← Chapters

အပိုင်း ၂၇၀

Vol. 18 Ch. 270

အပိုင်း ၂၇၀

Vol. 18 Ch. 270

တစ်ဖက်မှာ ကျောလင်နဲ့ ကျုံးဝမ်တို့ရဲ့ အကူအညီနဲ့ နျဉ်ယွိယွင် မော့ချူးကို‌ အတူပတ်သွားဖို့ခေါ်နိုင်လိုက်သည်။

သူ့လက်ကြီးကြီးနဲ့ မော့ချူးရဲ့လက်လေးကို ဆုပ်ကိုင်ထားသည်။ နှစ်ယောက်သား၊ တစ်ယောက်က အရပ်ခပ်မြင့်မြင့် တစ်ယောက်က ခပ်နိမ့်နိမ့်နှင့် လမ်းမပေါ်တွင် လျှောက်နေကြသည်။ အနောက်ကနေ ကြည့်ပါက အရမ်းလိုက်ဖက်လှသည်။

ည ရှစ်နာရီ၊ ကိုးနာရီလောက် ရှိပြီဖြစ်ကာ လူတွေ ရုတ်တရက် တိုးလာကြသည်။ လူတိုင်းသည် ပခုံးချင်းထိခတ်နေကြကာ သွားလာနေကြတာ အဆုံးမရှိပေ။

ဒီအခြေအနေကိုမြင်တော့ နျဉ်ယွိယွင် မျက်မှောင်အသာကြုတ်သွားတော့သည်။ သဲလွန်စမရှိ သူနဲ့ မော့ချူးနေရာပြောင်းလိုက်ကာ သူက လူအုပ်တွေဘက်မျက်နှာမူလိုက်သည်။ သူ့ရဲ့ အရပ်ရှည်ရှည်၊ သန်မာတဲ့ ခန္ဓာကိုယ်နဲ့ မော့ချူးအတွက် လုံခြုံအောင် ကာကွယ်ပေးနေသည်။

"ဟုတ်သားပဲ၊ ရှင် ခရိုင် ၁ ကို သွားနေတာမဟုတ်ဘူးလား?" သဘာဝအလျောက် မော့ချူး ဒါကို သတိထားမိလိုက်ကာ သူမရင်ထဲတွင် ချိုမြိန်သွားရင်း တိုးတိုးလေး မေးလိုက်သည်။

“အင်း" နျဉ်ယွိယွင် ခေါင်းညိတ်လိုက်ကာ မော့ချူးကို လှည့်ကြည့်လိုက်သည်။ သူ့လေသံက နူးညံ့နေသည်။ "ဒါပေမယ့် မင်း ဒီမှာရှိနေတယ်ဆိုတာ တွေးမိလိုက်တော့ ကိုယ်ချက်ချင်းပြန်လာလိုက်တာ"

ပြောရလျှင် ဒါဟာ ကျောလင် သတိပေးချက်ကြောင့် သူ့ကို ကျေးဇူးတင်ရမည်ပင်။

နျဉ်ယွိယွင်သည် နှစ်ပေါင်း ၄၀ ကျော် နေထိုင်လာခဲ့ကာ ကျင့်ကြံမှုနှင့် စစ်ရေးလေ့ကျင့်မှုတွင်သာ သူ့ဘဝကို မြှုပ်နှံထားခဲ့သည်။ ဒီစုံတွဲပွဲတော်ကို သူဆင်နွှဲဖို့မပြောနဲ့ တခြားအရာတွေကိုတောင် ဂရုစိုက်တာမဟုတ်‌ပေ။ မော့ချူး ဒီပွဲကို စိတ်ဝင်စားလောက်တယ်လို့ ကျောလင်သာမခန့်မှန်းခဲ့ပါက သူလည်း ဒီနေရာတွင် ပေါ်လာလိမ့်မှာမဟုတ်ပေ။

ရက်စက်ကြမ်းကြုတ်တဲ့ သွေးအလင်းသားရဲမျက်နှာဖုံးနဲ့ နျဉ်ယွိယွင်ရဲ့ စကားတွေဟာ နွေးထွေးမှုအပြည့်ရှိနေသည်။ သူ့အကြည့်တွေဟာ သူမပေါ်မှာပဲ ရှိနေကာ သူ့ရဲ့နက်ရှိုင်းတဲ့မျက်လုံးတွေထဲ သူမရဲ့အရိပ်ဟာရှင်းရှင်းလင်းလင်း ထင်ဟပ်နေသလိုပင်။

ဟက်! မော့ချူးရဲ့ နှုတ်ခမ်းထောင့်တွေ မ‌နေနိုင်ဘဲ အနည်းငယ် ကွေးညွတ်သွားသည်။ ဒီလူရဲ့ အချစ်စကားတွေက ပိုပိုပြီးကျွမ်းကျင်လာတာပဲ!

"ဝိုး၊ ကြည့်အုံး!"

"အရမ်းလှတာပဲ!"

ဘေးဘက်က အာမေဋိတ်အသံတချို့ကြောင့် မော့ချူးလည်း မော့ကြည့်လိုက်သည်။

......

မသိလိုက်ပါဘဲ၊ မီးရှူးမီးပန်းများတွေက နက်ပြာရောင်ညကောင်းကင်ယံ၌ အမှန်တကယ် ပေါ်ထွက်လာသည်။ တစ်ခုပြီးတစ်ခု ပြိုးပြိုးပြက်ပြက် ပေါ်ထွက်လာကြသည်။

နျဉ်ယွိယွင် ခေါင်းငုံ့ကာ မီးရောင်အောက်ရှိ မော့ချူး၏ လက်ရာမြောက်လှသည့် မျက်နှာတစ်ပိုင်းကို ကြည့်လိုက်သည်။ ရုတ်တရက် သူမ ရင်ထဲ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူက သူမမျက်နှာနား ငုံ့လာကာ ခပ်တိုးတိုးလေးမေးလာသည်။ “ ဒီထာဝရမီးပန်းကို ကြိုက်လား?”

"ထာဝရမီးပန်း?" မီးရှူးမီးပန်းတွေ မဟုတ်ဘူးလား?

မော့ချူး အံ့ဩသွားသည်။ ကောင်းကင်ပေါ်ရှိ မီးရှူးမီးပန်းတွေက မပျောက်သေးဘူးဆိုတာ အခုမှ သူမ သဘောပေါက်သွားတော့သည်။ အဲဒီအစား အလှဆုံးအချိန်မှာ အေးခဲသွားကြသည်။ ကောင်းကင်တစ်ခုလုံး လင်းထိန်နေသည်။ အရမ်းလှလွန်းလို့ မူးယစ်ချင်စရာပင်။

"ဟင်?" နျဉ်ယွိယွင်ရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် မြင့်တက်သွားကာ သူ့မျက်နှာက ပိုနီးကပ်လာသည်။ "မင်းကြိုက်လား?"

"ဒါပေါ့ ကြိုက်တယ်!" မော့ချူး ရုတ်တရက် လှည့်ကြည့်လိုက်တော့ သူမမျက်နှာပေါ်က အပြုံးတွေ ရုတ်တရက် အေးခဲသွားတော့သည်။ သူမ လှည့်လိုက်တာနဲ့ သူတို့ရဲ့ မျက်နှာဖုံးတွေ ထိခတ်သွားကြကာ နျဉ်ယွိယွင်ရဲ့ နှုတ်ခမ်းတွေက သူမပါးပြင်ကို ပွတ်တိုက်သွားကာ နွေးထွေးစိုစွတ်တဲ့ အထိအတွေ့ကို သယ်ဆောင်လာသည်။

မော့ချူး တစ်ခဏလောက် အံ့အားသင့်သွားကာ သူမ ရုတ်တရက် တုံ့ပြန်လာသည်။ သူမ နျဉ်ယွိယွင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "ရှင် ခုနတုန်းက တမင်လုပ်ခဲ့တာဘဲ!"

“မှားတယ်” အခုချိန် နျဉ်ယွိယွင်မှာ သူမကို နမ်းပစ်ချင်လောက်အောင် စိတ်အခြေအနေကောင်းနေမှန်း သိသာလှသည်။ သူ လက်ညှိုးကိုမြှောက်ကာ အသာခါယမ်းလိုက်သည်။ သူ့ရဲ့ နက်ရှိုင်းတဲ့မျက်လုံးတွေထဲ ပြုံးယောင်သန်းနေသည်။ “မင်းကသာ ကိုယ့်ရင်ခွင်ထဲ ဝင်လာတဲ့သူဆိုတာ သိသာနေတာကို"

သွားစမ်းပါ! မော့ချူး နျဉ်ယွိယွင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ တွန့်တိုတဲ့သူ! သူမ သူ့ကိုနောက်မှာချန်ခဲ့ကာ ခြေလှမ်းကြဲတွေဖြင့် ဆက်သွားလိုက်သည်။

မော့ချူးရဲ့ ဒေါသထွက်နေတဲ့ ပုံစံကိုကြည့်ရင်း နျဉ်ယွိယွင်မပြုံးဘဲ မနေနိုင်တော့ပေ။ သူ လက်လှမ်းကာ သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။ သူမျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ကာ ရှေ့ကိုလှမ်းလိုက်ရင်း သူမနောက်ကိုလိုက်သွားလိုက်သည်။

အရင်တုန်းကသာဆိုရင် ဒီကိစ္စဟာ ငြီးငွေ့စရာကောင်းပြီး အချိန်ဖြုန်းတဲ့အရာလို့ နျဉ်ယွိယွင်တစ်ယောက် ခံစားရမှာသေချာပေါက်ပင်။ ၎င်းဟာ သူ့အတွက် လုံးဝအဓိပ္ပါယ်မရှိခဲ့ပေ။ သို့ပေမယ့် ယခုတော့ မော့ချူးရဲ့ အပြေးအလွှားသွားနေတဲ့ပုံစံကို ကြည့်ရင်း၊ ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခုကတောင် ပျော်စရာကောင်းတဲ့ ခံစားချက်တွေရောထွေးနေတယ်လို့ သူရုတ်တရက် ခံစားလိုက်ရသည်။

"ဟုတ်သားဘဲ၊ ဇွန်လ ၂၁ ရက်နေ့ဆိုရင်ရော ဘယ်လိုထင်လဲ?" မော့ချူးရဲ့ခြေလှမ်းတွေကို အမှီလိုက်ကာ နျဉ်ယွိယွင် သူမရဲ့အပြင်ဘက်နားကနေ လျှောက်လာသည်။ တိတ်ဆိတ်နေမှုကြားတွင် နျဉ်ယွိယွင်က ရုတ်တရက် စကားပြောလာကာ သူ့လေသံထဲ ဆွေးနွေးလိုတဲ့ အရိပ်အယောင်တွေ သယ်ဆောင်လာခဲ့သည်။

All Chapters