဘဲအဆုံးသတ်သွားမှာ!"

'ဟားဟား... ဟုတ်တယ်၊ မင်း ဘယ်လောက်ထိ အရည်အချင်း ရှိလဲ ကြည့်ကြတာပေါ့!'

All Chapters