← Chapters

အပိုင်း ၂၄၇

Vol. 17 Ch. 247

အပိုင်း ၂၄၇

Vol. 17 Ch. 247

“အူးးး–” ဝိုင်းဝိုင်း သူ့ရဲ့ပြည့်ပြည့်ဖောင်းဖောင်းလက်တွေကို ဆန့်ထုတ်ကာ မော့ချူးရဲ့အင်္ကျီလက်ကို ဆွဲကိုင်လှုပ်ယမ်းလိုက်သည်။ သူက ပျင်းရိငြီးငွေ့စွာဖြင့် ကြိမ်ဖန်များစွာ အော်ဟစ်လိုက်သည်။ အရမ်းပျင်းတယ်၊ အရမ်းပျင်းတယ်။ တစ်ကိုယ်တော် ခရီးကနေ ဘာလို့ ဒီလိုဖြစ်လာတာလဲ?

အရသာရှိတဲ့ အစားအသောက်တွေ မရှိသလို နွေးထွေးတဲ့ ပွေ့ဖက်မှုတွေလည်း မရှိခဲ့ပေ။ ချူးလေးဟာလည်း အလွန်အလုပ်များနေသဖြင့် သူ့အားဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။ သူက တကယ်သနားဖို့ကောင်းတာ!

“ကောင်းကောင်းနေ၊ မရှုပ်နဲ့” မော့ချူး ခေါင်းလှည့်လာကာ ဝိုင်းဝိုင်းရဲ့ ခေါင်းကို ဝတ်ကျေတန်းကျေ ပုတ်လိုက်သည်။ ထို့နောက် ပြန်လှည့်သွားကာ လူနာရဲ့ ဒဏ်ရာတွေကို ကုသရန် ဆေးကို ကျွမ်းကျွမ်းကျင်ကျင် လိမ်းလိုက်သည်။

‌နျဉ်ယွိယွင် အဲ့ဒီလိုမျိုးအားတက်စရာစကားတွေကိုပြောပြီးကတည်းက ခရိုင် ၁၂ မှလူတိုင်းရဲ့ တိုက်ပွဲဝင်စိတ်နှင့် အသက်ရှင်လိုတဲ့ဆန္ဒတွေဟာ အားကောင်းလာခဲ့သည်။ သူတို့မျက်နှာတွေ အားလုံး ပုပ်ပွနေကာ ခန္ဓာကိုယ်ရှိ နာကျင်ကိုက်ခဲမှုတွေကြောင့် တုန်တုန်ယင်ယင် ဖြစ်နေကြပေမယ့် အရှုံးမပေးကြပါချေ။ နာကျင်ခြင်းမှ ပွင့်လန်းလာတဲ့ အပြုံးဟာ တစ်မူထူးစွာ ဆွဲဆောင်မှုရှိနေသည်။ အဲ့ဒီအချိန်မှစကာ ခရိုင် ၁၂ သည် သေရေးရှင်ရေး အခြေအနေက သူတို့ကို ပေါင်းစည်းသွားစေသလိုမျိုး မိသားစုကြီးတစ်ခုဖြစ်လာတဲ့ပုံပင်။

‌နျဉ်ယွိယွင်က ပိုအလုပ်များသည်။ ကျုံးဝမ်နဲ့ ရှန်းယိတို့ဟာ ဆေးအဖွဲ့ကို ဦးဆောင်ကာ တစ်ညလုံး သုတေသနလုပ်ကြသည်။ မော့ချူးမှာ ဘာမှလုပ်စရာမရှိတဲ့အတွက် ရောဂါကူးစက်ခံရသူတွေထားတဲ့စင်တာဆီသို့ အပြေးသွားကာ လူနာတွေရဲ့မျက်နှာပေါ်က အနာတွေကို ကုသပေးသည်။

မကျွမ်းကျင်သည့်အခြေအနေမှ လေ့ကျင့်မှုအဖြစ်သို့ ပြောင်းလဲရန် သူမနေ့တစ်ဝက်သာ အချိန်ယူခဲ့ရသည်။

ရောဂါကူးစက်ခံရသူတွေထားတဲ့စင်တာရှိ လေထုဟာ ယခုအချိန်တွင် ဘယ်က‌ ပေါ်လာမှန်းမသိတဲ့လန်းဆန်းတက်ကြွကာ ချစ်စဖွယ်ကောင်းသည့် ကလေးမလေးတစ်ယောက်ကြောင့် ပိုကောင်းလာသည်။

"ကလေးမလေး" မော့ချူးမှာ အဘွားအိုတစ်ယောက်ရဲ့ ဒဏ်ရာကို ကုသပေးနေရင်း သူ့ဆီကနေအစခံနေရသည်။ "မာရှယ်နျဉ်က လူကောင်းလေး။ မင်း သူ့ကို ခပ်တင်းတင်းဆွဲထားရမယ်"

‌နျဉ်ယွိယွင် မော့ချူးအား ခပ်တင်းတင်းဖက်ကာ သူဟာသူမရဲ့ စောင့်ရှောက်သူဖြစ်ကြောင်း ပြောခဲ့တဲ့မြင်ကွင်းက လူတိုင်းရဲ့အမြင်ကို လေးလေးနက်နက် စွဲထင်သွားစေသည်။ ထုံးစံအတိုင်း၊ သူတို့က မော့ချူးကို ပိုပြီးအာရုံစိုက်လာကြသည်။

"ဟုတ်တယ်" အတင်းအဖျင်းပြောတာက မိန်းကလေးတွေရဲ့သဘာဝလို့ ဘယ်သူပြောလဲ? ယောက်ျားတစ်ယောက်ရဲ့ အတင်းအဖျင်း ပြောချင်စိတ်က မိန်းမတစ်ယောက်ထက် အများကြီး ပိုအားကြီးသေးတယ်။ သူတို့ဘေးရှိ အဖိုးအိုတစ်ယောက်မှာ ဒီစကားကိုကြားတော့ ချက်ချင်း စိတ်လှုပ်ရှားသွားကာ မော့ချူးကို ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။

“ကလေးမလေး၊ ဒါက လေးနက်တယ်။ မာရှယ်နျဉ် အရွယ်ရောက်လာတာ မကြာသေးပေမဲ့ သူ့ရဲ့အကျင့်စရိုက်က အရမ်းကောင်းတယ်။ သူ့အကြောင်း ကောလဟာလတွေ တစ်ခါမှ မကြားဖူးဘူး။ သူနဲ့သာအတူရှိရင် မင်းစိတ်ချထားလို့ရတယ်!"

“အမ်” သူမဘေးနားရှိ မျှော်လင့်နေကြတဲ့ မျက်နှာတွေကို ကြည့်ရင်း မော့ချူး နှုတ်ခမ်းတွေကို တင်းတင်းစိထားလိုက်သည်။ ရင်ထဲက ခါးသက်မှုတွေကို သူမတကယ် မဖော်ပြနိုင်ပေ။ သူမက အရမ်းကောင်းမွန်ပြီး အသက်မပြည့်သေးတဲ့ ကလေးမလေးတစ်ယောက်ဘဲလေ။ အခုချိန်မှာ ‌နျဉ်ယွိယွင်ဆီကနေ ရုန်းထွက်နိုင်ဖို့ ဘာလို့အရမ်းခက်ခဲနေရတာလဲ?

“တကယ်တော့ ကျွန်မတို့မှာ အဲ့ဒီလိုဆက်ဆံရေးမျိုး မရှိ…” မော့ချူး ရှင်းပြလို့မပြီးခင်မှာဘဲ ကြားဖြတ်ပြောခံလိုက်ရသည်။

“မရှက်ပါနဲ့။ ဒီလိုမျိုးက လုံးဝပုံမှန်ပါပဲ" အဘွားအိုက 'နားလည်ပါတယ်' ဆိုတဲ့ အမူအရာနဲ့ မော့ချူးကို ပြုံးပြလိုက်သည်။ “ငါတို့ နားလည်တယ်”

"မှန်တယ်!" အဘိုးအိုလည်း အော်ပြောလာကာ စနောက်သလို ပြုံးလာသည်။ “ငါတို့တွေက အဲ့ဒီလောက်ထိ လက်မခံပေးနိုင်တဲ့ ခေတ် နောက်ကျနေတဲ့လူအိုကြီးတွေမဟုတ်ပါဘူး။ မင်းက အရွယ်မရောက်သေးပေမယ့် အရင်အခြေကျနေတာ အဆင်ပြေပါတယ်”

“မဟုတ်ဘူး…” ဒီစကားကိုကြားတော့ မော့ချူးမှာ ရယ်ရမလား ငိုရမလားမသိတော့ပေ။

"ချူးလေး!" ရုတ်တရက်ပင် ရင်းနှီးနေတဲ့ ယောက်ျားလေးတစ်ယောက်အသံ ထွက်လာသည်။ မော့ချူးလှည့်ကြည့်လိုက်တော့ ပဟေဠိဆန်စွာနဲ့ တကယ်ပဲ မော့ယန်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

မော့ချူး ရင်ထဲ အရင်ဆုံးဝမ်းသာသွားပေမယ့် ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ "ခဏ၊ အရင်မဝင်လာနဲ့အုံး!"

ဒါဟာ ရောဂါကူးစက်ခံရသူတွေထားတဲ့ စင်တာဖြစ်သည်။ သူမတွင် အထူးတလည်ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိကာ၊ ရောဂါမကူးစက်နိုင်သည့် အရာတွေဝတ်ဆင်ထားတာကြောင့် သူမနေဖြင့် ကူးစက်ခံရမည်မဟုတ်ပေ။ သို့ပေမဲ့ မော့ယန်ကတော့ ကူးစက်ခံရနိုင်သည်။

အဘွားအိုနှင့် ကျန်သူများကို ခေါင်းညိတ်ပြလိုက်ပြီး မော့ချူး ဝိုင်းဝိုင်းကို အနောက်မှာချန်ခဲ့ကာ အပြေးအလွှား ထွက်သွားသည်။ ရွှတ် ရွှတ် ချူးလေးသူ့ကို မေ့သွားပြန်ပြီ!

"အစ်ကို၊ ဘယ်လိုရောက်လာတာလဲ? ခရိုင်ကို ချိတ်ပိတ်လိုက်ပြီမဟုတ်ဘူးလား?"

"ချင်ယွဲ့က ထောက်ပံ့ရေးပစ္စည်းတွေ လာပေးတဲ့ လူတွေနဲ့ ရောပြီး အစ်ကို ဝင်လာလို့ရအောင် နည်းလမ်းရှာပေးခဲ့တယ်" မော့ယန်က ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်ကာ မော့ချူးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ "ညီမလေးရော? အဆင်ပြေရဲ့လား?"

All Chapters