← Chapters

အပိုင်း ၂၅၈

Vol. 18 Ch. 258

အပိုင်း ၂၅၈

Vol. 18 Ch. 258

[ဘုရားရေ၊ ငါ ဘာမြင်လိုက်တာလဲ?]

[စိတ်မပူနဲ့ ၊ ဒါက နင်စိတ်ကူးယဉ်နေတာ မဟုတ်ဘူး၊ ငါလဲ တွေ့လိုက်တယ်!]

[စိတ်ဝိညာဉ် အစားအစာ အရေအတွက် တိုးလာပြီ! စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ! ဒါက လတိုင်း နောက်ထပ်ဟင်းပွဲတစ်ပွဲစီ ရှိလာမှာလို့ ဆိုလိုတာလား?]

[ဟုတ်ပြီ ဆိုင်ရှင်ရေ! မြန်မြန်ထွက်လာပြီး ငါတို့ကို ပြောပြပါအုံး!]

အင်တာနက်အသုံးပြုသူတွေက အမြန်တုံ့ပြန်လာကြသည်။ စိတ်လှုပ်ရှားနေတဲ့ မှတ်ချက်တွေ တစ်ခုပြီးတစ်ခု ထွက်လာတာကို တွေ့လိုက်ရတဲ့အချိန်မှာ မော့ချူးလည်း စိတ်ဝိညာဉ်အစားအစာ အကြောင်းအရာကို ပြုပြင်မွမ်းမံတာ ပြီးသွားသည်။

[အကြောင်းကြားပါတယ်] မော့ချူး ခလုတ်ခုံမှာ စာရိုက်လိုက်သည်။ [ကျွန်ုပ်တို့ရဲ့ဆိုင်မှာ စိတ်ဝိညာဉ်အစားအစာအသစ် တိုးလာတဲ့အတွက် တစ်လကို ငါးယောက်စာကနေ ခြောက်ယောက်စာအထိ တိုးလိုက်ပါတယ်။ သင်တို့၏အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်]

[အိုက်ယား!] ကြေငြာချက်ထုတ်လိုက်သည်နှင့် အားလုံး ချက်ချင်း အားအင်တွေ ရလာကြသည်! နောက်ထပ် တစ်နေရာစာတဲ့! သူတို့တွေ နောက်ထပ်ကံကောင်းတဲ့သူ ဖြစ်လာနိုင်ပြီ!

"ဟင်?" မော့ယန် ဘေးကနေကြည့်နေကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။ “ဒီကဏန်းပေါင်းကို ဘာလို့မတင်တာလဲ?"

အဲ့ဒါရဲ့ အရသာရော၊ ဒြပ်စင်စွမ်းရည်ကို တိုးမြင့်နိုင်စွမ်းကရော အကျိုးသက်ရောက်မှုဟာ မဆိုးပါချေ။

"ညီမလဲ လုပ်ချင်ပါတယ်" မော့ချူး သက်ပြင်းချလိုက်ကာ သူမလက်တွေကို ကူကယ်ရာမဲ့စွာ ဖြန့်လိုက်သည်။ "ဒါပေမဲ့ အဓိကက ဒီဟင်းကိုညီမထည့်ထားရင်တောင် သူတို့စားကြမှာ မဟုတ်ဘူး!"

အကယ်၍ သူတို့သာ ဝိုင်းဝိုင်းလိုမျိုး အကုန်လုံးကိုမျိုချလိုက်ပါက အရသာလျှော့သွားမည်ဖြစ်ကာ၊ စိတ်ဝိညာဥ်အစားအစာရဲ့ အကျိုးသက်ရောက်မှုဟာလည်း လျော့နည်းသွားမည်ဖြစ်သည်။ သူမရဲ့ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ရဲ့ဂုဏ်သတင်းဟာလည်း ကောင်းတော့မည်မဟုတ်ပေ။

ဒီအမွေးထူဂဏန်းကိုမြင်တော့ သူတို့မျက်နှာပေါ်က ချစ်စရာကောင်းကာ ကြောင်တောင်တောင်နိုင်သည့် အကြည့်တွေကို ပြန်တွေးကြည့်မိရာ မော့ချူးရဲ့အကြံဟာ ကျိုးကြောင်းဆီလျော်ကြောင်း မော့ယန်သဘောမတူဘဲ မနေနိုင်ချေ။

ရုတ်တရက် 'တင်းတောင်' ဆိုသည့် အသံတစ်ခု အရှေ့စာမျက်နှာတွင် ထွက်ပေါ်လာသည်။

ဖွင့်ကြည့်လိုက်တော့ ဒါဟာ သီးသန့်မက်ဆေ့ချ်တစ်ခုဖြစ်မှန်း သူမသဘောပေါက်လိုက်သည်။ [အားနာပါတယ်၊ ဒါပေမဲ့ ငါ့ရောဂါကို ကုပေးဖို့ နည်းလမ်းမရှိတော့ဘူးလား?]

ဟမ်? ပထမတော့ မော့ချူး အံ့အားသင့်သွားသည်။ နာမည်နေရာတွင် စုန့်ချင်းစုန့်ဟူသည့် စကားလုံးကို သူမမြင်လိုက်ရသည့်အခါ သူမရဲ့အမူအရာ ပြောင်းသွားတော့သည်။

အို မဖြစ်‌ဘူး! နတ်ဘုရားစုန့်ရဲ့ရောဂါကို သူမဘယ်လိုလုပ် မေ့နေရတာလဲ! သူမ ခရိုင် ၁၂ တွင် တစ်လခွဲကျော်လောက်အချိန်ကြာခဲ့သည်။ စုန့်ချင်းစုန့်သည် သူမထံမှ လှုပ်ရှားမှု မရှိသည်ကို မြင်ခဲ့ရသည့်အတွက် သူ့ရောဂါဟာ ကူကယ်လို့မရတော့ဘူးလို့ သူထင်သွားတာဖြစ်နိုင်သည်။ ဒါက ကြီးကြီးမားမား နားလည်မှုလွဲသွားတာတာပင်!

မော့ချူး ထင်တာ မမှားပါချေ။ စုန့်ချင်းစုန့်သည် တစ်လနီးပါး စိတ်လှုပ်ရှားပူပန်စွာဖြင့် စောင့်ဆိုင်းခဲ့ရသည်။

သူ့ရင်ထဲတွင် စိုးရွံ့မှုတွေနှင့်ပြည့်နှက်နေသည်။ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ဟာ သူ့ရဲ့ အရင်က‌ဆေးမှတ်တမ်းတွေနဲ့ လက်ရှိဆေးစစ်ချက်တွေကို တောင်း‌ပြီးနောက် ဘာသတင်းမှထပ်မလာတော့မှန်း ဘယ်သူကထင်မှာတဲ့လဲ?

ဒီလိုအခြေအနေမျိုးတွင် သူ့ရောဂါဟာ အရမ်းပြင်းထန်လွန်းလို့ 'ကြီးစိုးခြယ်လှယ်သူ ဝိုင်းဝိုင်း'တောင် မတတ်နိုင်‌လောက်ဘူးလို့ သူ သံသယမဝင်ဘဲမနေနိုင်ခဲ့ပေ။ အဆုံးမှာတော့ သူ ဆိတ်ဆိတ်နေရုံသာ ရှိတော့သည်။

“သခင်လေး၊ သိပ်အများကြီး မစဉ်းစားပါနဲ့။ ဒီရောဂါကို သေချာလေ့လာဖို့ အချိန်တစ်ခုယူရမယ် မဟုတ်လား?” ဦးလေးဝမ့်သည် စုန့်ချင်းစုန့်ရဲ့မျက်နှာပေါ်က စိုးရိမ်နေတဲ့အကြည့်ကိုမြင်ကာ မနေနိုင်ဘဲ သူ့ကိုနှစ်သိမ့်လိုက်သည်။

ခလုတ်ခုံပေါ်က တိတ်ဆိတ်နေတဲ့ သီးသန့်မက်ဆေ့ချ်ကို ကြည့်ရင်း၊ စုန့်ချင်းစုန့်မနေနိုင်ဘဲ ခါးသက်စွာရယ်လိုက်မိသည်။ “ဦးလေးဝမ့်၊ ကျွန်တော့်ကို မနှစ်သိမ့်နေပါနဲ့။ ကျွန်တော့်ရောဂါအကြောင်း ‌ကျွန်‌တော်သိတယ်…”

တကယ်တော့၊ စတားနက်တွင် ဒီကိစ္စကို အာရုံစိုက်နေတဲ့သူတွေ တော်တော်များသည်။

သေချာပေါက်က်ို၊ တချို့က အဲဒါကို စောင့်မျှော်နေကြကာ တချို့ကတော့ ကြောက်လန့်စိုးရိမ်နေကြသည်။ ဘယ်လိုဘဲဖြစ်ဖြစ် စုန့်ချင်းစုန့် ဒုက္ခရောက်ပြီးနောက်ပိုင်း သူ့ကိုအနိုင်ကျင့်ခဲ့ကြတဲ့လူ တော်တော်များများရှိခဲ့တဲ့အတွက် ဒီအချိန်မှာ သူတို့စိတ်မသက်မသာဖြစ်နေရတာ သဘာဝပင်။

အဆုံးမှာ၊ အချိန်အတော်ကြာ စိတ်ပူရပြီးတဲ့နောက် အစောပိုင်း စာပြန်ထားတာကလွဲလျှင် 'ကြီးစိုးခြယ်လှယ်သူ ဝိုင်းဝိုင်း'ဟာ သဲလွန်စမရှိဘဲ ပျောက်သွားလိမ့်မယ်လို့ သူတို့မထင်ထားခဲ့ကြပေ။ သူတို့ ချက်ချင်း သက်ပြင်းချလိုက်ကြသည်။ မှန်တယ်! ဒါက မျိုးရိုးဗီဇပြိုကျတဲ့ရောဂါပဲ! လွယ်လွယ်နဲ့ ဘယ်လိုလုပ်ကုနိုင်မှာလဲ?

ဒီလူတွေ စိတ်အေးနေကြတုန်းမှာဘဲ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' က တကယ် စာပြန်လာသည်။ အဲ့ဒါကတော့ အင်တာနက်သုံးစွဲ‌သူ ‌တွေအားလုံးကို ထိတ်လန့်သွားစေတဲ့ ရိုးရှင်းတဲ့စာကြောင်းလေးတစ်ကြောင်းပင်။

[နတ်ဘုရားစုန့်၊ မင်းရဲ့မျိုးရိုးဗီဇပြိုကျတဲ့ရောဂါအတွက် ကုသဖို့ အစီအစဉ်ဆွဲထားပြီးပါပြီ။ ကျေးဇူးပြုပြီး အမြန်ဆုံး ဆက်သွယ်ပေးပါ]

All Chapters