← Chapters

အပိုင်း ၂၆၄

Vol. 18 Ch. 264

အပိုင်း ၂၆၄

Vol. 18 Ch. 264

ချောင်းဟုန်မိန်နဲ့ မော့ချူးတို့ စာရင်းသွင်းရန် တစ်‌ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်တက်လာကြသည်။

စာရင်းသွင်းရမယ့်အချိန်ပြီးသွားတဲ့အခါ အလှမယ်ပြိုင်ပွဲကို တရားဝင်စတင်လိုက်သည်။

ပထမအကျော့မှာ ရှေးဟောင်းပစ္စည်း အကဲဖြတ်ခြင်းဖြစ်သည်။

ဤသည်မှာ နှစ်စဉ် အလှမယ်ပြိုင်ပွဲ၏ သီးသန့်အစီအစဉ်ဖြစ်သည်။ အချိန်တိုင်း ပြုလုပ်ခဲ့ပေမယ့် လူတိုင်းရဲ့ စိတ်ဝင်စားမှုက လျော့ကျမသွားပါချေ။

ချောင်းဟုန်မိန်က ဒါကိုသိထားတာကြောင့် မော့ချူးကို တက်လာဖို့ တမင်ဆွခဲ့တာဖြစ်သည်။ ဒီကောင်မလေးရဲ့ နောက်ခံနဲ့ အမြင်နဲ့ဆို ရှေးဟောင်းပစ္စည်းရဲ့ အထောက်အထားကို မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်လိမ့်မယ်လို့ သူမ မယုံပါချေ။ သူမဟာ ရှေးဟောင်းပစ္စည်းနည်းနည်း‌ပါးပါးလောက်တောင် မြင်ဖူးမှာမဟုတ်ဘူး!

ဟမ့်! ခဏနေကျ မင်းကိုယ်မင်း ဘယ်လိုအရူးလုပ်မလဲဆိုတာ ငါစောင့်ကြည့်နေမယ်! ချောင်းဟုန်မိန် မိုချူးကို စိုက်ကြည့်လိုက်ကာ သူမရဲ့ နှုတ်ခမ်းနီနီရဲရဲက အနည်းငယ် ကော့တက်သွားသည်။ သူမရဲ့မျက်လုံးတွေက မော့ချူးအပေါ် အထင်အမြင်သေးမှုတွေဖြင့် ပြည့်နှက်နေသည်။ ဒီနေ့တော့ ငါတို့နှစ်ယောက်ကြားက ကွာဟချက် ဘယ်လောက်ကြီးလဲဆိုတာ မင်းတွေ့ရလိမ့်မယ်!

အလျင်အမြန်ဘဲ၊ ရှေးဟောင်းပစ္စည်း အစစ်နဲ့အတု၁၀စုံဟာ ကန့်လန့်ကာနောက်မှနေ ထွက်လာသည်။

စည်းမျဉ်းတွေအရ လူတိုင်းဟာ ဒီ၁၀စုံထဲမှ အစစ်တွေကို ရွေးချယ်ကာ သူတို့ဆီပေးထားသည့် ကတ်ထူပြားပေါ်တွင် အမှတ်စဉ်နံပါတ်ကို ရေးရမည်ဖြစ်သည်။

ယခုအချိန်တွင် ချောင်းဟုန်မိန်တစ်ယောက် ယုံကြည်မှုအပြည့်ရှိနေသည်။ သူမ မော့ချူးကို တစ်ချက်လေးတောင် မကြည့်ပေ။ သူမ ခေါင်းကိုမော့ကာ အလယ်ရှိ ရှေးဟောင်းပစ္စည်း အနည်းငယ် တင်ထားသည့်စင် ကြည့်လိုက်သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းငုံ့ကာ ရေးလိုက်သည်။

ဒါကိုမြင်တော့ စင်အောက်က ချင်ယွဲ့မှာ မော့ချူးအစား ချွေးတွေပြန်လာသည်။ စောစောက သူ ချောင်းဟုန်မိန်ကိုဒေါသထွက်ပြီး မော့ချူးကို ဝင်ပြိုင်ဖို့ ချက်ချင်းတောင်းဆိုခဲ့မိသည်။ ဒီအကျော့သုံးကျော့က မလွယ်ပေ!

မော့ချူးလည်း ချောင်းဟုန်မိန်ရဲ့ မထီမဲ့မြင်ပြုတဲ့ အကြည့်ကို သဘာဝအလျောက် ရလိုက်သည်။ သူမ မနေနိုင်ဘဲ နှုတ်ခမ်းထောင့်တွေကို တွန့်ကွေးလိုက်သည်။ ထို့နောက်တွင်တော့ ရှေးဟောင်းပစ္စည်း အတုနဲ့အစစ် ၁၀စုံဆီ သူမအကြည့်တွေ ရောက်သွားကာ သူမရဲ့မျက်လုံးတွေထဲ အပြုံးရိပ်တစ်ခု ပေါ်လာသည်။

ဒီဟာတွေကို.... သူမအနေနဲ့ အစစ်နဲ့အတုဆိုပြီးခွဲဖို့ လိုသေးလို့လား?

အရင်ဆုံး ရှေးဟောင်းပစ္စည်း တစ်စုံမှာ လျှပ်စစ်ပစ္စည်းတွေဖြစ်သည်။ အဲ့ဒီထဲက တစ်ခုမှာ မော့ချူးနဲ့ တော်တော်ရင်းနှီးလှသည့် ၂၁ ရာစုရှိ ဖုန်းတစ်လုံးဖြစ်သည်။ တစ်ခုက တော်တော်လေး ဆင်တူပေမယ့် အပေါ်ဘက်တွင် ဝါယာကြိုးနှစ်ချောင်း ရှိနေသည်။ အဲ့ဒါကဘာလုပ်ဖို့အတွက်များလဲ? ခေတ်ဟောင်း cosplay လုပ်တဲ့ တိပ်ခွေအသံဖမ်းစက်အဖြစ် ပြင်ဆင်မလို့လား?

တစ်စက္ကန့်၊ နှစ်စက္ကန့်လောက် ကြည့်ပြီးတဲ့နောက် မော့ချူး အမှတ်စဉ်နံပါတ်ကို ရေးလိုက်သည်။

နောက်တော့ သူမ ဒုတိယအစုံဆီ ကြည့်လိုက်သည်။

အဲ့ဒီထဲက တစ်ခုမှာ အနည်းငယ် ရှေးကျတဲ့တရုတ်ဆံထုံးတစ်ခုဖြစ်သည်။ ၎င်းဟာ အသစ်စက်စက်ပုံပေါ်နေသေးတာကြောင့် တာရှည်ခံအောင် လုပ်ထားတာဖြစ်မည်။ နောက်တစ်ခုကတော့ တော်တော်ဟောင်းနေပြီဖြစ်ကာ ကျစ်ဆံမြီးကျစ်ထားတဲ့ကြိုးဟာ နည်းနည်းဟောင်းနေကာ အရောင်ပြောင်းနေသည်။ သို့ပေမယ့် မော့ချူးမှာ ဒီကျစ်ဆံမြီးကျစ်ထားတဲ့‌ဆံထုံးနဲ့ပတ်သက်ပြီး အမှန်တကယ် ရှုပ်ထွေးနေသည်။

မော့ချူး တွေးတောင်မတွေးတော့ဘဲ၊ တရုတ်ဆံထုံးရဲ့အမှတ်စဉ်နံပါတ်ကို ရေးလိုက်သည်။

နောက်တော့ တတိယအစုံ၊ စတုတ္ထအစုံ…

ရုန်းကန်နေရတဲ့ အမျိုးသမီးအုပ်စုကြားမှာ မော့ချူးရဲ့ သေသပ်လှတဲ့ စွမ်းဆောင်မှုက အလျင်အမြန် ပေါ်လွင်လာသည်။

"ဟေး ကြည့်ပါအုံး! အဲ့ဒီကောင်မလေးရဲ့အရှိန်က တော်တော်မြန်တာပဲ!”

"ဘယ်တစ်ယောက်လဲ? ဘယ်တစ်ယောက်လဲ?"

"သွေးအလင်းသားရဲ မျက်နှာဖုံး တပ်ထားတဲ့တစ်ယောက်လေ!"

"အို....ဘုရားရေ! သူမက အဖြေဘုတ်ကိုတောင် တင်လိုက်ပြီ။ သူ ဘယ်လောက်ပဲ ကြာလိုက်တာလဲ?"

"ဆယ်မိနစ်တောင် မပြည့်သေးဘူး၊ ဟုတ်တယ်မဟုတ်လား?"

တကယ်တော့ မော့ချူးမှာ ဒီဆယ်မိနစ်ကိုတောင် ခဏလောက် တမင်နှောင့်နှေးအောင် နေနေခဲ့တာဖြစ်သည်။ သူမရဲ့ မျက်လုံးထဲမှာတော့ ဒီဟာတွေဟာ ရွေးထုတ်စရာတောင်မလိုဘဲ ပေါ်နေပြီးသားပင်။

စင်အောက်က ချင်ယွဲ့မှာ အထင်လွဲသွားသည်။ သူက မော့ယန်ကို စိုးရိမ်နေတဲ့ အကြည့်နဲ့လှမ်းကြည့်လိုက်သည်။ "မော့ချူး ဘာမှမသိဘဲ ကြုံရာနံပါတ်တွေချရေးပြီး လွှဲပေးလိုက်တာများလား?"

ဒီရှေးဟောင်းပစ္စည်း ဆယ်စုံအား ရွေးထုတ်ရန်မှာ အလွန်ခက်ခဲလှသည်။ အနည်းဆုံးတော့ သူ့အမြင်နှင့်တောင် အဲ့ဒီထဲက နှစ်ခု သုံးခုလောက်သာ ရွေးထုတ်နိုင်သည်။ တခြားဟာတွေကိုတော့ သူ မခွဲခြားနိုင်တော့ပေ။ မော့ချူးက အဲ့ဒါတွေကို ဘယ်လို မြန်မြန်နဲ့ဖော်ထုတ်နိုင်မှာလဲ? သေချာတာကတော့ အကြမ်းဖျင်း ခန့်မှန်းလိုက်တဲ့ပုံပင်။

"ချူးလေးရဲ့ လက်ရှိပုံစံကို ကြည့်လိုက်အုံး" ချင်ယွဲ့ရဲ့မျက်နှာပေါ်က စိုးရိမ်ပူပန်မှုကို မြင်လိုက်ရတော့ မော့ယန်မနေနိုင်ဘဲ ခေါင်းခါကာ သူ့ကိုတိုးတိုးလေးသတိပေးလိုက်သည်။

ဟမ်?

အဲ့ဒီလိုပြောပြီးသွားတော့ ချင်ယွဲ့ မော့ချူးကို မော့ကြည့်လိုက်သည်။

All Chapters