← Chapters

အပိုင်း ၂၇၁

Vol. 19 Ch. 271

အပိုင်း ၂၇၁

Vol. 19 Ch. 271

"ဟင်?" မော့ချူး ခဏတန့်သွားသည်။ သူ ဘာကို ဆိုလိုတာလဲ?

“ကိုယ်တို့ ကျမ်းကျိန်ရမယ့်အချိန်‌လေ” နျဉ်ယွိယွင် ရပ်လိုက်ကာ ခေါင်းကို အသာလှည့်လိုက်သည်။ မော့ချူးရဲ့ မျက်နှာပေါ် သူ့ရဲ့ချစ်ခင်ကြင်နာတဲ့အကြည့်တွေ ကျလာကာ သူ့ရဲ့လေသံမှာ ပျော့ပြောင်းလာသည်။ “ကိုယ် တစ်ယောက်ယောက်ကို စုံစမ်းခိုင်းထားတယ်။ ဒီနေ့ကအကောင်းဆုံးပဲ။ လက်ထပ်ဖို့ သင့်တော်တယ်"

'လက်ထပ်မယ်' ဆိုတဲ့ စကားလုံးကို သူပြောလာတဲ့အခါ နျဉ်ယွိယွင်ရဲ့ မျက်နှာပေါ်က အပြုံးဟာပိုလို့တောင်ထင်ရှားလာသည်။ သို့ပေမယ့် သူ့ရှေ့က သေးသေးသွယ်သွယ် ကောင်မလေးကို ကြည့်လိုက်တဲ့အခါ သူသက်ပြင်းတစ်ချက်သာ ချနိုင်တော့သည်။ မေ့လိုက်‌တော့၊ ငါ့ရဲ့ စောင့်ရှောက်သူ ရာထူးကို အရင်အတည်ပြုသင့်တာ!

ဒါ့ပြင် အခုက ဇွန်လလယ်လောက် ဖြစ်နေပြီ။ ၂၁ ရက်နေ့ဆိုပါက ခုနစ်ရက်၊ ရှစ်ရက်လောက်သာ ကျန်တော့သည်။ ဒီအချိန်ကို နျဉ်ယွိယွင် အရမ်းကျေနပ်သည်။

ကံဆိုးစွာနဲ့ နျဉ်ယွိယွင်တစ်ယောက်သာ ဒီကိစ္စကို မကျေမနပ်ဖြစ်နေတာဖြစ်သည်။

“အမ်…” မော့ချူး နောက်ပြန်ဆုတ်ကာ ခေါင်းအသာငုံ့လိုက်သည်။ ကြယ်တွေလို တောက်ပနေတဲ့ သူ့မျက်လုံးတွေကို သူမ မကြည့်ရဲပေ။ “ဘာ ကျမ်းကျိန်တာလဲ.... အဲ့ဒါကို ကျွန်မ တစ်ခါမှ ‌သဘောမတူထားဘူးလေ?"

ခေါင်းငုံ့ထားတဲ့အတွက် မော့ချူးမှာ နျဉ်ယွိယွင်ရဲ့ လေးလံနေတဲ့ အသံကိုသာခံစားရကာ သူ့ရဲ့အပြုံးရိပ်သန်းနေတဲ့ မျက်လုံးတွေကိုတော့ သူမ မတွေ့ရပေ။ "ဒါဆို အခု မင်းဘာကိုဆိုလိုတာလဲ... ကိုယ့်ကို စွန့်ပစ်ဖို့ ပြင်နေတာလား?"

… ဘာလဲဟ? ဒီစကားတွေက မော့ချူးကို အံ့အားသင့်သွားစေသည်။ စွန့်ပစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? သူမတို့ နှစ်ယောက်က ဘယ်တုန်းကမှ မစခဲ့တာကို သူ့ကို စွန့်ပစ်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

"ဘာပဲဖြစ်ဖြစ်၊ မင်း ဒါကိုငြင်းလို့မရဘူး" နျဉ်ယွိယွင်ရဲ့ မျက်လုံးတွေက ပိုလို့တောင် တောက်ပလာခဲ့သည်။ ရုတ်တရက် သူ လက်လှမ်းကာ မော့ချူးရဲ့ နှာတံလေးကို ညှစ်လိုက်သည်။ “အခုချိန်မှာ၊ ခရိုင် ၁၂ မှာရှိတဲ့လူတွေအားလုံးက ကိုယ်တို့အတွက် သက်သေပဲ။ မင်း ထွက်ပြေးလို့မရဘူး"

F*ck! အဖွဲ့ချုပ်ရဲ့ မာရှယ်နျဉ်က အရမ်းကိုတိတ်ဆိတ်ပြီး တိတ်ကျပြတ်သားတဲ့သူတဲ့လား?

သူမရှေ့က အပြောကောင်းပြီး စကားလုံးချိုချိုတွေနဲ့ ပြည့်နေတဲ့သူက ဘယ်သူများလဲ?

မော့ချူး နျဉ်ယွိယွင်ကို သံသယဖြင့် စိုက်ကြည့်လိုက်သည်။ သူမ မနေနိုင်ဘဲ စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။ နျဉ်ယွိယွင်ကို ဒီလိုမျိုး ဖော်ပြထားတဲ့ ကန်းနေတဲ့သူက ဘယ်သူများလဲ? ဒါဟာ အမှန်တရားနဲ့ လုံးဝကိုဆန့်ကျင်ဘက်ပဲ၊ ဟုတ်ပြီလား?

"မင်း ဘာမှမပြောတော့ဘူးဆိုတော့ မင်း သဘောတူလိုက်ပြီလို့ ကိုယ်ယူဆလိုက်မယ်နော်။ မင်း ဒါကို သဘောတူလား?" မော့ချူး နှုတ်ခမ်းစူလိုက်တာကိုမြင်တော့ နျဉ်ယွိယွင်ရဲ့ နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားကာ သူ့မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဖော်မပြနိုင်တဲ့ ဆွဲဆောင်မှုတစ်ခု သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။

.....

သာမာန်ဆို မပြုံးတတ်တဲ့သူတွေက သူတို့ပြုံးလိုက်တဲ့အခါကျရင် လူတွေကို ကြောက်အောင်ရော သဘောကျချင်စရာကောင်းအောင်ရော ဖြစ်လာစေသည်။ နျဉ်ယွိယွင်ကတော့ အနောက်က အမျိုးအစားတွင် ပါသည်။

မော့ချူးမှာ သူ့ရဲ့ ချောမောမှုကနေ ဖမ်းစားခံလိုက်ရသည်။ သူမ တုံ့ပြန်လာပြီး ထပ်ခါတလဲလဲခေါင်းမခါလာခင် အချိန်အတော်ကြာအောင် မင်သက်နေခဲ့သည်။ "ဒါကို ဘယ်သူပြောလဲ? ကျွန်မ ဒါကိုသဘောမတူဘူး!"

မျက်မှောင်ကြုတ်လိုက်ရင်း မော့ချူး နျဉ်ယွိယွင်ကို အေးစက်စက်နဲ့ နှာမှုတ်လိုက်သည်။ ဒီလိုနူးညံ့သိမ်မွေ့တဲ့အကြည့်က နျဉ်ယွိယွင်ရဲ့ မျက်လုံးထဲဝင်လာကာ သူ့နှုတ်ခမ်းပေါ်က အပြုံးကလည်း နက်နဲလာသည်။

နှစ်ယောက်သား စကားစမြည်ပြောရင်း ရယ်မောရင်း တစ်နာရီကျော်လောက် လမ်းလျှောက်လာကြသည်။

သဘာဝအလျောက် နျဉ်ယွိယွင်ကတော့ ပင်ပန်းတယ်လို့ မခံစားရပေ။ မော့ချူးရဲ့ နဖူးမှာချွေးအနည်းငယ်ထွက်နေတာကို သူမြင်လိုက်ရတဲ့အခါ အနည်းငယ် ရင်နာသွားမိသည်။

"ကိုယ်တို့ ခဏလောက်နားရင်ရော?" နျဉ်ယွိယွင် ဘေးနားကိုကြည့်လိုက်ကာ လှလှပပ အလှဆင်ထားတဲ့ ဟိုတယ်ဆီ မော့ချူးကို ခေါ်သွားလိုက်သည်။

မော့ချူးလည်း မငြင်းတော့ပေ။ အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ပြီးတဲ့နောက် သူမ ခြေဖဝါးတွေအနည်းငယ် နာကျင်လာသည်ကို ခံစားလိုက်ရသည်။ နားရလောက်သည်အထိတော့ မဆိုးသေးပါချေ။

“ကောင်းပြီ မင်းဒီမှာ ခဏအနားယူလိုက်။ ကိုယ် ခဏနေ ပြန်လာခဲ့မယ်" မော့ချူးကို အခန်းတစ်ခန်းထဲ ခေါ်သွားလိုက်ပြီး သူမကိုနေရာချပေးပြီးနောက် နျဉ်ယွိယွင် သူမခေါင်းလေးကို ပွတ်လိုက်ကာ အပြုံးမပျက် ပြောလိုက်သည်။

မော့ချူး စိတ်ထဲမထားပေ။ သူမ မျက်နှာကို သူ့တံတောင်ဆစ်ပေါ်တင်ကာ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။

ပြောရလျှင် နျဉ်ယွိယွင်က အတော်လေး စဉ်းစားပေးတတ်သည်ပင်။ သူက ပြတင်းပေါက်နားက အခန်းကို အထူးတလည်ရွေးချယ်ခဲ့သည်။

မော့ချူး ပြတင်းပေါက်နားတွင် ထိုင်လိုက်သည်။ အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါက သက်ဝင်လှုပ်ရှားနေတဲ့ လူတွေနဲ့ ဆိုင်အသေးလေးတွေကို မြင်နေရသည်။ ဈေးဆစ်နေကြတဲ့အသံတွေ ကြားနေရသည်။ မျက်နှာဖုံးတပ်ထားတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ဖြတ်ကာသွားလာနေကြတဲ့ မြင်ကွင်းက အရမ်းကို စိတ်ဝင်စားဖို့ကောင်းသည်။

မိနစ် ၂၀ လောက်ကြာပြီးနောက် တံခါးက ရုတ်တရက် ပွင့်လာခဲ့သည်။

All Chapters