အပိုင်း ၂၆၅
Vol. 18 Ch. 265
သူမရဲ့မျက်နှာတစ်ဝက်ကို မျက်နှာဖုံးဖြင့် အုပ်ထားသော်လည်း သူမသည်ဘေးတွင် ငြိမ်သက်သက်ဖြင့်သာ ရပ်နေ၏။ သူမ၏ တစ်ကိုယ်လုံးတွင် တည်ငြိမ်ကာ ပုံမှန်ဖြစ်နေသည့် အနေအထားက ပေါ်လွင်နေပြီး ယခင်က ထင်ထားသလို စိုးရိမ်ကာ ရုန်းကန်နေရသည့်ပုံမပေါ်ချေ။
ချင်ယွဲ့ ခဏလောက် စဉ်းစားလိုက်သည်။ မော့ချူးရဲ့ ဂရုမစိုက်တတ်တဲ့ အကျင့်အရ သူမသေချာပေါက် ဖြေနိုင်လိမ့်မည်ပင်။ ကျန်တဲ့ မသေချာသည့်အရာတွေကိုတော့ သူမ မှန်းကြည့်ခဲ့လောက်မည်ပင်။
နာရီဝက်နီးပါးကြာပြီးနောက်၊ ချောင်းဟုန်မိန်က ဒုတိယမြောက်အဖြေအပ်လိုက်တဲ့ သူဖြစ်သည်။ မော့ချူးကို ဖြတ်သွားတဲ့အခါ သူမက ဝင့်ကြွားစွာဖြင့်စိုက်ကြည့်လိုက်သည်။
မော့ချူးကတော့ အပြုံးမပျက်ပင်။ ဟက်၊ အခု နင်ဘယ်လောက်ပဲ ပျော်နေပါစေ ခဏနေရင်တော့ ငိုရတော့မယ်!
တစ်ယောက်ပြီးတစ်ယောက် တခြားမိန်းကလေးတွေလည်း အဖြေတွေ လာအပ်ကြတော့သည်။
ဒိုင်တချို့က စင်မြင့်ပေါ် လျှောက်လာကာ အရင်ဆုံးရှေးဟောင်းပစ္စည်း အတုနှင့်အစစ် ၁၀တွဲကြားမှ တစ်ခုချင်းစီရွေးယူလိုက်ကြသည်။ သူတို့က ဂန္တဝင်တွေကို ကိုးကားကာ ဇာတ်လမ်းတွေကို ပြောပြလာသည်။ သို့ပေမယ့် အမှန်တကယ် နားထောင်နေကြသူတွေက သိပ်မများပေ။
စင်မြင့်အောက်က လူတွေအားလုံးမှာ အဖြေပြောလာမှာကို စိတ်လှုပ်ရှားနေကြတယ်။ စင်မြင့်ပေါ်က ပါဝင်ယှဥ်ပြိုင်ကြတဲ့ မိန်းကလေးတွေကအားလုံးရဲ့ မျက်နှာပေါ်မှာတော့ မတူကွဲပြားတဲ့ အမူအရာတွေ ရှိနေကြသည်။ သဘာဝအတိုင်း မှန်အောင်ဖြေနိုင်ကြတဲ့သူတွေမှာတော့ ကျေနပ်အားရနေသည့် အမူအရာတွေ ရှိနေကြပေမယ့် မှန်အောင်မဖြေနိုင်တဲ့လူတွေမှာတော့ စိတ်မပါတဲ့ မျက်နှာထားတွေရှိနေသည်။
သူမရဲ့ ကံကတော့ သိပ်မဆိုးဘူး! ချောင်းဟုန်မိန်ရဲ့ မျက်လုံးတွေထဲ ရွှင်မြူးခြင်းတွေဖြင့် ပြည့်နှက်နေသည်။
ဒီရှေးဟောင်းပစ္စည်း ၁၀စုံထဲတွင် သူမ လေးခုကိုသာ သိကာ ကျန်ခြောက်ခုကိုတော့ ခန့်မှန်းခဲ့တာပင်။ သုံးခုလောက်တော့ မှန်အောင် ခန့်မှန်းနိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါချေ။
ဒီတစ်ခါတော့ သူမ မော့ချူးကို သင်ခန်းစာကောင်းကောင်းပေးရမည်!
"ဟေ့ ရလဒ်တွေကို မြန်မြန်ကြေငြာပါတော့! ဘာတွေပြောနေသေးတာလဲ!” ဒီအချက်အတန့်မှာ ချင်ယွဲ့ အရမ်းစိုးရိမ်နေသည်။ သူ မော့ယန်နားတွင် လှည့်ပတ်နေကာ တတွတ်တွတ် ရွတ်နေသည်။
ချင်ယွဲ့နှင့် အတွေးတူသည့်လူတွေလဲ အများကြီးရှိသည်။
ဒီဒိုင်လူကြီးတွေက သူတို့ဘာတွေတွေးနေလဲဆိုတာ သဘာဝအလျောက် သိကြသည်။ အဆုံးမှာ သူတို့စကားပြောတဲ့အရှိန်တွေ တိုးလာသည်။ ဒါတောင်မှ ဒီဟောပြောပွဲမှုဟာ နာရီဝက်လောက် ကြာသွားတော့ အောက်ကလူတွေမှာ အရမ်းစိတ်လှုပ်ရှားလာရသည်။
နောက်ဆုံးတော့ ရလဒ်တွေကို ကြေညာမယ့်အချိန်ရောက်လာသည်။
စောစောကတော့ အားလုံး စိတ်မရှည်ဖြစ်နေခဲ့ကြပေမယ့် အခုတော့ အားလုံးက တောက်လောင်နေတဲ့အကြည့်တွေဖြင့် စင်ပေါ်ကို စိုက်ကြည့်နေကြသည်။
တရားမျှတမှုကို ပြသရန်အတွက် ဒိုင်လူကြီးအနည်းငယ်က အဖြေဘုတ်များကို နေရာတွင် အမှန်ပြင်ကာ မေးခွန်းအရေအတွက်အလိုက် အဖြေမှန်အရေအတွက်ကို ရေတွက်သည်။ စုစုပေါင်းအမှတ်များဖြင့် ၁၀ ဦးသာလျှင် ပြိုင်ပွဲဒုတိယအကျော့တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
ဒီနှစ် ရှေးဟောင်းပစ္စည်း အကဲဖြတ်ရသည့်မေးခွန်းတွေက နည်းနည်းခက်မှန်း သိသာလာသည်။
သူတို့ထဲက အများစုသည် နှစ်ခု၊ သုံးခုလောက်သာ မှန်အောင်ဖြေနိုင်ကြပြီး ရံဖန်ရံခါ ငါးခုလောက်မှန်အောင်ဖြေနိုင်သူတွေကိုတော့ အံ့ဩစရာကောင်းသည်ဟု မှတ်ယူနိုင်သည်။
ထိုအခိုက်တွင် ဒိုင်လူကြီးတစ်ယောက်ရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပလာပြီး သူ့မျက်နှာအိုကြီးက စိတ်လှုပ်ရှားလာကာ အော်ပြောလိုက်သည်။ “နံပါတ် ၅၆၊ ခုနစ်ခု အဖြေမှန်ပါတယ်!"
ချက်ခြင်းဘဲ၊ လူတိုင်းရဲ့အကြည့်တွေက ချောင်းဟုန်မိန်ဆီ ရောက်လာကြသည်။
သူမက ထိုခိုက်အတန့်ကို လုံးဝသဘောကျနေတယ်ဆိုတာ သိသာလှသည်။ သူမရဲ့ မျက်လုံးတွေကျဉ်းမြောင်းသွားပြီး သူမရဲ့ ခြေလှမ်းတွေက အနည်းငယ် ရင်သပ်ရှုမောဖွယ်ရာ ဖြစ်လာသည်။ သူမရဲ့ ချောမောလှပတဲ့ ပုံစံက ပိုလို့တောင် မျက်စိဖမ်းစားနိုင်လိုက်သည်။
"ဝိုး! သူမတော့ ပထမပဲထင်တယ်!" စင်အောက်ကလူတွေက စပြီး ဆွေးနွေးလာကြသည်။ "သူက အဖြေခုနစ်ခုတောင်မှန်ထားတာ၊ ဒီပြိုင်ပွဲမှာ ပါတဲ့သူတွေရဲ့ အမြင့်ဆုံးစံချိန်ကို ချိုးလိုက်တယ်လို့ ယူဆလို့ရတယ်"
"မှန်တယ်။ အရင်စံချိန်က ခြောက်ခုပဲ”
“သူ့ပုံကိုကြည့်အုံး၊ တော်တော်လှတဲ့သူဖြစ်ရမယ်။မျက်နှာဖုံးချွတ်လိုက်တဲ့အခါကျရင် သူ ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါတကယ်ကြည့်ချင်နေပြီ!”
"ငါ့ဖင်ကြီးကိုလှ!" လူအုပ်ကြီးရဲ့ ချီးမွမ်းသံကိုကြားတော့ ချင်ယွဲ့ မျက်မှောင်ကြုတ်ကာ ကျိန်ဆဲလိုက်သည်။ ချောင်းဟုန်မိန်ဟာ မျက်နှာလှလှလေးရှိသော်လည်း မကောင်းတဲ့သူပင်။
“မော့ချူး သေချာပေါက် အဆင်ပြေတယ်…” ချင်ယွဲ့ ကျိန်ဆဲပြီးနောက် မော့ချူးအတွက် စိတ်မပူဘဲ မနေနိုင်ပေ။ အဖြေခုနစ်ခုမှန်ဖို့ဆိုတာ ခက်ခဲလှသည်။ မော့ချူး သေချာပေါက် မယှဉ်နိုင်ပေမယ့် ထိပ်တန်းဆယ်ယောက်ထဲမှာ ရှိနေနိုင်ရင်တော့ ကောင်းမည်။
"မင်း သိပ်မပျော်တော့ဘူး မလား?" စင်ပေါ်၌ ချောင်းဟုန်မိန်ရဲ့မျက်နှာပေါ်တွင် ဝင့်ကြွားမှုတွေအပြည့်ပင်။ သူမ၏ အနီရောင်နှုတ်ခမ်းတွေက အနည်းငယ် တွန့်ကွေးသွားကာ သူမရဲ့ အသံတိုးတိုးကို မော့ချူးသာ ကြားနိုင်သည်။ “ဒါပေမယ့် မင်းလုပ်နိုင်တာ ဘာမှမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရှေးဟောင်းပစ္စည်းတွေကို အကဲဖြတ်နိုင်ဖို့ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူရတာ။ မင်းအနေနဲ့ အဝေးကြီးသွားရအုံးမယ်လို့ ငါထင်တယ်!