← Chapters

အပိုင်း ၂၇၈

Vol. 19 Ch. 278

အပိုင်း ၂၇၈

Vol. 19 Ch. 278

ဒီအချိန်မှာ နျဉ်ယွိယွင်က ဘေးနားတွင် ငြိမ်ငြိမ်သက်သက် ထိုင်နေသည်။ သူ့အကြည့်တွေက ခလုတ်ခုံပေါ်က ခရိုင်၃ရဲ့မြေပုံပေါ်မှာပဲရှိနေကာ သူ့မျက်ခုံးတွေက ပြင်းပြင်းထန်ထန် တွန့်ချိုးနေသည်။

အဲ့ဒီအချိန် မော့ယန်တစ်ယောက် နဖူးပေါ်တွင် ချွေးတွေရွှဲရွှဲစိုကာ ရုတ်တရက်ပြေးဝင်လာသည်။ သူတို့ကို ကြည့်နေတဲ့ သူ့မျက်လုံးတွေက တောက်လောင်နေသည်။ "ဘယ်လိုလဲ? ခင်ဗျားတို့.....ချူးလေးကိုရှာတွေ့ပြီလား?"

မော့ယန်ရဲ့ မျှော်လင့်နေတဲ့အကြည့်ကိုမြင်တဲ့အခါ ကျောလင်မှာ မတွေ့ဘူး ဆိုတာကိုမပြောနိုင်တော့ပေ။ သူမျက်နှာလွှဲကာ နှုတ်ဆိတ်နေရုံသာ တတ်နိုင်တော့သည်။

သို့ပေမယ့် ဒီလုပ်ရပ်ဟာ မော့ယန်ရဲ့မျက်နှာပေါ်က မျှော်လင့်ချက်တွေကို ချက်ခြင်း မှိန်သွားစေတော့သည်။ သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေ တခဏချင်း ကုန်ဆုံးသွားသလိုပင်။ ဂုဏ်သိက္ခာရှိ အရပ်ခုနစ်ပေမြင့်တဲ့ အမျိုးသားဟာ မြေပြင်ပေါ် ‌ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူ့လက်တွေနဲ့ ခေါင်းကိုအုပ်ထားကာ မျက်နှာပေါ်က နာကျင်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။

“ခဏနေအုံး!” နျဉ်ယွိယွင် ရုတ်တရက် ပြောလာသည်။ နောက်ဆုံးတော့ သူမျက်မှောင်ကြုတ်ထားတာတွေ ပြေလျော့သွားကာ မျက်လုံးတွေ တောက်ပလာသည်။ "ဒီနေရာကိုရော ရှာကြည့်ပြီးပြီလား?"

ကျောလင် စိတ်ဝင်တစားဖြင့် နျဉ်ယွိယွင် ညွှန်ပြနေတဲ့နေရာကို ငုံ့ကြည့်လိုက်သည်။ သူ မတတ်နိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။ “ကျွန်တော်တို့ ဒီမှာရှာကြည့်ပြီးသွားပြီ။ အဲ့ဒီနေရာမှာ ပထမတစ်ခေါက်ရှာတယ်၊ နောက် ဒုတိယတစ်ခေါက်ရှာတော့လဲ ထူးဆန်းတာဘာတစ်ခုကိုမှ မတွေ့ခဲ့ဘူး”

"ဒီနေရာမဟုတ်ဘူး!" နျဉ်ယွိယွင်က အဲ့ဒီမြေနေရာရဲ့ အောက်ခြေကို ပြလိုက်သည်။ သူ့မျက်လုံးတွေက ဆိုးဆိုးရွားရွား တောက်ပလာသည်။ "ဒီနေရာကို ရှာပြီးပြီလား?"

ဘယ်လို? အောက်နေရာလား?

ဒီစကားကိုကြားတဲ့အခါ ကျောလင်နဲ့ ကျုံးဝမ်တို့လည်း မနေနိုင်ဘဲ တစ်ခဏလောက် အံ့အားသင့်သွားမိသည်။

ခရိုင် ၃ မှာ မြေအောက်အဆောက်အဦးတွေရှိတာလား? ဒီအကြောင်းကို သူတို့ဘာလို့ မသိခဲ့ကြတာလဲ?

သူတို့ ဘော့စ်ရဲ့ ခလုတ်ခုံထဲက ခရိုင် ၃ရဲ့ အချိန်နဲ့တပြေးညီမြေပုံကို ဂရုတစိုက်ကြည့်လိုက်တဲ့အခါ ကျုံးဝမ်နဲ့ ကျောလင်တို့ လုံးဝကို နားမလည်နိုင်ဖြစ်သွားရသည်။ အဲဒီနေရာက မြေအောက်အဆောက်အဦးကို သူတို့ဘော့စ် ဘယ်လိုရှာတွေ့သွားလဲဆိုတာ သူတို့မသိပေ။ သို့ပေမယ့် နျဉ်ယွိယွင်မှာ သူတို့ကို အသေးစိတ်ရှင်းပြနေဖို့ အချိန်မရှိပေ။ သူ အဲ့ဒီနေရာကို သွားရန် တပ်ဖွဲ့ကို ချက်ခြင်းအမိန့်ပေးလိုက်ကာ သူလည်းဘဲ အဲ့ဒီနေရာဆီ အပြေးအလွှား သွားလိုက်သည်။

အကြောင်းတစ်ခုခုကြောင့်၊ ချူးလေးမှာ အဲ့ဒီနေရာတွင်ရှိနေလောက်သည်ဟု သူ့တွင် ဖော်မပြနိုင်တဲ့ ခံစားချက်မျိုးရှိနေသည်။

နျဉ်ယွိယွင်ရဲ့ လုပ်ရပ်ကိုမြင်တော့ မော့ယန်လည်း သူ့ရဲ့ မောပန်းနွမ်းနယ်မှုတွေကို တွန်းလှန်ကာ သူ့နောက်ကနေ အနီးကပ် လိုက်သွားလိုက်သည်။

......

အချိန်သိပ်မကျန်တော့ပေ။ စက္ကန့်တိုင်းကို သူတို့ဖမ်းဆုပ်ထားရမည်။

....

"ဝိုး!" အနက်ရောင် လိုက်ကာကို ဆွဲဖွင့်လိုက်တာနဲ့ လေလံစင်အောက်မှနေ အာမေဋိတ်လှိုင်းတွေ ထွက်ပေါ်လာတော့သည်။ အားလုံးက မော့ချူးကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြသည်။

"ဟက်၊ သခင်လေးကျိုးကတော့ မျှော်လင့်ထားတဲ့အတိုင်းဘဲ။ ဒီလောက်ကောင်းတဲ့ဟာကို သူ ဖမ်းမိသွားတယ်ကွာ!”

“ဒီကောင်မလေးက တကယ် တစ်ခုခုပဲ။ သူ့ရဲ့ သန့်စင်တဲ့ပုံစံလေးကိုကြည့်ပါအုံး။ သူ့ကို ငါ့ကိုယ်အောက်မှာ ချက်ခြင်းဖိပြီး ချစ်ပေးချင်‌အောင်လုပ်နေတာဘဲ!"

"မေ့လိုက်တော့!" ဒါကိုကြားတော့ တခြားလူတွေက လှောင်ပြောင်လာကြသည်။ “သူ့ကိုချစ်ပေးချင်တယ်? မင်းနဲ့ပြီးပြီးသွားတဲ့ မိန်းမဘယ်နှစ်ယောက်လောက်ကို ဖျက်စီးခဲ့ပြီးပြီလဲ?! ဒီကလေးမလေးက အရွယ်မရောက်သေးဘူးလို့ ကြားတယ်။ ဒါ ငါ့အတွက်ဘဲ။ ငါက လတ်လတ်ဆတ်ဆတ် အသီးအနှံတွေကို ကြိုက်တာ!"

လိုက်ကာကို ဆွဲဖွင့်လိုက်တော့ အလင်းရောင်က ရုတ်တရက် လင်းထိန်သွားကာ မော့ချူးရဲ့မျက်လုံးတွေကို ကျိန်းသွားစေသည်။

သူမမျက်လုံးတွေ ပြန်အဆင်ပြေလာတော့ အခန်းကို အာရုံစိုက်ကြည့်လိုက်သည်။ စောစောက သူမ ရှိနေခဲ့တဲ့အခန်းဟာ ဒီအခန်းနဲ့ ယှဉ်လို့တောင်မရမှန်း သူမသဘောပေါက်လိုက်သည်။ လေလံပွဲ စင်မြင့်တစ်ခုလုံးကို ပြပွဲခန်းမတစ်ခုလိုမျိုး ကြီးကျယ်ခမ်းနားစွာ ပေါ်လွင်နေစေရန် ကြီးကြီးမားမား အလှဆင်ထားသည်။

အောက်ဘက်ရှိ လူအုပ်တွေက စင်မြင့်ပေါ်ကို စိတ်ဝင်တစား စိုက်ကြည့်နေကြသည်။ ဒီအခိုက်အတန့်မှာ သူတို့တွေဟာ အဆုံးမရှိတဲ့ လိုအင်တွေ၊ တပ်မက်မှုတွေအပြည့်နဲ့ သူမကို ကြည့်နေကြသည်။ သူတို့ရဲ့ သူတော်ကောင်းအရေခွံကို ဆုတ်ခွာလိုက်သလိုမျိုး ညစ်ပတ်ယုတ်ညံ့လှတဲ့ အပြောအဆိုတွေနဲ့ လုပ်ရပ်တွေကိုသာ ချန်ထားကြကာ ညစ်ညမ်းမှုအမျိုးမျိုးတို့ကို ဖော်ပြနေကြသည်။

"ဟုတ်ပါတယ်!" မော့ချူးဘေးမှာ ရပ်နေတဲ့ အမျိုးသားက သူမကို ဘာခံစားချက်မှမရှိသလို ကြည့်လိုက်ကာ မိတ်ဆက်လာသည်။ “ဒီမိန်းကလေးကတော့ ဒီနေ့လေလံပွဲရဲ့ အကောင်းဆုံး ပစ္စည်းတွေထဲက တစ်ခုပါ။ မစ်မော့ချူးမော့၊ ကြမ်းခင်းစျေးနှုန်းက ဖက်ဒရယ်ဒင်္ဂါးပြား သန်း ၁၀၀ ပါ"

"ကဲ လေလံပွဲစလိုက်ရအောင်!"

အဲ့ဒီအမျိုးသား စကားဆုံးသွားတာနဲ့ အောက်ဘက်က လေလံဆွဲမှုတွေဟာ တစ်ခုပြီးတစ်ခု မြင့်တက်လာတော့သည်။

လေလံဆွဲခြင်းနှင့်အတူ မော့ချူးကို စူးစူးရဲရဲစိုက်ကြည့်နေကြတဲ့ မျက်လုံးအစုံတွေလည်း ရှိသည်။ သူတို့က စူးရှလှတဲ့ X-ray လိုမျိုး သူမရဲ့အဝတ်အစားတွေကနေတဆင့် သူမရဲ့ခန္ဓာကိုယ်က အနက်ရှိုင်းဆုံးအစိတ်အပိုင်းတွေကို မြင်နိုင်ရန်ကြိုးစားနေကြသည်။

All Chapters