← Chapters

အပိုင်း ၂၅၄

Vol. 17 Ch. 254

အပိုင်း ၂၅၄

Vol. 17 Ch. 254

ကျုံးဝမ်နဲ့ ရှန်းယိဟာ အဖွဲ့ချုပ်တွင် အမှန်တကယ်ကို ထိပ်တန်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဖြစ်သည်။ သူတို့တီထွင်ခဲ့တဲ့ဆေးက အရမ်းထိရောက်ခဲ့သည်။

တစ်လခွဲကြာပြီးနောက် ခရိုင် ၁၂ တွင် ကပ်ရောဂါကို ရှင်းရှင်းလင်းလင်း ထိန်းချုပ်နိုင်ခဲ့သည်။ ကပ်ရောဂါ၏ သေဆုံးနှုန်းနှင့် ကူးစက်မှုနှုန်းဟာလည်း သုညသို့ ကျဆင်းသွားခဲ့သည်။ ဒီလိုအခြေအနေမျိုးတွင် ခရိုင်ချိတ်ပိတ်ရေး မူဝါဒဟာလည်း သဘာဝအလျောက် ပျောက်ပျက်သွားတော့သည်။

တဖြည်းဖြည်းနှင့် ခရိုင် ၁၂ သည် ၎င်းတို့၏ ယခင်က သာယာဝပြောကာ၊ တည်ငြိမ်အေးချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိလာတော့သည်။ တစ်ခါတရံ တစ်ချက်ပြန်တွေးကြည့်သည့်အခါ စိတ်ပျက်အားငယ်မှုနှင့် မလှုပ်မရှားနိုင်ဖြစ်ခဲ့ရတဲ့ ကပ်ရောဂါဟာ အိပ်မက်တစ်ခုလိုပင်။

ခရိုင် ၁၂ ရှိ မြင့်မြင့်မားမား အစုလိုက်အပြုံလိုက်တည်ဆောက်ထားသည့် အုတ်ဂူတွေသာလျှင် သူတို့အား လက်တွေ့ဘဝ၏ ရက်စက်ကြမ်းကြုတ်မှုများကို သတိပေး အမှတ်ရနေစေသည်။ ဒါတွေဟာ မော့ချူးနဲ့ နျဉ်ယွိယွင်တို့ကြောင့် သူမတို့အပေါ် သူတို့ရဲ့ကျေးဇူးတင်စိတ်တွေဟာ ပိုပြီးရိုးသားလာကြသည်။

ကပ်ရောဂါပြဿနာကို ဖြေရှင်းပြီးလုနီးပါးဖြစ်သည့်အတွက် မော့ချူး၊ နျဉ်ယွိယွင်နဲ့ ကျန်လူတွေလည်း သဘာဝအလျောက် အိမ်ပြန်ဖို့ပြင်ဆင်ရတော့သည်။

ဒီသတင်းကြားတော့ ခရိုင် ၁၂ က လူတော်တော်များများဟာ သူတို့ထွက်ခွါတာကိုကြည့်ရန် အာကာသစခန်းထဲတွင် စုဝေးလာကြသည်။

မထွက်ခင် အချိန်ဆယ်မိနစ်ခန့်ရှိသေးသည်။ မော့ချူးနဲ့ တခြားသူတွေက သူတို့ဘေးနားရှိ ဧည့်ခန်းတွင် ထိုင်နေကြသည်။ ဖောက်မြင်နေရသည့် မှန်ပြတင်းပေါက်မှနေ သူတို့ရဲ့ တုံ့ဆိုင်းနေတဲ့ အမူအရာတွေနဲ့ လက်ဝှေ့ယမ်းပြနေသည်ကို တွေ့နေရသည်။

"မော့ချူး၊ ခရိုင် ၁၂ ကို ပြန်လာဖို့ မမေ့နဲ့နော်! ငါတို့မင်းကိုစောင့်နေမယ်!"

"ဟုတ်တယ်၊ အနာဂတ်မှာ မာရှယ်နျဉ် မင်းကို အနိုင်ကျင့်ရဲရင် ငါတို့ မင်းဘက်က ရပ်တည်ပေးမယ်!"

“အမ်းးး…” မော့ချူးနဲ့ နျဉ်ယွိယွင်တို့နှစ်ယောက်ကို ခွဲထားကာ သူတို့ကြားမှာထိုင်နေတဲ့ မော့ယန်မှာ အဲ့ဒီစကားတွေကို ကြားတဲ့အခါ မထိန်းနိုင်ဘဲ မျက်ခုံးပင့်မိ‌တော့သည်။ ဘာလဲ? သူ ရက်နည်းနည်းလောက်ဘဲနောက်ကျသွားတာကို၊ ဒီအမြီးကြီးကြီးဝံပုလွေနျဉ်ယွိယွင်က သူ့ညီမကို ပြန်ပေးဆွဲဖို့ ပြင်ဆင်နေပြီလား?

"အဲဒါ...သူတို့အထင်လွဲနေကြတာ!" သူမ အစ်ကိုရဲ့မျက်နှာ ရုတ်တရက်မည်းမှောင်သွားတာကို မြင်လိုက်ရတော့ မော့ချူး ခပ်ဖျော့ဖျော့ချောင်းဟန့်လိုက်ကာ မတတ်သာဘဲရှင်းပြလိုက်ရသည်။

“အထင်လွဲနေတာမဟုတ်ဘူး"

မော့ချူးရဲ့ ရှင်းပြချက်ကြောင့် မော့ယန်ရဲ့အမူအရာမှာ နည်းနည်း ပိုကောင်းလာသည်။ သို့ပေမယ့် နျဉ်ယွိယွင်ဆီကနေ အဲ့ဒီစကားလုံးသုံးလုံးကို ကြားလိုက်ရတဲ့အခါ စိတ်အခြေအနေက ချက်ချင်းဘဲ ပြန်ကျသွား‌တော့သည်။ သူလှည့်ကာ နျဉ်ယွိယွင်အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်! ခင်ဗျားက မာရှယ်ဖြစ်နေတာနဲ့ အရမ်းအံ့ဩစရာကောင်းတယ်လို့ မထင်လိုက်နဲ့! ငါ့ညီမက အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ! ဘယ်သူနဲ့ ထိုက်တန်မလဲဆိုတာ မသေချာဘူး!

မော့ယန်ရဲ့ မည်းမှောင်နေတဲ့ မျက်နှာကို လျစ်လျူရှုရင်း နျဉ်ယွိယွင်ရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် ကွေးညွတ်သွားသည်။ သူ့အကြည့်တွေက မော့ချူးဆီမှာ မြဲမြံနေသည်။ သူက ညင်ညင်သာသာဖြင့်ပြောလာသည်။ “ကိုယ်တို့တွေ ဘယ်တော့ကျမ်းကျိန်ကြမလဲ?"

ကျမ်းကျိန်မှာ? ဒါကိုကြားတော့ မော့ချူး အံ့အားသင့်သွားသည်။ ဘာကိုကျမ်းကျိန်မှာလဲ?

သူမရဲ့ အံ့အားသင့်နေတဲ့ အမူအရာကိုကြည့်ရင်း နျဉ်ယွိယွင်မှာ ဒေါသမထွက်ရုံသာမက သူ့အကြည့်တွေက ပိုလို့တောင်နူးညံ့လာသည်။ "ဟုတ်တယ်လေ၊ ကိုယ်တို့တွေ စောင့်ရှောက်သူအတွက် ကျမ်းကျိန်ရမယ်လေ!"

ကျမ်းကျိန်ပြီးတာနဲ့ သူတို့ရဲ့ အထောက်အထားတွေက တရားဝင် အသိအမှတ်ပြုခံရမည်ဖြစ်သည်။ ၎င်းအားတရားဝင်သည်ဟု ယူဆနိုင်သည်။

"အာ?" ကျမ်းကျိန်ဖို့ သူမ ဘယ်တုန်းက သဘောတူခဲ့လို့လဲ? မော့ချူးရဲ့မျက်နှာမှာ တကယ်ကို ဘာလုပ်ရမှန်းမသိဖြစ်သွားတော့သည်။

မော့ယန် မျက်မှောင်ကြုတ်ကာ ဘာမှမပြောရသေးခင် နျဉ်ယွိယွင်က ဖြတ်ပြောလာသည်။ "မင်း လက်မခံဘူးလား?" သူ့အသံက အနည်းငယ်ပိုကျယ်လာကာ အပြင်မှာကြည့်‌နေကြတဲ့သူတွေတောင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။

“အပြင်ကိုကြည့်လိုက်အုံး။ ခရိုင် ၁၂ ကလူတွေက ကိုယ့်တို့အတွက် သက်သေတွေပဲ!" နျဉ်ယွိယွင်က ဆက်ပြောသည်။

နောက်တော့ စောစောက‌တင် မော့ချူးဘက်ကနေရပ်တည်ပေးမယ်ဆိုပြီး ပြောနေကြတဲ့လူတွေမှာ ချက်ချင်းဘဲ သူ့ဘက်ရောက်သွားကြသည်။ "ဟုတ်တယ်၊ ငါတို့အားလုံး မင်းအတွက် သက်သေတွေပဲ!"

“မင်းတို့နှစ်ယောက်လုံး ကျမ်းမကျိန်ရသေးဘူးဘဲ။ မြန်မြန်လုပ်ကြ! ထပ်ပြီးအချိန်မဖြုန်းနေနဲ့တော့!"

ဒီပြောင်းလဲသွားတဲ့ မြင်ကွင်းမှာ မော့ချူးကို အထိတ်တလန့် ဖြစ်သွားစေတော့သည်။

နျဉ်ယွိယွင်ကတော့ သူ့နှုတ်ခမ်းထောင့်တွေ အနည်းငယ် ကွေးတက်သွားသည်။ သူ့မျက်လုံးတွေက တလက်လက်တောက်နေကာ သူ့ဘဝရဲ့အထွတ်အထိပ်မှာ ရှိနေသလိုပင်။

လှချက်! နျဉ်ယွိယွင်ရဲ့ ညာဘက်မှာ ထိုင်နေတဲ့ ကျုံးဝမ်မှာ က သူ့ကို အမှတ်မြင့်မြင့်ငါးမှတ် တိတ်တဆိတ် ပေးလိုက်သည်။ သူ့ဘော့စ်က အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကို ကျဉ်းထဲကျပ်ထဲရောက်အောင်တွန်းပို့လိုက်တာပဲ! သူက ချော‌ချောမွေ့မွေ့လေးလုပ်ခဲ့တာ! လက်မပေးမယ်!

"ဒီရက်ပိုင်း ကိုယ်အလုပ်ရှုပ်နေလိမ့်မယ်" နျဉ်ယွိယွင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “ဒါပေမဲ့ နှစ်ရက်နေရင် ကျမ်းကျိန်မဲ့အချိန်ကို ကိုယ်ဆုံးဖြတ်လိုက်မယ်။ စိတ်မပူပါနဲ့၊ ကိုယ် သေချာပြင်ဆင်ထားလိုက်မယ်!”

All Chapters