← Chapters

အပိုင်း ၂၇၇

Vol. 19 Ch. 277

အပိုင်း ၂၇၇

Vol. 19 Ch. 277

တခြားသူသာဆိုရင် သူ့နာမည်ကိုကြားတာနဲ့ မျက်ရည်ကျရလောက်အောင် ကြောက်နေလိမ့်မှာပင်။

ကျိုးယုံကို 'သခင်လေးကျိုး' ဟုခေါ်ကြသည်။ သူဟာ အဖွဲ့ချုပ်ရဲ့ မှောင်ခိုဈေးကွက်တွင် နာမည်ကြီးပြန်ပေးဆွဲသူဖြစ်သည်။

ပိုက်ဆံ တတ်နိုင်သရွေ့ ပြန်ပေးဆွဲတဲ့ လုပ်ရပ်ကို သူကျူးလွန်ရဲသည်။ သူဟာ မဆင်မခြင်နှင့် အကြောက်အလန့်လည်းမရှိပေ။ သို့သော် သူရဲ့ ရှုပ်ထွေးလှတဲ့ လွှမ်းမိုးနိုင်မှုကွန်ရက်ကြောင့် သူ့ကို ဘယ်သူမှ မထိရဲပေ။

"ဘာလဲ? မင်းကို ငါဘာလုပ်မလဲဆိုတာ မသိချင်ဘူးလား?" ကျိုးယုံက မျက်လုံးပြူးကာ မော့ချူးကို စိုက်ကြည့်လိုက်ပြီး ကောက်ကျစ်တဲ့ အပြုံးကို ထုတ်ပြလာသည်။

အတိတ်တုန်းက သူ့လက်ထဲရောက်လာကြတဲ့ မိန်းကလေးတွေဟာ မော့ချူးလောက် မတည်ငြိမ်ကြပေ။ သူတို့ဟာ ငိုကြယိုကြကာ လွှတ်ပေးရန် အသနားခံကြလိမ့်မည်။ သူ့ကို ခြိမ်းခြောက်ရဲတဲ့ လုံးဝတုံးအတဲ့သူတွေတောင် ရှိခဲ့သည်။ သူတို့က တကယ်တုံးတာ!

သူမေးခွန်းမေးပြီးတာနဲ့ နှုတ်ဆိတ်နေတာက မော့ချူးတစ်ယောက်ထဲသာ ပထမဆုံးဖြစ်သည်။ ထုံးစံအတိုင်း ကျိုးယုံရဲ့ စိတ်ဝင်စားမှုတွေက ကြီးထွားလာသည်။

"ဘာလဲ? ကျွန်မ မေးခွန်းမေးလိုက်ရင် ရှင်ကကျွန်မကိုလွှတ်ပေးမှာလား?" မော့ချူး မျက်ခုံးပင့်လိုက်ကာ မေးခွန်းပြန်ထုတ်လိုက်သည်။

ဒီလိုပုံစံနဲ့ဆို အဖြေက သေချာပေါက် မလွှတ်ပေးဘူး ဆိုတာ သူမသိသည်။ ဒီလိုဆိုမှတော့ မေးတာနဲ့ မမေးတာက ဘာကွာတော့မှာလဲ?

"မှန်တယ်" ကျိုးယုံက အမှန်အတိုင်း ခေါင်းညိတ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွေက အပြုံးခပ်ဖျော့ဖျော့လေးအဖြစ် တွန့်ကွေးသွားသည်။ “ဒါပေမဲ့ မင်းက တော်တော် စိတ်ဝင်စားဖို့ကောင်းတာတဲ့ ကလေးမပဲ။ တစ်ယောက်ယောက်က မင်းကို ရောင်းချင်နေတဲ့အချက်ကြောင့်သာ မဟုတ်ရင် မင်းနဲ့ကစားဖို့ ငါ မင်းကိုထားထားမှာ!"

မော့ချူး သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ ရှင့်ရဲ့ ကြည့်ကောင်းတဲ့ မျက်နှာလေးနဲ့ ဒီလို မဆီလျော်တဲ့ စကားတွေ မပြောလို့မရဘူးလား? အရမ်းထူးဆန်းသလို ခံစားရတယ်၊ ဟုတ်ပြီလား?

"ဟားဟား!" မော့ချူးရဲ့စိတ်ကို ဖတ်တတ်နေသလိုမျိုး ကျိုးယုံက ပိုလို့တောင် ဟက်ဟက်ပက်ပက်နဲ့ ရယ်မောလာသည်။ သူ့မျက်လုံးတွေက ကွေးညွှတ်နေကာ ကြင်နာတတ်တဲ့ အိမ်နီးချင်းတစ်ယောက်လိုပင်။ “မင်းနိုးလာပြီဆိုတော့ အမြန်ဆုံး စလိုက်ကြတာပေါ့။ မဟုတ်ရင်တော့ မင်းကိုဆက်ပြီး မထိန်းထားနိုင်တော့မှာ ငါတကယ်ကြောက်ပါရဲ့!"

အဲ့ဒီလိုပြောလိုက်ပေမယ့် ကျိုးယုံကတော့ မဆိုင်းမတွနဲ့ လက်ခုပ်တီးလိုက်သည်။

သု့လက်ခုပ်သံနောက်တွင် အေးစက်စက်မျက်နှာနဲ့ လူတချို့ ဝင်လာကြသည်။ သူတို့ကလက် မြှောက်လိုက်ကာ မော့ချူးရဲ့လှောင်အိမ်ကို အနက်ရောင် လိုက်ကာကြီးဖြင့် ဖုံးလိုက်သည်။ နောက်တော့ လှောင်အိမ်ကို အားကုန် တွန်းထုတ်လိုက်ကြသည်။

မော့ချူးရဲ့ အမြင်အာရုံကို အနက်ရောင်လိုက်ကာဖြင့် ဖုံးခံလိုက်ရသည်။ သူမရှေ့က အရာအားလုံးဟာ မည်းမှောင်နေပေမယ့် သူမရဲ့အကြားအာရုံကတော့ ထူးထူးခြားခြားကို တိုးတက်လာသည်။

လှောင်အိမ် ပိုပိုနီးလာသည်နှင့်အမျှ အော်သံတွေက ပိုမိုရှင်းလင်းလာသည်။

စိတ်လှုပ်ရှားမှုတွေကြားတွင် ရူးသွပ်မှုအရိပ်အယောင်တွေလည်း ရှိနေသည်။ မရေရာသည့် စကားလုံးတွေကို ကြားနေရသည်။ “ဝယ်မယ်.....ဘယ်လောက်…”

မော့ချူးရဲ့ အမူအရာက ပြောင်းလဲသွားတော့သည်။

အပြင်ဘက်က လေလံဆွဲတဲ့နေရာများဖြစ်နေမလား? လက်ရှိအခြေအနေအရဆို သူတို့က သူမတို့တွေကို လေလံပစ္စည်းတစ်ခုလို တခြားသူတွေ အကဲဖြတ်လေလံဆွဲနိုင်အောင် တစ်ယောက်ပြီးတစ်ယောက် ထုတ်ပြဖို့ ပြင်ဆင်ထားတာလား?

မဖြစ်ဘူး! မော့ချူးရဲ့ ရင်ထဲတင်းကျပ်သွားကာ သူမရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားသည်။

သူမ ဒီလိုမျိုး အရှုံးမပေးနိုင်ဘူး။ ထွက်ပြေးဖို့ နည်းလမ်း ရှာရမယ်! သို့ပေမယ့် သူမကို ထည့်ထားတဲ့ လှောင်အိမ်ကို စင်ပေါ်တင်လိုက်ပြီဖြစ်သည်။

........

တစ်ဖက်တွင်

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လုပ်ဆောင်နေပေမယ့် ရလဒ်တွေကတော့ ကျေနပ်ချင်စရာမရှိပေ။

"ဘော့စ်၊ လူတိုင်း ခရိုင် ၃ ကို ရှာပြီးသွားပါပြီ၊ ဒါပေမယ့်..." ကျောလင်က သူ့ဘော့စ်ရဲ့ အရုပ်ဆိုးပြီး အုံ့မှိုင်းနေတဲ့ မျက်နှာကို မကြည့်ရဲကာ ခေါင်းအသာငုံ့လိုက်သည်။ "ကျွန်တော်တို့ ဘာကိုမှ ရှာမတွေ့သေးဘူး"

တကယ်တော့ ကျောလင် ရင်ထဲမှာ တဒိန်းဒိန်းခုန်နေသည်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူတို့တွေ ခရိုင် ၃ ကို ဇောက်ထိုးမှောက်လှန်လုနီးပါး ရှာခဲ့တာဖြစ်သည်။ ယုတ္တိကျကျပြောရလျှင် မော့ချူးလို သက်ရှိထင်ရှားရှိနေတဲ့လူတစ်ယောက်ကိုမပြောနဲ့ သံပုရွက်ဆိတ်လေးတောင် သူတို့ရဲ့ မျက်လုံးအောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။ ဒီအချိန်မှာ ဘယ်လိုလုပ် ဘာသတင်းမှကို မရလာတာလဲ?

"ကျွန်တော်တို့ တခြားတစ်ခုခုနဲ့ လွဲချော်သွားတာများလား?" ကျုံးဝမ်လည်း မျက်မှောင်ကြုတ်လိုက်သည်။ ခရိုင်ကိုပိတ်ထားတဲ့အချိန်က တစ်ဝက်ကုန်သွားပြီဖြစ်သည်။ ဒီအခွင့်အရေးကို အမိအရ မဖမ်းဆုပ်ထားပါက ခရိုင် ၃ ကိုပိတ်တဲ့အချိန် ကုန်သွားပါက မော့ချူးကို ရှာတွေ့ဖို့ ပိုခက်ခဲလာလိမ့်မည်။

"မဖြစ်နိုင်ဘူး!" ကျောလင် ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။ “ငါတို့က ခရိုင် ၃ ရဲ့ မြေပုံအတိုင်းလိုက်တာ။ ဇုန်တွေကို တစ်ခုချင်းစီ လိုက်ရှာတာ။ လွဲသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"

All Chapters