← Chapters

အပိုင်း ၂၅၇

Vol. 18 Ch. 257

အပိုင်း ၂၅၇

Vol. 18 Ch. 257

မီးဖိုချောင်ထဲမှ ရနံ့မွှေးလှတဲ့ပြည်ကြီးငါးပန်းကန်ကို ယူလာတော့ ဝိုင်းဝိုင်းနဲ့တခြားသူတွေမှာ အမွှေးထူဂဏန်းပန်းကန်အားချန်ကာ မထိကြတာကို‌မြင်တော့ မော့ချူး အံ့သြသွားမိသည်။ အံ့ဩစရာကောင်းလိုက်တာ!

"ဘာလို့မစားကြတာလဲ?" မော့ချူး ပြည်ကြီးငါးပန်းကန်အား စားပွဲပေါ်တင်လိုက်ကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။ သူတို့မစားခင် သူမကို စောင့်နေကြတာများလား?

ခပ်မြန်မြန်ပဲ၊ သူမအတွေးလွန်နေမှန်း မော့ချူး သဘောပေါက်သွားသည်။

“အင်း…” မော့ယန်ရဲ့ မျက်နှာပေါ်တွင် ရှားရှားပါးပါး အဆင်မပြေသည့် အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။ "အစ်ကိုတို့ မစားဘူး၊ ဒီဟာကို မစားဘူး"

“အာဝူး အာဝူး-” ဝိုင်းဝိုင်းလည်းဘဲ အချိန်ကိုက် အော်ဟစ်လိုက်သည်။ ဒီဟာက မာပြီးတော့ သိပ်မွှေးတဲ့ပုံလဲမပေါ်ဘူး။ အနံ့မကောင်းဘူးဆိုတာ သေချာတယ်!

သို့ပေမယ့် သူ့ဘေးနားက ပြည်ကြီးငါးပန်းကန်ကို ကြည့်မိတဲ့အခါ တံတွေးတွေ ချက်ချင်းစီးကျလာပြီး သူ့ရဲ့မျက်လုံးနီနီကလည်း တောက်ပလာသည်။

ဒီလို သူ့ရဲ့လောဘကြီးတဲ့ပုံစံကို မြင်လိုက်ရတော့ မော့ချူး မထိန်းနိုင်ဘဲ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ အချိန်အတော်ကြာ သူကောင်းကောင်းမစားခဲ့ရတာကြောင့်ဖြစ်မည်။ အခုတော့ အခွံမာမာက ဝိုင်းဝိုင်းကို ခက်ခဲအောင်လုပ်နေသည်။

"ကောင်းပြီ ဒါဆို ဒါ အရင်စားကြ" သူမ ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့ရဲ့ ပန်းကန်များထဲကို ပြည်ကြီးငါးကြော်အချို့ ခပ်ထည့်ပေးလိုက်သည်။ ကျန်ပန်းကန်ပြားကို စားပွဲပေါ်တင်လိုက်တာနဲ့ တပြိုင်နက် အသေးလေးနှစ်ယောက်က နှာမှုတ်ကာ စားသောက်ကြတော့သည်။

မော့ယန်လည်း ပြည်ကြီးငါးတစ်ပိုင်းကို ယူကာ ပါးစပ်ထဲထည့်လိုက်သည်။ မော့ချူးသည် မွှေကြော်သည့်နည်းကိုသုံးကာ ပြည်ကြီးငါးနံ့ကိုဖယ်ရှားရန် ငရုတ်သီး ထည့်ခဲ့သည်။ ပြည်ကြီးငါး၏ လတ်ဆတ်သည့်အရသာသာ ကျန်ခဲ့တော့သည်။ ကတင်ကတင်လေးဖြစ်သည်။ ငရုတ်သီး အမွှေးအကြိုင်များနှင့်အတူ လျှာဖျားတွင် ရောနှောသွားသည်။ ဒါဟာ အဆုံးမရှိသည့် ပျော်ရွှင်စရာအရာပင်!

ဘေးနားက အသေးလေးနှစ်ယောက်ကိုတော့ ပြောမနေပါနဲ့။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ရဲရင့်လှသည်။ သူတို့က ပန်းကန်ကို တိုက်ရိုက်ကောက်မကာ ပါးစပ်ထဲတန်းထည့်စားကြသည်။

ပြည်ကြီးငါးပန်းကန်က အမြန် ကုန်သွားတော့သည်။

ဒီအချိန်တွင် မော့ချူး ဆရာဖြစ်သွားကာ အမွေးထူဂဏန်း ဘယ်လိုစားရမလဲဆိုတာ သင်ပေးသည်။

မော့ယန်ဟာ အရမ်းဉာဏ်ကောင်းသည်။ မော့ချူးလုပ်ပြတာကနေ သူအမြန်သင်ယူလိုက်သည်။ ပထမတော့ ဒီစားနည်းက အရမ်းဒုက္ခရောက်တယ်လို့ သူထင်ခဲ့သည်။ သို့သော် ဂဏန်းအသား သူ့ပါးစပ်ထဲ ဝင်သွားတဲ့အခါမှာတော့ အရသာက ချက်ချင်းဆိုသလို သူ့အရသာခံဖုတွေကို အနိုင်ယူသွားတော့သည်။ အရသာရှိတယ်၊ အရမ်းအရသာရှိတယ်! ဒီစကားလုံးကလွဲပြီး တခြားသူဘာကိုမှ မစဉ်းစားနိုင်တော့ပေ။

အခုလည်း သူ နှစ်ကောင်ဆက်တိုက်စားလိုက်မိကာ ထပ်ပြီးလည်း စားချင်နေသေးသည်။

တစ်ဖက်တွင် ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့မှာ သရေကျနေကြသည်။ သူတို့ဘာသာ စားနေကြတာကိုမြင်လိုက်ရတော့ သူတို့စိတ်ထဲ စိုးရိမ်သွားသည်။ ကဏန်းစားရတာဟာ အရမ်းပညာသားပါသည်။ သူတို့တကယ်စားချင်နေပေမယ့် မကျွမ်းကျင်ပါချေ။ သူတို့တွေ ဘေးနားကနေ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။

"လာ၊ မြည်းကြည့်!" မော့ချူး မှော်သားရဲနှစ်ကောင်ကို ဇွန်းဖြင့် ခပ်ကျွေးလိုက်သည်။ မြည်းကြည့်လိုက်ရုံဖြင့် မှော်သားရဲနှစ်ကောင်ရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပလာတော့သည်။ မော့ချူး ကဏန်းကိုခွာလိုက်တာနဲ့ တပြိုင်နက် ကဏန်းကို သူတို့ပါးစပ်ထဲ တန်းထည့်လိုက်ကြကာ တချွတ်ချွတ်အသံနှင့်အတူ ဝါးကြတော့သည်။ သူတို့တွေ ပျော်လွန်းလို့ မျက်လုံးတွေမှေးကျဉ်းသွားကြသည်။

နောက်တော့၊ အမွေးထူဂဏန်းဟာ ဝိုင်းဝိုင်းရဲ့ 'အကြိုက်ဆုံးစာရင်း' ထဲအောင်မြင်စွာ ဝင်ရောက်လာကာ သူကြိုက်သည့် ကျောက်ပုဇွန်အစပ်နှင့် အိမ်နီးချင်းဖြစ်လာသည်။

အစာစားပြီးနောက် မော့ချူးရဲ့ဗိုက်လည်း နည်းနည်းတင်းလာသည်။

သူမ သက်ပြင်းမချခင် ရင်းနှီးနေတဲ့ အပူလှိုင်းတစ်ခုက သူ့မကိုယ်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာသည်။ အရင်ကထက် နှစ်ဆနီးပါး ပြင်းထန်သည်။ သူမခန္ဓာကိုယ်ထဲရှိ စွမ်းအင်တွေ တဟုန်ထိုး တက်လာတညကို ခံစားလိုက်ရသဖြင့် မတတ်နိုင်ဘဲ မော့ချူးရဲ့ နှုတ်ခမ်းထောင့်တွေ အပေါ်ကို တွန့်ကွေးသွားကြသည်။

သူမရဲ့ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' တွင် ဟင်းပွဲအသစ် ထပ်ထည့်လို့ရမည့်ပုံပင်!

သူမရဲ့ ခန္ဓာကိုယ်ထဲရှိ ဒြပ်စွမ်းအင်တွေ လုံးလုံးလျားလျား လျော့ပါးသွားမှ မော့ချူး ဝမ်းသာအားရနဲ့ မျက်လုံးတွေကို ဖွင့်လိုက်သည်။ ဒီဟင်းနှစ်ပွဲဟာ သူမကို အဆင့် ၇ အထိ တိုက်ရိုက်တက်သွားစေကာ သူမအား အဖွဲ့ချုပ်၏ ပထမအဆင့် ကျွမ်းကျင်သူများ အဆင့်ထဲ တရားဝင် ဝင်ရောက်လာစေတော့သည်။

မော့ယန်ရဲ့ အဆင့်တက်မှုဟာ မော့ချူးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ဆိုးရွားလှသည်တော့ မဟုတ်ပေ။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မျက်လုံးထဲတွင် အပြုံးများ ရောယှက်လာသည်။

ခဏလောက် အနားယူပြီးနောက် မော့ချူး ခလုတ်ခုံကိုဖွင့်လိုက်သည်။ သေချာတွေးကြည့်လိုက်တော့ သူမ 'စိတ်ဝိညာဉ် အစားအသောက်ဆိုင်' ရဲ့ပင်မစာမျက်နှာထဲ မဝင်ရတာ တစ်လနီးပါးရှိနေပြီဖြစ်သည်။ တည်းဖြတ်မုဒ်ထဲ ဝင်ပြီးနောက် မော့ချူးဆိုင်ရဲ့ အပြင်အဆင်ကို အနည်းငယ် ပြင်ဆင်လိုက်သည်။ ထို့နောက် မှတ်ချက်ကဏ္ဍတွင် စောင့်ကြည့်နေကြသည့် အင်တာနက်အသုံးပြုသူတွေမှာ ငါးနံ့ရတဲ့ ကြောင်တွေလိုမျိုး သုတ်သုတ်ပျာပျာ ပြေးလာကြတော့သည်!

All Chapters