← Chapters

အပိုင်း ၂၆၇

Vol. 18 Ch. 267

အပိုင်း ၂၆၇

Vol. 18 Ch. 267

သီချင်းပြီးသွားတဲ့အခါ ဒိုင်လူကြီးတွေက ဆွေးနွေးကြသည်။ အမှန်တော့ ရေးစပ်ပုံနဲ့ စာသားပိုင်းတွေအရ ဒီသီချင်းက နည်းနည်းလေး အားနည်းနေသေးသည်။ သို့ပေမယ့် ချောင်းဟုန်မိန်ရဲ့ အသံဟာတချို့နေရာတွေမှာ ဖန်တီးပေးနိုင်တာကြောင့် နောက်ဆုံးတွင် သူမသည် အမှတ်မြင့်မြင့် ၈.၅ ရလိုက်သည်။

ချောင်းဟုန်မိန် အနောက်ပြန်ဆုန်လိုက်သည်။ မော့ချူးရဲ့ ဘေးကို လျှောက်သွားတဲ့အခါ သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ခဏနေကျရင် ဒီကောင်မလေး တောက်ပနေနိုင်အုံးမယ်ဆိုတာ သူမ မယုံဘူး!

တကယ်တော့ သီချင်းဆိုဖို့အတွက် အလှည့်တွေကို ရလဒ်တွေအရ စီစဉ်တာဖြစ်သည်။ ပထမအချီမှာ အမှတ်ပိုမြင့်ပါက သီချင်းဆိုရမည့်အလှည့်တွင် အလှည့်က နောက်ပိုရောက်သည်။ ဒီနည်းဖြင့် တခြားသူတွေအတွက် သီဆိုရန် အချိန်နာရီဝက် ပိုရမည်ဖြစ်ပြီး သူတို့အတွက်လည်း အကျိုးကျေးဇူးတွေရနိုင်မည်ဖြစ်သည်။

သို့ပေမယ့် ချောင်းဟုန်မိန်က အရင်လက်ဦးမှုယူလိုက်သည့်အတွက် သဘာဝအလျောက် သူမသည် ဒီလိုင်းထဲတွင် မပါတော့ပေ။

သို့ပေမယ့် သူမရဲ့သီဆိုမှုဟာ မြင်ကွင်းတစ်ခုလုံးရဲ့ အဆင့်ကို ဒီဂရီများစွာ မြှင့်တင်လိုက်သည်။ နောက်ဆိုတဲ့သူတွေကို သူမထက် နည်းနည်းနိမ့်သွားပုံပေါ်သွားစေသည်။

စင်အောက်ရှိ ပရိသတ်တွေဟာလည်း မရွှင်ပျကြတော့ပေ။ သူတို့ရဲ့ စိတ်အားထက်သန်မှုတွေအားလုံးကို သုံးလိုက်ပြီးပြီဖြစ်သည်။

“ဟင်း" ပြိုင်ပွဲ ပထမအချီအပြီးမှာ ချင်ယွဲ့တစ်ယောက် မော့ချူးကိုလုံးဝ ယုံကြည်လိုက်ပြီဖြစ်သည်။ သူ သိပ်ပြီးစိတ်မပူနေတော့ဘဲ မော့ယန်ကို ပုတ်လိုက်ကာ သိချင်စိတ်ဖြင့်ကြည့်လာသည်။ "ဟုတ်သားပဲ၊ ချူးလေး သီချင်းဆိုတာဘယ်လိုနေလဲ? ကောင်းရဲ့လား?"

မော့ယန် အတန်ကြာအောင် ငြိမ်သက်နေပြီးမှ ခေါင်းကို အသာခါယမ်းလိုက်သည်။ “ငါလည်း သေချာမသိဘူး"

“အဆင်ပြေပါတယ်” ချင်ယွဲ့က ယုံကြည်မှုအပြည့်ရှိတဲ့ မျက်နှာနဲ့ မော့ယန်ရဲ့ပခုံးကို ပုတ်လိုက်သည်။ "ချူးလေး သေချာပေါက် အဆင်ပြေမှာ။ ဒီလိုအသေးအမွှားကိစ္စလေးတွေက မိနစ်ပိုင်းအတွင်း အဆင်ပြေသွားမှာဘဲ၊ ဟုတ်တယ်မလား?"

မော့ယန် လှည့်လာကာ ရုတ်တရက် မေးလိုက်သည်။ "ငါနားထောင်ရအောင် မင်း စာသားနည်းနည်းလောက်ဆိုပြရင်ရော?"

ချင်ယွဲ့ရဲ အမူအရာမှာ ချက်ချင်း အေးခဲသွားကာ သူ့ခေါင်းကိုချက်ချင်းလှည့်လိုက်သည်။ “အဲ့…အဲ့…အဲ့ဒါကို…ငါတို့အချိန်ရမှ ပြောကြတာပေါ့! အိုး၊ ကြည့်အုံး၊ မော့ချူး အလှည့်ရောက်ပြီ!" ချင်ယွဲ့မှာ မော့ယန်ရဲ့တောင်းဆိုမှုကြောင့် ထိတ်လန့်သွားပြီး ခေါင်းစဉ်အမြန်ပြောင်းလိုက်သည်။

တကယ်တော့၊ အရှေ့က အလှည့်တွေမှာလည်း ထူးချွန်တဲ့ မိန်းကလေးတွေ ရှိခဲ့သည်။ ချောင်းဟုန်မိန်နှင့် အမှတ်တူနေသည့် နှစ်ယောက်တောင်ရှိကာ နှစ်ယောက်စလုံးက အမှတ်မြင့်မြင့် ၈.၇၅ မှတ် ရခဲ့သည်။

ဒီလို အခြေအနေမျိုးမှာ မော့ချူးရဲ့အခြေအနေက နည်းနည်း အန္တာရယ်များလှသည်။

.....

အကယ်၍ သူမသာ ၈.၅ ထက်မြင့်တဲ့ရမှတ်ကို မရယူနိုင်ပါက တတိယအကျော့တွင် သူမ ပါဝင်ခွင့်ရရှိမည်မဟုတ်ပေ။ ဒါ့အပြင် သူမအလှည့်ဟာ နောက်ဆုံးဖြစ်တာကြောင့် ဖိအားက မနည်းလှပေ။

“နံပါတ် ၇၇ မင်းလုပ်နိုင်တယ်! ငါတို့ မင်းကို အားပေးနေတယ်!" မော့ချူး ခြေလှမ်းတစ်လှမ်းသာ လှမ်းရသေးတဲ့အချိန် ချင်ယွဲ့က အောက်ကနေအော်လိုက်သည်။ သူ့ ဦးဆောင်မှုနှင့်အတူ၊ တစ်ယောက်ပြီးတစ်ယောက်ဆီမှ ကျယ်လောင်သည့် အော်ဟစ်သံတို့နှင့်အတူ မြင်ကွင်းက ချက်ချင်းဘဲ အသက်ဝင်လာသည်။

လူတိုင်းက သူမကို တကယ်စောင့်မျှော်နေကြသည်။ ပထမအကျော့မှာ မော့ချူးရဲ့ စွမ်းဆောင်ရည်က ပြီးပြည့်စုံတယ်လို့ ပြောလို့ရသည်။

စင်မြင့်အလယ်ကို လျှောက်လာရင်း မော့ချူး အသက်ပြင်းပြင်း ရှုလိုက်ကာ နှုတ်ခမ်းကိုအသာဖွင့်လိုက်သည်။ ထို့နောက် သာယာကာ ကျက်သရေရှိလှသည့် သီချင်းသံက ထွက်ပေါ်လာတော့သည်။ “တောက်ပတဲ့လက ဘယ်အချိန်မှာ ပေါ်လာမှာလဲ? ကောင်းကင်…”

ရိုးရိုးသားသားပြောရလျှင် နာရီဝက်အတွင်း 'တောက်ပတဲ့လ' ဆိုတဲ့သီချင်းတစ်ပုဒ်ကို ဖန်တီးရခြင်းဟာ မော့ချူးအတွက် အမှန်တကယ်ပင် ခက်ခဲလှတဲ့ ပြဿနာတစ်ခုဖြစ်သည်။ သူမဟာ ဒီနယ်ပယ်တွင် အရည်အချင်းလုံးဝမရှိပါချေ။

သို့ပေမယ့် ၂၁ ရာစုတွင် လူကြိုက်များသည့် သီချင်းများစွာ ရှိသည်။ ဘယ်သူမှ ပရိသတ်တွေကို အံ့ဩအောင် မလုပ်နိုင်သေးဘူးမလား?

မော့ချူး လုံးဝမှန်သည်!

ဒီသီချင်းသံထွက်လာတာနဲ့ တခဏလေးအတွင်းမှာဘဲ တက်ကြွနေတဲ့မြင်ကွင်းက ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ မော့ချူးရဲ့ ကြည်လင်ပြတ်သားကာ သိမ်မွေ့နူးညံ့လှတဲ့ သီချင်းဟာ ညကောင်းကင်ယံတစ်ခုလုံးကို ပဲ့တင်ထပ်နေသည်...

သီချင်းတစ်ပုဒ်လုံး သီဆိုပြီးတဲ့အခါ လူတိုင်းမှာ သီချင်းသံဟာ တရစ်ဝဲဝဲရှိနေ‌သေးသည်ဟု ခံစားလိုက်ရသည်။ ထိုကဲ့သို့ အနည်းငယ် ခေတ်နောက်ကျနေတဲ့ သီချင်းဟာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ဒိုင်လူကြီးက တုန့်ဆိုင်းမ‌နေဘဲ သူ့ကို ၉.၅ မှတ်ပေးလိုက်သည်။

နံပါတ် ၇၇ ဟာ ခန်းမတစ်ခုလုံးဆီကနေ အာရုံစိုက်ခံလိုက်ရသည်။

မော့ချူးရဲ့နောက်မှာရပ်နေတဲ့ ချောင်းဟုန်မိန်မှာ သူမကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေမျသည်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီလိုသီချင်းမျိုးကို...မော့ချူး တကယ် ဖန်တီးခဲ့တာလား?

ချောင်းဟုန်မိန် ရင်ထဲတွင် သံသယပေါင်း ရာကျော်ရှိနေပေမယ့် ဒီသီချင်းကို တခြားသူတစ်ယောက်ကသာ အမှန်တကယ် ဖန်တီးခဲ့ပါက ၎င်းဟာ ဟိုးရှေးရှေးကတည်းက နာမည်ကြီးနေလိမ့်မည်ဖြစ်ကြောင်း သူမသဘောပေါက်သည်!

All Chapters