← Chapters

တိုက်ပွဲရလဒ်များ

Vol. 24 Ch. 337

တိုက်ပွဲရလဒ်များ

Vol. 24 Ch. 337

ရဲရှင်းဟွေ့ကို ထိန်းချုပ်ပြီးနောက် လင်ချင်းယွဲ့သည် အခြားသူများ၏တိုက်ပွဲများကို ကြည့်လိုက်သည်။

ပေါင်ပေါင်းနှင့် မိစ္ဆာဘုရင်ကြားရှိ တိုက်ပွဲတွင် ပေါင်ပေါင်းမှာ လုံးဝဖိနှိပ်ခံနေရသည်။

ပိုင်လန်နှင့် ရဲယင်ကြားရှိ တိုက်ပွဲတွင် ရဲယင်မှာ လက်တစ်ဖက်နှင့် ခြေတစ်ဖက်ပြတ်သွားသည်။

ရူဟွားနှင့် ယီချန်းချွင်ကြားရှိ တိုက်ပွဲတွင် ရူဟွားမှာလည်း ဖိနှိပ်ခံနေရသော်လည်း ယီချန်းချွင်က သက်ညှာသောကြောင့် ရူဟွားမှာ မရှုံးသေးပေ။ သို့သော် လက်ရှိအခြေအနေကိုကြည့်လျှင် သူမ မကြာမီရှုံးနိမ့်ပေလိမ့်မည်။

သူတို့ဘက်တွင် အသာစီးရနေသော တစ်ဦးတည်းသောသူမှာ ရဲလန်ယွဲ့ဖြစ်သည်။

ရဲလန်ယွဲ့သည် ယွမ်ကျစ်၏စိတ်ခံစားချက်များကို တိုက်ရိုက်ကစားကာ ထိန်းချုပ်ထားပြီး သူ၏အသန်မာဆုံးစွမ်းအားကို ထုတ်သုံးနိုင်ခြင်းမှ တားဆီးထားသည်။

ရဲလန်ယွဲ့မှာမူ လက်သီးတစ်ချက်ဖြင့်ပင် ယွမ်ကျစ်ကို သွေးအန်ကာ နောက်သို့လွင့်စင်သွားစေနိုင်သည်။

သူမတိုက်ခိုက်တိုင်း ရဲလန်ယွဲ့သည် အမှောင်စွမ်းအင်အချို့ကိုသုံး၍ ဒေတာများကို ပြောင်းလဲပစ်သည်။ မူလက ကီလိုဂရမ်တစ်ရာ၏အားကိုသာ ထုတ်သုံးသောလက်သီးတစ်ချက်သည် ယွမ်ကျစ်ကိုထိမှန်သောအခါ တန်တစ်ရာဖြစ်သွားသည်။

ဤသည်ကိုမြင်သောအခါ လင်ချင်းယွဲ့သည် သူမ ဤမိန်းမနှင့် ယှဉ်နိုင်မည်မဟုတ်ကြောင်း သိလိုက်သည်။

သို့သော် သူမသည် ဤတိုက်ပွဲကို သူတို့အနိုင်ရပြီးဖြစ်ကြောင်း သိနေသည်။

ယီချန်းချွင်၊ ပိုင်လန်နှင့် မိစ္ဆာသခင်တို့ သူတို့၏ရန်သူများကို ဖြေရှင်းပြီးနောက် ၎င်းမှာ ငါးယောက်တစ်ယောက်အခြေအနေ ဖြစ်လာပေလိမ့်မည်။

ရဲလန်ယွဲ့သည် မသေမျိုးဧကရာဇ်ငါးပါးနှင့် တစ်ယောက်တည်း မည်သို့တိုက်ခိုက်နိုင်မည်နည်း။

ဤသို့တွေးမိသော် လင်ချင်းယွဲ့သည် တခစ်ခစ်ရယ်မောလိုက်ပြီး နေရာတစ်ခုရှာကာ ထိုင်ချလိုက်ပြီး တိုက်ပွဲပြီးဆုံးရန် စောင့်ဆိုင်းနေသည်။

ဆယ်မိနစ်ကုန်လွန်သွားသည်…။

နာရီဝက်ကုန်လွန်သွားသည်…။

တစ်နာရီကုန်လွန်သွားသည်……။

ငါးနာရီကုန်လွန်သွားသည်……။

ငါးနာရီကုန်လွန်သွားပြီးနောက် လင်ချင်းယွဲ့သည် နောက်ဆုံးတွင် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။

အဓိကအကြောင်းရင်းမှာ တိုက်ပွဲအချိန်မှာ အလွန်ကြာမြင့်နေသောကြောင့်ဖြစ်သည်။

မသေမျိုးဧကရာဇ်များကြားရှိ တိုက်ပွဲများမှာ ဆယ်ရက်မှ လဝက်ကျော်အထိ ကြာမြင့်သည်ဟု ဆိုသော်လည်း ၎င်းမှာ လေ့ကျင့်ယှဉ်ပြိုင်သည့်အခါတွင်သာ ဖြစ်သည်။

အကယ်၍ ၎င်းမှာ အသက်သေဆုံးသည်အထိတိုက်ခိုက်ရမည့်တိုက်ပွဲဖြစ်ပါက တိုက်ပွဲသည် တစ်ရက်လုံးကြာမြင့်နိုင်လျှင်ပင် အလွန်ကောင်းမွန်နေပြီဖြစ်သည်။

ပိုင်လန်နှင့် အခြားသူများသည် သူတို့၏ပြိုင်ဘက်များကို သိသိသာသာဖိနှိပ်ထားသော်လည်း သူတို့မှာ အနိုင်မရနိုင်ပေ။

ရဲလန်ယွဲ့၏တိုက်ပွဲမှာလည်း အလွန်ထူးဆန်းနေသည်။

သူမ၏လက်သီးတစ်ချက်စီတိုင်းသည် ယွမ်ကျစ်ကို သွေးသုံးလီတာအန်စေနိုင်သည်။ လွန်ခဲ့သောငါးနာရီအတွင်း ယွမ်ကျစ် မည်မျှသွေးအန်ခဲ့သည်ကို လင်ချင်းယွဲ့မှာ မရေတွက်နိုင်တော့ပေ။

ထို့အပြင် သူတို့၏တိုက်ခိုက်နည်းများမှာလည်း ထပ်တူညီနေသည်။

သူမသည် အခြားမသေမျိုးဧကရာဇ်လေးပါးနှင့် သိပ်မဆက်ဆံဖူးသော်လည်း အနည်းဆုံးတော့ သူတို့သည် လွန်ခဲ့သောနှစ်တစ်ရာက အတူတကွတိုက်ခိုက်ခဲ့ကြပြီး အရင်က ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

တိုက်ပွဲလေးခုတွင် ယွမ်ကျစ်၏တိုက်ခိုက်ပုံစံမှလွဲ၍ အခြားသုံးခုမှာ ရှုပ်ထွေးနေသည်။

ထိုအချိန်တွင် လင်ချင်းယွဲ့သည် နောက်ဆုံးတွင် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။

"ဖြစ်နိုင်တာက… ငါ ပုံရိပ်ယောင်တစ်ခုအောက်မှာ ရောက်နေတာလား။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက မာယာနိယာမတရားကို ကျွမ်းကျင်တာ၊ ဒါကြောင့် ငါဘယ်လိုလုပ် တခြားတစ်ယောက်ရဲ့ ပုံရိပ်ယောင်ထဲကို ကျရောက်နိုင်မှာလဲ"

သူမ မယုံကြည်သော်လည်း လင်ချင်းယွဲ့သည် ပုံရိပ်ယောင်ကို ဖယ်ရှားရန် ကြိုးစားကြည့်လိုက်သည်။

လင်ချင်းယွဲ့သည် သူမ၏မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်သောအခါ သူမသည် သွေးလွှမ်းသောလမင်းရှိသော အာကာသတစ်ခုသို့ ရောက်ရှိသွားသည်။

ဤနေရာတွင် မရေမတွက်နိုင်သော လက်ဝါးကပ်တိုင်များရှိပြီး လက်ဝါးကပ်တိုင်တစ်ခုစီတွင် လူတစ်ယောက်ကို ချည်နှောင်ထားသည်။

လူတစ်ယောက်စီမှာ လင်ချင်းယွဲ့ကိုယ်တိုင်ဖြစ်သည်။

ထိုအချိန်တွင် လင်ချင်းယွဲ့သည် သူမသည်လည်း ထိန်းချုပ်ခံထားရပြီး သွေးဖြင့်နီရဲနေသော လက်ဝါးကပ်တိုင်တစ်ခုပေါ်တွင် ချည်နှောင်ခံထားရကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။

သူမ၏ရှေ့တွင် ရပ်နေသူမှာ သူမ၏ထိန်းချုပ်မှုအောက်တွင် ရှိသင့်သော ရဲရှင်းဟွေ့ဖြစ်ပြီး သူတို့မှာ နှစ်ယောက်ရှိနေသည်။

ရဲရှင်းဟွေ့တစ်ယောက်သည် သူ၏လက်ထဲတွင် ရှည်လျားသောငါးခြောက်တစ်ကောင်ကို ကိုင်ထားပြီး အခြားတစ်ယောက်မှာ ငါးသလောက်တစ်ကောင်ကို ကိုင်ထားသည်။

ငါးသလောက်ကိုင်ထားသူသည် လင်ချင်းယွဲ့၏နောက်သို့လာပြီး အနံ့ဆိုးသောငါးသလောက်ကို သူမ၏လည်ပင်းတွင် ပတ်လိုက်သည်။

စေးကပ်သောခံစားမှုနှင့် နှာခေါင်းပေါက်ထဲသို့ဝင်ရောက်လာသော ငါးညှီနံ့တို့ပေါင်းစပ်လိုက်သောအခါ သန့်ရှင်းမှုကိုအလွန်အမင်းစွဲလမ်းသောသူတစ်ယောက်ဖြစ်သည့် လင်ချင်းယွဲ့မှာ ထိုအခိုက်အတန့်တွင် သေဆုံးလိုစိတ်ပေါက်သွား၏။

သူမ အသက်ရှုကျပ်လာချိန်တွင် အခြားရဲရှင်းဟွေ့သည်လည်း လှုပ်ရှားလိုက်သည်။ သူသည် ငါးခြောက်ကို လင်ချင်းယွဲ့၏ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်သည်။

လင်ချင်းယွဲ့သည် သူမသေပြီဟုထင်မှတ်လိုက်စဉ်မှာပင် သူမသည် ရုတ်တရက်ပြန်လည်နိုးထလာပြန်သည်။

လင်ချင်းယွဲ့နိုးထလာသောအခါ သူမသည် လက်ဝါးကပ်တိုင်ပေါ်တွင် ချည်နှောင်ခံထားရဆဲဖြစ်ပြီး သူမ၏ရှေ့တွင် ရဲရှင်းဟွေ့နှစ်ယောက် ရပ်နေဆဲဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် ရဲရှင်းဟွေ့နှစ်ယောက်ကိုင်ဆောင်ထားသောအရာများမှာ ငါးသလောက်နှင့်ငါးခြောက်များမဟုတ်တော့ဘဲ အနံ့ဆိုးသောမစင်ပုံးတစ်ပုံးနှင့် အိမ်သာပိုက်ဖော်တံတစ်ချောင်း ဖြစ်သည်။

"အော့…"

ဤအနံ့နှင့်ကြုံတွေ့ရသောအခါ လင်ချင်းယွေ့သည် ချက်ချင်းပင် ပျို့အန်စပြုလာသည်။

ရဲရှင်းဟွေ့မှာမူ မျက်နှာအမူအရာမပြောင်းဘဲ မစင်ပုံးကို သူမ၏ခေါင်းပေါ်တွင် တင်လိုက်သည်။

မစင်ပုံးထဲရှိ အညစ်အကြေးများမှာ မပြန့်ကျဲဘဲ လင်ချင်းယွဲ့၏ခေါင်းပေါ်တွင် ကပ်နေသည်။ အကယ်၍ ဤအတိုင်းဆက်သွားပါက သူမသည် အသက်ရှုကြပ်၍သေဆုံးပေလိမ့်မည်။

ရဲရှင်းဟွေ့သည် သူမကို ဤသို့အသက်ရှုကြပ်စေမည်မဟုတ်သောကြောင့် သူသည် အိမ်သာပိုက်ဖော်တံကိုယူကာ လင်ချင်းယွဲ့၏ဝမ်းဗိုက်ထဲသို့ ထိုးစိုက်စပြုလာသည်။

သူလှုပ်ရှားလိုက်တိုင်း လင်ချင်းယွဲ့သည် အလိုအလျောက်ပါးစပ်ဖွင့်ရန် တွန်းအားပေးခံရပြီးနောက်

နောက်ဆုံးတွင် လင်ချင်းယွဲ့သည် အသက်ရှုကြပ်၍မသေဘဲ မစင်များကျွေးခံရ၍သေဆုံးသွား၏။

ဤသေဆုံးမှုပြီးနောက် နောက်တစ်ကြိမ် ပြန်လည်ဝင်စားခြင်းဖြစ်သည်။

နာရူတိုကြည့်ဖူးသူတိုင်းသည် ဤသွေးလွှမ်းသောလမင်းနှင့် လက်ဝါးကပ်တိုင်မှာ မန်ဂက်ကျော ရှာရင်ဂန်၏စွမ်းရည်ဖြစ်သော ဆကုယိုမီဖြစ်ကြောင်း သိကြပေမည်။

ရဲရှင်းဟွေ့ ဤတစ်ကြိမ်ရရှိခဲ့သောစွမ်းရည်မှာ ရှာရင်ဂန်ဖြစ်ပြီး တိတိကျကျပြောရလျှင် ၎င်းမှာ ဆာဆုကဲ၏ မန်ဂက်ကျော ရှာရင်ဂန်ဖြစ်သည်။

ရဲရှင်းဟွေ့သည် ဆူဆာနိုအို၊ အာမာတဲရာဆုနှင့် ကာဂုဆုချီတို့ကိုလည်း အသုံးပြုနိုင်သည်။

သို့သော် ရဲရှင်းဟွေ့၏အမြင်တွင် အစိတ်ဝင်စားဆုံးမှာ ဆကုယိုမီဖြစ်သည်။

အကယ်၍ သူသည် ဆကုယိုမီကို သူ့ကိုယ်သူအပေါ်အသုံးပြုပါက ၎င်းမှာ စွဲငင်မှုရှိသောဂိမ်းတစ်ခုကစားနေရသကဲ့သို့ ခံစားရပေလိမ့်မည်။

ရဲရှင်းဟွေ့ လင်ချင်းယွဲ့ကိုကြည့်စဉ်ကတည်းက သူသည် ဆကုယိုမီကို အသက်သွင်းပြီးဖြစ်ပြီး လင်ချင်းယွဲ့ နောက်ပိုင်းမြင်ခဲ့သမျှအရာအားလုံးမှာ အခြေခံအားဖြင့် ပုံရိပ်ယောင်ဖြစ်သည်။

တစ်ခုတည်းသောကွာခြားချက်မှာ ရဲလန်ယွဲ့နှင့် ယွမ်ကျစ်ကြားရှိ တိုက်ပွဲမှာ ပုံရိပ်ယောင်အတိအကျမဟုတ်ခြင်းပင်ဖြစ်သည်။

၎င်းမှာ အမှန်တကယ်တိုက်ပွဲ၏ဗီဒီယိုကို ထပ်ခါတလဲလဲဖွင့်ပြနေသကဲ့သို့ပင်။

သူသည် သူ၏တူအကြီးဆုံး ရဲယင်ကို အနည်းငယ်ဒုက္ခရောက်စေနိုင်ပြီး သူ၏လက်တစ်ဖက်နှင့် ခြေတစ်ဖက်ကိုပင် ဆုံးရှုံးစေနိုင်သော်လည်း ရဲရှင်းဟွေ့သည် သူ၏အစ်မကြီးကိုမူ ဘယ်တော့မှ ထိုသို့လုပ်မည်မဟုတ်ပေ။ ၎င်းမှာ ပုံရိပ်ယောင်တစ်ခုအတွင်း၌သာဖြစ်နေပါစေပင်။

ဤအကြောင်းကြောင့်ပင် လင်ချင်းယွဲ့သည် ပုံရိပ်ယောင်ထဲရှိ အားနည်းချက်တစ်ခုကို မြင်နိုင်ခဲ့ခြင်းဖြစ်သည်။

သူ၏မျက်လုံးများမှာ တိုက်ပွဲခင်းသို့ ပြန်ရောက်သွားသည်။

ထိုအချိန်တွင် တိုက်ပွဲများမှာ အခြေခံအားဖြင့် ပြီးဆုံးသွားပြီဖြစ်သည်။

ပထမဆုံးပြီးဆုံးခဲ့သူမှာ ပေါင်ပေါင်းနှင့် မိစ္ဆာသခင်ကြားရှိ တိုက်ပွဲဖြစ်သည်။

ပေါင်ပေါင်းသည် အလွန်နာခံတတ်သည်။ သူမကို သူ့ကိုဟန့်တားပြီး အချိန်ဆွဲရန်ပြောခဲ့ရာ သူမသည် အမှန်တကယ်ပင် သူ့ကိုအချိန်ဆွဲနေသည်။

သူမသည် မိစ္ဆာသခင်ကို သေလုနီးပါးရိုက်နှက်ပြီးနောက် မြေပြင်ပေါ်တွင် ဆွဲခေါ်သွားသည်။

မိစ္ဆာသခင်သည် သက်ရှိနှင့်သေခြင်းတရား၏ နိယာမကိုအသုံးပြု၍ ပြန်လည်ကောင်းမွန်လာတိုင်း ပေါင်ပေါင်းသည် သူ့ကို နောက်တစ်ကြိမ်ထိုးနှက်ပြန်ရာ သူသည် နောက်တစ်ကြိမ်သေလုနီးပါးဖြစ်သွားပြန်သည်။

နောက်ဆုံးတွင် မိစ္ဆာသခင်သည် ရိုးရှင်းစွာလက်လျှော့လိုက်ပြီး ပေါင်ပေါင်းကို သူမလိုသလိုလုပ်စေသည်။

ရူဟွားနှင့် ယီချန်းချွင်ကြားရှိ တိုက်ပွဲမှာ အတော်လေးမပြီးပြတ်ပေ။ ရူဟွားသည် ယီချန်းချွင်ကို အနိုင်မတိုက်နိုင်သော်လည်း ယီချန်းချွင်မှာမူ ရူဟွားကို မသတ်လိုပေ။

ထို့ကြောင့် လူနှစ်ယောက်မှာ ရိုးရှင်းစွာ အပြန်အလှန်တိုက်ခိုက်နေကြ၏။

ပိုင်လန်မှာမူ ရဲယင်၏တိုက်ခိုက်ရေးအတွေ့အကြုံမရှိမှုနှင့် ပိုင်လန်၏ ဆွဲငင်အားနိယာမတရားကို ကျွမ်းကျင်မှုတို့ကြောင့် ရဲယင်မှာ အမြဲတစေ အားနည်းနေခဲ့သည်။

ပိုင်လန်သည် လင်ချင်းယွဲ့ ထိန်းချုပ်ခံထားရသည်ကိုမြင်လိုက်ရပြီး ယွမ်ကျစ် သွေးအန်သည်အထိ အရိုက်ခံရသည်ကိုမြင်လိုက်ရ၏။ ထို့အပြင် မိစ္ဆာသခင် သေလုနီးပါးအရိုက်ခံရသည်ကိုမြင်ပြီး ယီချန်းချွင်မှာမူ သူ၏တိုက်ပွဲကို ညီတူညီမျှဖြစ်အောင်လုပ်နေသည်ကိုမြင်သည်။

တိုက်ပွဲပြီးဆုံးသွားပြီဖြစ်ပြီး ယခု သူ့ဘာသာသူထွက်ပြေးရန် အကောင်းဆုံးဖြစ်ကြောင်း သိလိုက်သည်။

တွန်းကန်အားတစ်ခုသည် ရဲယင်ကို လွင့်စင်သွားစေပြီး ပိုင်လန်သည် အတားအဆီးကို သူ၏စွမ်းအားအကုန်သုံး၍တိုက်ခိုက်ကာ ထွက်ပြေးရန်ကြိုးစားသည်။

သို့သော် သူမလွတ်မြောက်မီမှာပင် သူ၏ခန္ဓာကိုယ်နစ်မြုပ်သွားသည်ကို သူခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်သို့ကျသွားကာ ကြီးမားသောခြေထောက်တစ်ဖက်သည် သူ့ကိုနင်းထားရာ သူလှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။

ဤအခိုက်အတန့်တွင် ပိုင်လန်ကို ဤသို့ထိန်းချုပ်နိုင်သူမှာ အခြားမဟုတ်။ ရဲရှင်းဟွေ့ပင် ဖြစ်သည်။

"တူကြီး၊ မင်းအရမ်းမောက်မာလွန်းတယ်လို့ ငါပြောတာကို မင်းမယုံသေးဘူး။ ကြည့်စမ်း၊ မင်းနောက်တစ်ခါ အရိုက်ခံရပြန်ပြီ"

ရဲယင်သည် ရဲရှင်းဟွေ့၏ ကျီစယ်သောစကားများကိုကြားသောအခါ သူသည် မကျေမနပ်ဖြစ်စွာ နှင့်

"ခင်ဗျားမလှုပ်ရှားရင်တောင် ကျွန်တော်သူ့ကိုဖမ်းနိုင်တယ်"

ရဲယင်၏ မောက်မာသောအကြည့်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် ပခုံးတွန့်လိုက်ရုံသာရှိပြီးနောက် ပိုင်လန်ကို နောက်ထပ်ခြေနင်းပစ်ချက်တစ်ချက်ဖြင့် နင်းလိုက်သည်။

T/N - နာရူတိုမကြည့်ဖူးလို့ အသုံးအနှုန်းတွေ မသိပါဘူးနော်။အစက Eng အတိုင်းထားခဲ့မလို့ပေမဲ့ ဖတ်ရတာ တအားထောက်နေလို့ မြန်မာလိုရေးပေးလိုက်တာပါ။ မှားနေရင် သည်းခံပေးကြပါဦး။

All Chapters