← Chapters

နောက်ဆုံးတော့ ဝက်ဟန်ဆောင်ပြီး ကျားကိုစားဖို့ အခွင့်အရေး ရပြီ

Vol. 25 Ch. 349

နောက်ဆုံးတော့ ဝက်ဟန်ဆောင်ပြီး ကျားကိုစားဖို့ အခွင့်အရေး ရပြီ

Vol. 25 Ch. 349

နတ်ဘုရားလက်သီးတောင်ကြား၏ အဓိက ခန်းမဆောင်ထဲတွင်…

လင်ချင်းယွဲ့ကို ဧည့်ခံခြင်းနှင့် မတူဘဲ ဤတစ်ကြိမ် ပေါင်ပေါင်းကို ဧည့်ခံခြင်းမှာ အလွန်ခမ်းနားထည်ဝါလှ၏။

နတ်ဘုရားလက်သီးတောင်ကြားမှ တပည့် ဒါဇင်ပေါင်းများစွာမှာ ခန်းမဆောင်၏ ဘေးနှစ်ဖက်တွင် ရပ်နေကြသည်။

နတ်ဘုရားလက်သီးတောင်ကြားမှ တပည့်တိုင်းသည် လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူတို့၏ ကြွက်သားများမှာ ဓား သို့မဟုတ် ပုဆိန်ဖြင့် ထွင်းထုထားသည့်အလား ပုံဖော်ထား၏။ မသိသောသူများအတွက်မူ သူတို့မှာ ကြွက်သားသန်မာသော ယောက်ျားများ အဓိကထားသည့် ဘားတစ်ခုထဲသို့ ဝင်ရောက်လာသည်ဟု ထင်မှတ်ကြမည် ဖြစ်သည်။

ဤအချိန်တွင် ခန်းမဆောင်ထဲ၌ စားသောက်ပွဲတစ်ခုကို တည်ခင်းထားပြီး သုကူပါးထျန်း၏ သားဖြစ်သူ သုကူအောက်ထျန်းမှာ သူ၏ ထိုင်ခုံတွင် အနည်းငယ် မသက်မသာဖြင့် ထိုင်နေ၏။

သုကူအောက်ထျန်းသည် အများအားဖြင့် ပေါ့ပေါ့ပါးပါး ဝတ်စားဆင်ယင်လေ့ရှိသော်လည်း ယနေ့မှာမူ အလွန်ကွဲပြားနေ၏။ ယနေ့တွင် သူသည် အလွန်သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားပြီး သူ၏ ဆံပင်ကိုလည်း တမင်တကာ ပုံသွင်းထားရာ သူက မျက်နှာစုံညီပွဲတစ်ခုသို့ သွားနေသည့်အလားပင်။

…

သုကူပါးထျန်းက ပေါင်ပေါင်းအား ထိုင်ရန် ညွှန်ပြ၍ သုကူအောက်ထျန်းကို ညွှန်ပြကာ မိတ်ဆက်ပေးလိုက်သည်။

“ဒါက ငါ့သား… ငါတို့တောင်ကြားရဲ့ မျက်မှောက်ခေတ် လက်သီးနတ်ဘုရား သုကူအောက်ထျန်းပဲ…”

တစ်ချိန်တည်းတွင် သုကူအောက်ထျန်းကလည်း ပေါင်ပေါင်းကို ပြုံးပြလိုက်သည်။

ပေါင်ပေါင်းက စားပွဲပေါ်ရှိ အစားအစာများကို ညွှန်ပြ၍ မေးလိုက်သည်။ “ကျွန်မ အဲဒါတွေ စားလို့ရလား…”

သုကူပါးထျန်း - “...”

“ဟားဟား… အပျိုစင်ပေါင်ပေါင်းက တကယ်ကို ထူးခြားတဲ့ စရိုက်ရှိတာပဲ… ဗိုက်ဆာရင် စားလိုက်ပါ… ဒီစားသောက်ပွဲက မင်းကို ကြိုဆိုဖို့အတွက်ပဲ…”

…

ဤအချိန်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော ရဲရှင်းဟွေ့မှာ မျက်မှောင်ကြုတ်၍ တစ်ခုခု မှားနေကြောင်း ခံစားလိုက်မိ၏။

‘ဒါက ဘာလို့… မျက်နှာစုံညီပွဲနဲ့ တူနေရတာလဲ…’

ဤသို့ တွေးမိသောအခါ ရဲရှင်းဟွေ့က သူ၏ ဝိုင်ခွက်ကို မြှောက်၍ မေးလိုက်သည်။ “တောင်ကြားသခင်သုကူ… ခင်ဗျား ဘာလို့ ပေါင်ပေါင်းကို ဒီကို ဖိတ်ခေါ်ရတာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်…”

သုကူပါးထျန်းက ရဲရှင်းဟွေ့ကို သူ ယခုမှ မြင်ဖူးသည့်အလား ကြည့်လိုက်သည်။

“အိုး… မင်းက လုရှိုးချိုက်လား… မင်းက အပျိုစင်ပေါင်ပေါင်းရဲ့ ယောကျ်ားဆိုတာ ငါ ကြားတယ်…”

သုကူပါးထျန်း၏ အမြင်တွင် ယောကျ်ားဟုခေါ်သောသူမှာ ကျွန် သို့မဟုတ် အစေခံတစ်ဦး ဖြစ်နိုင်၏။

“ဟုတ်တယ်…”

ရဲရှင်းဟွေ့က ဟုတ်သည်ဟု အမှန်တကယ် ဖြေကြားသည်ကို မြင်သောအခါ သုကူပါးထျန်းက စားပွဲကို တိုက်ရိုက် ရိုက်ချလိုက်သည်။

“ဒီလိုဆိုရင် ငါတို့ ဒီမှာ ပြောနေတာတွေမှာ မင်း ဝင်ပြောပိုင်ခွင့် ရှိလို့လား…”

သုကူပါးထျန်း၏ စကားကို ကြားသောအခါ သူ၏ ပတ်ပတ်လည်ရှိ သန်မာသော လူ ဒါဇင်ခန့်မှာ ချက်ချင်းပင် ရဲရှင်းဟွေ့၏ နေရာကို မကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

“ဟေး… ယောကျ်ားဆိုတာ ဘာလဲဆိုတာ ခင်ဗျား သိရဲ့လား…” ရဲရှင်းဟွေ့ကလည်း အနည်းငယ် ရှုပ်ထွေးသွားသည်။

“ယောကျ်ား… ဟားဟား… ငါ ဝူမင်ဆီကနေ အဲဒါအကြောင်း ကြားပြီးပြီ… သူက အဲဒါက အစေခံ ဒါမှမဟုတ် အဲဒီလိုမျိုး တစ်ခုခုပဲလို့ ပြောတယ်…”

ရဲရှင်းဟွေ့မှာ ဆွံ့အသွား၏။ ချီး…. သူ သေသေချာချာ စဉ်းစားကြည့်လျှင် ခေတ်သစ်က ခင်ပွန်းတော်တော်များများမှာ အစေခံတွေနဲ့ ဘာမှမခြားဘူးထင်တယ်။

'ချီးပဲ ဒီအဘိုးကြီးမှာ ခေတ်သစ်အတွေးအခေါ်တချို့ ရှိနေတာပဲ… မဟုတ်လား…’

…

ရဲရှင်းဟွေ့ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ သုကူပါးထျန်းက ဆက်ပြောလိုက်သည်။

“ငါက မင်းကို ဒီစားပွဲမှာ စားခွင့်ပေးတာနဲ့ပဲ အပျိုစင်ပေါင်ပေါင်းကို မျက်နှာသာပေးပြီးသားပဲ… အခုကစပြီး ဘာမှမပြောနဲ့… မင်း အဓိပ္ပာယ်မရှိတဲ့ စကားတစ်ခွန်း ထပ်ပြောရင်…”

သုကူပါးထျန်းက စကားကို အဆုံးမသတ်ခဲ့ပေ။ သို့သော် သူ၏ ခြိမ်းခြောက်လိုသည့် အငွေ့အသက်ကိုမူ လူတိုင်းက သိမြင်နိုင်ကြ၏။

ရဲရှင်းဟွေ့မှာ ပြောစရာစကားမရှိတော့ပေ။ သူက သူ၏ အမည် လုရှိုးချိုက်ကြောင့် အထင်သေးခံရမည်ဟု မမျှော်လင့်ခဲ့ပေ။

သို့သော် သူ သေသေချာချာ စဉ်းစားကြည့်လျှင် သူက ဇာတ်လိုက်တစ်ဦး၏ ဇာတ်လမ်းဇာတ်ကွက်ကို ကြုံတွေ့ခဲ့ရသည်လော။ အခြားသူများ၏ အထင်သေးခြင်းကို ခံရပြီးနောက် ဝက်ဟန်ဆောင်၍ ကျားကိုစားကာ ဟန်ဆောင်သူများမှာ သူ၏ ကိုယ်ပိုင် ဟန်ဆောင်မှုဖြင့် မျက်နှာတွင် အထိုးခံရခြင်း ဖြစ်သည်။

ဤသို့ တွေးမိသောအခါ ရဲရှင်းဟွေ့သည် ချက်ချင်းပင် လှုပ်ရှားရန် သူ၏ အစီအစဉ်ကို စွန့်လွှတ်လိုက်၏။

နောက်ဆုံးတွင် ဟန်ဆောင်ခြင်းမှာ ရှေ့ပြေးနိမိတ် လိုအပ်နေသေးသည်။ သူက အခြားမြို့ပြဝတ္ထုများတွင် ဖတ်ဖူးခဲ့ရာ ပြီးပြည့်စုံစွာ ဟန်ဆောင်နိုင်ရန်အတွက် အခန်းပေါင်းများစွာ သို့မဟုတ် အခန်းတစ်ဒါဇင်ထက်မကပင် ကြာမြင့်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူက နေရာနှင့် မရင်းနှီးဘဲ သူ၏ ဇာတ်လမ်းဇာတ်ကွက်အတွက် သူ့ကို ကူညီနိုင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိသည်မှာ ကံဆိုးလှ၏။ ဥပမာအားဖြင့် သူက ကြွားဝါတော့မည် ပြင်သောအခါ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးက သူ့ကို လှောင်ပြောင်၍ ကဲ့ရဲ့ကာ ခုန်ထွက်လာသင့်သည်။

.......

ရဲရှင်းဟွေ့ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ သုကူပါးထျန်းက ထိုသူငယ် ကြောက်သွားပြီဟု ထင်မှတ်ကာ နေရာတွင် ပြန်ထိုင်လိုက်၏။

သုကူပါးထျန်း ရဲရှင်းဟွေ့ကို ခြောက်လှန့်လိုခဲ့သည့် အကြောင်းအရင်းမှာ အလွန်ရိုးရှင်း၏။ သူက ပေါင်ပေါင်းမှာ လှည့်စားရန် လွယ်ကူပုံရကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော်လည်း ဤလုရှိုးချိုက်မှာ တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲပုံရ၏။

လုရှိုးချိုက်ကို စကားမပြောခွင့်ပေးသရွေ့ ဤတုံးအပုံရသော ပေါင်ပေါင်းကို ဖိညှစ်၍ ပြားချပ်သွားအောင် ပြုလုပ်ရန် လွယ်ကူမည် မဟုတ်လော။

သုကူပါးထျန်းက ပေါင်ပေါင်းကို ဖခင်ပမာ အပြုံးဖြင့် ကြည့်၍ မေးလိုက်သည်။ “ပေါင်ပေါင်း… ငါ မင်းကို အဲဒီလို ခေါ်လို့ရတယ် မဟုတ်လား…”

ပေါင်ပေါင်းက သူမ၏ အစားအစာကို ကိုက်စား၍ မပီမသ ပြန်ဖြေလိုက်သည်။ “ခင်ဗျား ကြိုက်သလို ခေါ်ပါ…”

“ပေါင်ပေါင်း… ဒီကောင်လေး အောက်ထျန်းအပေါ် ဘယ်လို ခံစားရလဲ…”

သုကူအောက်ထျန်းက သူ၏ ဖခင်က သူ့ကို ဖော်ပြသည်ကို ကြားသောအခါ သူ၏ ရင်ဘတ်ကို ဂုဏ်ယူစွာဖြင့် ကော့လိုက်၏။

ပေါင်ပေါင်းက သုကူအောက်ထျန်းကို ကြည့်၍ အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။ “မင်း နောက်ကနေကူပေးရတဲ့နေရာ ကစားတတ်လား…”

သုကူအောက်ထျန်း - “???”

သုကူပါးထျန်း - “???”

ထို့နောက် ပေါင်ပေါင်း၏ မေးခွန်းများ ဆက်တိုက် ထွက်ပေါ်လာသည်။

“မကစားတတ်ဘူး… ဒါဆို တောထဲမှာ သွားရတဲ့နေရာကော…”

“မင်း အလယ်လမ်းကနေ အောက်လမ်းကို ဝိုင်းတိုက်တတ်လား…”

“ဒါမှမဟုတ် မင်းက အပေါ်လမ်းမှာ တစ်ယောက်တည်းကစားရတာ ကြိုက်တာလား…”

“နာမည်ကြီးကစားသမားတစ်ယောက်ကိုတောင် နိုင်အောင်ကစားဖူးလို့လား…”

.....

သုကူအောက်ထျန်း - “???”

သုကူပါးထျန်း - “???”

ပေါင်ပေါင်း၏ မေးခွန်းများကြောင့် ဖခင်နှင့် သားနှစ်ဦးစလုံး အနည်းငယ် ရှုပ်ထွေးသွားကြ၏။

ရဲရှင်းဟွေ့သည် ပေါင်ပေါင်း၏ စကားကို ကြားသောအခါ ရယ်မောလိုက်မိသည်။ သူမက မသေမျိုးကျင့်ကြံရေးကမ္ဘာမှ လူများကို ဂိမ်းအကြောင်း အမှန်တကယ် မေးမြန်းခဲ့သည်တည့်။

သို့သော် ပေါင်ပေါင်း၏ မေးခွန်းများကို နားထောင်ပြီးနောက် သူက ပေါင်ပေါင်းမှာ ယခု အောက်လမ်းသို့ နေရာပြောင်း၍ တိုက်ခိုက်ရေးသမားအဖြစ် ကစားနေကြောင်း သတိပြုမိလိုက်သည်။

.......

သုကူပါးထျန်းက ရဲရှင်းဟွေ့ကို မုန်းတီးစွာ စိုက်ကြည့်၍ ပေါင်ပေါင်းထံ ပြုံးပြကာ လှည့်လိုက်သည်။

“အမ်… ပေါင်ပေါင်း… မင်း ပြောနေတဲ့ အရာတွေက ဘာတွေလဲ…”

“ခင်ဗျားတို့ ဂိမ်းအကြောင်းတောင် မသိဘူးလား… ဒါဆိုရင်တော့ ဒီလူက သုံးမကျဘူးလို့ ငါထင်တယ်… သူက ဝက်ဝံကန်းထက်တောင် ဆိုးသေးတယ်… အနည်းဆုံးတော့ ဝက်ဝံကန်းက မြေပုံကို ကောင်းကောင်းသိတယ်…”

'ချီး ဝက်ဝံကန်းက ဘယ်သူလဲ…’ သုကူအောက်ထျန်းမှာ ပို၍ပင် ရှုပ်ထွေးသွားပြီး ဤပေါင်ပေါင်းမှာ သူနှင့် အခြားသူများနှင့် ကမ္ဘာတစ်ခုတည်းမှ မဟုတ်ကြောင်း ခံစားလိုက်မိ၏။

.......

ဤမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့က အေးစက်စွာ ပြုံးလိုက်သည်။

‘ဒီခွေးမသားတွေ… ဒါက တကယ်ကို မျက်နှာစုံညီပွဲပဲ… ဒီသုကူပါးထျန်းက တကယ်ကို တွက်ချက်တတ်တာပဲ…’

သုကူပါးထျန်း၏ အစီအစဉ်မှာ အမှန်တကယ်ပင် အလွန်ကောင်းမွန်၏။ ၎င်းကို အင်အားမသုံးမီ ယဉ်ကျေးမှုကို အသုံးပြုသည့် နည်းဗျူဟာတစ်ရပ်အဖြစ် သတ်မှတ်နိုင်၏။ အရင်ဆုံး စုံညီပွဲတစ်ခု သွားပါ။ အကယ်၍ စုံညီပွဲ မအောင်မြင်ပါက လုယက်ပါ။

…

သို့သော်လည်း ရဲရှင်းဟွေ့သည် တစ်စုံတစ်ယောက်က သူ၏ ရည်းစားကို ပေါ်ပေါ်တင်တင် လုယူရန် ကြိုးစားသောအခါ ချက်ချင်းပင် ဒေါသထွက်လာ၏။

ဝက်ဟန်ဆောင်၍ ကျားကိုစားခြင်းလား… အခြားသူများကို မျက်နှာတွင် ရိုက်ခြင်းလား… ကောင်းမွန်သော ဇာတ်လမ်းဇာတ်ကွက်များလား…

သူတို့အားလုံးကို ီးပဲလို့….

ရဲရှင်းဟွေ့က သူ၏ လက်ဖဝါးဖြင့် စားပွဲကို ရိုက်၍ မတ်တပ်ထရပ်ကာ သုကူပါးထျန်းကို ညွှန်ပြ၍ ကျိန်ဆဲလိုက်သည်။

“မင်း အဘိုးကြီးက တကယ်ကို အပြစ်ပေးခံရထိုက်တာပဲ… မင်းက ငါ့လူတွေအပေါ် မျက်စိကျဝံ့တယ်…”

ရဲရှင်းဟွေ့၏ ရုတ်တရက် ပေါက်ကွဲထွက်မှုကို မြင်သောအခါ သုကူပါးထျန်းမှာလည်း တစ်ခဏမျှ မှင်တက်သွား၏။ ထို့နောက် သူ၏ အမူအရာမှာ ညိုမှောင်သွားသည်။

သုကူပါးထျန်း တစ်စုံတစ်ရာ မပြောမီတွင် နတ်ဘုရားလက်သီးတောင်ကြားမှ တပည့်တစ်စုက ရဲရှင်းဟွေ့ကို ဝန်းရံထားပြီး ဖြစ်၏။

“မင်းက တောင်ကြားသခင်ကို စော်ကားဝံ့တယ်ပေါ့… သေစမ်း…”

သူတို့ စကားဆုံးသည်နှင့် သန်မာသော လူအချို့၏ လက်သီးများက ရဲရှင်းဟွေ့ကို ထိုးနှက်လိုက်သည်။

ရဲရှင်းဟွေ့ ဤသည်ကို မြင်သောအခါ သူက ပုန်းရှောင်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မပြုဘဲ ထိုနေရာတွင်သာ ရပ်နေလိုက်၏။ သို့သော်လည်း သူ၏ ခြေထောက်အောက်တွင် လျှပ်စီးကြောင်းများ ဖြတ်ပြေးနေသည်။

ဤနတ်ဘုရားလက်သီးတောင်ကြား တပည့်များ၏ လက်သီးများက ရဲရှင်းဟွေ့ကို ထိမှန်တော့မည် ပြင်စဉ်တွင် သူတို့သည် ရုတ်တရက် နေရာတွင်ပင် တောင့်တင်းသွားပြီး မြေပေါ်တွင် အားလုံး လဲလျောင်းကာ တက်စပြုလာသည်။

နတ်ဘုရားလက်သီးတောင်ကြား တပည့်တစ်စုကို အလဲထိုးပြီးနောက် ရဲရှင်းဟွေ့က ခေါင်းစိမ်းစီးကရက်တစ်လိပ်ကို ထုတ်ယူ၍ မီးညှိကာ အလွန်ဟန်ဆောင်သော လေသံဖြင့် ပြောလိုက်သည်။ “ဟန်ဆောင်မနေတော့ဘူး… ငါ့အစွမ်းအစကို ထုတ်ပြတော့မယ်…”

ဤသို့ ပြောပြီးနောက် ရဲရှင်းဟွေ့မှာလည်း တစ်ခဏမျှ မှင်တက်သွား၏။

နေပါဦး… ဒါက သူ့အစွမ်းအစကို ထုတ်ပြတာ…

သူ့မှာ နောက်ခံကောင်းကောင်း ရှိလို့လား… ကြယ်တာရာမသေမျိုးဧကရာဇ်ရဲ့ ညီလား… ဒီအဆင့်အတန်းက မဆိုးပေမယ့် မောက်မာတဲ့အငွေ့အသက်တော့ ရှိတယ်… အာ… သူက ‌ငပွေငရှုပ်တစ်ကောင်လိုခံစားရတယ်…။ ပိုင်လန် မသေမျိုးဧကရာဇ် ပိုင်လန်ကို အနိုင်ယူခဲ့တဲ့သူလား… ဒါက ကြွားသလို ခံစားရတယ်။ ကြယ်တာရာဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်လား… ဒါက ကိုယ့်ကိုယ်ကိုယ် ကြေညာသလို ခံစားရတယ်။

စဉ်းစားပြီးနောက် ရဲရှင်းဟွေ့ ခံစားလိုက်ရသည်မှာ… သူက တကယ်ကို နာမည်မကြီးသေးပေ။

“အဟမ်း အဟမ်း…”

ရဲရှင်းဟွေ့က နှစ်ကြိမ် ချောင်းဆိုး၍ သူ၏ စကားကို ပြန်လည် စုစည်းကာ ဆက်ပြောလိုက်သည်။

“ငါ ဟန်ဆောင်မနေချင်တော့ဘူး… ငါက ရဲရှင်းဟွေ့ပဲ…”

တစ်ဖက်လူက သူ့ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူက သူ၏ အမည်ကို အရင်ဆုံး ပြောလိုက်မည်။

All Chapters