← Chapters

ကောင်းကင်သို့ ထိုးတက်နေသော ကံကြမ္မာ

Vol. 25 Ch. 338

ကောင်းကင်သို့ ထိုးတက်နေသော ကံကြမ္မာ

Vol. 25 Ch. 338

ပိုင်လန်မှာ အနည်းငယ် ကြောင်သွား၏။ အဘယ့်ကြောင့် သူ့အပေါ် အကြောင်းပြချက်မရှိ တက်နင်းထားသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။

သို့သော်လည်း သူ့အပေါ် တက်နင်းထားသူ၏ မျက်နှာကို သေချာကြည့်လိုက်သောအခါ သူ၏ အမူအရာမှာလည်း တည်ကြည်သွား၏။

“သခင်… သခင်… နေဦး… မင်း သူ မဟုတ်ဘူး…”

ရဲရှင်းဟွေ့၏ အရှိန်အဝါကို ခံစားမိပြီးနောက် သူ့အပေါ် တက်နင်းထားသူမှာ သူ လေးစားကြည်ညိုရသလို တန်ဖိုးထားပြီး တစ်ချိန်တည်းမှာပင် မုန်းတီးနေရသည့် ထိုလူ မဟုတ်မှန်း သူ သိရှိသွား၏။

ပိုင်လန်၏ ကြယ်တာရာ အင်မော်တယ်ဧကရာဇ်အပေါ်ထားသည့် ခံစားချက်များမှာ အလွန် ရှုပ်ထွေးသည်ဟု ဆိုနိုင်၏။

ပိုင်လန်က သူ့ကို ကလေးဘဝကတည်းက ပြုစုပျိုးထောင်ပေးခဲ့သည့် ရဲရှင်းချန်အပေါ် အလွန် ကျေးဇူးတင်မိသည်။

အင်မော်တယ်ကျင့်ကြံရေးကမ္ဘာ တစ်ခုလုံးကို နှိပ်ကွပ်နိုင်သည့် ကြယ်တာရာ အင်မော်တယ်ဧကရာဇ်ကို ရင်ဆိုင်ရသောအခါ ပိုင်လန်က အလွန် လေးစားမိ၏။

သို့သော်… 'မင်းက မသင့်တော်ဘူး’ ဟူသော စကားများကြောင့် အစွမ်းအထက်ဆုံး အမွေအနှစ်ဖြစ်သည့် ကြယ်တာရာဧကရာဇ်ကျမ်းကို သူ့ထံ လက်ဆင့်မကမ်းခဲ့သဖြင့် ပိုင်လန်၏ နှလုံးသားထဲတွင် မုန်းတီးမှုများ ကြီးထွားလာခဲ့သည်။

မူလက… ပိုင်လန်မှာ သူ့သခင်ကို သစ္စာဖောက်သည့်အတွက် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသေး၏။ သို့သော်… ရဲယင်က ကြယ်တာရာဧကရာဇ်ကျမ်းကို အမှန်တကယ် အမွေဆက်ခံသွားသည်ကို မြင်လိုက်ရသောအခါ သူ့စိတ်ထဲမှ အပြစ်ရှိသလို ခံစားနေရမှုမှာ ပျောက်ကွယ်သွားတော့သည်။

မုန်းတီးမှု၊ မကျေနပ်မှုနှင့် နာကြည်းမှုတို့သာ ကျန်ရစ်တော့၏။

........

ရဲရှင်းဟွေ့က ပိုင်လန်ကို လျစ်လျူရှု၍ သူ့ထံသို့ လျှောက်လာနေသော ပေါင်ပေါင်းကို ကြည့်လိုက်၏။

ထိုအချိန်၌ ပေါင်ပေါင်းက လက်တစ်ဖက်ဖြင့် နတ်ဆိုးဘုရင်၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်၍ သူ့ကို ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ဒရွတ်တိုက် ဆွဲလာ၏။

သူမ၏ အခြားလက်တစ်ဖက်တွင် ကြေးဝါလက်သီးစွပ် ရှိနေသေးပြီး မြေပေါ်တွင် လဲလျောင်းနေသော နတ်ဆိုးဘုရင်ထံသို့ အခါအားလျော်စွာ အားပြင်းသော လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

“ပြောရမယ်ဆိုရင်… ပေါင်ပေါင်း… မင်းက သူ့ကို တကယ် ဒရွတ်တိုက်ဆွဲပြီး သတ်တော့မယ့်ပုံပဲ…”

ပေါင်ပေါင်း၏ အပြုအမူကို မြင်သောအခါ ရဲရှင်းဟွေ့မှာ နတ်ဆိုးဘုရင်အတွက် ဝမ်းနည်းမိသကဲ့သို့ ခံစားလိုက်ရ၏။

ထိုအချိန်၌ ပေါင်ပေါင်းက ဂုဏ်သိက္ခာကြီးမားလှသော နတ်ဆိုးဘုရင်ကို ခွေးသေတစ်ကောင်ကဲ့သို့ ဒရွတ်တိုက် ဆွဲလာသည်။

သူ၏ ကူကယ်ရာမဲ့သော မျက်နှာအမူအရာကို ကြည့်၍ ရဲရှင်းဟွေ့မှာ သူ ယခင်က မည်မျှ လူမဆန်စွာ ဆက်ဆံခံခဲ့ရသည်ဖြစ်ကြောင်း ပြောပြနိုင်၏။

ပေါင်ပေါင်း ချဉ်းကပ်လာသည်ကို မြင်သောအခါ ရဲယင်က မြေပြင်ပေါ်တွင် ရဲရှင်းဟွေ့၏ အနင်းခံထားရပြီးဖြစ်သော ပိုင်လန်ကို တစ်ချက် ဝေ့ကြည့်ပြီးနောက် ရူဟွားထံသို့ ပြေးဝင်သွား၏။

ယီချန်းချွင်ကလည်း တိုက်ခိုက်နေရင်းနှင့် သူတို့၏ လှုပ်ရှားမှုများကို သတိပြုမိသွား၏။

နှစ်တစ်ရာ ကြာပြီးနောက် ကြယ်တာရာ အင်မော်တယ်ဧကရာဇ်၏ ပတ်လည်တွင် ဤမျှ အစွမ်းထက်သော လူများ ရှိနေလိမ့်မည်ဟု သူလည်း မမျှော်လင့်ခဲ့ပေ။

သူ မှတ်မိသလောက်ဆိုလျှင် ကြယ်တာရာ အင်မော်တယ်ဧကရာဇ်မှာ သူ ပွဲဦးထွက်ချိန်မှ သေဆုံးချိန်အထိ အမြဲတမ်း တစ်ကိုယ်တည်း နေထိုင်ခဲ့သည်။

ဂိုဏ်းတည်ထောင်ပြီးသည့်နောက်မှာပင် သူ ဘယ်တုန်းကမှ မစီမံခန့်ခွဲခဲ့ပေ။ သူ့အနားတွင် အရင်းနှီးဆုံးလူမှာ ပိုင်လန် ဖြစ်နိုင်သော်လည်း နောက်ဆုံး၌ ပိုင်လန်ကပင် သူ့ကို သစ္စာဖောက်သွားခဲ့သည်။

ယီချန်းချွင်က ခါးသက်စွာ ပြုံးလိုက်ပြီး ပြောလိုက်၏။

“ကြယ်တာရာ အင်မော်တယ်ဧကရာဇ် ပြန်ရောက်လာတာနဲ့အတူ ကျင့်ကြံရေးကမ္ဘာက နောက်ထပ် ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရဦးမလား မသိဘူး…”

ထိုအခိုက်တွင် ရဲယင်က ရူဟွား၏ နောက်ကျောဘက်သို့ ရောက်ရှိလာသည်။ ရူဟွားက တိုက်ခိုက်ပြီး ယီချန်းချွင်က ရှောင်တိမ်းလိုက်စဉ်မှာပင် ရဲယင်က လှုပ်ရှားလိုက်၏။

ကြယ်တာရာစွမ်းအားများက ရူဟွား၏ တူနှင့် အရွယ်အစားတူသော တူတစ်လက်အဖြစ် စုစည်းသွားပြီး ယီချန်းချွင် ရှောင်တိမ်းနေသော နေရာသို့ ရိုက်ချလိုက်သည်။

သို့သော် ယီချန်းချွင်က ဤအနာဂတ်ကို ကြိုတင်မြင်တွေ့ခဲ့ပြီး ဖြစ်သဖြင့် သူ၏ လက်ဖဝါးဖြင့် ထိုတူကို ရိုက်ထုတ်လိုက်၏။ လက်ဖဝါး၏ တုံ့ပြန်အားကို အသုံးပြု၍ သူက ရဲယင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

“ဟီဟိဟိ… ငါ့လို အဘိုးကြီးတစ်ယောက်ကို ဝိုင်းတိုက်တာ မင်းတို့အတွက် သိပ်မကောင်းဘူးနော်… နောက်ပြီး ချောင်းတိုက်တာတောင် လုပ်သေးတယ်…”

ရဲယင်က ချောင်းမြောင်းတိုက်ခိုက်ခြင်းသည် ယုတ်ညံ့သည် သို့မဟုတ် အရှက်မရှိဟု မှတ်ယူခြင်းကို ဂရုမစိုက်ခဲ့ပေ။ သူ၏ ပိုင်လန်နှင့် ယခင်တိုက်ပွဲက သူ့ကို ဒေါသများစွာ စုပုံစေခဲ့သည်။

အရေးကြီးဆုံးအချက်မှာ သူက ပိုင်လန်ကို အနိုင်ယူပြီး ဖမ်းဆီးရန်အတွက် နောက်ဆုံးတွင် ရဲရှင်းဟွေ့အပေါ် အားကိုးခဲ့ရခြင်းဖြစ်ပြီး ၎င်းမှာ သူ၏ မာနကြီးသော မိမိကိုယ်ကိုလေးစားစိတ်က လက်မခံနိုင်သောအရာ ဖြစ်သည်။

ရဲယင်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ ကြယ်တာရာစွမ်းအားများက အတွင်းမှ အပြင်သို့ ပေါက်ကွဲထွက်လာ၏။

ခရမ်းရွှေရောင် ကြယ်တာရာစွမ်းအားများက သူ့ကို လွှမ်းခြုံသွားပြီး သူ၏ မျက်ဆံများပင် ခရမ်းရွှေရောင်သို့ ပြောင်းလဲသွားသည်။

ရဲယင်က သူ့အစွမ်းကုန် ထုတ်သုံး၍ တိုက်ခိုက်တော့မည် ပြင်လိုက်စဉ်မှာပင် သူ့ရှေ့မှ ယီချန်းချွင်က သက်ပြင်းချ၍ ပြောလိုက်၏။

“ထပ်တိုက်ဖို့ မလိုတော့ဘူး… ငါ အရှုံးပေးတယ်…”

ဤစကားကို ကြားသောအခါ ရဲယင်၏ ရှေ့သို့ တိုးဝင်နေသော အရှိန်မှာ ရုတ်တရက် ရပ်တန့်သွား၏။

ထိုအချိန်၌ ရဲယင်မှာ ဝါဂွမ်းကို လက်သီးဖြင့် ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အလွန် မကျေမနပ် ဖြစ်သွားရသည်။

သို့သော်… သူ့ရှေ့မှ အဘိုးကြီးက ခုခံနေသည်အားရပ်၍ အရှုံးပေးကြောင်း ကြေညာပြီး ဖြစ်ရာ သူက စည်းကျော်ပြီး ရိုက်နှက်၍ မဖြစ်တော့ပေ။

ချက်ချင်းပင် ရဲယင်က ရူဟွားနှင့် ယီချန်းချွင်ကို ရဲရှင်းဟွေ့နှင့် ရဲလန်ယွဲ့ထံသို့ ခေါ်ဆောင်လာခဲ့၏။

ရဲရှင်းဟွေ့၏ အုပ်စုမှာ ကြယ်တာရာဂိုဏ်းကို တိုက်ခိုက်ရန် ရောက်လာသော အင်မော်တယ်ဧကရာဇ် ငါးယောက်ကို အောင်မြင်စွာ အနိုင်ယူထိန်းချုပ်နိုင်ခဲ့သည်။

ယီချန်းချွင်က သူ၏ ယာယီမဟာမိတ် လေးယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အဆိုးရွားဆုံး ဖြစ်နေသော နတ်ဆိုးဘုရင်နှင့် ယွမ်ကျစ်အပေါ် အာရုံစိုက်လိုက်သည်။

နတ်ဆိုးဘုရင်မှာ ပေါင်ပေါင်း၏ ခြေကျင်းဝတ်မှ ဆွဲခြင်းကို ခံထားရဆဲ ဖြစ်၏။

နတ်ဆိုးဘုရင်မှာ ပက်လက်လှန် အရှုံးပေးထားပြီး ဖြစ်သည်။ မြေပေါ်တွင် လဲလျောင်း၍ အရှုံးပေးထားပြီးဖြစ်သော နတ်ဆိုးဘုရင်က ပေါင်ပေါင်း ကျွေးသော မုန့်များကို ယူ၍ စားသောက်နေ၏။

စားနေရင်းနှင့်ပင် သူက အစားအစာများကို ဝေဖန်နေသေးသည်။

ဒါက အရသာရှိတယ်၊ ဟိုဟာက အရသာမရှိဘူး စသည်ဖြင့်။

ယွမ်ကျစ်မှာမူ ရဲလန်ယွဲ့၏ ရိုက်နှက်ခြင်းကို ခံထားရသဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မလှုပ်ရှားနိုင်တော့ပေ။

သူ့ပါးစပ်တစ်ဝိုက်မှ သွေးများ ခြောက်သွေ့နေပြီ ဖြစ်သော်လည်း သူ၏ ရင်ဘတ်မှ ချိုင့်ဝင်နေသည်မှာ အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။

ယွမ်ကျစ်၏ ကျင့်ကြံမှုအဆင့်က အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေသောကြောင့်သာ ဖြစ်ပြီး သို့မဟုတ်ပါက ဤဒဏ်ရာအဆင့်ဖြင့် သူ အကြိမ် ရှစ်ရာလောက် သေဆုံးလောက်ပြီ ဖြစ်သည်။

နောက်ဆုံးတွင် ပိုင်လန်နှင့် လင်ချင်းယွဲ့တို့သာ ကျန်၏။

ရဲရှင်းဟွေ့က ပိုင်လန်အပေါ်တွင် ခြေနင်းပစ်ချက်ကို ခဏတာ အဆက်မပြတ် သုံးစွဲနေခဲ့ရာ ထို့နောက်တွင် သူက ရဲရှင်းဟွေ့၏ ရှေ့တွင် လက်အုပ်ချီ၍ တောင်းပန်လာခဲ့၏။

သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ မရှိသော်လည်း သူ၏ မျှော်လင့်ချက်မဲ့ပြီး မကျေမနပ်ဖြစ်နေသော အမူအရာကို ကြည့်၍ လူတိုင်းက သူ၏ စိတ်အခြေအနေ မကောင်းသည်မှာ သေချာကြောင်း ပြောနိုင်၏။

မည်သို့ပင် သူက ဂုဏ်သိက္ခာကြီးမားသော အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း ယခုမူ သူက သူတစ်ပါး ကြိုးဆွဲရာကရသည့် ရုပ်သေးတစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။

လင်ချင်းယွဲ့မှာမူ သူမ၏ မျက်လုံးများက အရောင်မှိန်လျက်ရှိပြီး သူမမှာ ပုံရိပ်ယောင်တစ်ခုထဲတွင် ပိတ်မိနေဆဲဖြစ်သည်မှာ ထင်ရှား၏။

ပုံရိပ်ယောင်နိယာမများကို ကျွမ်းကျင်သောသူတစ်ယောက်က အခြားသူများ၏ ပုံရိပ်ယောင်များဖြင့် ထိန်းချုပ်ခံရသည်မှာ အလွန်ပင် ထေ့ငေါ့စရာ ကောင်းလှသည်။

ထိုအချိန်တွင် ယီချန်းချွင်၏ အတွေးများကိုသာ လင်ချင်းယွဲ့ သိရှိမည်ဆိုလျှင် သူမက ကျိန်းသေ ငိုယိုပြီး ပြောပေလိမ့်မည်။

“နတ်ဆိုးဘုရင်နဲ့ ယွမ်ကျစ်က အဆိုးဆုံး ကြုံခဲ့ရတယ်လို့ မင်းထင်လား… အဘိုးကြီးစုတ်… ငါက အဆိုးဆုံးခံခဲ့ရတာကွ… သူတို့ မစင်တွေကျွေးခံရပြီး သေဖူးလို့လား… ငါးသလောက်နဲ့ လည်ပင်းအညှစ်ခံရပြီး သေဖူးလို့လား… ငါးခြောက်နဲ့ အထိုးခံရပြီး သေဖူးလို့လား… ကလိထိုးခံရပြီး ရယ်ရင်း သေဖူးလို့လား… အငတ်ထားခံရပြီး သေဖူးလို့လား… မဟုတ်ဘူး… သူတို့ တစ်ခါမှ မကြုံဖူးဘူး… ငါ့အတွက်တော့ သူတို့က သိပ်ကံကောင်းလွန်းတယ်…”

…

ယီချန်းချွင်က သူ၏ အသင်းဖော် လေးယောက်၏ အခြေအနေကို လေ့လာပြီးနောက် ရဲလန်ယွဲ့ထံသို့ လာ၍ ပြောလိုက်၏။

“ငါတို့ အရှုံးပေးလိုက်ပြီပါပြီ ပိုင်လန်နဲ့ သူတော်စင်မိန်းမပျိုလင်ချင်းယွဲ့ကို လွှတ်ပေးလို့ ရမလား…”

ဤစကားကို ကြားသောအခါ ရဲလန်ယွဲ့က ပိုင်လန်ကို မတူညီသော စကတ်များ လဲလှယ်ဝတ်ဆင်ပေးနေသည့် ရဲရှင်းဟွေ့ကို လက်ညှိုးထိုးပြ၍ ပြောလိုက်၏။

“သူတို့ကို ထိန်းချုပ်ထားတာ ကျွန်မ မဟုတ်ဘူး… သူပဲ… ပြီးတော့… ကျွန်မတို့ ကြယ်တာရာဂိုဏ်းကို လာပြီး ဒုက္ခပေးပြီးတဲ့နောက် ရှင်တို့ကို လွယ်လွယ်နဲ့ လွှတ်ပေးမယ်လို့ ထင်နေတာလား… စစ်ပွဲစပြီး ရှုံးနိမ့်တဲ့အတွက် ပေးရတဲ့ တန်ဖိုးက အရမ်းနည်းလွန်းတယ်လို့ ရှင် မထင်ဘူးလား…”

သူမ စကားပြောနေစဉ်တွင် ရဲလန်ယွဲ့၏ ပေါက်ကွဲထွက်နေသော အရှိန်အဝါက ယီချန်းချွင်ကို မှင်သက်သွားစေပြီး ခဏအကြာမှ သူ သတိပြန်ဝင်လာသည်။

ယီချန်းချွင်က ရှိနေသူအားလုံးကို ကံတရားနိယာမကို အသုံးပြု၍ ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏။

သူ မကြည့်လျှင် ကိစ္စမရှိသော်လည်း ကြည့်လိုက်သည်နှင့် သူ ကြောက်လန့်တကြားနှင့် မြေပြင်ပေါ်သို့ ထိုင်ကျမတတ် ဖြစ်သွားသည်။

သူက ရူဟွား၏ ကံကြမ္မာကို မြင်ဖူး၏။ ရူဟွား၏ ကံကြမ္မာမှာ ရွှေကြာပန်းတစ်ပွင့်ကဲ့သို့ ဖြစ်သော်လည်း အဖူးငုံအခြေအနေတွင်သာ ရှိသေးပြီး ၎င်း ပွင့်လန်းသွားပြီးနောက် မည်သို့သော ပုံစံဖြစ်မည်ကို သူ မသိပေ။

ရှိနေသူများထဲတွင် သူ့ကို အထိတ်လန့်ဆုံးဖြစ်စေသော သူနှစ်ယောက်မှာ ရဲလန်ယွဲ့နှင့် ရဲယင်တို့ ဖြစ်ကြ၏။ သူတို့နှစ်ယောက်၏ နောက်တွင် ရွှေနဂါးများက ခွေလိမ်နေကြပြီး သူတို့၏ ကံကြမ္မာမှာ ကောင်းကင်သို့ ထိုးတက်နေ၏။

နှစ်ပေါင်းရာချီ နေထိုင်ခဲ့သော ယီချန်းချွင်မှာ ဤကံကြမ္မာမျိုးကို ကြယ်တာရာ အင်မော်တယ်ဧကရာဇ်ထံမှသာ ခံစားဖူးပြီး မြင်တွေ့ဖူး၏။

ဤကဲ့သို့သော ကံကြမ္မာရှိသူများကို ဘယ်သောအခါမှ မရန်စသင့်ပေ။

ယခုမူ သူ ပို၍ပင် ယုံကြည်သွားပြီ ဖြစ်၏။ အကြောင်းမှာ… သူတို့၏ လက်ချက်ဖြင့် သေဆုံးသင့်သော ကြယ်တာရာ အင်မော်တယ်ဧကရာဇ်မှာ အမှန်တကယ် ပြန်လည်အသက်ရှင်လာသောကြောင့် ဖြစ်သည်။

ဤမျှ အစွမ်းထက်သော ကံကြမ္မာရှိသူတစ်ယောက်မှာ မည်မျှ ထူးခြားဆန်းကြယ်သည်ကို ခန့်မှန်းကြည့်နိုင်၏။

ပေါင်ပေါင်းနှင့် ရဲရှင်းဟွေ့တို့မှာမူ…

သည်လူနှစ်ယောက်က… ယီချန်းချွင်ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေသည်။

ပေါင်ပေါင်းမှာ ကံကြမ္မာ လုံးဝမရှိဘဲ သူမ၏ ကံကြမ္မာမှာ တစ်စုံတစ်ရာသော နည်းလမ်းကြောင့် လမ်းလွှဲခံထားရသကဲ့သို့ ဖြစ်နေ၏။

သို့သော် ရဲရှင်းဟွေ့မှာမူ အနည်းငယ် ထူးဆန်းလွန်းနေသည်။

သူ၏ ကံကြမ္မာမှာ အမှန်စင်စစ် လူတစ်ယောက် ဖြစ်နေသည်။ သို့သော် ထိုလူကို… ယီချန်းချွင်မှာ တည့်တည့် မကြည့်ရဲခဲ့ပေ။ ကြည့်လိုက်လျှင်ပင် စက္ကန့်ဝက်မကြာခင် အချိန်မှာပင် သူ၏ ဆံပင်များ ချက်ချင်း ထောင်ထသွား၏။

ထို့အပြင် ရဲရှင်းဟွေ့၏ ကံကြမ္မာကို ခိုးကြည့်လိုက်မိသောကြောင့် ယီချန်းချွင်၏ မူလက မည်းနက်နေသော ဆံပင်များတွင် ဆံပင်ဖြူ အမျှင်အနည်းငယ် ပေါ်ထွက်လာသည်။

ယီချန်းချွင်က သူ၏ ရှင်သန်စြင်းစွမ်းအား အချို့ ဆုံးရှုံးသွားကြောင်း ခံစားလိုက်ရ၏…။

.......

All Chapters