ဂိုဏ်းချုပ် စတစ်ခ် ၏ အကြံအစည် အောင်မြင်သွားပြီ
Vol. 24 Ch. 327
ရူဟွား၏ ခြံဝင်းငယ်လေးထဲတွင်…။
ရဲယင်သည် ဒန်းပေါ်တွင် အားမတန်သလို ထိုင်နေသည်။
“ဟူး… ငါအခု ဘာလုပ်ရမှာလဲ…”
“မင်းလွတ်လွတ်လပ်လပ် လျှောက်သွားလို့ရမှတော့ အပြင်ထွက်ပြီး လျှောက်လည်ရမှာပေါ့… ဒီဂိုဏ်းအကြောင်း သတင်းအချက်အလက်တချို့ရှာ… ပြီးတော့ ရတနာပစ္စည်းတွေရှိရင် ခိုးယူလိုက်ရုံပဲ… စိတ်မပူနဲ့… ငါက ပစ္စည်းခိုးတာမှာ ကျွမ်းကျင်တယ်… ငါတို့လိုချင်သလောက် ယူသွားလို့ရတယ်… အမှောင်စွမ်းအင်ဂိုဏ်းတစ်ခုလုံးကိုတောင် ကုန်အောင်သယ်သွားလို့ရတယ်…”
ရဲရှင်းဟွေ့က အနည်းငယ်အားကိုးမရသော်လည်း သူပြောသည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။
ယခုဒီမှာနေရသည်မှာ ပြဿနာမဟုတ်သော်လည်း အပြင်ထွက်၍ လမ်းလျှောက်ခြင်းက ပို၍လက်တွေ့ကျသည်။
သို့သော် ရဲယင်ခြံထဲမှ မထွက်ခွာမီ မေ့ကျဲ့ရန်က ထပ်ပြောလိုက်၏။
“စောင့်ဦး… မသွားခင် မင်းကို အပြည့်အစုံ ပြင်ဆင်ပေးမယ်…”
“ဘာ…”
ရဲယင်သဘောတူသည်ကို မစောင့်ဘဲ မေ့ကျဲ့ရန်က သက်သွင်းခြင်းစွမ်းရည်ကို အသုံးပြုပြီး ရဲယင်၏ခန္ဓာကိုယ်နှင့် ရုပ်ရည်ကို စတင်ပြောင်းလဲလိုက်သည်။
မကြာမီပင် ရဲယင်သည် လိုလီတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏မျက်နှာသည် ရူဟွား၏မျက်နှာနှင့် တူသွားသည်။
အဝတ်အစား၊ ခန္ဓာကိုယ်၊ ရုပ်ရည်နှင့် အသံပင်လျှင် ရဲယင်သည် ယခုအခါ ရူဟွားနှင့် တစ်ပုံစံတည်း တူနေလေသည်။
“ကြည့်… အခုမင်းမှာ ဒီမျက်နှာရှိနေပြီဆိုတော့ ဒါက ဒီဂိုဏ်းထဲမှာ အကောင်းဆုံးဖြတ်သန်းခွင့်ပဲ…”
စကားပြောနေစဉ် မေ့ကျဲ့ရန်က အံ့ဖွယ်နစ်ကီအသွင်ပြောင်းခြင်းစွမ်းရည်ကို အသုံးပြု၍ ရဲယင်၏အဝတ်အစားကို ရှေးဟောင်းဂါဝန်တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်သည်။
“ပြီးပြည့်စုံတယ်…”
သူ၏လက်ရာကိုကြည့်ရင်း မေ့ကျဲ့ရန်က ခေါင်းညိတ်လိုက်ပြီး သူသာ ပလပ်စတစ်ဆာဂျရီဆေးရုံတစ်ခုဖွင့်လျှင် ငွေအများကြီးရှာနိုင်မည်မှာ သေချာသည်ဟု ခံစားလိုက်ရသည်။
ရဲယင်က သူ၏ခန္ဓာကိုယ်ကို ထိတွေ့လိုက်ပြီးနောက် ကိုယ်ပိုင်နေရာအချို့ကို ထိတွေ့လိုက်သည်။
သူ့ကို အရှုပ်ထွေးဆုံးနှင့် အံ့အားသင့်ဆုံးဖြစ်စေသောအရာမှာ ယောက်ျားတစ်ယောက်၏ အရေးကြီးဆုံးအစိတ်အပိုင်းကို သူရှာမတွေ့ ထိမတွေ့နိုင်ခြင်းပင်…။
“သောက်ကျိုးနည်း… ငါက မင်းတူလေကွာ… မင်းငါ့ကို ဘယ်လိုတောင်လုပ်ရက်ရတာလဲ…”
“စိတ်မပူပါနဲ့… နောက်ကျရင် မင်းကိုပြန်ပြောင်းပေးမှာပါ…”
မေ့ကျဲ့ရန်က ဂရုမစိုက်သလိုပြောလိုက်ပြီးနောက် သူက မှတ်ချက်ပေးလိုက်သည်။
“မိန်းကလေးတစ်ယောက်ဖြစ်လာဖို့က လူတော်တော်များများရဲ့ တစ်သက်တာအိပ်မက်ပဲ… ကြည့်စမ်း… မင်းက တခြားလူတွေရဲ့အိပ်မက်ကို တွေ့ကြုံခံစားနေရတာလေ… မင်းအရမ်းပျော်သင့်တယ်မဟုတ်လား…”
“ဘာစကားတွေပြောနေတာလဲ… ဘယ်ငတုံးက ဒါကိုပျော်မှာလဲ…”
သူအလွန်မကျေမနပ်ဖြစ်နေသော်လည်း ဤပုံစံဖြင့် အပြင်ထွက်သည့်အခါ အလုပ်များပြီးမြောက်ရန် ပိုမိုလွယ်ကူမည်မှာ အမှန်ဖြစ်ကြောင်း သူသဘောတူလိုက်ရသည်။
ထိုသို့ဖြင့် ရဲယင်သည် ရူဟွား၏ကိုယ်ဟန်နှင့် ရူဟွား၏မျက်နှာဖြင့် ခြံထဲမှ ထွက်လာခဲ့၏။
ခြံဝင်းအပြင်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူသည် အမှောင်စွမ်းအင်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်နှင့် တွေ့လိုက်ရသည်။
ရဲယင်သည် အမှောင်စွမ်းအင်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ကို မသိပေ။
ရဲယင်သည် အမှောင်စွမ်းအင်ဂိုဏ်းသို့ ရောက်လာသည့်အခါ မည်သည့်အချက်အလက်မျှ မရရှိခဲ့ပေ။
အပြင်စည်းတပည့်အချို့၊ အစေခံတပည့်အချို့၊ ဂိုဏ်းချုပ် စတစ်ခ် နှင့် မသေမျိုးဧကရာဇ် ရူဟွားမှလွဲ၍ သူအခြားမည်သူ့ကိုမျှ မသိပေ။
“ရူဟွား… မင်းရောက်လာတာ အတော်ပဲ… ဂိုဏ်းချုပ်က အရသာရှိတဲ့ သကြားလုံးတချို့ရထားတယ်လို့ပြောပြီး မင်းကိုလာမြည်းစမ်းဖို့ခိုင်းလိုက်တယ်…”
မင်ဟိန်၏စကားကိုကြားသောအခါ ရဲယင်က ငြင်းဆန်လိုသော်လည်း ရူဟွားသည် အချိုမည်မျှကြိုက်သည်ကို စဉ်းစားကြည့်သောအခါ ငြင်းဆန်လိုက်လျှင် မသင့်တော်ဘဲ လူများက သံသယဝင်လာမည်မှာ သေချာပေသည်။
ထိုသို့တွေးမိသောအခါ ရဲယင်က သဘောတူလိုက်သည်။
ရဲယင်သည် တော်တော်လေးသတိထားပြီး သွယ်ဝိုက်မေးမြန်းခြင်းဖြင့် သူ့ကို ဂိုဏ်းချုပ် စတစ်ခ် ထံ ခေါ်ဆောင်သွားသူသည် အမှောင်စွမ်းအင်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ဖြစ်ပြီး ဂိုဏ်းချုပ် စတစ်ခ် ၏ ညီဖြစ်သူ မင်ဟိန်ဖြစ်ကြောင်း သူသိရှိသွား၏။
မင်ဟိန်က ယနေ့ ရူဟွားသည် အလွန်ပူးပေါင်းဆောင်ရွက်ပြီး လိမ္မာနေသည်ကို မြင်သောအခါ သူစိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ရူဟွား ဂိုဏ်းသို့ ပထမဆုံးဝင်ရောက်လာစဉ်က ဂိုဏ်းချုပ် စတစ်ခ် သည် သူမကို ထိန်းချုပ်နိုင်သေးသည်။
ဘာပဲဖြစ်ဖြစ် ရူဟွားသည် အတွေ့အကြုံမရှိဘဲ အနည်းငယ်တုံးအသောကြောင့် တစ်ခုခုဖြစ်လျှင် သူမကို သကြားလုံးပေးလိုက်ရုံသာဖြစ်သည်။
ရူဟွားကြောင့် ဂိုဏ်းချုပ် စတစ်ခ် ကိုယ်တိုင်လည်း သကြားလုံးများနှင့် အခြားအချိုပွဲများပြုလုပ်ရန် လျှို့ဝှက်နည်းလမ်းများစွာကို သင်ယူခဲ့ရ၏။
သို့သော် အကြိမ်ကြိမ်အသုံးချခံရပြီး အကြိမ်ကြိမ်လိမ်လည်ခံရသောအခါ ရူဟွားသည် ပုန်ကန်လိုသောစိတ်များ ဖြစ်ပေါ်လာသည်။
အရင်ကသာ မင်ဟိန်က ရူဟွားကို ဂိုဏ်းချုပ်က သူမမြည်းစမ်းရန် သကြားလုံးအသစ်များပြုလုပ်ထားသည်ဟု ပြောလျှင် ရူဟွားက ဂိုဏ်းချုပ် စတစ်ခ် ကိုယ်တိုင် လာပို့သင့်ကြောင်း သူ့ကို သေချာပေါက်ပြောပေလိမ့်မည်။
ပြီးတော့ သူတို့က သူမ၏အကူအညီဖြင့် အောင်မြင်မှုများရရှိခဲ့လျှင်ပင် လမ်းတစ်လျှောက်တွင် ပြဿနာအမျိုးမျိုးရှိနေတတ်၏။
ရူဟွားကို ထိန်းချုပ်ရန် ပို၍ပို၍ခက်ခဲလာသောကြောင့်ပင် ဂိုဏ်းချုပ် စတစ်ခ် သည် ရူဟွားအပေါ် သတ်ဖြတ်လိုသောစိတ်များ စတင်ဖြစ်ပေါ်လာပြီး သူမ၏ကျင့်ကြံခြင်းကို မိမိကိုယ်ပိုင်အဖြစ်ရယူကာ မသေမျိုးဧကရာဇ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန်ပင် စီစဉ်ခဲ့သည်။
‘ဘာပဲဖြစ်ဖြစ် ငါတို့သူ့ကို ကွက်စိတ်ထဲဝင်အောင်လုပ်နိုင်သရွေ့တော့… ဒါပေမဲ့ နည်းနည်းတော့ထူးဆန်းတယ်… အခုလက်ရှိ ရူဟွားက ဘာလို့ လမ်းလျှောက်ပုံစံက ထူးဆန်းနေရတာလဲ… ပြီးတော့… ဘာလို့ငါသူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မရေမရာခံစားမိနေရတာလဲ… မသေမျိုးဝိညာဉ်အဆင့်တောင်မရှိဘူး…”
ထိုသို့တွေးမိသောအခါ မင်ဟိန်က ခေါင်းခါလိုက်ပြီး သူ့ဘာသာပြောလိုက်သည်၊
‘သူငါ့ကိုနောက်တစ်ခါ လှည့်စားဖို့ကြိုးစားနေတာဖြစ်မယ်… ဒါမှ သူက သူ့ကျင့်ကြံခြင်းကို ဒီလိုမျိုးပြပြီး ကြွားနိုင်မှာ…မကြောက်စမ်းနဲ့… ငါသူ့ကို ကွက်စိတ်ဆီအရင်ခေါ်သွားဖို့ပဲလိုတယ်…’
မိနစ်နှစ်ဆယ်ကျော်အကြာတွင်
လူနှစ်ယောက်၊ တိတိကျကျပြောရလျှင် လူသုံးယောက်သည် အမှောင်စွမ်းအင်ဂိုဏ်း၏ အဓိကခန်းမဆောင်သို့ ရောက်ရှိလာကြသည်။
သူတို့ပျံသန်းလာပါက ဆယ်စက္ကန့်ကျော်သာ ကြာမြင့်မည်ဖြစ်သော်လည်း အမှောင်စွမ်းအင်ဂိုဏ်းတွင် ပျံသန်းခြင်းကို တားမြစ်ထားသည်။
အကယ်၍ ရူဟွားကိုယ်တိုင်ဖြစ်ပါက သူမသည် တားမြစ်ချက်များကို လျစ်လျူရှုကာ စကားတစ်ခွန်းမပြောဘဲ ပျံသန်းလာမည်မှာ သေချာပေသည်။
ဤအချက်သည်လည်း မင်ဟိန်ကို ထူးဆန်းသည်ဟု ခံစားရစေသောအရာဖြစ်သည်။
မင်ဟိန်က ရှေ့သို့တက်ကာ စတစ်ခ် ကို လက်ဆုပ်အလေးပြုရင်း ပြောလိုက်သည်၊
“ဂိုဏ်းချုပ်… ရူဟွားရောက်ပါပြီ…”
“ကောင်းပြီ…”
ဂိုဏ်းချုပ် စတစ်ခ် က ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“မင်ဟိန်… မင်းအရင်ထွက်သွားလိုက်ပါ…”
“ဟုတ်ကဲ့…”
မင်ဟိန်က တုံ့ပြန်လိုက်ပြီးနောက် ရဲယင်ကို တစ်ချက်ကြည့်ကာ အဓိကခန်းမဆောင်မှ ထွက်ခွာသွားသည်။
မင်ဟိန်ထွက်သွားပြီးနောက် ဂိုဏ်းချုပ် စတစ်ခ် က ရူဟွားအဖြစ်ပြောင်းလဲနေသော ရဲယင်ကို ပြုံးရင်းကြည့်လိုက်သည်။
“ရူဟွား… လာ… လာ… ငါဒီမှာလုပ်ထားတဲ့ သကြားလုံးအသစ်ကို မြည်းစမ်းကြည့်…”
စကားပြောနေစဉ် ဂိုဏ်းချုပ် စတစ်ခ် က ရဲယင်ကို အဓိကခန်းမဆောင်ဘေးရှိ ကွင်းပြင်သို့ ခေါ်ဆောင်သွားသည်။
ထိုကွင်းပြင်တွင် ထူးဆန်းသောပုံစံများ ရိုက်နှိပ်ထားသည်။
ကွင်းပြင်အလယ်တွင် သစ်သားစားပွဲတစ်လုံးရှိသည်။ ထိုသစ်သားစားပွဲပေါ်တွင် သကြားလုံးများရှိပြီး သကြားလုံးများထဲတွင် ပန်းပုံသဏ္ဌာန်ရှိသော ရောင်စုံသကြားလုံးများလည်း ပါဝင်သည်။
သူအနားမကပ်မီမှာပင် ချိုမြိန်သောအနံ့က သူ၏မျက်နှာကို လာရောက်ရိုက်ခတ်သည်။
ရဲယင်သည် ကြမ်းပြင်နှင့် နံရံများပေါ်မှ ပုံစံများက သူ့ကို မကောင်းသောခံစားချက်ပေးနေသောကြောင့် ချီတုံချတုံဖြစ်နေသည်။
ထိုအချိန်တွင် ဂိုဏ်းချုပ် စတစ်ခ် က ရဲယင်ကို ကြင်နာသောအပြုံးဖြင့် ကြည့်နေသည်။
သူအနည်းငယ်မသက်မသာခံစားရသော်လည်း ရဲယင်သည် ရှေ့သို့ဆက်လျှောက်ကာ စားပွဲပေါ်မှ သကြားလုံးကို ကောက်ယူစားလိုက်၏။
အင်း… တော်တော်လေးအရသာရှိပြီး ဝိညာဉ်စွမ်းအင်ချီ အနည်းငယ်ပင် ပါဝင်နေသည်။
ရဲယင်က သကြားလုံးတစ်လုံးစားပြီး ဂိုဏ်းချုပ် စတစ်ခ် ကို ပြန်ကြည့်လိုက်၏။
ထိုအတောအတွင်း ဂိုဏ်းချုပ် စတစ်ခ် သည် ထူးဆန်းသောပုံစံများပါသော အခြားကြမ်းပြင်တစ်ခုဆီသို့ အောင်နိုင်သူအပြုံးဖြင့် လျှောက်သွားသည်
သူခြေလှမ်းသည်နှင့် ခန်းမဆောင်တစ်ခုလုံး တုန်ခါသွားသည်။
ချက်ချင်းပင် မြေပြင်ပေါ်မှ ပုံစံများမှ လက်တံများပေါ်ထွက်လာပြီး ရဲယင်နှင့် ဂိုဏ်းချုပ် စတစ်ခ် ကို ပတ်ရစ်လိုက်၏။
“ဟားဟားဟား… ငါအောင်မြင်ပြီ… ရူဟွား… မင်းရဲ့စွမ်းအားကို ငါ့ကိုပေးစမ်း…”
ဂိုဏ်းချုပ် စတစ်ခ် ၏စကားကိုကြားသောအခါ ရဲယင်နှင့် မေ့ကျဲ့ရန်နှစ်ယောက်စလုံး တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။
မေ့ကျဲ့ရန်က ဝင်ပေါက်တစ်ခုဖွင့်ကာ ရဲယင်ကို ထိုနေရာမှ အရင်ဆုံးခေါ်ထုတ်ရန် စီစဉ်လိုက်သည်။
မေ့ကျဲ့ရန်က ဝင်ပေါက်ဖွင့်လိုက်စဉ်မှာပင် အာကာသ နောက်ပြန်သက်ရောက်မှုတစ်ခုက ဝင်ပေါက်ကို တိုက်ရိုက်ဆုတ်ဖြဲပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မေ့ကျဲ့ရန်၏ခန္ဓာကိုယ်သည် မီးခိုးတန်းငယ်လေးအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွား၏။
“သောက်ချီးလိုပဲ…”
ရဲယင်က အော်လိုက်ပြီး သူ့ဦးလေးက တကယ်ကို အားကိုးလို့မရတဲ့ကောင်မှန်း သူခံစားလိုက်ရသည်။
ရဲယင်က ကြယ်စွမ်းအင်ကို ထုတ်လွှတ်ကာ တားဆီးရန်ကြိုးစားစဉ် သူသည် သူ၏စွမ်းအားကို လုံးဝအသုံးမပြုနိုင်တော့ဘဲ သူ၏ဝိညာဉ်စွမ်းအားမှာ အလွန်လျင်မြန်သောနှုန်းဖြင့် ပျောက်ကွယ်နေသည်ကို တွေ့ရှိလိုက်ရသည်။
ထိုအချိန်တွင် သူသည် ဂိုဏ်းချုပ် စတစ်ခ် ၏ ရယ်သံကိုကြားလိုက်ရပြီး
“လက်လျှော့လိုက်တော့ ရူဟွား… ငါက ကွက်စိတ်ကို အသက်သွင်းပြီးကတည်းက ငါရောမင်းရော ဖျက်ဆီးလို့ ဒါမှမဟုတ် ပိတ်ပစ်လို့မရတော့ဘူး…”
အမှန်ပင်…။အစကတည်းက ဂိုဏ်းချုပ် စတစ်ခ် သည် ရူဟွားကို တစ်ယောက်တည်း အသုံးချရန် စီစဉ်ထားပြီး ဤအခွင့်အရေးကို အခြားသူများနှင့် မျှဝေရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သူဂိုဏ်း၏အကြီးအကဲများကို ထိုသို့ပြောခဲ့ရခြင်းမှာ ရူဟွားအပေါ် အနည်းငယ်သံယောဇဉ်ရှိသော အကြီးအကဲများကို ဖယ်ရှားပစ်လိုသောကြောင့်ဖြစ်သည်။
သွေးဆောင်ဖြားယောင်း၍ရသော မည်သူမဆိုသည် လူကောင်းတစ်ယောက် သေချာပေါက်မဟုတ်ပေ။
သွေးဆောင်ဖြားယောင်း၍မရသောသူများမှာ သူ၏ပထမဆုံးပစ်မှတ်များ ဖြစ်လာသည်။
“အား…”
သူ၏နှစ်ပေါင်းများစွာကျင့်ကြံမှု၏ရလဒ်များ ဆုံးရှုံးနေသည်ကို ခံစားရသောအခါ ရဲယင်သည်လည်း ဒေါသတကြီးဟိန်းအော်လိုက်သည်။