← Chapters

အပိုင်း ၂၅၂

Vol. 17 Ch. 252

အပိုင်း ၂၅၂

Vol. 17 Ch. 252

အဆုံးမရှိတဲ့ အစားအသောက်ထောက်ပံ့မှုဟာ ခရိုင် ၁၂ အတွက် တည်ငြိမ်တဲ့နောက်ခံအဖြစ် ပံ့ပိုးပေးသည်။ ထိုအချိန်တွင် ကျုံးဝမ်နှင့် တခြားသူများ၏ လက်တွေ့ သုတေသနဟာလည်း တရားဝင် ပြီးဆုံးသွားခဲ့သည်။ ရောဂါနှင့် ကပ်ရောဂါများကို ကုသရန် ဆေးဝါးများကို ထုတ်လုပ်ပြီး အောင်မြင်စွာ ဖြန့်ဝေနိုင်ခဲ့သည်။

သို့သော်လည်း... သူ့ရှေ့က မြင်ကွင်းကို ကြည့်ရင်း ကျုံးဝမ် ကူကယ်ရာမဲ့စွာနဲ့ ခေါင်းကုတ်လိုက်သည်။

ဆေးဖြန့်ဝေတဲ့နေရာက တူတူဘဲဆိုတာ ထင်ရှားနေပေမယ့် မော့ချူး ရပ်နေတဲ့ရာ၌သာ လူတန်းရှည်ကြီး ရှိနေသည်။ သူမဘေးမှာ ဝိုင်းနေတာ နှစ်ဝိုင်းကျော်လောက် ရှိနေပေမယ့် တခြားဖြန့်ဝေတဲ့နေရာတွေမှာတော့ လူအနည်းငယ်သာ ရှိသည်! ကွာခြားချက်ဟာ အရမ်းကို ရှင်းလင်းလှသည်!

"ဘာလို့ လူနည်းတဲ့နေရာမှာ တန်းမစီကြတာလဲ?" နေရာအသီးသီးတွင် ဆေးများဖြန့်ဝေနေသည့်အကြောင်းဟာ တဖြည်းဖြည်း ပျံ့သွားသည်။ လူနာတွေ ပိုများလာတာနဲ့အမျှဒီလိုထူးဆန်းတဲ့ မြင်ကွင်းကို သဘာဝအလျောက် သူတို့ မြင်လိုက်ရသည်။ လူအိုကြီးတစ်ယောက်က တန်းစီနေတဲ့ လူကိုတို့ကာ မေးလိုက်သည်။

"ကျွတ်စ် ခင်ဗျားဘာသိလို့လဲ!" အမေးခံရတဲ့ အဖိုးအိုက မျက်လုံးလှိမ့်ပြလိုက်သည်။ သူ လှည့်ကြည့်လိုက်တော့ အရှေ့မှာရပ်နေတဲ့ မော့ချူးကို တွေ့လိုက်ရတဲ့အခါ သူ့မျက်နှာပေါ်တွင် ကျေးဇူးတင်မှုတွေ ချစ်ခြင်းတရားတွေနဲ့ ပြည့်နှက်သွားသည်။ သူ ပြောလိုက်သည်။ “မော့ချူးက ဒီဆေးဖြန့်ဝေတဲ့နေရာမှာရှိနေတာ။ သူ့ရဲ့ ကံကောင်းမှုတွေရအောင် ဒီမှာ လာတန်းစီနေတာ!”

အဲ့ဒီလူက ဒီစကားကိုကြားတဲ့အခါ သူ့မျက်လုံးတွေ ချက်ချင်းတောက်ပလာသည်။ "လူတွေကို ကယ်တင်ဖို့ တွန်းကန်နွယ်ပင်သုံးခဲ့တဲ့ ကလေးမလေးအကြောင်း ပြောနေတာလား?"

"မှန်တယ်!" တစ်ဖက်လူက ဘာဖြစ်သွားမှန်း မသိသေးတာကို မြင်တော့ အဘိုးအိုက ခေါင်းကိုမော့ကာ သူ့မျက်လုံးတွေထဲမှာတော့ ဂုဏ်ယူနေတဲ့ အရိပ်အယောင်‌တွေ ပြည့်နေသည်။ “ဒါတင်မကသေးဘူး၊ မော့ချူးက ‌ကူးစက်လူနာတွေထားတဲ့စင်တာမှာ တော်တော်ကြာအောင် လူတိုင်းရဲ့အနာကိုဆေးထည့်ပတ်တီးစည်း‌ပေး လုပ်ပေးခဲ့တာ။ အကြိမ်တော်တော်များများ သူဝင်လိုက်ထွက်လိုက်လုပ်ခဲ့ပေမယ့် ဘာရောဂါမှမကူးဘူး။ ဆန်းကြယ်တယ်လို့ မင်းမထင်ဘူးလား?"

အဘိုးအိုရဲ့ စိတ်အားထက်သန်လှတဲ့ စကားက အဲ့ဒီလူကို အံ့ဩသွားစေသည်။ "သူ...သူက တကယ်ပဲ အဲ့ဒီလောက်အစွမ်းထက်တာလား?"

"ဟုတ်တယ်!" သူ့စကားတွေကို မေးခွန်းထုတ်ခံလိုက်ရတော့ အဘိုးအိုက ချက်ခြင်းစိတ်မချမ်းသာဖြစ်သွားသည်။ သူ့မျက်နှာကိုလှည့်ကာလက်ကိုဝှေ့ယမ်းလိုက်သည်။ “ကောင်းပြီ မယုံရင်လည်း မေ့လိုက်တော့၊ တခြားတစ်နေရာ သွားတန်းစီလိုက်။ ငါတော့ဒီမှာပဲတန်းစီမယ်!"

အဲ့ဒီလူက ဒါကိုကြားတဲ့အခါ ဘယ်လိုလုပ် အလုပ်လုပ်ပါ့တော့မလဲ? သူသည် ရှည်လျားလှတဲ့ လူတန်းကြီးကို လှမ်းကြည့်ကာ အနောက်တွင် ချက်ချင်းရပ်လိုက်သည်။

အလားတူ ပြောဆိုမှုတွေဟာ တခြားနေရာများတွင်လည်း ရှိသည်။

အချိန်တိုအတွင်း မော့ချူးရဲ့ ဂုဏ်သတင်းဟာ တိုးတိုးလာသည်။ သူမဟာ နျဉ်ယွိယွင်ကိုတောင် ကျော်လွန်သွားတဲ့ပုံပင်။

......

"ကလေးမလေး ဘာလို့ စကားနည်းနည်းလောက် မပြောတာလဲ? ငါတို့တွေ ဒီအတိုင်းဆက်သွားလို့မရတော့ဘူး" နေက ပိုပိုပူလာသည်။ ဒီလူအုပ်စုကိုမြင်တဲ့အခါ ကျုံးဝမ် အနည်းငယ် စိုးရိမ်သွားသည်။ ဆေးဝေပေးတဲ့နေရာတိုင်းက ဆေးတွေက အတူတူဘဲဆိုတာကို အကြိမ်အနည်းငယ်လောက်ပြောခဲ့သေးသည်။ အဆုံးမှာတော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီလူတွေကနားမထောင်ပေ။ သူတို့က မော့ချူးဆီမှ ဆေးကိုသာ လိုချင်ကြသဖြင့် တုပ်တုပ်တောင်မလှုပ်ပေ။

“ကောင်းပြီ” မော့ချူး ခေါင်းညိတ်လိုက်သည်။ ဒီလိုအဖြစ်မျိုးဖြစ်လာလိမ့်မယ်လို့ သူမ တကယ်ကို မမျှော်လင့်ထားမိပါချေ။ ဒီအချိန်မှာ သူမ ရယ်ရမလား ငိုရမလား မသိတော့ပေ။ သို့ပေမယ့် ပူပြင်းတဲ့ နေရောင်အောက်မှာ ရပ်နေတဲ့ လူနာတွေဟာ ချွေးတွေအလုံးအရင်းနှင့်တောင် ထွက်မသွားသေးတာကို မြင်လိုက်ရတဲ့အခါ သူမ ရင်နာမိသွားသည်။

သူမ လက်ထဲက ဆေးကိုချလိုက်ပြီး ရှေ့ကိုခြေလှမ်းအနည်းငယ်လှမ်းကာ အော်ပြောလိုက်သည်။ "အမ်... အားလုံးဘဲ၊ ဒီမှာဘဲ တန်းစီမနေကြပါနဲ့။ ရာသီဥတုက ပိုပူလာပြီ။ ဆေးတွေရဖို့ တခြားဝေတဲ့နေရာကို မြန်မြန်သွားတာက ပိုကောင်းလိမ့်မယ်။ အိမ်ပြန်ပြီးဆေးသောက်ကြပါ!"

"ကောင်းပြီ ငါတို့က မင်းကိုစောင့်နေတာ!"

"မှန်တယ်၊ ငါတို့လုံးဝမပူပါဘူး!"

အဖွဲ့ထဲမှ အသံတွေ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ ဘယ်သူမှ မထွက်သွားချင်ကြပေ။

ကျေးဇူးပြု! ကျုံးဝမ် တဒုတ်ဒုတ်နာကျင်နေတဲ့ သူ့နဖူးကို ပွတ်လိုက်သည်။ အဲဒီလိုပြောနေတဲ့အချိန်မှာ နဖူးပေါ်ကချွေးတွေနဲ့ ချွေးတွေရွှဲနေတဲ့ ခင်ဗျားတို့ရဲ့အဝတ်အစားတွေကို တစ်ချက်ကြည့်လိုက်လို့ရမလား? တကယ်ကိုဘဲ သွားတွေကြားကနေလိမ်နေတာ!

တစ်လခွဲခန့် အချိန်တိုလေးအတွင်းမှာ ခရိုင် ၁၂ တွင် မော့ချူးရဲ့ ရေပန်းစားမှုဟာ အထွတ်အထိပ်ကို ရောက်ရှိသွားလိမ့်မည်ဟု မည်သူမျှ မထင်မိကြပေ။

တစ်စုံတစ်ယောက်က သူမရဲ့အွန်လိုင်းပေါ်က 'ကံကောင်းတဲ့ကြယ်လေး' ဆိုတဲ့ နာမည်ကို ဖြန့်ခဲ့သည်။ လူတိုင်း သေသေချာချာ စဉ်းစားကြည့်တဲ့အခါ အဲ့ဒါက တကယ်ဖြစ်မှန်း သိလိုက်ကြသည်။

ကြည့်‌လေ၊ သူက နာကျင်မှုကို သက်သာစေအောင် မှော်အပင်တစ်ပင်ကို သာမာန်ကာလျှံကာဆွဲထုတ်လာတယ် ပြီးတော့ ကူးစက်လူနာတွေ ထားတဲ့စင်တာထဲ ဝင်လိုက်ထွက်လိုက်လုပ်နေတာတောင် ရောဂါမကူးသွားဘူး။ ဒီလို ကြောက်စရာကောင်းတဲ့ ရောဂါကို သူ့ကျေးဇူးကြောင့် ဖြေရှင်းနိုင်လိုက်တယ်။ ဒါက သူမအနေနဲ့ ကံကောင်းတဲ့ကြယ်လေးဆိုတဲ့ နာမည်နဲ့ တကယ်ထိုက်တန်တယ်ဆိုတာဘဲ!

All Chapters