← Chapters

အပိုင်း ၂၇၂

Vol. 19 Ch. 272

အပိုင်း ၂၇၂

Vol. 19 Ch. 272

"ရှင်၊ ရှင် ပြန်လာပြီလား?" မော့ချူး လှည့်လာကာ သမ်းလိုက်သည်။ သူမရဲ့ အသံက အနည်းငယ် ပျင်းရိနေသည်။ ဟမ်... သူမ ခဏလောက် လမ်းလျှောက်ပြီးနောက် ပင်ပန်းလွန်းလို့ အိပ်ချင်နေပြီဖြစ်သည်။

သို့ပေမယ့် သူမလှည့်ကြည့်လိုက်တော့ တံခါးပေါက်က လူကိုတွေ့လိုက်ရတဲ့အခါ သူမစိတ်တွေ တင်းကြပ်လာသည်။ ဒီ.... ပုံစံနဲ့အနံ့က နျဉ်ယွိယွင် မဟုတ်ဘူး!

အဲ့ဒီလူက များများစားစား မပြောနေဘဲ မော့ချူးဆီ အမြန် ပြေးဝင်လာသည်။

မော့ချူး အမူအရာ ပြောင်းသွားကာ သူမ ချက်ချင်း ပြန်တုံ့ပြန်လိုက်သည်။ သူမလက်ထဲရှိ ရေဓါးသွားတွေနဲ့ ရှေ့ကလူဆီ ပစ်ထုတ်ဖို့ ပြင်လိုက်ပေမယ့် တစ်ဖက်လူက စတင်တိုက်ခိုက်လာသည်။ မော့ချူးနဲ့ သူ နီးကပ်လာတဲ့အခါ သူမ လည်ပင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

"အမ်း!" မော့ချူး ကြမ်းပြင်ပေါ် 'ဘုတ်' ခနဲမကျသွားခင် အင့်ခနဲသာ အသံထွက်နိုင်လိုက်သည်။

အဲ့ဒီလူက ပြတင်းပေါက်နားရှိ လောင်ကျွမ်းနေတဲ့ မေ့ဆေးအမှုန့်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲ သံသယ အရိပ်အယောင်တွေ ပေါ်လာသည်။ ၎င်းဟာ မှောင်ခိုဈေးကွက်တွင် ရောင်းအားအကောင်းဆုံး မေ့ဆေးမှုန့်အသစ်ဖြစ်သည်။ ၎င်းဟာ အရောင်မရှိ၊ အရသာမရှိသလို၊ သိသာထင်ရှားသည့်အကျိုးသက်ရောက်မှုရှိသည်။ ဒီအကျိုးသက်ရောက်မှုဟာ မှော်သားရဲတစ်ကောင်ကိုတောင် ငြိမ်သွားနိုင်စေသည်ဟု ဆိုကြသည်။ ဘယ်လိုလုပ်... ဒီကောင်မလေးက ဒီလောက်ကြာအောင် ထိတွေ့ပြီးတာတောင် ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်နေသေးတာလဲ?

မေ့လိုက်တော့! သူ့စိတ်ထဲမှာ သံသယတွေကို ဖယ်လိုက်ကာ မော့ချူးကို သူ့ပုခုံးပေါ် တင်လိုက်သည်။ အကြိမ်အနည်းငယ်လောက် ခုန်လိုက်ပြီးတဲ့နောက် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

ဆယ်မိနစ်လောက်ကြာတော့ နျဉ်ယွိယွင်တစ်ယောက် မျက်နှာ‌ပေါ်တွင် အပြုံးနဲ့အတူ ပြန်ရောက်လာသည်။ သူ့လက်ထဲတွင် အရုပ်မျိုးစုံထည့်ထားတဲ့ အိတ်ကြီးတစ်လုံးကို ကိုင်ထားကာ ပုံမှန်ဆို တင်းမာပြီး ပြတ်သားနေတတ်တဲ့ သူ့ပုံစံနဲ့ လုံးဝကိုမလိုက်ဖက်နေပေ။

နျဉ်ယွိယွင်ကတော့ လုံးဝ စိတ်ထဲမထားပါချေ။ သူက အရုပ်တွေကို ဂရုတစိုက်သယ်လာသည်။ ဒါတွေဟာ လမ်းပေါ်မှာ‌လိုက်သွားတုန်းက မော့ချူး အထူးတလည် အာရုံစိုက်ခဲ့တဲ့အရာတွေဖြစ်သည်။ အဲ့ဒီချိန်တုန်းက နျဉ်ယွိယွင် ဘာမှမပြောပေမယ့် အားလုံးကို သူ့စိတ်ထဲမှာ မှတ်ထားသည်။ အခုတော့ သူအကုန်လုံးကို ဝယ်ဖြစ်သွားသည်။

"ချူးလေး ကိုယ်ပြန်လာ..." တံခါးကို တွန်းဖွင့်လိုက်တဲ့ နျဉ်ယွိယွင်ရဲ့ လေသံမှာ ရွှင်မြူးမှုအပြည့်ရှိနေသည်။ အခန်းက လွတ်နေတာကို တွေ့လိုက်ရတော့ သူပြောနေရင်း ရုတ်တရက် ရပ်သွားသည်။

သူ ရုတ်တရက် မျက်မှောင်ကြုတ်မိသွားသည်!

နျဉ်ယွိယွင် အခန်းတစ်ခုလုံးကို သေသေချာချာ ကြည့်လိုက်ပေမယ့် အခန်းထဲမှာ ဘယ်သူမှ မရှိနေပေ။

သူ့ရင်ထဲ ရုတ်တရက်တုန်လှုပ်သွားသည်! ချူးလေးဟာ ဘာမှ မပြောဘဲ ထွက်သွားမယ့်သူ မဟုတ်ကြောင်း သူ သိသည်။ သူမ ရုတ်တရက် ပျောက်ကွယ်သွားသည်။ အဲဒါအတွက် အကြောင်းပြချက်ရှိရမယ်!

ရုတ်တရက် နျဉ်ယွိယွင်ရဲ့ အမူအရာတွေ အေးခဲသွားခဲ့သည်။

သူ့လက်ထဲက ပစ္စည်းတွေကို စားပွဲပေါ်တင်လိုက်ကာ ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။ ပြတင်းပေါက်ဘောင်တွင် အဖြူရောင်အမှုန့်တွေ တကယ်ရှိ‌နေသည်။ နျဉ်ယွိယွင် လက်သီးတင်းတင်းဆုပ်လိုက်သည်။ သူ့အမူအရာဟာလည်း သိသိသာသာ ပြောင်းလဲသွားတော့သည်။

သေစမ်း! ဒါက နောက်ဆုံးထွက် မေ့ဆေးမှုန့်ပဲ! ဒီဆေးမျိုးက ဒီမှာ ဘယ်လိုလုပ်ပေါ်လာတာလဲ?

ဒါတွေအားလုံးက နျဉ်ယွိယွင်ရဲ့ လျင်မြန်တဲ့အရှိန်ကို ကျေးဇူးတင်ရမည်ပင်။ ဆယ်မိနစ်လောက်ကြာပါက ဒီအမှုန့်တွေဟာ အလိုလို ပျောက်သွားလိမ့်မည်ပင်။ ဒါဟာ သူ့ဘာသာသူ ပျောက်သွားတတ်တာကြောင့် အနက်ရောင်ဝတ်လူဟာ ဒါကိုမရှင်းလင်းတော့ဘဲ ဒီတိုင်းထားခဲ့တာဖြစ်သည်။ ဒါကြောင့် သူ့ရဲ့ သဲလွန်စတချို့ ကျန်ခဲ့တာပင်။

ဒီအခိုက်မှာ နျဉ်ယွိယွင်လည်း အဲ့ဒါကိုတွေးမိလိုက်ကာ သူ့မျက်လုံးတွေ မည်းမှောင်သွားတော့သည်!

ချူးလေးကို တစ်ယောက်ယောက် ခေါ်သွားတာပဲ!

ကလစ် ဆိုတဲ့အသံနဲ့အတူ ပြတင်းပေါက်ကို ခပ်ဖြည်းဖြည်း တွန်ဖွင့်လာသည်။

“ရှူးး… မင်းအသံကိုတိုးထား” ကျောလင်ရဲ့ အသံတိုးတိုး ထဲတွင် စူးစမ်းလိုစိတ်နဲ့ အတင်းအဖျင်းပြောချင်စိတ်တွေ ပြည့်နှက်နေသည်။ "ဘော့စ်နဲ့ အဲ့ဒီကောင်မလေး ဘယ်လောက်ထိ ခရီးရောက်သွားပြီလဲဆိုတာ သိချင်လိုက်တာ"

အခုလေးတင်ပဲ သူတို့တွေ လမ်းပေါ်မှာ ရူးကြောင်ကြောင် အပြုံးနဲ့အတူ အသုံးမဝင်တဲ့အရာတွေကို လိုက်ဝယ်နေတဲ့ သူတို့ဘော့စ်ကို တွေ့ခဲ့သည်။ မော့ချူးကို စိတ်ကျေနပ်အောင်လုပ်ရန် သူဒီဟာတွေကိုဝယ်နေမှန်း ထုတ်ပြောစရာတောင်မလိုပေ။ သိချင်စိတ်ကြောင့် သူတို့ဘော့စ်နောက်ကို ချက်ချင်း လိုက်လာကြတာဖြစ်သည်။

သို့ပေမယ့် သူတို့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တဲ့အခါ သူတို့ဘော့စ် တစ်ယောက်ထဲသာ ကုလားထိုင်ပေါ်တွင် ထိုင်နေတာကို တွေ့လိုက်ရပြီး မော့ချူးကတော့ ပျောက်နေသည်။ ဘာတွေဖြစ်နေတာလဲ? မော့ချူး အရင်ထွက်သွားတာများလား?

"ဝင်လာခဲ့ကြ!" ရုတ်တရက် နျဉ်ယွိယွင်က ခက်ခက်ထန်ထန် အော်လိုက်သည်။ သူ မလှည့်လာပေမယ့် ငုံ့ထားတဲ့သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် မည်းမှောင်နေသည်!

အိုး မဖြစ်ဘူး၊ သူတို့ကို ရှာတွေ့သွားပြီ! ကျောလင်နဲ့ ကျုံးဝမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ နှုတ်ခမ်းထောင့်‌တွေ မဲ့ကျသွားကြသည်။ တစ်ချိန်တည်းမှာဘဲ ထရပ်လိုက်ကာ အခန်းထဲ ၀င်လိုက်ကြသည်။

All Chapters