← Chapters

အပိုင်း ၂၅၉

Vol. 18 Ch. 259

အပိုင်း ၂၅၉

Vol. 18 Ch. 259

"သခင်လေး၊ ကြည့်ပါအုံး!" ဦးလေးဝမ့်က ရုတ်တရက် အော်ပြောလာသည်။ သူ့မျက်လုံးတွေက တက်ကြွမှုတွေဖြင့် တောက်ပနေကာ လက်ချောင်းတွေက ခလုတ်ခုံကို တုန်ရီစွာဖြင့် ညွှန်ပြနေသည်။

ဘာဖြစ်လို့လဲ? စုန့်ချင်းစုန့် အသံကိုကြားတဲ့အခါ လှည့်ကြည့်လိုက်သည်။ ခလုတ်ခုံထဲမှ ပြန်စာအပေါ် သူ့အကြည့်တွေ ရောက်သွားတဲ့အခါ အစက မှုန်မှိုင်းနေတဲ့သူ့အကြည့်‌တွေ ရုတ်တရက် တောက်ပလာသည်။

"သခင်လေး၊ သူ့မှာကုသဖို့ အစီအစဉ်တွေရှိတယ်တဲ့" ခလုတ်ခုံပေါ်မှ ရိုးရိုးရှင်းရှင်း စာကြောင်းတစ်ကြောင်းကြောင့် ဦးလေးဝမ့်မှာ ဝမ်းသာအားရဖြင့် ငိုမိလုမတတ်ပင်။ သူ့မျက်လုံးတွေက အနည်းငယ် နီရဲနေသည်။ “ဒီတစ်ခါတော့ သေချာပေါက် ဘာပြဿနာမှ မရှိတော့ဘူး။ သခင်လေးရဲ့ရောဂါက သေချာပေါက် ပြန်သက်သာလာလိမ့်မယ်!”

“သူ စာပြန်လာတယ်။ သူတကယ် စာပြန်လာတာပဲ” စခရင်ပေါ်မှ အပြန်အလှန် စကားပြောခန်းကို ကြည့်ရင်း အမှောင်ထဲမှ အလင်းတန်းတစ်ခုကို မြင်လိုက်ရသလို စုန့်ချင်းစုန့် ခံစားလိုက်ရသည်။ ထိုအချိန်က ဤအလင်းတန်းသည် သူ့ဘဝတစ်ခုလုံးကို အလင်းပေးနိုင်လောက်အောင် လုံလောက်သည်မှန်း သူ မသိခဲ့ပေ။

"အမှန်ပဲ" ဒီအချိန်မှာ ဦးလေးဝမ့်လည်း အရမ်းစိတ်လှုပ်ရှားနေသည်။ သူက သတိပေးဖို့လည်းမမေ့ပေ။ “သခင်လေး၊ မြန်မြန် ပြန်ဖြေလိုက်လေ”

ဟုတ်တယ်။ စုန့်ချင်းစုန့် ခေါင်းညိတ်လိုက်သည်။

သူ့လက်ချောင်းတွေက ခလုတ်ခုံပေါ် ပြေးလွှားနေသည်။ သူဟာ စာရိုက်တာမှာ ကျွမ်းဝင်မှန်း သိသာသော်လည်း သူ့လက်တွေကတုန်နေတာကြောင့် စာကြောင်းကို အပြီးသတ်ဖို့ ရုန်းကန်ခဲ့ရသည်။ 'ကောင်းပြီ' ဆိုတဲ့ စကားလုံးကို ရိုက်ဖို့ မိနစ်ဝက်နီးပါးလောက် သူအချိန်ယူခဲ့ရသည်။

[တောင်းပန်ပါတယ်] စုန့်ချင်းစုန့်ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး မော့ချူးရဲ့နှုတ်ခမ်းတွေ ကွေးတက်သွားသည်။ [အစောပိုင်းက တစ်ခုခုဖြစ်နေခဲ့လို့ ခလုတ်ခုံကို အချိန်မီ မကြည့်ခဲ့ရဘူး။ အကြာကြီး စောင့်ခိုင်းမိသွားတယ် မလား?]

[အဆင်ပြေပါတယ်] စုန့်ချင်းစုန့် သူ့ရင်ထဲက စိတ်လှုပ်ရှားမှုတွေကို ဖိနှိပ်ကာ ဒီတစ်ခါ အမြန်ပြန်ဖြေလိုက်သည်။ [အမ်.... ငါ့ရောဂါက တကယ် ကုလို့ရတာလား?]

ခလုတ်ခုံပေါ်က ပြောထားတဲ့ စကားကို သူမြင်ရတာတောင် မယုံနိုင်သေးပေ။ သူသည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများစွာထံ သွားရောက်တွေ့ဆုံခဲ့သော်လည်း မည်သူ့ကိုမှ သူ့ရောဂါနှင့်ပတ်သက်၍ မယုံကြည်ခဲ့ရပေ။

[ဟုတ်ပါတယ်] 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ရဲ့သဘောထားဟာ တည့်တိုးဆန်ကာ ရိုးရှင်းသည်။ [ကုသမှုအစီအစဉ်က ရှိနိုင်ပေမယ့် အောင်မြင်နိုင်နှုန်းက ၅၀ ရာခိုင်နှုန်းပဲရှိပါတယ်။ လက်ခံနိုင်ပါရဲ့လား?]

၅၀%?

အဲဒါမြင့်သည်!

စုန့်ချင်းစုန့် အံ့အားသင့်သွားသော်လည်း ဘေးတွင်ရပ်နေတဲ့ ဦးလေးဝမ့်က အရင်ဆုံး စိတ်လှုပ်ရှားလာသည်။ “သခင်လေး၊ စိတ်မပူပါနဲ့။ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' က လည်ပင်းကြီးရောဂါကို ကုသတုန်းကလဲ အောင်မြင်နိုင်နှုန်းက ၅၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြောခဲ့ဖူးတယ်။ နောက်ဆုံးတော့ သူ အဆင်ပြေပြေနဲ့ ကုပေးနိုင်လိုက်တယ်လေ။ သခင်လေးရဲ့ရောဂါလဲ သေချာပေါက် ပြန်ကောင်းလာလိမ့်မယ်!”

ဒီစကားကိုကြားတဲ့အခါ စုန့်ချင်းစုန့်ရဲ့မျက်လုံးတွေ ပိုလို့တောင်တောက်ပလာသည်။ သို့သော်လည်း သူ့တွင် ယခင်က ကျရှုံးခဲ့တာတွေ အများကြီးရှိခဲ့တာကြောင့် သူ့ရင်ထဲက စိတ်လှုပ်ရှားနေမှုတွေကို ဖိနှိမ်ကာ တည်ငြိမ်အောင် လုပ်လိုက်သည်။ [ကုသမှုကို လက်ခံပါတယ်]

ဒီစကားဝိုင်းကာ မရေမတွက်နိုင်တဲ့ အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံကို သဘာဝအလျောက် ဆွဲဆောင်နိုင်ခဲ့သည်။ စုန့်ချင်းစုန့် ဒီလိုပြောလာတဲ့အခါ တစ်ခလုတ်ခုံရဲ့တစ်ဖက်မှာရှိတဲ့ မော့ယန် သက်ပြင်းတစ်ချက်ချလိုက်သည်။

မော့ယန် သူ့ညီမကို လုံးဝယုံကြည်ထားသည်။ ချူးလေးဟာ အောင်မြင်နိုင်ချေ ၅၀ ရာခိုင်နှုန်းသာ ရှိတယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ အောင်မြင်နိုင်ချေမှာ ၆၀-၇၀ရာခိုင်နှုန်း ရှိသည်။ သူ့ရဲ့ idol ပလ္လင်ပေါ်ပြန်ရောက်ပြီး ဘယ်လိုပြန်တောက်ပလာမလဲဆိုတာကို တွေးကြည့်ရုံဖြင့် မော့ယန်ရင်ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်သွားတော့သည်။

"အရမ်းကောင်းတယ်" သူမရဲ့ အစီအစဉ်ကို သူ့ဆီပြောပြရင်းနဲ့ မော့ချူးရဲ့ နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားသည်။ [အဲ့ဒီဘက်ကို ဆေးဖက်ဝင်ဟင်းလျာ တစ်စုံပေးလိုက်ပါမယ်။ တစ်နေ့သုံးကြိမ် စားသောက်ရမယ်။ ဒီကာလအတွင်းမှာ ဘာဆေးကိုမှ မသောက်ပါနဲ့။ အဲ့ဒါပြီးရင်တော့ ဆေးစစ်ချက်ရလဒ်မှတ်တမ်းတွေကို တစ်ရက်ခြား ပို့ပေးပါ။ အဲ့ဒီတော့မှ ဆေးဖက်ဝင်ဟင်းလျာတွေကို အချိန်နဲ့တပြေးညီ ပြောင်းလဲပေးလို့ရမှာပါ]

အစောပိုင်းက၊ မော့ချူးမှာ ဒီရောဂါကြောင့် ဒုက္ခရောက်ခဲ့ရသေးသည်!

သို့ပေမယ့် သူမ ဒီအကြောင်းကို တဖြည်းဖြည်း ပိုသိလာခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးထားတဲ့ရလဒ်တွေအရ နတ်ဘုရားစုန့်ရဲ့ဇီဝကမ္မဗေဒတွင် ပြဿနာမရှိပါချေ။ သို့ပေမဲ့ သူ့ရဲ့ထူးခြားစွမ်းရည်တွေမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ဒါက သူသည် အသင်းချုပ်မှအစားအသောက်တွေကို အချိန်ကြာမြင့်စွာ စားသုံးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ဒါက သူ့ရဲ့ မျိုးရိုးဗီဇမှာ ချို့ယွင်းချက် အဆင့်တစ်ခု ဖြစ်လာစေတာပင်။ အရင်ကတော့ ဒါကိုမသိခဲ့တာကြောင့် အဆင်ပြေနေသေးသည်။ သို့ပေမယ့် မီးစပျိုးလိုက်တာနဲ့ ဆက်တောက်လာမှာပင်။

ယခင်က စုန့်ချင်းစုန့်သည် မော့ချူးအား သူ့ရဲ့နာမကျန်းမှုဖြစ်စဉ်နှင့် ရောဂါဖြစ်ပွားရသည့်အကြောင်းတို့ကို အသေးစိတ် ဖော်ပြခဲ့ဖူးသည်။ အရေးကြီးဆုံးအချက်မှာ ထိုရက်အနည်းငယ်အတွင်း သူသည် ချောင်းမိသားစုမှထုတ်လုပ်သည့် ဆေးပြားတွေကို အဆက်မပြတ်သောက်နေခဲ့ခြင်းဖြစ်သည်။ ၎င်းဟာ သူ့ရဲ့ကျင့်ကြံမှုကို တိုးတက်စေကာ ဒြပ်စင်များကိုလည်း တိုးတက်စေသည်ဟု ဆိုသည်။

All Chapters