← Chapters

ညီအစ်ကိုသုံးယောက် ဝူမင်၊ ဝူလိနှင့် ဝူပင်း

Vol. 25 Ch. 346

ညီအစ်ကိုသုံးယောက် ဝူမင်၊ ဝူလိနှင့် ဝူပင်း

Vol. 25 Ch. 346

ယီ၏ စကားကို ကြားသောအခါ ရဲလန်ယွဲ့မှာလည်း အနည်းငယ် မတင်မကျ ဖြစ်သွား၏။

“နတ်ဘုရားလက်သီးတောင်ကြား…”

နတ်ဘုရားလက်သီးတောင်ကြား ဟူသောအမည်ကို ကြားလိုက်ရသည့်အခါ ရဲရှင်းဟွေ့မှာ ကြက်သေသေသွားသည်။

သူ ဤအမည်ကို ယခင်က ကြားဖူးခဲ့၏။ သူဖမ်းဆီးမိခဲ့သောသူများ၏ ပါးစပ်ဖျားမှတစ်ဆင့် သိခဲ့ရခြင်း ဖြစ်သည်။ ထိုသူများမှာ အသက်ရှင်ရန်အလို့ငှာ သူတို့၏ အတွင်းခံဘောင်းဘီအရောင်ကိုပင် ထုတ်ဖော်ပြောပြခဲ့ကြသည်။

သဘာဝအတိုင်းပင် သူက နတ်ဘုရားလက်သီးတောင်ကြား၏ နတ်ဘုရားလက်နက်အကြောင်းကိုလည်း မေးမြန်းခဲ့၏။

အမှန်တကယ်တွင် ရဲရှင်းဟွေ့က နတ်ဘုရားလက်သီးတောင်ကြားထံ အချိန်ယူသွားရောက်၍ သူတို့၏ နတ်ဘုရားလက်နက်ကို ယူကာ ပေါင်ပေါင်းအား ပေးရန် စီစဉ်ထားခဲ့သည်။

သူ ပထမဆုံး ရှာတွေ့ခဲ့သည့် တစ်ခုက ပေါင်ပေါင်းအား သူမ၏ အတိတ်က မှတ်ဉာဏ်အချို့ကို မြင်နိုင်စေခဲ့သည်ဖြစ်ရာ ဒုတိယတစ်ခုဆိုလျှင်ကော။ သူမက ပို၍မြင်နိုင် သို့မဟုတ် မှတ်မိလာနိုင်၏။

ထို့အပြင် ရဲရှင်းဟွေ့တွင် ပေါင်ပေါင်း၏ မှတ်ဉာဏ်ပြဿနာနှင့် ပတ်သက်၍ အတွေးသစ်အချို့လည်း ရှိနေခဲ့သည်။

...

“နတ်ဘုရားလက်သီးတောင်ကြားက ဘာလို့ ဒီကို ရောက်လာလဲဆိုတာ ကျွန်တော် သိလောက်ပြီ… သူတို့က ပေါင်ပေါင်းကို ရှာနေကြတာ ဖြစ်ရမယ်…”

ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ရဲလန်ယွဲ့က မျက်မှောင်ကြုတ်လိုက်၏။

“သူတို့က ပေါင်ပေါင်းဆီက ဘာလိုချင်လို့လဲ…”

ရဲလန်ယွဲ့သည် ကြေးဝါလက်သီးစွပ်အကြောင်းကို မသိသောကြောင့် အနည်းငယ် မတင်မကျဖြင့် မေးလိုက်ခြင်း ဖြစ်သည်။

သူ၏ အစ်မဖြစ်သူက အနည်းငယ် ရှုပ်ထွေးနေပုံရသည်ကို မြင်သောအခါ ရဲရှင်းဟွေ့က နတ်ဘုရားလက်သီးတောင်ကြား၏ နတ်ဘုရားလက်နက်အကြောင်းကို ရှင်းပြလိုက်၏။ ထိုနတ်ဘုရားလက်နက်က ပေါင်ပေါင်း၏ မှတ်ဉာဏ်ကို ပြန်လည်ရရှိစေနိုင်ကြောင်းကိုလည်း သူက ပြောပြခဲ့သည်။

နတ်ဘုရားလက်သီးတောင်ကြားရှိ ပစ္စည်းက ပေါင်ပေါင်း၏ မှတ်ဉာဏ်ကို အမှန်တကယ် ပြန်လည်ရရှိစေနိုင်ကြောင်း သိလိုက်ရသောအခါ ရဲလန်ယွဲ့၏ မျက်နှာအမူအရာမှာလည်း တည်ကြည်လေးနက်သွားသည်။

“ဒါဆိုရင် နတ်ဘုရားလက်သီးတောင်ကြားကို သွားတိုက်ဖို့ ငါတို့ အခုပဲ လူစုလိုက်ကြစို့…”

ပေါင်ပေါင်းကို ရဲလန်ယွဲ့နှင့် ရဲမိသားစုဝင်အားလုံးက အသိအမှတ်ပြုထားသော ရဲမိသားစု၏ ချွေးမလောင်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

ရဲမိသားစု၏ ချွေးမသည် မိသားစုဝင်တစ်ယောက်ဖြစ်ပြီး သူမ၏ မိသားစု အကူအညီလိုအပ်သည့်အခါတွင် သဘာဝအတိုင်းပင် အစွမ်းကုန် ကြိုးပမ်းမည် ဖြစ်၏။

ပေါင်ပေါင်းသည် သူမ မည်သူဖြစ်သည်ကို အမြဲသိချင်နေခဲ့ကြောင်း ရဲလန်ယွဲ့ သိသည်။ သူမ မည်သူဖြစ်သည်ကို သိချင်သောကြောင့်ပင် သူမသည် ရဲရှင်းဟွေ့နှင့် ရဲမိသားစုတို့နှင့် တွေ့ဆုံခဲ့ရခြင်း ဖြစ်သည်။

အစပိုင်းတွင် ရဲလန်ယွဲ့နှင့် ရဲရှင်းချန် နှစ်ဦးစလုံးက ပေါင်ပေါင်းအား အနည်းငယ် သတိထားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ပေါင်ပေါင်းမှာ အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းသောကြောင့် ဖြစ်သည်။ သို့သော်… အတူတကွ နေထိုင်ပြီးနောက်တွင် လူတိုင်းက ပေါင်ပေါင်းသည် အလွန်ရိုးစင်းပြီး ဖြူစင်သော လူတစ်ယောက်ဖြစ်ကြောင်း သိလာကြသည်။

သူတို့ ပထမဆုံး တွေ့ဆုံစဉ်က သူမက ရဲရှင်းဟွေ့နောက်သို့ လိုက်လိုခဲ့သည့်အကြောင်းအရင်းမှာ ရဲရှင်းဟွေ့က သူမ၏ မှတ်ဉာဏ်ကို ပြန်လည်ရရှိအောင် ကူညီနိုင်မည်ဟု သူမကပင်ကိုအသိစိတ်ဖြင့် ခံစားမိသောကြောင့် ဖြစ်တန်ရာ၏။

.......။ယ

သူ၏ အစ်မဖြစ်သူက နတ်ဘုရားလက်သီးတောင်ကြားကို ချက်ချင်းပင် သိမ်းပိုက်တော့မည့်အလား လျင်မြန်စွာနှင့် ပြတ်ပြတ်သားသား ပြုမူနေသည်ကို မြင်သောအခါ ရဲရှင်းဟွေ့က သူမကို အလျင်အမြန် တားဆီးရန် ကြိုးစားလိုက်သည်။

“အစ်မ… စိတ်ကို အေးအေးထားပါဦး… နတ်ဘုရားလက်သီးတောင်ကြားက ဘာလို့ ဒီကို ရောက်လာတာလဲဆိုတာကို ငါတို့ အရင်ဆုံး ကြည့်ရဦးမယ်လေ… သူတို့က ငါတို့ကို နတ်ဘုရားလက်နက် လာပေးတာဆိုရင် ဘယ်လိုလုပ်မလဲ… အစ်မက သူတို့ကို သွားရိုက်လိုက်ရင် သူတို့အတွက် အရမ်း မတရားဘူးပေါ့…”

နတ်ဘုရားလက်နက်ကို လာပေးခြင်း သို့မဟုတ် ထိုကဲ့သို့သောအရာများမှာ လုံးဝမဖြစ်နိုင်ကြောင်း ရဲရှင်းဟွေ့ သဘာဝအတိုင်းပင် သိ၏။

သို့သော်… သူက သူ၏ အစ်မဖြစ်သူကို သူတို့တံခါးဝသို့ အမှန်တကယ် သွားခွင့်မပေးနိုင်ပေ။ လိုအပ်လျှင်ပင် သူ၏ အစ်မဖြစ်သူ ကိုယ်တိုင် ပြုလုပ်ရန် မလိုအပ်ချေ။ သူ တစ်ယောက်တည်း သွားလျှင်ပင် ဖြစ်သည်။

ရဲရှင်းဟွေ့၏ အကြည့်ကို မြင်သောအခါ ရဲလန်ယွဲ့က ပြုံး၍ ပြောလိုက်သည်။ “မင်းက ပေါင်ပေါင်းအတွက် ကြေးဝါလက်သီးစွပ်ကို ကိုယ်တိုင် ပြန်ယူပေးချင်နေပုံပဲ… ဒီလိုဆိုရင်တော့ ငါ မပါဝင်တော့ဘူး…”

ရဲလန်ယွေ့ စကားဆုံးသည်နှင့် နတ်ဘုရားမျိုးနွယ်မှ အဖွဲ့ဝင်တစ်ဦးက ပြေးလာပြီး ရဲလန်ယွဲ့ထံ စာတစ်စောင် ပေးလိုက်သည်။

“ဒုတိယဂိုဏ်းချုပ်… ဒါက ဗုဒ္ဓဂိုဏ်းက တစ်ယောက်ယောက် ပို့လိုက်တာပါ…”

“ဗုဒ္ဓဂိုဏ်း…” ရဲလန်ယွဲ့က စာကို ယူ၍ အေးစက်စွာ ပြောလိုက်သည်။ “သူတို့က အကြွေးပြန်မဆပ်တော့ဘူးလား…”

စကားပြောနေစဉ်တွင် ရဲလန်ယွဲ့က စာကို ဖွင့်လိုက်၏။

[မင်္ဂလာပါ ဒကာကြီး ကိုယ်တော်က ဘုန်းကြီးအို ယွမ်ကျစ် ဖြစ်ပါသည်…

ဗုဒ္ဓဂိုဏ်းသည် ကြယ်တာရာမသေမျိုးဧကရာဇ်နှင့် မည်သည့်အငြိုးအတေးမှ မရှိပါ… ထိုစဉ်က ဗုဒ္ဓဂိုဏ်းသည် ကြယ်တာရာမသေမျိုးဧကရာဇ်ကို တိုက်ခိုက်ရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရပြီး ၎င်းမှာ ကျွန်ုပ်တို့၏ ဆန္ဒနှင့် ဆန့်ကျင်ခဲ့ပါသည်…]

စာ၏ အစပိုင်းတွင် အဓိပ္ပာယ်မရှိသော စကားများစွာ ပါဝင်ပြီး ဗုဒ္ဓဂိုဏ်းနှင့် ကြယ်တာရာဂိုဏ်းတို့မှာ အမြဲတစေ မိတ်ဆွေများဖြစ်ခဲ့ကြောင်း ဆိုလိုရင်း ဖြစ်၏။ ထိုစဉ်က ဖြစ်ပျက်ခဲ့သည်များမှာ ထိုအရူးများက ယွမ်ကျစ်အား အတင်းအကျပ် ပြုလုပ်ခိုင်းခဲ့ခြင်းဖြစ်ပြီး သူက အလွန်သေးငယ်သော အခန်းကဏ္ဍမှသာ ပါဝင်ခဲ့သည်။ အကျိုးအမြတ်များကို ရယူရန် အလျင်စလို ဝင်ရောက်ခြင်းမှာလည်း ကြယ်တာရာမသေမျိုးဧကရာဇ် ပြန်လာသည့်အခါ သူတို့၏ ဗုဒ္ဓဂိုဏ်းက ပြန်ပေးနိုင်ရန် ကြယ်တာရာမသေမျိုးဧကရာဇ်၏ ပစ္စည်းများကို ကယ်တင်စောင့်ရှောက်ပေးရန် ဖြစ်သည်...။

[ကျွန်ုပ်တို့၏ ဗုဒ္ဓဂိုဏ်းသည် မကြာသေးမီက နတ်ဘုရားလက်သီးတောင်ကြားက အသင်တို့၏ ဂိုဏ်းကို ဒုက္ခပေးနိုင်ကြောင်း သတင်းအချက်အလက်များ ရရှိထားပါသည်… ကျေးဇူးပြု၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပါ… နတ်ဘုရားလက်သီးတောင်ကြား ဒုက္ခပေးရန် ရောက်လာရသည့် အကြောင်းအရင်းမှာ မြင့်မြတ်စိတ်ဝိညာဉ်ဂိုဏ်း၏ သူတော်စင်မိန်းမပျိုက အသင်တို့၏ ဂိုဏ်းတွင် နတ်ဘုရားလက်သီးတောင်ကြား၏ နတ်ဘုရားလက်နက် ရှိနေကြောင်း နတ်ဘုရားလက်သီးတောင်ကြားအား အကြောင်းကြားခဲ့သောကြောင့် ဖြစ်ပါသည်…

ကျွန်ုပ်တို့ ဗုဒ္ဓဂိုဏ်း၏ ရှေ့တန်းသတင်းအချက်အလက်များ ပေးအပ်ခြင်းအပေါ် ရိုးသားမှုကို ကြည့်ရှု၍ ကျွန်ုပ်တို့ ပေးချေရမည့် အရင်းအမြစ်များကို လျှော့ပေးနိုင်ပါမည်လော… ကျွန်ုပ်တို့ ဗုဒ္ဓဂိုဏ်းမှာ အမှန်တကယ် ဆင်းရဲလှပါသည်…]

.......

သူ၏ အစ်မဖြစ်သူ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းလာသည်ကို မြင်သောအခါ ရဲရှင်းဟွေ့က အနည်းငယ် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“အစ်မ… စာထဲမှာ ဘာရေးထားတာလဲ…”

ထိုမေးခါန်းကို တုံ့ပြန်သည့်အနေဖြင့် ရဲလန်ယွဲ့က ရဲရှင်းဟွေ့အား ဖတ်ရှုနိုင်ရန် စာကို ရိုးရှင်းစွာပင် ကမ်းပေးလိုက်သည်။

စာကို ဖတ်ပြီးနောက်တွင် ရဲရှင်းဟွေ့ကလည်း ယွမ်ကျစ်နှင့် ဗုဒ္ဓဂိုဏ်းတို့မှာ အမှန်တကယ်ပင် အရှက်မရှိကြောင်း ခံစားလိုက်မိ၏။

“အစ်မ… ဘယ်လိုထင်လဲ…” ရဲရှင်းဟွေ့က ပြုံး၍ မေးလိုက်သည်။

ရဲလန်ယွဲ့က စာကို တိုက်ရိုက်ယူ၍ သူမ၏ လက်ကို ခါယမ်းလိုက်ရာ စာမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

“သူတို့ တခြား ဘာလုပ်နိုင်ဦးမှာလဲ… သူတို့က နည်းနည်းလေးပဲ လျှော့ပေးရင် ငါတို့ သူတို့ကို တိုက်ရိုက် ဖျက်ဆီးပစ်မယ်… ငါ သူတို့ကို အရင်ကတည်းက ပြောထားပြီးသား…”

ရဲလန်ယွဲ့သည် မြင့်မြတ်စိတ်ဝိညာဉ်ဂိုဏ်းက နတ်ဘုရားလက်သီးတောင်ကြားကို ပါဝင်စေရန် ကြိုးစားနေခြင်းအကြောင်းကို မဖော်ပြခဲ့ချေ။ သူမ စိတ်ဝင်စားသည်မှာ ဤလူများက အရင်းအမြစ်များကို လွှဲပြောင်းပေးခြင်း ရှိ၊ မရှိနှင့် လုံလောက်သော အရင်းအမြစ်များကို ပေးချေခြင်း ရှိ၊ မရှိသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့အားလုံးမှာ အနာဂတ်တွင် လက်နက်ချကြမည်သာ ဖြစ်၏။ ယခု မြင့်မြတ်စိတ်ဝိညာဉ်ဂိုဏ်းက နတ်ဘုရားလက်သီးတောင်ကြားကို ရှာဖွေနေကြောင်း သိလျှင်ပင် အရေးမကြီးပေ။

သို့သော် အရင်းအမြစ်များကို လွှဲပြောင်းမပေးပါက သူမက သနားညှာတာမှုမရှိဘဲ တိုက်ရိုက် နျူကလီးယား တိုက်ခိုက်မှုတစ်ရပ်ကို စတင်မည် ဖြစ်သည်။

.....

မိနစ်အနည်းငယ် ကြာပြီးနောက် ရဲလန်ယွဲ့နှင့် ရဲရှင်းဟွေ့တို့မှာ ပေါင်ပေါင်းနှင့်အတူ ဂိုဏ်း၏ ဧည့်ခန်းသို့ ရောက်လာကြသည်။

ဧည့်ခန်းထဲတွင် ခွန်အားကြီးသော လူနှစ်ဦးမှာ မတ်မတ်မားမား ထိုင်နေကြပြီး ဖြစ်၏။

တစ်စုံတစ်ယောက် ဝင်လာသည်ကို မြင်သောအခါ သူတို့ နှစ်ဦးစလုံး မတ်တပ်ထရပ်လိုက်ကြသည်။

“မင်္ဂလာပါ… ကျွန်တော်က သုကူဝူမင်ပါ… ဒါက ကျွန်တော့်ညီ သုကူဝူပင်းပါ… ကျွန်တော်တို့က အပျိုစင်ပေါင်ပေါင်းကို တောင်ကြားမှာ ဧည့်သည်အဖြစ် ဖိတ်ခေါ်ဖို့ ရောက်လာတာပါ…”

ထိုသူ၏ အမည်ကို ကြားသောအခါ ရဲရှင်းဟွေ့မှာ သူ၏ ရယ်မောခြင်းကို မထိန်းနိုင်လုနီးပါး ဖြစ်သွားသည်။

ရဲရှင်းဟွေ့က သူ၏ ရယ်မောခြင်းကို ချုပ်တည်းထားပုံရသည်ကို မြင်သောအခါ သုကူဝူမင်က အနည်းငယ် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ “ကျွန်တော်ပြောတာမှာ ရယ်စရာ တစ်ခုခုများ ပါနေလို့လား…”

ဤသည်ကို ကြားသောအခါ ရဲရှင်းဟွေ့က လက်ခါပြ၍ သူ၏ ကိုယ်ကို မတ်မတ်ရပ်ကာ မေးလိုက်သည်။ “တစ်ခုလောက် မေးပါရစေ… ခင်ဗျားမှာ သုကူဝူလိ လို့ခေါ်တဲ့ ညီအစ်ကိုတစ်ယောက် ရှိသလား…”

သုကူဝူမင်က မျက်မှောင် အနည်းငယ် ကြုတ်၍ သူ့ဘာသာသူ တွေးလိုက်သည်။ ‘ဒီကြယ်တာရာဂိုဏ်းက တကယ်ကို မရိုးစင်းဘူးပဲ… ငါတို့က နတ်ဘုရားလက်သီးတောင်ကြားမှာပဲ နေပြီး လောကထဲကို အချိန်အတော်ကြာ မထွက်ခဲ့တာတောင် သူတို့က ငါတို့ ညီအစ်ကိုသုံးယောက်ရဲ့ နာမည်တွေကို ရှာဖွေနိုင်ကြပါလား…’

အကယ်၍ ရဲရှင်းဟွေ့က သုကူဝူမင် ဘာတွေးနေသည်ကို သိပါက သူသည် ဧကန်မုချပင် ဆွံ့အသွားမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်… ဝူမင်၊ ဝူလိနှင့် ဝူပင်းတို့မှာ ဝူလင်ဝိုက်ကျွမ့်ရှိ ညီအစ်ကို ဂျီ သုံးဦး၏ အမည်များဖြစ်ပြီး ညီအစ်ကို သုံးဦးစလုံးမှာ တစ်ဦးထက်တစ်ဦး ပို၍ ဆိုးရွားစွာ သေဆုံးခဲ့ကြသောကြောင့် ဖြစ်၏။

.......

“ခင်ဗျားတို့ဂိုဏ်းကလည်း ကျွန်တော်တို့ နတ်ဘုရားလက်သီးတောင်ကြားကို စုံစမ်းထားပုံပဲ… ခင်ဗျားတို့က ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်ရဲ့ နာမည်တွေကိုတောင် အမှန်တကယ် သိနေတာပဲ…”

ညီအစ်ကို သုံးဦးဖြစ်သည့် ဝူမင်၊ ဝူလိနှင့် ဝူပင်းတို့မှာ နတ်ဘုရားလက်သီးတောင်ကြား၏ တောင်ကြားသခင် သုကူပါးထျန်း၏ ဝမ်းကွဲများ ဖြစ်ကြသည်။ သူတို့၏ ခွန်အားမှာလည်း နတ်ဘုရားလက်သီးတောင်ကြား တစ်ခုလုံး၏ ထိပ်တန်းအဆင့်တွင် ရှိနေ၏။

ဤတစ်ကြိမ်တွင် သုကူအောက်ထျန်းက ပေါင်ပေါင်းအား ကိုယ်တိုင် ဖိတ်ခေါ်ရန် ကြယ်တာရာဂိုဏ်းသို့ လာလိုခဲ့သည်။

သို့သော်လည်း သုကူပါးထျန်းက သူ၏ သားဖြစ်သူမှာ စိတ်လိုက်မာန်ပါ ပြုမူမည်ကို စိုးရိမ်သောကြောင့် သူ၏ ပို၍ ယုံကြည်ရသော ဝမ်းကွဲနှစ်ဦးကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ဤသည်ကို ကြားသောအခါ ရဲရှင်းဟွေ့က မလုံမလဲ ပြုံး၍ ပြောလိုက်သည်။

“ခင်ဗျားတို့ ညီအစ်ကိုသုံးယောက်ရဲ့ နာမည်နဲ့ ပတ်သက်လို့တော့ ကျွန်တော်က အချိန်အတော်ကြာ လေးစားခဲ့ရပါတယ်လို့ပဲ ပြောနိုင်ပါတယ်…”

၎င်းမှာ သူ အချိန်အတော်ကြာ လေးစားခဲ့ရသည့် ကျော်ကြားသော အမည်တစ်ခု အမှန်ပင် ဖြစ်၏။ နောက်ဆုံးတွင်… ထိုဇာတ်လမ်းတွဲမှာ နှစ်ပေါင်းများစွာ ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။ သူ မသိသည်မှာ ဤအမည်သုံးခု၏ ပိုင်ရှင်များမှာ သူတို့၏ မျိုးရိုးအမည် ဂျီမှ သုကူသို့ ပြောင်းလဲသွားသောကြောင့် သေဆုံးမှုမှာ ဆိုးရွားမှု လျော့နည်းသွားမည်လား ဆိုသည်ပင်။

All Chapters