← Chapters

စိမ်းရောင်စစ်သည်တော် ရဲရှင်းဟွေ့

Vol. 25 Ch. 341

စိမ်းရောင်စစ်သည်တော် ရဲရှင်းဟွေ့

Vol. 25 Ch. 341

တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ချိုင့်ဝှမ်းကြီးထဲတွင်...။

ဆံပင်များ အောင်မြင်စွာ စိမ်းရောင်ပြောင်းသွားသည့် ရဲရှင်းဟွေ့က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ခမ်းနားကြီးကျယ်သည့် စွမ်းအင်ကို ခံစားလိုက်မိ၏။

ထိုစွမ်းအင်က သူ၏ မျက်လုံးများကို စတင်တိုက်ခတ်လာပြီး မူလ မန်ဂဲခယို ရှာရင်းဂန်မှာ ရင်းနဲ ရှာရင်းဂန်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် စွမ်းအင်က သူ၏ တစ်ကိုယ်လုံးကို ထပ်မံတိုက်ခတ်သွားရာ သူ၏ ဆံပင်များက ချက်ချင်း ရှည်လျားလာပြီး မူလ စူပါဆိုင်ရန်းဂျင်း ၁ အဆင့်မှ စူပါဆိုင်ရန်းဂျင်း ၃ အဆင့်သို့ ပြောင်းလဲသွားသော်လည်း သူ၏ ဆံပင်မှာမူ စိမ်းရောင်အတိုင်းပင် ရှိနေသေးသည်။

မိုးကြိုးငါးသွယ်၏ စွမ်းအားကလည်း မိုးတိမ်မည်းများကို ထွင်းဖောက်ဝင်ရောက်၍ ရဲရှင်းဟွေ့ကို ထိမှန်သွား၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လျှပ်စီးများဖြင့် လင်းလက်တောက်ပလာပြီး သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။

ရဲရှင်းဟွေ့က ဤမျှနှင့် မလုံလောက်သေးဟု ခံစားမိသဖြင့် သူ၏ သက်သွင်းခြင်းစွမ်းအင်ကို အသုံးပြု၍ အစောက ဆွဲနှုတ်ခံထားရသော ဆိုင်ယန်အမြီးကို ပြန်ပေါက်စေလိုက်သည်။

နောက်တစ်ခဏ၌ ရဲရှင်းဟွေ့၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး စူပါဆိုင်ရန်းဂျင်း ၄ အဆင့်သို့ ရောက်ရှိသွား၏။

…

ဤကဲ့သို့ ဆက်တိုက်ဖြစ်ပေါ်နေသော ပုံစံပြောင်းလဲမှုများနှင့် အဆင့်မြှင့်တင်မှုများက ပိုင်လန်အား ချက်ချင်း ထွက်ပြေးချင်စိတ် ဖြစ်ပေါ်သွားစေ၏။

ပိုင်လန်မှာ အနည်းငယ် ကြောက်လန့်နေ၏။ ရဲရှင်းဟွေ့၏ အသွင်ပြောင်းလဲမှုမှ ထွက်ပေါ်လာသော အထူးပြုလုပ်ချက်များကပင် သူ့ကို ထိတ်လန့်တုန်လှုပ်စေသည်။

ထွက်ပြေးချင်စိတ် ပေါ်လာလျှင် ပြေးရမည်သာ ဖြစ်သည်။

ပိုင်လန်က ယခင်အရှိန်ထက် သုံးဆပိုမြန်သော အရှိန်ဖြင့် ထွက်ပြေးသွား၏။ ဤကောင်လေးထံ၌ ဤမျှလောက်သော ခွန်အားမျိုး ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထိုအခိုက်၌ ပိုင်လန်နှင့် အလွန် ရင်းနှီးသော ခံစားချက်တစ်ခု ရောက်ရှိလာသည်။

ထိုအရာမှာ ဆွဲငင်အားနိယာမ ဖြစ်၏။

တစ်ချိန်တည်းမှာပင် တည်ငြိမ်အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ကောင်းကင်ဘုံချိပ်ပိတ်တံဆိပ်…”

ဆွဲငင်အားနိယာမကို ခံစားမိသောအခါ ပိုင်လန်က သူ့ကိုယ်ပိုင် ဆွဲငင်အားနိယာမကို ချက်ချင်း အသုံးပြု၍ ခုခံလိုက်သည်။

သူ ခုခံလိုက်သည်နှင့် တစ်ပြိုင်နက် လျှပ်စီးများဖြင့် ဖုံးလွှမ်းနေသော ရဲရှင်းဟွေ့က သူ၏ ဘေးသို့ ရွှေ့ပြောင်းရောက်ရှိလာပြီး သူ့ကို ကန်ထုတ်လိုက်၏။

ပိုင်လန်က နောက်ထပ် တောင်တစ်လုံးနှင့် ဝင်ဆောင့်တော့မည့်ဆဲဆဲမှာပင် လျှပ်စီးက နောက်တစ်ကြိမ် လင်းလက်သွားပြီး ရဲရှင်းဟွေ့က သူ၏ နောက်သို့ ရောက်လာကာ သူ့ကို ထပ်ကန်လိုက်သည်။

ကန်နေရင်းနှင့် သူက “ကြယ်တာရာဂိုဏ်းနားက ပတ်ဝန်းကျင်ကို သိပ်မပျက်စီးစေနဲ့…” ဟုပင် ပြောလိုက်သေး၏။

ဤကန်ချက် နှစ်ချက်မျှဖြင့်ပင် ပိုင်လန်မှာ သွေးအန်သွားပြီး အသက်ရှူ မဝတော့သလို ခံစားလိုက်ရသည်။

သူက သူ၏ ကိုယ်နှင့်စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် လက်တစ်ဖက် မြှောက်၍ ဆွဲငင်အားနိယာမကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။ သူက အစက လုပ်ခဲ့သည့်အရာကို ထပ်လုပ်ရန် မျှော်လင့်နေ၏။

သို့သော် ပိုင်လန် တိုက်ခိုက်မှု မစတင်မီမှာပင် ရဲရှင်းဟွေ့ကလည်း ဆွဲငင်အားစွမ်းအင်ကို အသုံးပြု၍ ပြိုင်ဘက်၏ စွမ်းအားကို ချေဖျက်လိုက်သည်။

“ချီး… ဒီကောင်က ဘယ်လိုလုပ် ဆွဲငင်အားနိယာမကို ကျွမ်းကျင်နေရတာလဲ…”

ပြောနေရင်း ပိုင်လန်က သူ၏ လက်ကို ကောင်းကင်သို့ မြှောက်၍ တစ်စုံတစ်ခုကို အားဖြင့် ပစ်လွှတ်လိုက်သည့်ဟန် ပြုလိုက်သည်။

တိုက်ပွဲကြည့်နေသူများ ကြောင်နေစဉ်မှာပင် ကောင်းကင်ကြီးမှာ ရုတ်တရက် အမှောင်ကျသွားသည်ကို သူတို့ တွေ့လိုက်ရ၏။

လူတိုင်း မော့ကြည့်လိုက်သောအခါ မီတာတစ်သောင်းခန့် အချင်းရှိသော ဧရာမ ဥက္ကာခဲကြီးများစွာက သူတို့ထံသို့ ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။

တစ်ခုက ကြယ်တာရာဂိုဏ်းကို ပစ်မှတ်ထားပြီး တစ်ခုက မီးတောင်ကို ပစ်မှတ်ထား၏။ နောက်တစ်ခုက တိုက်ပွဲကြည့်နေသူများကို ပစ်မှတ်ထားကာ နောက်ဆုံးတစ်ခုမှာ ရဲရှင်းဟွေ့ကို ပစ်မှတ်ထားသည်။

“ဒီမျက်လုံးဖြူ ဝံပုလွေကောင်မှာ အရည်အချင်း နည်းနည်းတော့ ရှိသားပဲ…”

ရဲရှင်းဟွေ့ကလည်း သူ့ကို ချီးကျူးလိုက်၏။

ရဲရှင်းဟွေ့ကလည်း ဆွဲငင်အားကို အသုံးပြု၍ ဥက္ကာခဲများကို ဆွဲချနိုင်၏။ သို့သော် သူဆွဲချနိုင်သော ဥက္ကာခဲများမှာ ဤမျှလောက် မကြီးမားကြောင်း သူ သိသည်။ သို့သော်လည်း ပိုင်လန်မှာမူ တစ်ကြိမ်တည်းနှင့် လေးခု ဆွဲချနိုင်ခဲ့သည်။

ဤမျှကြီးမားသော ဥက္ကာခဲကြီးကြောင့် တိုက်ပွဲကြည့်နေသူများ ချက်ချင်းပင် ထိတ်လန့်သွားကြ၏။

ပရိသတ်များမှာ အဓိက ဂိုဏ်းကြီးများအားလုံးမှ လာကြသူများ ဖြစ်ပြီး သူတို့ထဲမှ နှစ်ဂိုဏ်းသာလျှင် အင်မော်တယ်ဧကရာဇ်အဆင့် ကျွမ်းကျင်သူများကို စေလွှတ်ထားသည်။

ထိုအင်မော်တယ်ဧကရာဇ်နှစ်ပါးက ဥက္ကာခဲ၏ တိုက်ခိုက်မှုကို ခုခံနိုင်ပြီး လူများကို ကာကွယ်ပေးနိုင်သော်လည်း သူတို့ဂိုဏ်းပြင်ပမှ လူများကိုမူ ကာကွယ်ပေးလိမ့်မည် မဟုတ်ပေ။

“ပိုင်လန် အင်မော်တယ်ဧကရာဇ်က ဒီမှာ လူရှိတာ မသိဘူးလား…”

“ဟားဟား… သူသိလို့ကို တမင်ပစ်ချလိုက်တာ နေမှာပါ…”

“သူက ငါတို့နောက်က ဂိုဏ်းတွေရဲ့ လက်စားချေတာကို မကြောက်ဘူးလား…”

“ပိုင်လန်… သူရူးသွားပြီ…”

“ဒီအကွက်က ရန်သူနဲ့ အတူတူ သေသွားအောင် သုံးတဲ့ အကွက်ပဲ ဖြစ်ရမယ်…”

...

ပရိသတ်များသာမက ကြယ်တာရာဂိုဏ်းမှ လူများပင်လျှင် ထိတ်လန့်နေကြ၏။

အခြားသူများနှင့် ဆန့်ကျင်ဘက်အနေနှင့် ရဲလန်ယွဲ့ကမူ ကြယ်တာရာဂိုဏ်းဘက်သို့ တည်ငြိမ်စွာ လျှောက်သွားသည်။

သူမ လျှောက်သွားရင်း ဘေးမှ ရဲယင်ကို ရှင်းပြလိုက်၏။

“ဒီကာကွယ်ရေး အကာအရံက ဒီလောက်သေးတဲ့ ဥက္ကာခဲကို လွယ်လွယ်နဲ့ ကာကွယ်နိုင်တယ်… မင်း နောက်မှ ကြယ်တာရာဂိုဏ်း အပြင်ဘက်ကို ရှင်းလင်းပေးဖို့ပဲ လိုတာ…”

ရဲလန်ယွဲ့ စကားဆုံးသည်နှင့် အဝေးမှ ရဲရှင်းဟွေ့၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

“ခါ…မဲ…ဟ…မဲ…ဟား…”

ချက်ချင်းပင် ဧရာမ အလင်းတန်းကြီး နှစ်ခုက ရဲရှင်းဟွေ့၏ လက်များမှ ထွက်ပေါ်လာပြီး သူ၏ သက်သွင်းခြင်းစွမ်းအင် အကူအညီဖြင့် နောက်ထပ် အလင်းတန်းတစ်ခုက သူ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။

ထိုအလင်းတန်း သုံးခုက ဥက္ကာခဲသုံးတုံးကို မချေမှုန်းဘဲ တွန်းထုတ်လိုက်ရာ ၎င်းတို့မှာ အဝေးသို့ လွင့်ထွက်သွား၏။

အကယ်၍ ရဲရှင်းဟွေ့သာ ၎င်းတို့ကို ချေမှုန်းလိုက်ပါက ဥက္ကာခဲ အပိုင်းအစများက ပတ်ဝန်းကျင်ကို များစွာ ပျက်စီးစေဦးမည် ဖြစ်သည်။

စတုတ္ထမြောက် ဥက္ကာခဲအတွက်မူ ရဲရှင်းဟွေ့ ဂရုမစိုက်ပေ။

တိုက်ပွဲကြည့်နေသူများမှာ မိမိကိုယ်ကိုယ်သာ မိမိတို့ ဂရုစိုက်သင့်သည်။

.....

ကြယ်တာရာဂိုဏ်းကို ခြိမ်းခြောက်နိုင်သော ဥက္ကာခဲသုံးတုံးကို တွန်းလှန်ပြီးနောက် ရဲရှင်းဟွေ့က ပိုင်လန်ကို ကြည့်၍ ပြောလိုက်သည်။

“ငါပြောသားပဲ ပတ်ဝန်းကျင်ကို မပျက်စီးစေနဲ့လို့… ရှင်းရတာ အရမ်း ဒုက္ခများတယ်…”

စကားဆုံးသည်နှင့် ရဲရှင်းဟွေ့မှာ ရုတ်တရက် ပိုင်လန်၏ နောက်သို့ ရောက်ရှိသွား၏။

နောက်အခိုက်အတန့်၌ ပိုင်လန်မှာ ရဲရှင်းဟွေ့၏ ခြေထောက်အောက်မှ ဘောလုံးတစ်လုံး ဖြစ်သွားသကဲ့သို့ ရှိပြီး ရဲရှင်းဟွေ့က သူ့ကို အဆက်မပြတ် ကန်ကျောက်နေသည်။

…

ရဲယင်က လေထဲတွင် ပိုင်လန်အား တစ်ဖက်သတ် အနိုင်ကျင့်နေသော ရဲရှင်းဟွေ့ကို ကြည့်၍ သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။

“ဒါက ရဲရှင်း… ဦးလေးရဲ့ တကယ့်အစွမ်းလား… သူက ကျွန်တော့်ထက် ငယ်ပြီး ကျင့်ကြံအားထုတ်တာလည်း မဟုတ်ဘူး… ဒုက္ခပေးတဲ့ အလုပ်တွေပဲ လုပ်ပြီး ဆော့ကစားနေတာ… ဘယ်လိုလုပ် ဒီလောက် အားကြီးရတာလဲ…”

ရဲယင်၏ တီးတိုးစကားကို ကြားသောအခါ ရဲလန်ယွဲ့က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

“သူက သေခါနီး တာအိုရသေ့အိုကြီးတွေ အများကြီးနဲ့ ကြုံခဲ့တာ…”

ရဲယင်က ရဲလန်ယွဲ့ကို နားမလည်ဟန်ဖြင့် ကြည့်၍ မေးလိုက်သည်။

“သေခါနီး တာအိုရသေ့အိုကြီးတွေ ဟုတ်လား… ကျွန်တော် ဘာလို့ တစ်ခါမှ မကြုံဖူးတာလဲ…”

“မင်းသာ ကြုံဖူးရင် မင်းလည်း ဒီလောက် တော်နေမှာပေါ့…”

ရဲလန်ယွဲ့က နောက်နေသော်လည်း ရဲယင်မှာမူ သေခါနီး တာအိုဘုန်းကြီးတစ်ပါးနှင့် တွေ့လျှင် သူ့ကို ပိုသန်မာစေနိုင်သည်ဟု စိတ်ထဲတွင် မှတ်ထားလိုက်သည်။

ရုတ်တရက်... ရဲယင်မှာ သူတို့ အစောက လွှတ်ပေးခဲ့သော ယီချန်းချွင်ကို သတိရသွားသည်။

ယီချန်းချွင်မှာ တာအိုဘုန်းကြီးအိုကြီး တစ်ပါး မဟုတ်လော။ သူ့ကိုသာ သေခါနီးအထိ ရိုက်နှက်လိုက်မည်ဆိုလျှင်…

ရဲယင်မှာ ဘာဖြစ်လာမည်ကို မတွေးဘဲ မနေနိုင်တော့ချေ။

.....

တစ်ဖက်တွင်…

ပိုင်လန်အား ရဲရှင်းဟွေ့က အပြင်းအထန် ရိုက်နှက်နေသည်ကို ကြည့်နေသော ယီချန်းချွင်မှာ ရုတ်တရက် တုန်လှုပ်သွားသည်။

“ငါလည်း ဒီအရှိန်အဝါကြောင့် လန့်သွားတာလား… ဟူး…. ငါ့ရဲ့ တာအိုစိတ်ဝိညာဉ်က နည်းနည်း မတည်ငြိမ်သေးဘူးထင်တယ်… အဲဒီကောင်လေးရဲ့ ကံကြမ္မာထဲက ဆံပင်ရောင်စုံနဲ့ အရိပ်ယောင်က တကယ် ကြောက်ဖို့ကောင်းတာပဲ… ငါပြန်ရောက်ရင် တာအိုစိတ်ဝိညာဉ်ကို တည်ငြိမ်အောင် လုပ်ဖို့လိုပြီ…”

ထိုနေရာမှ တိုက်ပွဲကို ကြည့်နေသော လင်ချင်းယွဲ့မှာမူ မှင်တက်နေ၏။

ပုံရိပ်ယောင်ကျွမ်းကျင်သူက ကိုယ်ခံပညာ မကောင်းဘူးဆိုတဲ့ စကား ဘယ်ရောက်သွားပြီလဲ။

“ငါပြန်ရောက်ရင် သူတော်စင်မိန်းမပျိုကို ဒီကောင့်ကို သင်ခန်းစာပေးခိုင်းမယ်…” ဟု ပြောခဲ့သော သူမ ဘာဖြစ်သွားမည်းနည်။

ဒီ ရဲရှင်းဟွေ့ဆိုတဲ့ ကောင်လေးက တကယ်တော့ ဘာလဲ။ သူမ ဘယ်လိုမျက်နှာနဲ့ သူ့ကို လက်စားပြန်ချေရဲမှာလဲ။

ယွမ်ကျစ်မှာမူ ဒုက္ခရှာလိုစိတ် လုံးဝ မရှိတော့ပေ။ သူ၏ တစ်ခုတည်းသော အတွေးမှာ ဗုဒ္ဓဂိုဏ်းသို့ အမြန်ပြန်၍ တစ်ဖက်လူ တောင်းဆိုသမျှ အရာအားလုံးကို ပြင်ဆင်ရန် ဖြစ်သည်။

ထို့နောက် သူက ဂိုဏ်း၏ တောင်ကို ပိတ်၍ လောကီရေးရာများကို ဂရုမစိုက်ဘဲ နေတော့မည်။ အကယ်၍... အကယ်၍ ကြယ်တာရာဂိုဏ်း အဖွဲ့ဝင်အားလုံး ရုတ်တရက် သေဆုံးသွားသည်မျိုး မရှိလျှင်ပေါ့။

နတ်ဆိုးဘုရင်၏ အတွေးများသာလျှင် အနည်းငယ် ထူးဆန်းနေသည်။

သူ အခု စဉ်းစားနေသည့်အရာမှာ ပေါင်ပေါင်း ထုတ်ပြခဲ့သော အစားအစာကို ဘယ်နေရာမှ ရနိုင်မည်လဲဟူ၍ ဖြစ်သည်။

ထိုအစားအစာ၌ ဝိညာဉ်စွမ်းအင် မရှိသော်လည်း အလွန် အရသာရှိ၏။

‘ငါလည်း သူတို့တောင်းတာတွေ သွားပြင်ဆင်လိုက်ဦးမယ်… ပစ္စည်းတွေ သွားပို့တဲ့အခါကျရင် သူတို့ကို မေးကြည့်လို့ ရတာပဲ…’

ချက်ချင်းပင် လူလေးယောက်မှာ သူတို့၏ ကိုယ်ပိုင်အတွေးများနှင့် ထိုနေရာမှ ထွက်ခွာသွားကြသည်။

........

ပိုင်လန်မှာ လေထဲတွင် ရဲရှင်းဟွေ့၏ ကန်ကျောက်မှုကို ဆယ်မိနစ်ကျော် ခံခဲ့ရသည်။ သူ၏ ပုံစံမှာလည်း မူလအရွယ်အစားထက် နှစ်ဆ၊ သုံးဆခန့် ဖောင်းကားလာပြီး ယခင်ကဲ့သို့ သူရဲကောင်းဆန်သော ရုပ်သွင် မရှိတော့ပေ။

ရဲရှင်းဟွေ့မှာ ဤ ပိုင်လန်အပေါ် ကောင်းသော အမြင် လုံးဝ မရှိချေ။ မွေးမြူခဲ့သော သခင်ကို သစ္စာဖောက်သည့် ကျေးဇူးမသိတတ်သူ ဝံပုလွေမျက်လုံးဖြူတစ်ကောင် ဖြစ်သည်။

သို့သော် သူ့ကို လောလောဆယ် သတ်၍ မရနိုင်သေးသောကြောင့် ရဲရှင်းဟွေ့မှာ ဤနည်းလမ်းကို အသုံးပြု၍ အတိုးအချို့ ကောက်ခံနိုင်ခြင်းသာ ဖြစ်၏။

All Chapters