← Chapters

အပိုင်း ၂၆၂

Vol. 18 Ch. 262

အပိုင်း ၂၆၂

Vol. 18 Ch. 262

“အင်း" တစ်ဖက်မှနေ မော့ယန်က ခပ်တိုးတိုးလေး ရှင်းပြလာသည်။ “ဒီမျက်နှာဖုံးတွေကို ဆိုင်ရှင်တွေကိုယ်တိုင် ဆွဲထားတာ။ ထပ်နေတဲ့ပုံတွေမရှိဘူး"

ဒါကိုကြားတော့ မော့ချူး သေချာကြည့်လိုက်သည်။ အမှန်ပင်! မျက်နှာဖုံးပေါ်ရှိ မှော်အပင်များနှင့် မှော်သားရဲများ အားလုံးဟု ကွဲပြားကြသည်။ တစ်ခုလေးမှ တူနေတာမရှိပေ။

"ဒါပေမယ့် ဆိုင်တွေ အများကြီးရောင်းကြတော့ မျက်နှာဖုံးအမျိုးအစားတစ်ခု၊ နှစ်ခုလောက်တော့ တူကြတာ‌တွေ အမြဲရှိတယ်။ လမ်းမှာ သွားနေတုန်း မျက်နှာဖုံးပေါ်က မှော်အပင်တွေ ဒါမှမဟုတ် မှော်သားရဲတွေနဲ့တူတဲ့လူနဲ့ဆုံရင် အတူတူ လိုက်ပတ်သွားဖို့ ပြောစရာမလိုဘဲ သဘောတူကြတယ်"

အိုး… ဒါကိုကြားမှ နောက်ဆုံးတော့ မော့ချူးသဘောပေါက်သွားတော့သည်။ မမြင်ဘဲတွဲကြတာတွေလိုပေါ့?

နောက် သူမဘေးနားက ချင်ယွဲ့ကို ကြည့်လိုက်တော့ ရွေးဖို့ကိုရှုပ်ထွေးနေသည်။

ဘယ်ဘက်နဲ့ ညာဘက်ကို ရွေးပြီးတာတောင်မှ သူ့လက်ထဲတွင် မျက်နှာဖုံးသုံးခု ကျန်နေသေးသည်။ သူ ဆုံးမဖြတ်နိုင်တော့ဘဲ မော့ချူးကို ကြည့်လိုက်သည်။ "ချူးလေး လာကူကြည့်ပေးပါအုံး။ ဘယ်ဟာကပိုကောင်းလဲ?"

မော့ချူး သေချာကြည့်လိုက်ကာ မနေနိုင်ဘဲ မျက်မှောင်အသာကြုတ်လိုက်မိသည်။

သုံးခုလုံးဟာ လှပတဲ့ ပန်းပုံစံမှော်အပင်တွေဖြစ်သည်။ အားလုံးက တကယ်လှပေမယ့် ချင်ယွဲ့ရဲ့ မျက်နှာကြီးကြီးနဲ့တွဲကြည့်ပါက နည်းနည်းတော့ ထူးဆန်းနေလိမ့်မည်။

"ဒီလိုပုံစံမျိုးကို ကြိုက်တာလား?" မော့ချူး တံတွေးမျိုချလိုက်ပြီး အချိန်အတော်ကြာမှ မေးလိုက်သည်။ သူမရဲ့အမြင်အရတော့ ချင်ယွဲ့အ‌နေဖြင့် ခက်ထန်ကာ စွမ်းအားပြည့်လှသည့် မှော်သားရဲပုံစံမျိုးကို ရွေးချယ်သင့်သည်။ နူးညံ့တဲ့ပန်းကို သူဘာလို့ရွေးတာလဲ?

"မင်းဘာသိလို့လဲ?" ချင်ယွဲ့ မော့ချူးကို တစ်ချက်ကြည့်လိုက်ပြီး သူမနား နားတွင်တိုးတိုးလေး ပြောလိုက်သည်။ “ငါ အများကြီး ကြိုးစားကြည့်ပြီးပြီ။ မိန်းကလေးတွေက ဒီလိုမှော်အပင်ပုံစံမျိုးတွေပဲ သေချာပေါက် ရွေးကြတာ။ အဲဒီအခါကျ ငါတို့တွေ အတူတူ လိုက်ပတ်လို့မရတော့ဘူးမလား?"

အိုး…ဆိုတော့ ဒါက ချင်ယွဲ့ရဲ့ နည်းဗျူဟာပဲ!

“ဒါပေမဲ့" မော့ချူးက ခဏလောက်စဉ်းစားလိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ “မိန်းကလေးအများစုက သူတို့ကြိုက်တဲ့ကောင်လေးတွေနဲ့တွဲဖို့ ကြမ်းကြုတ်တဲ့ မှော်သားရဲမျက်နှာဖုံးကိုပဲ တမင်ရွေးကြရင် ဘယ်လိုလုပ်မလဲ?"

ချင်ယွဲ့မှာ မော့ချူးရဲ့စကားကို ကြားလိုက်ရတဲ့အခါ ချက်ခြင်းဘဲ ထိတ်လန့်သွားတော့သည်။ မှန်တယ်၊ သူဘာလို့ ဒါကို မစဉ်းစားခဲ့မိတာလဲ?

"မေ့လိုက်တော့၊ ချူးလေးလဲ တစ်ခုမြန်မြန်ရွေးလိုက်တာ ပိုကောင်းမယ်" ချင်ယွဲ့ရဲ့ ကြက်သေသေနေတဲ့အကြည့်ကို မြင်‌တော့ မော့ယန် မထိန်းနိုင်ဘဲ ခပ်ဟဟရယ်လိုက်သည်။ "ပြောရမယ်ဆိုရင် ဒါက ဒီပွဲတော်မှာ ညီမလေး ပထမဆုံးအကြိမ် ပါဝင်တာလေ။ လူတွေများလာတဲ့အခါကျ ပိုအသက်ဝင်ပြီး ပျော်စရာကောင်းလာလိမ့်မယ်!”

မော့ယန်ရဲ့စကားကိုကြားတော့ မော့ချူးလည်း နည်းနည်းစိတ်ဝင်စားသွားသည်။

ဆိုင်တစ်ဝိုက်ကို လိုက်ကြည့်လိုက်တော့ ဆိုင်ရဲ့အပေါ်နားမှာ မျက်နှာဖုံးတစ်ခုကို သူမရုတ်တရက်တွေ့လိုက်သည်။ သူမ မျက်လုံးတွေ တောက်ပသွားပြီး ပြောလိုက်သည်။ "ညီမလေး အဲ့ဒါကိုလိုချင်တယ်!"

ဆိုင်ရှင်က မျက်နှာဖုံးကို ယူလိုက်ကာ မော့ချူးကို အဆင်မပြေစွာဖြင့် ပေးလိုက်သည်။ "မင်းတကယ် ဒါကိုလိုချင်တာလား? ဒါက မနှစ်ကကျန်နေတဲ့ အဟောင်းပဲ။ အခုထိ မရောင်းရသေးလို့"

ချင်ယွဲ့ စူးစမ်းကြည့်လိုက်သည်။ "မထူးဆန်းတော့ဘူး! ဒီသွေးအလင်းသားရဲက သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ပုံစံကြောင့် နာမည်ကြီးတယ်။ သာမာန်လူတွေဆို ဒီဟာကို မယူရဲကြဘူး။ မော့ချူးရေ၊ မင်းသာ ဒီမျက်နှာဖုံးတပ်မယ်ဆိုရင် ဒီည တစ်ယောက်တည်းသွားရဖို့ ပြင်ထားတော့!"

အမှန်ပင်! မော့ချူးရဲ့လက်ထဲ၌ မျက်နှာဖုံးတွင် သွေးအလင်းသားရဲပုံကို ရေးဆွဲထားသည်။

ဝိုင်းဝိုင်းရဲ့ ပုံမှန်အတိုင်း အစားကြူးကာ ချစ်စရာကောင်းသည့်အသွင်အပြင်နှင့် မတူဘဲ၊ ဒီသွေးအလင်းသားရဲရဲ့ မျက်နှာကတော့ ရက်စက်ကာ ကြောက်စရာကောင်းလှသည်။ သွေးဆာနေသည့် ရက်စက်ကြမ်းကြုတ်တဲ့ အရောင်အဝါဟာ ဒီမျက်နှာဖုံးကနေ ထွက်လာသလိုပင်။ သို့ပေမယ့် ထိုအနီရောင်တောက်တောက်မျက်လုံးတစ်စုံက ၎င်းနှင့် ဝိုင်းဝိုင်းတို့ဟာ မျိုးနွယ်တူဖြစ်ကြောင်း ပြနေသည်။

"ဒီဟာပဲယူမယ်" မော့ချူး စိတ်ဝင်တစားဖြင့် ပြုံးကာ မျက်နှာဖုံးကို ဝတ်လိုက်တော့ အနက်ရောင် မျက်လုံးတစ်စုံနဲ့ နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံသာ ပေါ်နေတော့သည်။

မော့ချူး မျက်နှာဖုံးတပ်ထားပြီးသားဖြစ်နေတာကိုမြင်တော့ မော့ယန်လည်း သာမာန်ကာလျှံကာ တစ်ခုယူလိုက်သည်။

နောက်ဆုံးတော့ ချင်ယွဲ့တစ်ယောက်သာ အကျပ်ရိုက်နေသေးသည်။

သူ မနေနိုင်ဘဲ ရေရွတ်လိုက်သည်။ “အင်း… ဒီတစ်ခုက ပိုလှတယ်၊ မိန်းကလေးတွေ ကြိုက်လောက်တယ်။ မဟုတ်ဘူး၊ ဒီအရောင်လဲ မဆိုးဘူး။ ဟင်းး၊ မဟုတ်ဘူး! မော့ချူး ပြောတဲ့အတိုင်းသာ တကယ်ဖြစ်နေရင် ငါ့လိုခပ်ထွားထွားလူတစ်ယောက်ဘဲ လမ်းပေါ်မှာလိုက်သွားနေရမှာပေါ့?"

အဲ့ဒီမြင်ကွင်းကိုတွေးမိတော့ ချင်ယွဲ့တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားတော့သည်။ မဖြစ်ဘူး၊ ဒါက အရမ်းကြောက်ဖို့ကောင်းတယ်။ နောက်ဆုံးတော့၊ သူ ရိုးရိုးရှင်းရှင်း မှော်သားရဲမျက်နှာဖုံးကိုသာ ရွေးလိုက်ကာ သူ့မျက်နှာပေါ်တွင် တပ်လိုက်သည်။

All Chapters