← Chapters

အပိုင်း ၂၄၈

Vol. 17 Ch. 248

အပိုင်း ၂၄၈

Vol. 17 Ch. 248

" သေချာပေါက် ဘယ်ဟုတ်မလဲ!" မော့ယန်ရှေ့တွင် လှည့်ပြရင်း မော့ချူးပြုံးလိုက်သည်။ “ကြည့်လေ၊ ညီမလေး ကောင်းကောင်း အသက်ရှင်နေသေးတာပဲ”

မော့ယန်သည် သူမ၏ဆံချည်မျှင်တစ်စတောင်မလွတ်စေကာ သေသေချာချာ ကြည့်လိုက်သည်။ သူမအဆင်ပြေကြောင်းသေချာမှ သူသက်ပြင်းတစ်ချက်ချလိုက်သည်။ နောက်ဆုံးတော့ သူ့ရဲ့စိုးရိမ်စိတ်တွေ ပြေလျော့သွားသည်။ "အဆင်ပြေနေတယ်ဆို‌တော့ ကောင်းတာပေါ့"

“အင်း စိတ်မပူပါနဲ့” မော့ချူး ခေါင်းညိတ်လိုက်သည်။ "ညီမလေးအဆင်ပြေတယ်၊ အစ်ကို မြန်မြန်ပြန်သင့်ပြီ!"

ရိုးရိုးသားသားပြောရလျှင် ခရိုင် ၁၂ ရှိ ရောဂါဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ချေ။ ပျောက်ကင်းအောင် ကုသနိုင်မလား ဒါမှမဟုတ် ကူးစက်နေဦးမှာလား? မော့ချူးအနေဖြင့် မော့ယန်ကို ဒီနေရာ၌ စွန့်စားခွင့်မပြုလိုချေ။

"အစ်ကို ထွက်သွားလို့မရဘူး" မော့ယန်ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားသည်။ သူရဲ့ လှပတဲ့အပြုံးဟာ စမ်းရေလိုမျိုး ကြည်လင်လှသည်။ ပို့ဆောင်ရေးအဖွဲ့ဟာ အရမ်းမြန်သည်။ ပစ္စည်းတွေရောက်ပြီဖြစ်သည့်အတွက် သူတို့ပြန်သွားလောက်ပြီဖြစ်သည်။

"ဘယ်လို?" ဒါကိုကြားတော့ မော့ချူးရဲ့အမူအရာက မနေနိုင်ဘဲ ပြောင်းလဲသွားသည်။ "အစ်ကိုတကယ်ပဲ ထွက်သွားလို့မရ‌တော့ဘူးလား?"

“ဟုတ်တယ်!” မော့ယန် ခေါင်းညိတ်လိုက်သည်။

"ဒါဆို အစ်ကို အခုထိ မနားရသေးမဘူးမလား?" သူမအစ်ကိုရဲ့ မျက်လုံးအောက်က အနက်ရောင်စက်ဝိုင်းတွေကို ကြည့်ကာ မော့ချူး မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ “ညီမ‌လေးနဲ့ပြန်ပြီး ခဏလောက် အနားယူလိုက်အုံး"

“ကောင်းပြီ” မော့ယန် မငြင်းဆန်ပေ။ ခရိုင် ၁၂ ရှိ ကပ်ရောဂါအကြောင်း သူသိပြီးကတည်းက ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ အခု ချူးလေး သူ့အရှေ့မှာ ရပ်နေတာကို မြင်လိုက်ရတော့ သူ့စိတ်တွေပြေလျော့သွားကာ ငိုက်မျဉ်းလာတော့သည်။

မော့ချူးရဲ့အိမ်နဲ့ ‌နျဉ်ယွိယွင်ရဲ့အိမ်ဟာ တစ်ခုနှင့်တစ်ခု ခပ်နီးနီးတွင်ရှိသည်။ လှုပ်ရှားမှုတစ်ခုခုရှိတာနဲ့ ချက်ခြင်းသတိထားမိမှာပင်။

‌နျဉ်ယွိယွင် မော့ယန်ရဲ့ပုံစံကိုမြင်တဲ့အခါ မနေနိုင်ဘဲမျက်ခုံးပင့်တက်သွားသည်။

မော့ယန် ရောက်ရှိလာမှုဟာ သူ မျှော်လင့်ထားသည့်အတိုင်းဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ညီမကိုချစ်တဲ့သူ့ရဲ့ စရိုက်ဖြင့်ဆို မော့ချူးအား ခရိုင် ၁၂ တွင် တစ်ယောက်တည်း သူဘယ်လိုလုပ်ထားနိုင်မှာတဲ့လဲ? သို့ပေမယ့် ဒီကောင်လေးရဲ့ အရှိန်က အရမ်းမြန်လွန်းသည်! သူ့မှာ မော့ချူးနဲ့အတူ အချိန်ခပ်ကြာကြာလေး ကုန်ဆုံးချင်သေးသည်။ အခုတော့၊ မျှော်လင့်ချက်မရှိတော့သည့်ပုံပင်။

‌နျဉ်ယွိယွင် ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါယမ်းလိုက်ပြီး အခန်းထဲက ရုံးခန်းဆီ ပြန်သွားလိုက်သည်။

"မာရှယ်နျဉ်" ‌နျဉ်ယွိယွင်လျှောက်လာတာကိုမြင်တော့ လက်ထောက်ခရိုင်မှူးက သူစီစဉ်ထားတဲ့ ပစ္စည်းစာရင်းတွေကို ချက်ချင်း လွှဲပေးလိုက်သည်။ သူ့မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးနေသည်။ "ဒီတစ်ခေါက်ပို့လာတဲ့ပစ္စည်းတွေက..."

စာရင်းက မများပေ။ ‌နျဉ်ယွိယွင် တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်တွေက ရုတ်တရက် မည်းမှောင်သွားသည်။ သူက အေးစက်စက် နှာမှုတ်လိုက်သည်။ “သူတို့တွေ တကယ့်ကို ညစ်ပတ်တဲ့လှည့်ကွက်တွေ အများကြီး လုပ်နေတာ။ အရမ်းသတ္တိရှိလာကြတာဘဲ!"

အတိအကျပင်! ပစ္စည်းတွေ အများကြီးပါပေမဲ့ အမျိုးအစားကတော့ မညီမျှပေ။ အရေးအကြီးဆုံး ဆေးဝါးနှင့် အစားအစာတို့ဟာ စုစုပေါင်း၏ သုံးပုံတစ်ပုံမျှသာ ပါသည်။ ကျန်တာတွေကတော့ အထွေထွေ ပစ္စည်းတွေသာဖြစ်သည်။

"ကျွန်တော်တို့ ဘာလုပ်သင့်လဲ?" ခရိုင် ၁၂ တွင် စားနပ်ရိက္ခာ များများစားစား မကျန်တော့ပေ။ ရိက္ခာများ လာပို့မည်ကို သိလိုက်ရတဲ့အခါ လက်ထောက်ခရိုင်မှူးမှာ ဝမ်းသာအားရ ဖြစ်ခဲ့ရသည်။ သို့သော် သူပစ္စည်းတွေအား ရေတွက်ကြည့်တဲ့အခါတွင် သူ့ရဲ့ပျော်ရွှင်နေမှုတွေကချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"ကောင်းပြီ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်" ‌နျဉ်ယွိယွင် စာရင်းကိုယူကာ နောက်ထပ်မေးခွန်းတစ်ခုမေးလိုက်သည်။ "စကားမစပ်၊ လွန်ခဲ့တဲ့ ဆယ်ရက်အတွက် သေဆုံးမှုနှုန်းဇယားကို စာရင်းပြုစုပြီးပြီလား"

“စာရင်းဇယားတွေ ထွက်လာပါပြီ။ ကြည့်ကြည့်ပါ" လက်ထောက်ခရိုင်မှူးက ၎င်းအားကိုပြောပြီးနောက် ပြုံးလိုက်သည်။ "နာမကျန်းမှုကို ယာယီထိန်းချုပ်ဖို့ တွန်းကန်နွယ်ပင်ကို သုံးခဲ့တာကြောင့် ဒီတစ်ခေါက်ရဲ့ သေဆုံးမှုနှုန်းက အရင်ကထက် အများကြီးလျော့လာတယ်!"

ကိန်းဂဏန်းဇယားကို ကြည့်လိုက်ရင်း ‌နျဉ်ယွိယွင်ရဲ့ မျက်ခုံးတွေ ပြေလျော့သွားသည်။ အမှန်တကယ်ပင်၊ သေဆုံးမှုနှုန်းက လျော့ကျသွားပေမယ့် ကူးစက်မှုနှုန်းကတော့ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေဆဲပင်! ကျုံးဝမ်နဲ့ ကျန်သူတွေကို အရှိန်မြှင့်ရန် တွန်းအားပေးရတော့မဲ့ပုံပင်။

"ကောင်းပြီ၊ တခြားဘာမှ မရှိတော့ရင် သွားလို့ရပြီ"

“ကောင်းပါပြီ”

တံခါးပိတ်သွားတာနဲ့ ‌နျဉ်ယွိယွင်ရဲ့ခလုတ်ခုံကနေ အသံမြည်လာသည်။

သူ့မျက်လုံး‌တွေ မည်းမှောင်သွားသည်။ ‌နျဉ်ယွိယွင်ရဲ့လက်က ပြန်ဖြေတဲ့ ခလုတ်ပေါ် အသာရွေ့သွားသည်။ "ဟယ်လို အဆင်ပြေရဲ့လား?"

“တော်တော်လေး အဆင်ပြေနေပါတယ်။ ခင်ဗျားရော ဒီတစ်လော ဘယ်လိုနေလဲ?" ဖုန်းရဲ့အခြားတစ်ဖက်တွင် မြေခွေးအိုကြီး စုန့်ထျန်းချန် ဖြစ်သည်။ "မာရှယ်၊ မင်း အရမ်းအလုပ်ရှုပ်နေမယ်ထင်တယ်!"

စုန့်ထျန်းချန်ရဲ့ တည်တည်ငြိမ်ငြိမ် စူးစမ်းနေမှုတွင် သရော်‌လိုတဲ့အရိပ်အယောင်တွေ ရှိနေသည်။

All Chapters