← Chapters

အပိုင်း ၂၆၉

Vol. 18 Ch. 269

အပိုင်း ၂၆၉

Vol. 18 Ch. 269

အောက်ရှိပရိသတ်တွေရဲ့ အားပေးသံတွေက ချက်ချင်းဆိုသလို တိုးလျသွားသည်။

ဒါကိုမြင်တော့ ဒိုင်လူကြီးက ချောင်းဟုန်မိန်ဘက် ချက်ချင်းလှည့်လိုက်သည်။ "အခုကတော့၊ နံပါတ် ၅၆၊ ကျေးဇူးပြုပြီး မျက်နှာဖုံးကို ချွတ်ပေးပါ"

ချောင်းဟုန်မိန်လက်အား ဖြည်းဖြည်းချင်း မြှောက်လိုက်ကာ သူမမျက်နှာဖုံးကို ထိလိုက်ပြီး ချွတ်လိုက်သည်။ အနှိုင်းမဲ့ လှပလှသည့် မျက်နှာလေးက ပေါ်ထွက်လာသည်။ သူမ၏ မျက်ခုံးမွှေးထူထူများနှင့် နီရဲနေသည့် နှုတ်ခမ်းနီလေးတွေဟာ အောက်ဘက်ရှိ အမျိုးသားထုကို ချက်ချင်း အော်ဟစ်လာစေခဲ့သည်။

"ကျွတ်စ်၊ ဘယ်လိုအမြင်မျိုးရှိနေကြတာလဲ!" ချင်ယွဲ့ သူ့နှုတ်ခမ်းတွေကို စုဝိုင်းလိုက်ကာ အသိအမှတ်ပြုနေကြသည့်လူတွေကို အထင်အမြင်သေးသွားမိသည်။ "ငါတို့ ချူးလေး မျက်နှာဖုံးချွတ်မယ့်အချိန်ကို စောင့်လိုက်ပါအုံး၊ ပြီရင်တော့ ကြည့်ကောင်းတယ် ဆိုတဲ့အဓိပ္ပာယ်ကို မင်းတို့သိသွားလိမ့်မယ်"

“ကောင်းပါပြီ” ဒိုင်လူကြီးလည်း ဒီအံ့သြစရာကောင်းတဲ့ နံပါတ် ၇၇ ကို အရမ်းသိချင်နေသည်။ "နောက်ဆုံးကျန်တဲ့ မိန်းကလေး၊ ကျေးဇူးပြုပြီး မျက်နှာဖုံးကို ချွတ်‌ပေးပါ"

မော့ချူး နှုတ်ခမ်းအသာစုဝိုင်းလိုက်ကာ သူမမျက်နှာပေါ်မှ မျက်နှာဖုံးကိုချွတ်လိုက်သည်။

သူမဘေးနားက တောက်ပနေတဲ့အလင်းရောင်တွေဟာ သူမရဲ့ နူးညံ့သိမ်မွေ့လှတဲ့ မျက်နှာပေါ်ဖြာကျနေသည်။ သူမရဲ့ မျက်ခုံးတွေဟာ ပန်းချီကားတစ်ချပ်သဖွယ်ဖြစ်ကာ၊ သူမ၏ ပုံစံမှာ တည်ငြိမ်ကာ ကြည်လင်နေသော်လည်း ကျက်သရေရှိပြီး သက်တောင့်သက်သာဖြစ်စေသည့် အရိပ်အယောင်တချို့ရောယှက်နေသည်။

သူမနှင့် ယှဉ်လျှင် စောစောက သူတို့လှတယ်လို့ထင်ခဲ့တဲ့ ချောင်းဟုန်မိန်တောင် အနည်းငယ်နိမ့်သွားသလိုပင်။

အောက်မှလူတွေဟာ နှစ်စက္ကန့်လောက် ကြောင်အသွားကြပြီးနောက် ချက်ချင်း ပေါက်ကွဲသွားတော့သည်။

"ဘုရားရေ၊ အဲဒါ မော့ချူးပဲ!"

"ငါသိနေတယ်။ ဒီပုံစံက အရမ်းရင်းနှီးနေပါတယ်လို့။ ဒါက မော့ချူးပဲ!"

"ကံကောင်းတဲ့ကြယ်လေး ငါ မင်းကိုအရမ်းကြိုက်တယ်။ ငါ့ကို လက်မှတ်ထိုးပေးလို့ရမလား?!"

"သွားကြ! မော့ချူး၊ ငါက မင်းရဲ့ အမာခံဖန်ပါ။ မင်းကအရမ်းလှတယ်!"

.....

မြင်ကွင်းက ချက်ချင်း ဆူညံပွတ်လောရိုက်သွားတော့သည်။ ယောက်ျားလေး တော်တော်များများက စင်ပေါ်တက်ပြေးလာဖို့ အဆင်သင့်ဖြစ်နေကြပြီပင်။ အဲ့ဒီလိုရူးသွပ်လာတဲ့ အပြုအမူကြောင့် မော့ချူး အနည်းငယ် ပျာယာခတ်သွားတော့သည်။ အခြေအနေက မူမမှန်တော့တာကိုမြင်တော့ သူမ ခြေလှမ်းနောက်ပြန်ဆုတ်ကာ မျက်နှာဖုံးပြန်တပ်လိုက်ပြီး ခေါင်းငုံ့လိုက်သည်။ သူမ ချင်ယွဲ့နဲ့ မော့ယန်တို့ဆီ အမြန်ပြေးသွားလိုက်သည်။

နောက်ဆုံး သူတို့သုံးယောက် လူအုပ်ကြီးနှင့် ဆန့်ကျင်ဘက်ဆီ ထွက်ပြေးလာနိုင်လိုက်သည်။

“ဟူး၊ ဟူး -” မော့ချူး ပြင်းပြင်းထန်ထန်ကို မောဟိုက်သွားကာ သူမရဲ့ မျက်နှာပေါ်က ချွေးတွေ အဆက်မပြတ်စီးကျလာသည်။

ချင်ယွဲ့ သူမကိုစနောက်လာသည်။ “အိုက်ယား! မင်း အခု ဘယ်လောက်နာမည်ကြီးနေလဲဆိုတာ တွေ့ပြီမလား။ ကျွတ်စ် ကျွတ်စ် အလှမယ်ပြိုင်ပွဲစင်ကြီးတောင် ပြိုကျတော့မယ်လို့ ငါထင်သွားတာ"

ချင်ယွဲ့ရဲ့ ခန့်မှန်းချက်က ဒီတစ်ကြိမ်တော့ အတော်လေး ကွက်တိကျသည်။

လူတိုင်းက ခက်ခက်ခဲခဲ တွန်းတိုက်ကာ အလှမယ်စင်မြင့်ထက်ဆီ စိတ်လှုပ်ရှားစွာနဲ့ တက်လာတဲ့အချိန် မော့ချူး ပျောက်သွားပြီဖြစ်ကြောင်း သိလိုက်ရတဲ့အတွက် အံ့သြသွားကြတော့သည်။ ဟမ် ဘယ်ရောက်သွားတာလဲ?

အားလုံး ပြေးတက်လာတဲ့အချိန် အံသြသွားကြသည်။ အဆုံးမှာ လူတွေများလွန်းတာကြောင့် စင်မြင့်ဟာ အလေးချိန်ကို မခံနိုင်တော့ဘဲ တိုက်ရိုက်ပြိုကျသွားတော့သည်။ သို့ပေမယ့် ကံကောင်းထောက်မစွာနဲ့၊ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရခဲ့ကြပေ။ ဒီကိစ္စကြောင့် မော့ချူးမှာ နောက်တစ်နေ့တွင် ရှာဖွေမှုအဆင့်ရဲ့ ထိပ်ဆုံးကို အောင်မြင်စွာ ရောက်သွားတော့မှာပင်။

သို့ပေမယ့် ချင်ယွဲ့တစ်ယောက် ဒီတစ်ခါ သူဗေဒင်ဆရာဖြစ်သွားမှန်း မသိလိုက်ပေ။ သူ ပျော်ပျော်ရွှင်ရွှင်ဖြင့်ရယ်လိုက်သည်။ “အဲ့ဒါပြီးတော့ ချောင်းဟုန်မိန်ရဲ့ အမူအရာကို မင်းတို့ မတွေ့လိုက်ရဘူးဘဲ။ တကယ်ရုပ်ဆိုးလိုက်တာ! သူမတော့ လုံးနောင်တရနေပြီထင်တယ်။ အခွင့်အရေးယူပြီး မင်းကို အရှက်ခွဲဖို့ လုပ်ခဲ့ပေမဲ့ နောက်ဆုံးတော့ သူ့ဘာသာသူ ဒုက္ခရောက်သွားတာဘဲ"

“တော်တော်ရယ်ရတယ်" မော့ချူးရဲ့ အပြုံးဟာလည်း လှုပ်ရှားနေသည်။ "ဒါပေမယ့် သူ ကျွန်မကို ဒုက္ခပေးဖို့ ရှုံးသွားတော့ ကျွန်မကို ခဏခဏလှည့်ကြည့်နေတဲ့ပုံကို သဘောကျတယ်!"

အဲ့ဒီစကားကိုကြားတဲ့အခါ မော့ယန်ရဲ့ မျက်လုံးတွေထဲ ရယ်မြူးရိပ်တွေ သန်းသွားတော့သည်။ တစ်ဖက်မှာ ချင်ယွဲ့ကတော့ ပါးစပ်အကျယ်ကြီးပွင့်ကာ အံ့ဩသွားတော့သည်။ ဒီကလေးမ မော့ချူးကို နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းတဲ့သူလို့ အမြဲထင်နေခဲ့တာ။ သူ အထက်စီးဆန်လာတဲ့အခါ လူတွေကို သေလောက်အောင် ဒေါသထွက်အောင် လုပ်နိုင်လိမ့်မယ်မှန်း သူမသိခဲ့ဘူး။

"အယ်?" ချင်ယွဲ့ဘေးကို ညွှန်ပြရင်း သူ့မျက်လုံးတွေ ရုတ်တရက် တောက်ပလာသည်။ "မော့ချူး၊ ကြည့်အုံး!"

"ဟင်?" မော့ချူးလှည့်ကြည့်လိုက်သည်။ မနီးမဝေးမှာ လူတစ်ယောက်က သူတို့ဆီ လျှောက်လာနေခဲ့သည်။ သူ့မျက်နှာမှာပေါ်မှာလည်း သွေးအလင်းသားရဲမျက်နှာဖုံးကို တပ်ထားသည်။

"မင်းနဲ့အကြိုက်တူပြီး သွေးအလင်းသားရဲမျက်နှာဖုံးကို ရွေးထားတဲ့သူလဲ ရှိသေးတာဘဲ" ချင်ယွဲ့ မယုံနိုင်စွာနဲ့ ခေါင်းခါလိုက်သည်။ သူက ကျွတ်သပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “တကယ်ကို အကြိုက်တွေကထူးခြားတာပဲ! ဟုတ်သားပဲ၊ မင်း သူနဲ့ လိုက်ပတ်မှာလား?"

မော့ချူး ဘာမှပြန်မပြောရသေးခင် မော့ယန်က ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်ကာ မော့ချူးရဲ့ပုံရိပ်ကို ပိတ်ဆို့လိုက်သည်။ သူ့အကြည့်တွေက အနည်းငယ်အေးစက်နေကာ သူ့ကိုစိုက်ကြည်လိုက်သည်။ “ခုနတုန်းက ဘာပြောလိုက်တာလဲ? လေအရမ်းပြင်းလို့ ငါသေသေချာချာ မကြားလိုက်ဘူး”

“အမ်" ညီမအရမ်းချစ်တဲ့ မော့ယန်နဲ့ ရင်ဆိုင်လိုက်ရတဲ့အတွက် ချင်ယွဲ့ ထပ်မပြောရဲတော့ပေ။ သူချောင်းအသာဟန့်လိုက်ကာ ခေါင်းကို ဘေးဘက်လှည့်လိုက်သည်။ “အမ်၊ မင်း နားကြားမှားတာ။ ငါ ဘာမှ မပြောလိုက်ဘူး။ ဟုတ်တယ် ငါဘာမှမပြောလိုက်ဘူး"

မော့ယန် ချင်ယွဲ့ကိုသာ တားနိုင်ခိုက်ပေမယ့် သွေးအလင်းသားရဲ မျက်နှာဖုံးတပ်ထားတဲ့ လူကိုတော့ မတားနိုင်လိုက်ပေ။

သူက မော့ချူးကိုပဲ ဦးတည်နေပုံရကာ သူမဆီတန်းတန်း လျှောက်လာသည်။ “တိုက်ဆိုင်လိုက်တာတာ။ အတူတူသွားရအောင်!"

အဲ့ဒီလူ စကားပြောလိုက်တာနဲ့ မော့ချူး မျက်လုံးတွေပြူးကျယ်သွားတော့သည်။ နျဉ်ယွိယွင်? သူက ခရိုင် ၁ မှာ မဟုတ်ဘူးလား? ဘာလို့ဒီလောက်မြန်မြန်ပြန်လာတာလဲ?

မော့ယန်နဲ့ ချင်ယွဲ့လည်း အံ့ဩသွားကြသည်။

အနောက်မှာကျန်နေခဲ့တဲ့ ကျောလင်နဲ့ ကျုံးဝမ်တို့မှာ သူတို့ကိုအမြန်လိုက်မှီလာကာ ပြောလာသည်။ "ကြည့်ပါအုံး၊ ငါတို့မျက်နှာဖုံးတွေလဲ အတူတူဘဲ။ အတူတူ သွားကြရအောင်!”

ချင်ယွဲ့ အံ့အားသင့်သွားကာ သေသေချာချာကြည့်လိုက်သည်။ F*ck! ဒီလူနှစ်ယောက်ရဲ့ မျက်နှာဖုံးတွေက သူတို့ဟာတွေနဲ့ တကယ်တူတာပဲ! ဒါက နည်းနည်းမထူးဆန်းလွန်းဘူးလား?

ချင်ယွဲ့ရဲ့ အတွေးတွေကို မြင်လိုက်ရတော့ ကျောလင်ရဲ့ မျက်လုံးတွေက အပြုံးနဲ့အတူတောက်ပသွားတော့သည်။ ဟဟ ဒါက သူတို့အတွက် ရိုးရှင်းတဲ့ကိစ္စလေးပဲ!

သူတို့က တပ်ရေးတွေအဖြစ် နည်းနည်းမြုပ်နှံထားလွန်းရုံပဲ။ သူတို့က အလုပ်ကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးရတဲ့အပြင် ဘော့စ်ကသူ့အိပ်မက်ထဲက မိန်းကလေးကိုလိုက်တဲ့လမ်းမှာ အတားအဆီးတွေကိုလည်း ကူပြီးဖြေရှင်းပေးရတယ်။ သူတို့ဒီထက်ပိုပြီးလည်း မထူးချွန်နိုင်ကြတော့ပါပေ!

ဒါပေါ့....သူတို့က ချင်ယွဲ့နဲ့ မော့ယန်တို့ကိုလည်း တားပေးရမယ်။

ကျောလင်နဲ့ ကျုံးဝန်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ နှစ်ရက်အတွင်းမှာ သူတို့ဘော့စ်ကို လစာတိုးပေးဖို့ တောင်းဆိုထားတယ်!

All Chapters