← Chapters

အပိုင်း ၂၇၆

Vol. 19 Ch. 276

အပိုင်း ၂၇၆

Vol. 19 Ch. 276

"ဟက်! ဒီမိန်းမလား? သူ့က အဲ့ဒီလောက်ထိလဲ ကြည့်မကောင်းပါဘူး!" လှောင်ပြောင်နေတဲ့ အမျိုးသမီးတစ်‌ယောက်အသံပင်။ အဲ့ဒီအသံက မော့ချူးနားထဲ စူးစူးဝါးဝါး ဝင်လာသည်။ "ကောင်းပြီ၊ ဘာလုပ်ရမလဲဆိုတာ မင်းတို့က ငါ့ထက် ကောင်းကောင်းပိုသိတယ်"

အေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ လဲနေတဲ့ မော့ချူးတစ်ကိုယ်လုံး အေးစက်နေသလို ခံစားလိုက်ရသည်။ သူမရဲ့ တစ်ကိုယ်လုံး အားနည်းနေပြီး မျက်ခွံတွေကလည်း အရမ်းကို လေးလံနေသည်။ သူမ ရှိသမျှခွန်အားကို သုံးကာ ခေါင်းမော့လိုက်ပေမယ့် မှုန်ဝါးနေတဲ့ပုံရိပ်ကိုသာ မြင်ရသည်။ အဲ့ဒီအမျိုးသမီးက အဖြူရောင် ဒေါက်မြင့်ဖိနပ်စီးထားကာ လမ်းလျှောက်ထွက်သွားတော့သည်....

သူမမျက်လုံးတွေ လေးလံလာကာ အမှောင်ထုထဲ ပြန်ကျသွားတော့သည်။

မော့ချူး မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ လင်းထိန်နေတဲ့ အလင်းရောင်ကြောင့် သူမမျက်လုံးတွေ ကျိန်းသွားသည်။ သူမ မတတ်နိုင်ဘဲ မျက်လုံးကို အသာမှိတ်ထားလိုက်သည်။ အချိန်အတော်ကြာမှ လင်းထိန်နေတဲ့ အလင်းရောင်နဲ့ သူမအသားကျသွားတော့သည်။

သူမတစ်ကိုယ်လုံး လုံးဝကိုအားနည်းနေသည်။ မော့ချူး အားကုန်သုံးကာ နည်းနည်းထထိုင်လိုက်သည်။ ဒီတော့မှ သူမဟာ သတ္တုလှောင်အိမ်ထဲတွင် သော့ခတ်ခံထားရကြောင်း သိလိုက်ရသည်။ သူမရဲ့အဝတ်အစားတွေကိုလည်း လဲထားတာကြာပြီဖြစ်ကာ၊ ပါးလွှာပြီး ဖောက်ထွင်းမြင်နေရတဲ့ အဖြူရောင် ပိတ်ကျဲစက သူမရဲ့ဗလာဖြစ်နေတဲ့ ကိုယ်တစ်ပိုင်းကို ဖုံးကွယ်ထားသည်။

ဘာတွေဖြစ်နေတာလဲ...?

မော့ချူးရဲ့ မှတ်ဉာဏ်‌တွေ တဖြည်းဖြည်း ပြန်ရောက်လာသည်။ သူမ ရုတ်တရက် မျက်မှောင်ကြုတ်သွားမိသည်။ ဒီတော့မှ သူမမေ့သွားပြီး အခေါ်‌ခံလာရတာကို အခုမှမှတ်မိသွား‌တော့သည်။ ဒါဆို အခု ဒါကဘယ်နေရာများလဲ?

သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လှလှပပ အလှဆင်ထားတဲ့ အခန်းထဲတွင် လင်းထိန်နေတဲ့ မီးဆိုင်းတစ်ခုကို မြင်လိုက်ရသည်။ တောက်ပပြီး ပြိုးပြိုးပြက်ပြက် မီးရောင်တွေနဲ့ လင်းထိန်နေသည်။ ရှေးဟောင်းပစ္စည်း မျိုးစုံကိုလည်း စားပွဲနဲ့ နံရံပေါ်တွင် ပေါ့ပေါ့ပါးပါး ချိတ်ဆွဲထားသည်။ အိမ်ပိုင်ရှင်က ဘယ်လောက်ထိ ချမ်းသာလဲဆိုတာ ပြောဖို့လုံလောက်သည်။

သူမ ပတ်ပတ်လည်ကို လိုက်ကြည့်ရင်း မော့ချူးမျက်လုံးတွေ ရုတ်တရက် မှေးကျဉ်းသွားသည်။

သူမကို ချုပ်ထားတဲ့ လှောင်အိမ်အပြင် သူမဘေးတွင် တခြား လှောင်အိမ်တချို့လည်း ရှိနေသည်။ အထဲတွင် ကိုယ်တစ်ပိုင်းဗလာဖြင့် သတိလစ်မေ့မြောနေကြတဲ့ ကောင်မလေးတချို့လည်း ရှိနေသညိ။

ဖြစ်နိုင်တာက.... သူမ ပြန်ပေးဆွဲခံထားရတာများလား?

မော့ချူးရင်ထဲမှာ မတတ်နိုင်ဘဲ ဒိတ်ခနဲ ခုန်သွားမိသည်။ သတ္တုလှောင်အိမ်ကို ဖွင့်ဖို့ သူမ ရေဓါးသွားကို သုံးရန်ပြင်လိုက်သည်။ ဒီတော့မှ သူမရဲ့ ခန္ဓာကိုယ်ရှိ ဒြပ်စင်စွမ်းအင်တွေ လုံးဝ မလှုပ်ရှားနိုင်တော့သည်ကို အံ့အားသင့်စွာ ရှာဖွေတွေ့ရှိလိုက်ရသည်။

ဘာတွေဖြစ်နေတာလဲ?

မော့ချူး မျက်နှာပေါ်၌ တုန်လှုပ်ချောက်ချားနေတဲ့ အရိပ်အယောင်တွေက မတတ်နိုင်ဘဲ ထွက်ပေါ်လာတော့သည်။

သူမ အာရုံစိုက်ကာ သေချာကြည့်လိုက်တော့ သူမရဲ့ ခန္ဓာကိုယ်ရှိ ဒြပ်စင်စွမ်းအင်ကို တစ်စုံတစ်ခုက ပိတ်ဆို့ထားပုံရကာ လုံးဝထုတ်မသုံးနိုင်တော့ကြောင်း တွေ့လိုက်ရသည်။ သူမ နှုတ်ခမ်းကို ခပ်ပြင်းပြင်းကိုက်လိုက်သည်။ မော့ချူးရဲ့ အကြည့်တွေက သူမရဲ့လက်ကောက်ဝတ်ပေါ်ရှိ ခလုတ်ခုံပေါ် ရုတ်တရက် ရောက်သွားသည်။

ဟုတ်တယ်၊ သူမ ပြင်ပကမ္ဘာကို ဆက်သွယ်ဖို့ ခလုတ်ခုံကို သုံးလို့ရသေးတယ်။ ဒါပေမယ့် သူမသုံးလိုက်တာနဲ့ စင်ဂနယ် လုံးဝမရှိနေဘူးဆိုတာ သိလိုက်ရသည်! ဟုတ်သားဘဲ၊ တကယ်လို့ ဒီလူတွေက သူမတို့ကို အလေးအနက်ချုပ်ထားတာဆိုရင် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ အခွင့်အရေးကို ဘာလို့ပေးမှာတဲ့?

ဒီလူတွေက သူမလက်ထဲရှိ ခလုတ်ခုံကို အမှန်တကယ် ဖြုတ်ချချင်ခဲ့တာကိုတော့ မော့ချူး မသိခဲ့ပါချေ။ သို့ပေမယ့် သူမရဲ့လက်ပေါ်က ခလုတ်ခုံဟာ နောက်ဆုံးပေါ်မော်ဒယ်ဖြစ်ပြီ အလွန်မြင့်မားသည့် ဘေးကင်းလုံခြုံရေးစနစ်လည်းပါရှိသည်။ ၎င်းအား အတင်းအကျပ် ဖြုတ်ချမိသည်နှင့် အတွင်းအတွင်းရှိ အချက်အလက်တွေကို အလိုအလျောက် ဖျက်ဆီးပစ်လိုက်နိုင်ရုံသာမက၊ တစ်ခုခုမှားသွားပါက သူတို့ရဲ့ တည်နေရာကိုပါ ဖော်ထုတ်ခံလိုက်ရလိမ့်မည်ပင်။ အဆုံးမှာ၊ သူတို့အနေနဲ့ စင်ဂနယ်ကိုသာ ပိတ်လိုက်ရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

ရုတ်တရက် တံခါးပွင့်လာခဲ့သည်။

မော့ချူး နော့ကြည့်လိုက်ကာ မနေနိုင်ဘဲမျက်မှောင်ကြုတ်လိုက်မိသည်။

“မစ်မော့ကတော့ မျှော်လင့်ထားတဲ့အတိုင်းဘဲ…” အဲ့ဒီလူက လက်ခုပ်တီးကာ အပြုံးနှင့်ပြောလာသည်။ “မေ့ဆေးတွေအများကြီး ထိုးခဲ့တာတောင်မှ မင်းက ခပ်မြန်မြန်နိုးလာနိုင်သေးတာပဲ။ မင်းဘေးနားက ကောင်မလေးတွေကိုကြည့်ပါအုံး။ ကျွတ်စ် ကျွတ်စ်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတုန်းပဲ!"

"ရှင်က...?" သူမ အရှေ့ကလူက သပ်သပ်ရပ်ရပ် ဝတ်စားထားသည်။ သူက suit ဝတ်ထားကာ သူ့အပြုံးတွေက နှိမ့်နှိမ့်ချချနှင့် ရည်မွန်လှသည်။ ခုနတုန်းက သူပြောခဲ့တဲ့စကားကြောင့်သာမဟုတ်ရင် မော့ချူးအနေနဲ့ အဲဒီလူကို 'ပြန်ပေးဆွဲသမား' ဆိုတဲ့ စကားလုံးနဲ့ တွဲမြင်မိမှာတောင် မဟုတ်ပေ။

“ဟက်” အဲ့ဒီလူက ခပ်တိုးတိုးလေး ရယ်လိုက်သည်။ သူ့ရဲ့ စိတ်နေစိတ်ထားက ပိုပြီး သီးသန့်ဆန်ကာ သိမ်မွေ့သည့်ပုံပင်။ "မင်းက ငါ့ကို သခင်လေးကျိုးလို့ ခေါ်လို့ရတယ်"

သခင်လေးကျိုး?

"မစ်မော့က ငါ့အကြောင်း တစ်ခါမှ မကြားဖူးဘူးထင်တယ်" ကျိုးယုံက ခေါင်းနည်းနည်းငုံ့ကာ မျက်ခုံးပင့်လိုက်သည်။ ဒီအခိုက်အတန့်မှာ သူက အနည်းငယ်ယုတ်မာရက်စက်တဲ့ အကြည့်ကို ထုတ်ပြလာသည်။ “အဲဒါက အစီအစဉ်မှာ ပါတဲ့အတိုင်းပါပဲလား။ သူက အရမ်းဖြူစင်ပြီး သန့်ရှင်းတာပဲ! တစ်ခုခုက ပိုဖြူစင်ပြီးသန့်ရှင်းနေရင်၊ လူတွေက ပိုပြီး အနက်ရောင်ဆိုးချင်ကြတာက နှမြောစရာပဲ"

All Chapters