← Chapters

အပိုင်း ၂၆၀

Vol. 18 Ch. 260

အပိုင်း ၂၆၀

Vol. 18 Ch. 260

အဲ့ဒီဆေးကို မော့ချူး စတားနက်ပေါ်တွင် ရှာကြည့်ခဲ့သည်။ ပြုလုပ်နည်းအား လျှို့ဝှက်ထားကာ အဓိကပါဝင်ပစ္စည်းများကိုသာ ထုတ်ပြန်ကြေညာထားသည်။

၎င်းတို့ထဲမှ တစ်ခုမှာ 'သွေးဂျင်ဆင်းနွယ်ပင်' ဖြစ်သည်။

ဤအရာဟာ ၂၁ ရာစု၏ဂျင်ဆင်းနှင့်အနည်းငယ်ဆင်တူသည်။ အဲ့ဒါက သေချာပေါက် ကျန်းမာသန်စွမ်းမှုကို ကြီးကြီးမားမားတိုးတက်စေသည်။ အဲ့ဒီဆေးကို အချိန်အတော်ကြာသုံးစွဲပါက အမှန်တကယ်ပင် ကျင့်ကြံမှုကို တိုးတက်စေသည်။ သို့ပေမယ့် အလွန်အကျွံသောက်မိပါက အသက်သေဆုံးမှုကို ဖြစ်စေနိုင်သည်။

ဒါက နတ်ဘုရားစုန့်မှာ ဘာဖြစ်ခဲ့သလဲဆိုတာပင်။

၎င်းဟာ ရေတစ်ဝက်ရှိနေတဲ့ အိတ်လိုပင်။ ရေထည့်လိုက်တဲ့အခါ အစပိုင်းမှာတော့ သဘာဝအတိုင်း ရေတက်လာတာကို တွေ့ရလိမ့်မည်။ အကျိုးသက်ရောက်မှုက သိသာလှသည်။ သို့ပေမယ့် နောက်ဆုံးမှာတော့ ရေအိတ်က လုံးဝမထိန်းနိုင်တော့တဲ့အခါ 'ဖောက်' ခနဲ အပေါက်တစ်ခု ပေါ်လာလိမ့်မည်ပင်။ ထပ်ထည့်ထားတဲ့ရေတွေကို မပြောနဲ့အုံး အစောပိုင်းရှိနေတဲ့ ရေအိတ်တစ်ဝက်တောင် ထွက်သွားမှာပင်!

အဲ့ဒီအပေါက်ကိုပိတ်ရန် မော့ချူး နည်းလမ်းချက်ချင်းရှာရတော့သည်။

[ဘာဆေးမှ သောက်လို့မရဘူးလား?] ခလုတ်ခုံပေါ်က 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ရဲ့ တောင်းဆိုမှုကို ကြည့်ရင်း စုန့်ချင်းစုန့် အနည်းငယ် အံ့ဩသွားသည်။ ထူးဆန်းတယ်လို့ သူခံစားမိပေမဲ့ နောက်ဆုံးတော့ သဘောတူလိုက်သည်။ [ကောင်းပြီ၊ ငါနားလည်ပြီ]

မော့ချူးဘက်ကတော့ နတ်ဘုရားစုန့်အတွက် ဆေးဖက်ဝင်ဟင်းလျာတွေကို စတင်ပြင်ဆင်နေပြီဖြစ်သည်။

မော့ယန်မှာ အံ့ဩထိတ်လန့်နေရာကနေ သတိပြန်မဝင်လာသေးကာ တအံ့တသြဖြင့် မေးလိုက်သည်။ “‌ချောင်းမိသားစုက ထုတ်တဲ့ ဆေးလုံးတွေက နတ်ဘုရားစုန့် မျိုးရိုးဗီဇပြိုကွဲတဲ့ရောဂါရရတဲ့ အကြောင်းအရင်းလို့ ပြောချင်တာလား?"

ချောင်းမိသားစုဟာ ဆေးဖက်ဝင်ဆေးဝါးများထုတ်သည့် မျိုးနွယ်စု မိသားစုတစ်စုဖြစ်ကြောင်း သိထားရမည်ပင်။ အဖွဲ့ချုပ်တစ်ခုလုံးတွင် သူတို့ထုတ်လုပ်ထားသည့် ဆေးဝါးတွေရဲ့ အရည်အသွေးကို မည်သူမျှ မေးခွန်းမထုတ်ရဲပါချေ။

“ဟုတ်တယ်" မော့ချူး ခေါင်းညိတ်လိုက်သည်။ သူမရဲ့အစ်ကိုကြီး ဒီကနေသတိပြန်မဝင်‌လာသေးတာကို မြင်တော့ သူမ ဆက်ပြောလိုက်သည်။ “အဲ့ဒါက အဓိပ္ပာယ်ရှိတယ်မလား? ဒီဆေးဖက်ဝင် ဟင်းလျာကိုစားပြီးရင် နတ်ဘုရားစုန့်ရဲ့အခြေအနေ ပြန်ကောင်းလာမလားဆိုတာ စောင့်ကြည့်ဖို့ပဲ လိုတော့တယ်"

မော့ယန် ခဏလောက် စဉ်းစားကြည့်လိုက်တော့ တကယ်အဓိပ္ပါယ်ရှိသလိုပင်။

မြေခွေးပျံလေးက နတ်ဘုရားစုန့်ရဲ့ ဆေးဖက်ဝင်အစားအစာကို သွားပို့ပေးပြီးမှ နောက်ဆုံးတော့ မော့ချူး သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ ဆိုဖာပေါ်တွင် လဲလိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။

အဆုံးမှာ သူမ တစ်ခဏလောက်မျက်လုံးကို မှေးကျဉ်းဖွင့်ကြည့်လိုက်သည်!

သေစမ်း! သူမရှေ့မှာ မျက်နှာအကြီးကြီးတစ်ခု!

မော့ချူး အရမ်းလန့်သွားကာ သူမ ခန္ဓာကိုယ်ကလည်း ချက်ချင်း ခပ်မတ်မတ် ဖြစ်သွားတော့သည်။ သေချာကြည့်လိုက်မှ သူမ စိတ်အေးသွားတော့သည်။ "ချင်ယွဲ့ ရှင် ဘာလုပ်တာလဲ? ကျွန်မကို လန့်အောင်လုပ်နေတာပဲ!"

"ဟေး၊ ငါက မင်းတို့ကို စိတ်ပူလို့ပါ" ချင်ယွဲ့ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ သူမကို ဂရုတစိုက်ကြည့်လိုက်သည်။ သူမ အန္တရာယ်ကင်းကာ အသံလည်းထွက်ကြောင်းမြင်မှ သူ့ရင်ထဲစိတ်အေးသွားရသည်။ သူလျှာကိုနှိပ်ကာ သက်ပြင်းချလိုက်သည်။ "အမှန်ပဲ။ မင်းက ကံကောင်းတဲ့ကြယ်လေးလေ။ ဘာဖြစ်နိုင်မှာမို့လို့လဲ?"

နောက်တော့ သူမော့ချူးဘေးမှာ ထိုင်ကာ ခလုတ်ခုံကိုဖွင့်လိုက်သည်။ “မင်းတို့တွေ ဒီတလော ခရိုင် ၁၂ မှာရှိနေတာမလား? ငါတို့ရိုက်ထားတဲ့ reality show ကို ကြည့်ဖို့ မင်းတို့တွေ အချိန်မရှိလောက်ဘူးလို့ ငါထင်တယ်"

"ငါပြောမယ်၊ ငါတို့ အခုလုံးဝကို နာမည်ကြီးနေပြီ!" ဒီအကြောင်းအရာကိုပြောတဲ့အခါ ချင်ယွဲ့ရဲ့ မျက်နှာက တောက်ပလာကာ၊ သူ့ရဲ့ ထူထဲတဲ့ မျက်ခုံးတွေနဲ့ မျက်လုံးကြီးကြီးထဲ စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်နေသည်။

"မင်းတို့ခရိုင် ၁၂ မှာရှိနေတဲ့လမှာ 'ဘယ်သူက အသန်မာဆုံးလဲ' ရဲ့ ဒုတိယအစီအစဉ်ရဲ့ တတိယအပိုင်းကို ထုတ်လွှင့်ခဲ့တယ်။ အဲ့ဒါက အွန်လိုင်းပေါ်မှာ ကြည့်ရှုတဲ့သူ သန်း ၆၀ တောင်ရှိနေပြီ။ ဒါက အဖွဲ့ချုပ်ရဲ့ ဖျော်ဖြေရေးလုပ်ငန်းသမိုင်းမှာ မှတ်တမ်းတင်နိုင်ခဲ့တာဘဲ!"

သေသေချာချာ တွေးကြည့်ပါက မယုံနိုင်စရာပင်။ ဒါက အဖွဲ့ချုပ်မှာရှိတဲ့ လူသုံးပုံနှစ်ပုံက သူတို့ကိုသိနေကြပြီလို့ ဆိုလိုတာပဲ!

“ကြည့်ကြည့်!” မော့ချူးရဲ့ သိချင်နေတဲ့အကြည့်ကို မြင်တော့ ချင်ယွဲ့ရဲ့ ပြောပြချင်စိတ်က ပိုပြင်းထန်လာသည်။ သူ့လက်ချောင်းနဲ့ ခလုတ်‌ခုံပေါ်အကြိမ်အနည်းငယ် ပွတ်ဆွဲလိုက်သည်။ "ငါတို့အတွက် အထူးတလည်နဲ့ ကျော်ကြားမှုအဆင့်လုပ်ထားပေးတဲ့သူ‌တောင် ရှိသေးတယ်!"

မော့ချူး သေချာကြည့်လိုက်သည်!

အမှန်ပင်!

ပထမနေရာကတော့ သဘာဝအတိုင်း ကျော်ကြားလှသည့် နတ်ဘုရားစုန့်ဖြစ်သည်။

မော့ချူး မထင်ထားခဲ့တာကတော့ သူမက ဒုတိယနေရာတွင်ရှိနေတာပင်!

“ဟုတ်တယ်” ချင်ယွဲ့လည်း သူ့ကိုယ်သူ ဂုဏ်ယူနေပုံရသည်။ "မင်းရဲ့ ကံကောင်းတဲ့ကြယ်လေး ဆိုတဲ့နာမည်ပြောင်က အခု ပိုပိုပြီး နာမည်ကြီးလာပြီ။ ဒီအဆင့်ကိုကြည့်အုံး၊ ဒါကလူကြိုက်များတဲ့ရုပ်ရှင်သရုပ်ဆောင်တချို့ကိုတောင် ကျော်တက်သွားတာ။ မင်းက ငါတို့အဖွဲ့ရဲ့ဂုဏ်ကိုဆောင်ပေးနေတာပဲ!

All Chapters