← Chapters

အပိုင်း ၂၆၁

Vol. 18 Ch. 261

အပိုင်း ၂၆၁

Vol. 18 Ch. 261

သူမ ဆက်ဖတ်ကြည့်တော့ မော့ယန်ရဲ့ အဆင့်ကလည်း မနိမ့်ပါချေ၊ ဒါပေမယ့် ဒါက..… ဒါကဘာကြီးလဲ?

ချင်ယွဲ့ မနေနိုင်ဘဲ စိတ်ထိခိုက်နေသည့် အမူအရာကို ထုတ်ပြလာသည်။ “မင်း မှားမြင်တာမဟုတ်ဘူး။ ဒါက မင်းရဲ့ဝိုင်းဝိုင်း ပုံပဲ။ တစ်ယောက်ယောက် သူ့ကို လူကြိုက်များတဲ့အဆင့်မှာ တကယ်ကြီး ထည့်ထားတာ။ ဒါက လွန်လွန်းတယ်!”

"အာဝူး အာဝူးး-" မော့ချူးရဲ့ရင်ဘတ်ပေါ်မှာ မှီနေတဲ့ ဝိုင်းဝိုင်းတစ်ယောက် အဲ့ဒီစကားကိုကြားတော့ မျက်လုံးတွေကို ချက်ချင်းဖွင့်လိုက်တော့သည်။ သူက ချင်ယွဲ့ကို အကြိမ်များစွာ ပြင်းပြင်းထန်ထန် အော်လိုက်သည်။ မင်း မကျေနပ်ဘူးလား? ငါက ချစ်ဖို့ကောင်းတဲ့ သားရဲတစ်ကောင်ပဲ။ ဘယ်လိုထင်လဲ?

ဝိုင်းဝိုင်းရဲ့ ချွန်ထက်နေတဲ့ သွားတွေကိုမြင်တော့ ချင်ယွဲ့မနေနိုင်ဘဲ နောက်တွန့်သွားသည်။ အမှန်ဘဲ၊ အဲဒါက အရမ်းကို အကျိုးကြောင်းမသင့်ဘူး! ဝိုင်းဝိုင်းက သုံးကြိမ်၊ လေးကြိမ်လောက်သာ ပေါ်လာဖူးတာကို တကယ့်တကယ်တော့ လူကြိုက်များတဲ့ အဆင့်က သူ့ထက်တောင်မြင့်နေသေးတယ်။ အဲ့ဒီမှာပြဿနာရှိနေတာဖြစ်မယ်!

"အိုး ဟုတ်သား၊ ချင်ယွဲ့" မော့ယန် သူ့ကို ကျေးဇူးတင်သည့်အနေဖြင့် ရေတစ်ခွက် ပေးလိုက်သည်။ "အရင်တစ်ခေါက် အကြီးကြီးကူညီပေးခဲ့တာ၊ ကျေးဇူးတင်ပါတယ်!" ချင်ယွဲ့ စီစဉ်ပေးတာကြောင့်သာ မဟုတ်ပါက တင်းတင်ကျပ်ကျပ်ပိတ်ထားသည့် ခရိုင် ၁၂ ထဲသို့ သူဝင်ရောက်နိုင်မည်မဟုတ်ပေ။

“ဟေး!” ချင်ယွဲ့က သူ့လက်ကို အသာဝှေ့ယမ်းလိုက်သည်။ “မင်းပြောတာကြည့်ပါအုံး။ ငါတို့က ညီအစ်ကိုကောင်းတွေပဲလေ!"

"ဒါပေမယ့် ငါ့ကို တကယ်ကျေးဇူးတင်တယ်ဆိုရင်" ချင်ယွဲ့က ရုတ်တရက် အကြောင်းအရာကို ပြောင်းလိုက်ကာ လှည့်ကြည့်လာသည်။ "ငါ့ကိုကူညီပေးရင်ရော?"

… ဟင်?

သူတို့သုံးယောက် လမ်းမှာလျှောက်လာရင်း နောက်ဆုံးတော့ မော့ယန် တုံ့ပြန်လာသည်။ "ဒီတော့ မင်းက ငါတို့ကို မင်းနဲ့အတူ စျေးဝယ်ထွက်ခိုင်းတာလား?"

"ငါနဲ့စျေးဝယ်ထွက်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ?" ချင်ယွဲ့က သူ့အဝတ်အစားတွေကို အနည်းငယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်သည်။ သူက ခေါင်းကို မော့ကာ ရင်ဘတ်ကို ခပ်ဖွဖွပုတ်လိုက်ရင်း တရားနည်းလမ်းတကျပြောလာသည်။ “မင်းတို့ကို ငါ့ကို အားပေးခိုင်းတာ"

ဒီလိုအရေးကြီးတဲ့နေ့ကို သူဘယ်လိုလုပ် လက်လွှတ်နိုင်ရမှာလဲ?

မော့ချူးက သူတို့နှစ်ယောက်ကြားမှာလျှောက်နေသည်။ အရင်ကထက် အများကြီး ပိုအသက်ဝင်နေတဲ့ လမ်းတွေကို ကြည့်ရင်း သူမ မတတ်နိုင်ဘဲ နားမလည်ဖြစ်သွားရသည်။ "ဘာတွေဖြစ်နေတာလဲ? ဒီနေ့က ထူးခြားတဲ့နေ့လား?"

"ဟုတ်တယ်လေ!" ချင်ယွဲ့က မော့ချူးကို မယုံကြည်နိုင်သလိုကြည့်ကာ အံ့ဩတကြီးပြောလာသည်။ "အဖွဲ့ချုပ်က အရေးကြီးဆုံး ချစ်သူများနေ့အကြောင်းကိုတောင် မင်းမသိဘူးလား?"

"ချစ်... ချစ်သူများနေ့?" မော့ချူး အံ့ဩသွားသည်။ ဒါက ၂၁ ရာစုရှိ Valentine's Day နှင့်ဆင်တူသည်။

"မှန်တယ်" ချင်ယွဲ့ ခဏလောက် စဉ်းစားကြည့်လိုက်ပြီး သူ့အမူအရာ နူးညံ့သွားသည်။ သူက ခေါင်းညိတ်ကာ ပြောလာသည်။ “မင်းက ငယ်သေးတယ်ဆိုတော့ ဒီမှာအပျော်သဘောဝင်ပါပေါ့။ သိပ်တော့ အသုံးမဝင်ပါဘူး။ မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ အရေးမကြီးဘူး"

"လာကြ၊ တစ်ခုရွေးလိုက်" သူတို့ဘေးက ဆိုင်သေးသေးလေးတစ်ဆိုင်ကို ဖြတ်သွားတဲ့အချိန် ချင်ယွဲ့ကလက်ကိုယမ်းလိုက်ကာ မျက်နှာပြောင်ပြောင်ဖြင့် ပြောလိုက်သည်။ “မင်းကြိုက်တဲ့ဟာ ငါဝယ်ပေးမယ်!”

ဒီလို ရက်ရောတဲ့ စကားလုံးတွေ သူ့ဆီကနေထွက်လာတာနဲ့ ဆိုင်ရှင်က ချက်ချင်းပဲ သူ့ကိုအနှောင့်အယှက် ပေးလာသည်။

“မလိုပါဘူး။ ဒါတွေအားလုံး အလကားပါ၊ အလကား!" နောက်တော့ သူလှည့်ကာ မော့ချူးကို ရှက်ရွံ့စွာဖြင့်ကြည့်လိုက်သည်။ “ဟိုဟာ….. ဒီမှာ၊ ငါ့အတွက် လက်မှတ်ထိုးပေးလို့မလား? ငါ့သား မင်းကို အရမ်းသဘောကျတာ!”

“ရပါတယ်" မော့ချူးမှာ အစပိုင်းတော့ အံ့အားသင့်သွားပေမယ့် ချင်ယွဲ့ရဲ့ စနောက်လိုတဲ့ အကြည့်အောက်မှာ ချက်ချင်း သဘောတူလိုက်သည်။

“ဟင်း" ဒါကိုကြားတော့ ဆိုင်ရှင်ရဲ့မျက်နှာက ရွှင်မြူးသွားတော့သည်။ သူက ချက်ချင်းဆိုသလို ဘေးကနေ လက်ရာမြောက်တဲ့ မှတ်စုစာအုပ်ကိုယူကာ ရှေ့စာမျက်နှာကိုဖွင့်လိုက်ပြီး မော့ချူးရှေ့တွင် ဂရုတစိုက်ထားလိုက်သည်။ "ဒီမှာ လက်မှတ်ထိုးလို့ရတယ်"

“ကောင်းပါပြီ” အရင်တုန်းက အတွေ့အကြုံအရ မော့ချူး ဘောပင်အား ဝှေ့ယမ်းကာ လျင်မြန်ကျွမ်းကျင်စွာဖြင့် လက်မှတ်ထိုးလိုက်သည်။

"လာ၊ လာရွေးပါ၊ လာရွေး!" ဆိုင်ရှင်က မှတ်စုစာအုပ်ကို ဖယ်လိုက်ပြီး သူတို့ကို ပြုံးပြုံးလေး ဝှေ့ယမ်းပြလိုက်သည်။

“ကြည့်လေ၊ ငါ့မှာ ပိုက်ဆံပါတာတောင် ပိုက်ဆံမသုံးရဘူး" ချင်ယွဲ့က ရှေ့ကိုအနည်းငယ်လှမ်းကာ လေးနက်သည့် ကိစ္စရပ်တစ်ခုလို ခေါင်းယမ်းလိုက်သည်။ "ငါက မင်းတို့ကို ဝယ်ပေးချင်ပေမယ့် အခုတော့ မော့ချူးရဲ့ကျေးဇူးနဲ့ စိန်နားကပ်အရောင်ကြောင့် ပါးပြောင်သွားပြီ။ အိုက်ယိုး၊ ဒီမျက်နှာဖုံးတွေက တကယ်ကောင်းတာ!”

"မျက်နှာဖုံးတွေ?" ဒါကိုကြားတော့ မော့ချူး မော့ကြည့်လိုက်သည်။ အမှန်ပင်! ဆိုင်ထဲတွင် မျက်နှာဖုံးတွေမျိုးစုံရှိသည်။ ၎င်းတို့တွင် မှော်အပင်များနှင့် သားရဲပုံစံအမျိုးမျိုးရှိသည်။ အဲ့ဒါတွေက ထင်းထင်းလင်းလင်းနှင့်စိတ်ဝင်စားဖို့ကောင်းသည်။

All Chapters