အပိုင်း ၂၇၄
Vol. 19 Ch. 274
အကြီးအကဲနျဉ်ရဲ့ ဒေါသကြောင့် နျဉ်ယွိယွင်က ဘာစကားတစ်ခွန်းမှ မပြောပေ။
"ဘာလဲ? အခု ဒီလူအိုကြီးက မင်းကိုတောင် အော်လို့မရတော့ဘူးလား? ဒါကို မင်း အခုချက်ချင်း ရပ်လိုက်တော့!" နျဉ်ယွိယွင်ရဲ့ တိတ်ဆိတ်နေတဲ့ပုံစံကို မြင်လိုက်ရတော့ အကြီးအကဲနျဉ်မှာ ပိုလို့တောင် ဒေါသဖြစ်လာသည်။
နျဉ်ယွိယွင်ဟာ ခရိုင် ၁၂ တွင် ကပ်ရောဂါကို ဖြေရှင်းနိုင်ခဲ့ပြီး ယခုအခါ အနီးကပ် စောင့်ကြည့်ခံနေရတာဖြစ်သည်။ သူသာ သိုသိုသိပ်သိပ်သာ မနေခဲ့ဘူးဆိုရင် ဒီလိုနည်းလမ်းမျိုးနဲ့ စစ်တပ်ကို ကြီးကြီးမားမား စည်းရုံးနိုင်လိမ့်မည်ပင်…..အခု သူက သူ့ရန်သူတွေကို ပစ်မှတ်ထားဖို့ အကြောင်းပြချက်တွေ ပေးနေတာ မဟုတ်ဘူးလား?
စစ်သားတစ်ယောက်ဆိုတဲ့ အတိုင်းပင်။ အကြီးအကဲနျဉ်မှာ အသက်တောင်မရှူဘဲ ဆယ်မိနစ်ကျော်လောက် ဆူပူလိုက်သည်။ သူ့အတွက် ရေတစ်ခွက်ယူလာပေးတာတောင် မရပ်သေးပေ။
“မော့ချူးကို ခေါ်သွားတာ။ ကျွန်တော် သူ့ကိုရှာချင်တယ်! " ဒီအခိုက်အတန့်မှာ နျဉ်ယွိယွင် ခေါင်းမော့လာသည်။ သူ့မျက်လုံးတွေက နီရဲနေကာ သူ့မျက်နှာက အရင်ကထက် ပိုလေးနက်ကာပြင်းထန်လာသည်။ “တခြားကိစ္စတွေကိုတော့၊ လောလောဆယ် ကျွန်တော်ဂရုမစိုက်နိုင်ဘူး”
အဲ့ဒီလိုပြောပြီးတာနဲ့ နျဉ်ယွိယွင် သူ့အဖေရဲ့စကားကို လျစ်လျူရှုကာ ဗီဒီယိုကင်မရာကို ပိတ်လိုက်သည်။
မော့ချူး ပျောက်သွားသည်မှာ နှစ်နာရီ၊ သုံးနာရီလောက်ရှိနေပြီဖြစ်သည်။
ညဟာ ပိုလို့ မှောင်စပြုလာသည်။ နက်မှောင်နေတဲ့မင်ဘောလုံးလိုမျိုး မည်းမှောင်နေ၏။
မော့ယန်လည်း ဒီသတင်းကို ရလိုက်သည်။ သူခြေလှမ်းကြဲတွေနဲ့ အခန်းဆီ လျှောက်လာသည်။လျှောက်လာနေရင်း ဒေါသအရမ်းထွက်နေတဲ့ပုံပင်။
သူအနားရောက်လာတော့ ဘာမှမပြောဘဲ နျဉ်ယွိယွင်ရဲ့ မျက်နှာကို ထိုးပစ်လိုက်သည်။ သူ့မျက်နှာပေါ်မှာ ဒေါသတွေအပြည့်နဲ့ ပြောလိုက်သည်။ "နျဉ်ယွိယွင်၊ ခင်ဗျား ကျွန်တော့်ညီမကို ဘယ်ခေါ်သွားတာလဲ?!"
"ဒါတောင် ခင်ဗျားက ချူးလေးရဲ့ စောင့်ရှောက်သူဖြစ်ချင်နေတာလား? ခင်ဗျားရဲ့ မျက်စိအောက်မှာ သူ့ကိုဘယ်လိုလုပ် ပျောက်သွားရတာလဲ?! F*ck off!"
နျဉ်ယွိယွင်လည်း မရှောင်ဘဲ သူ့မျက်နှာပေါ် လက်သီးကျလာတာကို ခွင့်ပြုထားလိုက်သည်။ သူရဲ့ ဘယ်ဘက်ပါးပြင်မှာ ဒဏ်ရာတစ်ခု ပေါ်လာကာ အလျင်အမြန် ရောင်လာသည်။
"ဟုတ်ပါပြီ" ကျောလင်က သူ့ကို ဖြောင်းဖျဖို့ ကြိုးစားလိုက်သည်။ “မော့ယန်၊ ဒီအတွက် ဘော့စ်ကို အပြစ်တင်လို့မရဘူးလေ။ သူက…”
"ပါးစပ်ပိတ်ထား!" နျဉ်ယွိယွင် ကျောလင်ကို စိုက်ကြည့်လိုက်ကာ နောက်တော့ မော့ယန်ကို ကြည့်လိုက်သည်။ “ဒါက ငါ့အမှားဘဲ။ ချူးလေးကိုရှာတွေ့တဲ့အခါကျရင် ငါ မင်းကို ဖြေရှင်းချက်ပေးပါမယ်"
နျဉ်ယွိယွင်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် မော့ယန် တစ်ဖက်လှည့်လိုက်ကာ သူ့ရင်ထဲက ဒေါသတွေကို မျိုသိပ်လိုက်သည်။ အခုအရေးကြီးဆုံးက ချူးလေးကိုရှာဖို့ပင်။ တခြားဟာတွေကိုတော့ စောင့်နိုင်သည်။
"ဘယ်လိုဖြစ်သွားတာလဲ?" မော့ယန်က အသံနက်နက်ဖြင့် မေးလိုက်သည်။ “ချူးလေးက ခင်ဗျားနဲ့အတူရှိနေတာမဟုတ်ဘူးလား? သူမ ဘာလို့ရုတ်တရက်ပျောက်သွားရတာလဲ?"
မော့ယန်မှာ ပြောရင်းနဲ့ ဒေါသတွေ မြင့်တက်လာကာ နျဉ်ယွိယွင်ကို မကျေမချမ်းဖြစ်စွာ စိုက်ကြည့်လိုက်သည်။
“အဲ့ဒါက ဒီလို…”
"ဘာ? မှောင်ခိုစျေးကွက်က မေ့ဆေးမှုန့်?" ဇာတ်လမ်းတစ်ခုလုံးကို ကြားလိုက်ရပြီးတဲ့နောက် မော့ယန်မျက်နှာမှာ ဖြူဖျော့သွားကာ ထိုင်ခုံကနေ ရုတ်တရက်ထရပ်လိုက်သည်။
မော့ချူးကို မှောင်ခိုဈေးကွက်က တစ်ယောက်ယောက် ဖမ်းခေါ်သွားတာများလား?
အဲ့ဒီလိုသာ တကယ်ဖြစ်ခဲ့ရင် အခြေအနေတွေက ကြောက်စရာကောင်းလာလိမ့်မယ်!
အဖွဲ့ချုပ်တွင် အမျိုးသမီးဦးရေ နည်းပါးခြင်းကြောင့် ဥပဒေဟာ ၎င်းတို့အပေါ် အလွန်ညှာတာထောက်ထားကြောင်း သိထားရမည်ပင်။ အဖွဲ့ချုပ်မှ နိုင်ငံသားတိုင်းဟာ အမျိုးသမီးတွေကို ဦးစားပေး ဆက်ဆံကြသည်။ သို့သော် မှောင်ခိုဈေးကွက်မှ လူတွေအတွက်မူ ဒီအရာကို မှန်ကန်သည်ဟု လက်ကိုင်မထားကြပါချေ။
မှောင်ခိုဈေးကွက်ထဲ ဝင်ရောက်နေကြတဲ့လူတွေ အားလုံးဟာ သေခြင်းတရားနဲ့ လျှောက်လှမ်းနေကြသူတွေပင်။ သူတို့ထဲက ဘယ်သူတွေကများ ဥပဒေအစွန်းဆုံးကို မရောက်တာရှိပါ့မလဲ?
မော့ချူးသာ သူတို့ဆီကနေ တကယ်အဖမ်းခံခဲ့ရတာဆိုရင် အကျိုးဆက်တွေကို အမှန်တကယ်စိတ်ကူးကြည့်လို့မရပါချေ။
ယခင်တုန်းကတော့ မှောင်ခိုဈေးကွက်မှာ အဖမ်းခံရပြီး အခြားဂလက်ဆီတွေ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေလည်း ရှိခဲ့သည်။ အဖွဲ့ချုပ်ထဲတွင် သူတို့ဟာ အလိုလိုက်ခံထားရသည့် ကလေးတွေဆိုတာ သိသာလှသည်။
နောက်ဆုံးတွင် လူကုန်ကူးခံရပြီးနောက် အမျိုးသမီးတွေဟာ တခြားသူတွေရဲ့ သီးသန့်ပိုင်ဆိုင်မှုတွေဖြစ်လာကာ နှိပ်စက်ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ သူတို့ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို မြင်ရတာက ထိတ်လန့်ဖို့တောင်ကောင်းသည်။ နှစ်အနည်းငယ်ကြာပြီးနောက်၊ စစ်တပ်ကလူတွေ အမျိုးသမီးတွေကို ကယ်တင်လာတဲ့အခါ သူတို့ဟာ လူပုံစံတောင် ပျောက်နေကြပြီဖြစ်သည်။
ချူးလေး ကြုံတွေ့ရမယ့်အရာကို တွေးကြည့်မိရုံနဲ့ မော့ယန်မှာ သူ့ဦးနှောက်က သစ်သားလိုဖြစ်လာသလို ခံစားလိုက်ရသည်! မဟုတ်ဘူး၊ ချူးလေးက ဒီလိုအရာတွေကို သေချာပေါက် ကြုံရမှာမဟုတ်ဘူး.....