← Chapters

အပိုင်း ၂၇၃

Vol. 19 Ch. 273

အပိုင်း ၂၇၃

Vol. 19 Ch. 273

“အမ်းး၊ ဘော့စ်၊ ကျွန်တော်တို့ ဒီတိုင်းလိုက်ကြည့်နေကြတာပါ။ ကျွန်တော်တို့ ဘာကိုမှ မရည်ရွယ်ပါဘူး။ မလုပ်နဲ့ - ဟေး မင်းဘာလို့ ငါ့အင်္ကျီကို လာဆွဲနေတာလဲ?" ကျောလင်က ဘာဖြစ်နေလဲဆိုတာကို မသိဘဲ သူ့ကိုယ်သူ ကာကွယ်ဖို့ လုပ်နေသည်။ သို့ပေမယ့် ကျုံးဝမ်ကတော့ ထူးဆန်းနေတဲ့လေထုကို ရှင်းရှင်းလင်းလင်းခံစားမိကာ သူ့အင်္ကျီလက်တွေကို ခပ်ကြမ်းကြမ်းဆွဲလိုက်သည်။

"စုံစမ်းပေး!" နျဉ်ယွိယွင် ရုတ်တရက် ထရပ်လိုက်ကာ သူ့မျက်လုံးတွေထဲ သွေးဆာနေတဲ့ အရိပ်အယောင်တွေ ပြည့်လာသည်။ "မော့ချူးကို ဘယ်သူဖမ်းသွားလဲဆိုတာ အတိအကျ ရှာလာခဲ့!"

ကျောလင်နဲ့ ကျုံးဝမ်တို့ အမူအရာတွေ ပြောင်းလဲသွားတော့သည်။

ဘာကို ဆိုလိုတာလဲ? မော့ချူးကို တခြားတစ်ယောက်ယောက်က ခေါ်သွားတာလား?

"မြန်မြန်သွား!" နျဉ်ယွိယွင် ခေါင်းအနည်းငယ် လှည့်လာကာ စကားလုံးတွေက သူ့သွားကြားကနေထွက်လာသည်။

ကျောလင်နဲ့ ကျုံးဝမ်တို့မှာ သွေးဆာနေတဲ့ အကြည့်ကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။ သူတို့အနေနဲ့ နျဉ်ယွိယွင်အနောက်ကို အချိန်အတော်ကြာ လိုက်ခဲ့ကြပေမယ့် သူတို့ဘော့စ်ကို ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးကြပေ။ ကြန့်ကြာမနေရဲတော့ဘဲ သူတို့ချက်ခြင်းပြန်လှည့်ကာ စီစဉ်ကြတော့သည်။

အဲ့ဒါနဲ့ဘဲ ခရိုင် ၃က တပ်ဖွဲ့ဝင်တွေ အဆင်သင့်ပြင်ကာ ပျောက်သွားတဲ့သူကိုရှာဖို့ နေရာအသီးသီးကို ထွက်ခွာလာကြသည်။ သူတို့ဟာ ကော်ဇောကို ရှင်းလင်းနေသလို စေ့စပ်သေချာလှသညိ။

ကျောလင်လည်း ခရိုင် ၃ ရှိ စောင့်ကြည့်ကင်မရာအားလုံးကို ဆွဲထုတ်ကာ တစ်ခုပြီးတစ်ခု ရှာဖွေခဲ့သည်။ နှစ်နာရီလောက် အချိန်ကြာသွားပေမယ့် နောက်ဆုံးမှာ သူတို့ ဘာကိုမှရှာမတွေ့ခဲ့ကြပေ။

ကျောလင်မှာ မှုန်မှိုင်းနေတဲ့ သူ့ဘော့စ်ကို ဘာမှမပြောရဲပါချေ။ သူက အနည်းငယ် စိတ်ပျက်နေတဲ့ အမူအရာနဲ့ ဘေးနားက ကျုံးဝမ်ကို ခေါင်းခါပြရုံသာ တတ်နိုင်တော့သည်။ “မော့ချူးကို ခေါ်သွားတဲ့သူက ကျွမ်းကျင်သူတစ်ယောက်ဖြစ်မယ်ထင်တယ်။ ပြီးတော့ ခရိုင် ၃ က စောင့်ကြည့်ကင်မရာတွေနဲ့လဲ တော်တော်ရင်းနှီးတဲ့သူဖြစ်ရမယ်။ အဲ့ဒီနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ရှောင်ပြီး ဘာသဲလွန်စကိုမှ မချန်ထားဘူး"

"ဟုတ်သား၊ မေ့ဆေးကရော?" ကျောလင်ရဲ့ မျက်လုံးတွေ ရုတ်တရက် တောက်ပလာသည်။ သူတို့ ဒီရှုထောင့်ကနေ စတင်နိုင်လောက်မည်။

ကျုံးဝမ်လည်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။

ဒီဆေးကို မှောင်ခိုဈေးကွက်တွင် အရောင်းရဆုံးဟု ယူဆနိုင်သည်။ ဝယ်သူရဲ့ အချက်အလက်ကို ဘယ်သူမှ မှတ်ထားမည် မဟုတ်ပေ။ ဒါ့အပြင်၊ ဒီအရာဟာ လက်ပြောင်းသွားပါက အဲ့ဒီနောက်ကိုလိုက်ရန် လမ်းပေါင်းမြောက်များစွာကို လိုက်ရမည်ပင်။ စုံစမ်းဖို့အတွက် ရိုးရှင်းတဲ့နည်းမရှိပါချေ။

ဒါကိုကြားတော့ နျဉ်ယွိယွင်ရဲ့အမူအရာက ပိုလို့တောင်ကြောက်စရာကောင်းလာသည်။ ငြိမ်သက်နေတဲ့ ချော်ရည်ပြင်လိုပင်။ မျက်နှာပြင်ပေါ်က မထူးခြားနားတဲ့အလွှာကို ဖယ်လိုက်ပါက လောင်မြိုက်နေသည့် ချော်ရည်တွေဟာ ချက်ခြင်းထွက်လာမည်ဖြစ်သည်။ ၎င်း၏ အဖျက်စွမ်းအားဟာ အံ့အားသင့်စရာပင်။

......

အဲ့ဒီအချိန် နျဉ်ယွိယွင်ရဲ့ခလုတ်ခုံက ရုတ်တရက် လှုပ်ရှားသွားသည်။

“အစီရင်ခံပါတယ်! အဖွဲ့ A က ၁ လမ်းကိုရှာခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ပါဘူး”

“အစီရင်ခံပါတယ်! အဖွဲ့ B က ၂ လမ်းကိုရှာခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ပါဘူး"

“အစီရင်ခံပါတယ်! အဖွဲ့ C…”

သူ့လက်အောက်ငယ်သားတွေဆီက သတင်းပေးပို့ချက်ကို နားထောင်ရင်း နျဉ်ယွိယွင်ရဲ့ မူလက မှုန်မှိုင်းနေတဲ့မျက်လုံးတွေဟာ လုံးဝကိုနက်မှောင်လာတော့သည်။

ဘယ်သူလဲ? လက်သီး တင်းတင်းဆုပ်ရင်း သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်လာသည်။ သူ့စိတ်ထဲက ထိတ်လန့်မှုတွေရော ဒေါသတွေရော သူ့ဘဝရဲ့မြင့်ဆုံးနေရာကို ရောက်လာသည်။ တရားခံကိုတွေ့ရင် အဲ့ဒီလူရဲ့အရိုးတွေကို မီးရှို့ပြီး သူ့ပြာတွေ‌ကိုသေချာပေါက်ကြဲပစ်လိုက်မယ်!

အစောင့်အကြပ်များ အများအပြားနှင့် လမ်းပေါ်တွင် ဝင်ထွက်နေကြသည်။ လူတွေက မမြင်ရတာမဟုတ်တဲ့အတွက် သဘာဝအလျောက် မြင်နေရသည်။ သူတို့ မတတ်နိုင်ဘဲ စိတ်ထဲကနေ ငြီးတွားလိုက်ကြသည်။ ဒါက သိသိသာသာကို ရိုမန်တစ်ဆန်တဲ့ ချစ်သူများနေ့ဖြစ်ပေမယ့် အဲဒါကြောင့်နဲ့ အဆိုးမြင်စိတ်အလွှာတစ်ခုက သူတို့တွေအပေါ် လွှမ်းမိုးသွားတော့သည်။

ဒီလိုကြီးမားတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုက သဘာဝအလျောက် အထက်လူကြီးတွေဆီ သတင်းရောက်သွားတော့သည်။

အကြီးအကဲနျဉ်က အရင်ဆုံးတုံ့ပြန်လာသည်။ သူ နျဉ်ယွိယွင်ဆီ ဗီဒီယိုကော တိုက်ရိုက်ခေါ်လိုက်သည်။

ခေါ်ဆိုမှု ချိတ်ဆက်သွားတာနဲ့ အကြီးအကဲနျဉ်ရဲ့ ဒေါသတကြီး အော်သံကို ကြားလိုက်ရသည်။ "နျဉ်ယွိယွင် မင်း ရူးနေလား?"

အရေးအကြောင်းတွေ ပြည့်နှက်နေပေမယ့် ကြည်လင်တောက်ပနေဆဲ မျက်လုံးတစ်စုံက နျဉ်ယွိယွင်ကို စိုက်ကြည့်နေသည်။ သူ့လက်ဖဝါးနဲ့ စားပွဲပေါ်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ကာ သူ့ရင်ထဲက ဒေါသတွေကို ဖယ်ရှားပစ်လိုက်သည်။ “မင်း စိတ်တိုင်းကျ တပ်ဖွဲ့တွေကို လိုက်ဖြန့်နေလို့ရမယ်လို့ ထင်နေတာလား? မင်းရဲ့ မာရှယ်ရာထူးက အရမ်းတည်ငြိမ်နေတယ်လို့ ထင်နေတာလား?"

တောထဲက အပင်မြင့်ဟာ လေကြောင့် ပျက်စီးတတ်သည်။ နျဉ်ယွိယွင်ကလည်း ဒီလိုအနေအထားမှာ ရှိနေတာကြောင့် မရေမတွက်နိုင်တဲ့ လူတွေက သူ့ကိုမနာလိုဖြစ်နေကြသည်။

လူတော်တော်များများက သူ့ကို ရာထူးကနေ ဖြုတ်ချချင်နေကြသည်။ နျဉ်ယွိယွင်ဘက်က အမှားသေးသေးလေးလုပ်တာကို ဖမ်းမိသွားပါက ၎င်းဟာသူ့ကို တိုက်ခိုက်ဖို့ အကောင်းဆုံးလက်နက်ဖြစ်လာလိမ့်မည်ပင်။

All Chapters