အပိုင်း ၂၇၉
Vol. 19 Ch. 279
ဒီအချိန်မှာ မော့ချူးအနေနဲ့ သူမရဲ့လက်ရှိအသွင်အပြင်ဟာ ဘယ်လိုဆွဲဆောင်မှုရှိနေသလဲဆိုတာ မသိပေ။
သူမတစ်ကိုယ်လုံးဟာ လှောင်အိမ်ထဲတွင် အားနည်းစွာဖြင့် လဲလျောင်းနေ၏။ သူမရဲ့ နှင်းလိုဖြူဖွေးနေတဲ့ အသားအရေဟာ၊ ပိတ်စအောက်မှာရှိတဲ့ သူမရဲ့ခန္ဓာကိုယ်အောက်က အနက်ရောင် ကော်ဇောနှင့် လုံးဝကိုထင်ထင်ရှားရှား ခြားနားနေသည်။ သူမဟာ နားမလည်နိုင်တဲ့ ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနေသည်။ သူမ၏ ပြောင်မြောက်လှတဲ့ အသွင်အပြင်နှင့်အတူ သူမရဲ့အားနည်းနေတဲ့မျက်နှာလေးတွင် အထက်စီးဆန်သည့်အရိပ်အယောင်တွေကို မြင်နေရသည်။ ဒီပုံစံလေးဟာ သူမကို အနိုင်ယူစေချင်တဲ့ အဆုံးမရှိတဲ့ဆန္ဒကို နှိုးဆွပေးနေသည်။
ဆယ်မိနစ်မပြည့်ခင်မှာပဲ လေလံဈေးက တဟုန်ထိုး မြင့်လာတော့သည်။ အခုချိန်မှာ ဈေးဟာ ဖက်ဒရယ်ဒင်္ဂါးပြား သန်း ၆၀၀ ကိုရောက်နေပြီဖြစ်သည်။
"ကျွတ်စ် ကျွတ်စ်" စင်မြင့်အောက်မှာ ရပ်နေတဲ့ ကျိုးယုံက မတတ်နိုင်ဘဲ ကျွတ်သပ်လိုက်သည်။ သူခပ်ဖျော့ဖျော့ပြုံးကာ လက်ခုပ်တီးလိုက်သည်။ "မဆိုးပါဘူး! မစ်မော့ရဲ့ စျေးက ငါတို့ရဲ့ အမြင့်ဆုံးစံချိန်ကို ချိုးလိုက်ပြီပဲ။ အထင်ကြီးစရာပဲ!”
ကျိုးယုံဟာ မော့ချူးနဲ့ အရမ်းနီးကပ်နေတာကြောင့် ဒီစကားတွေဟာ သဘာဝအတိုင်း သူမနားထဲကို ရောက်သွားတော့သည်။ ကျိုးယုံကိုကြည့်နေတဲ့ မော့ချူးရဲ့အကြည့်တွေဟာ ပိုပြီးပြင်းထန်လာသည်။
"ဟက်၊ မင်းမှာ ဘာခံစားချက်မရှိဘူးလို့ ငါထင်နေတာ" ကျိုးယုံက မော့ချူးရဲ့ ဒေါသထွက်နေတဲ့အကြည့်ကို သဘာဝအတိုင်း လက်ခံရလိုက်ကာ သူ့နှုတ်ခမ်းထောင့်က အပြုံးဟာ ပိုလို့တောင် နက်ရှိုင်းလာသည်။ ကျိုးနွံတဲ့ အမူအရာနဲ့ အမျိုးကောင်းသားရဲ့ အပြုအမူဟာ သဘာဝအတိုင်း မွေးဖွားလာတာပင်။ သို့ပေမယ့် သူပြောတဲ့စကားတွေကတော့ အနည်းငယ် အနှောင့်အယှက်ဖြစ်စေသည်။
မော့ချူးက ဘာမှပြန်မပြောပေ။ သူမတိတ်တဆိတ်နဲ့ ခေါင်းကိုတစ်ဖက်လှည့်လိုက်ကာ သူ့ကို မကြည့်တော့ပေ။
ယခုအချိန်တွင် စင်မြင့်ပေါ်မှ လေလံဆွဲမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်နေပြီဖြစ်သည်။
နဂိုက မတ်မတ်ထိုင်နေတဲ့ အမျိုးသားတွေဟာလည်း တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကြသည်။ မယုံနိုင်လောက်စရာ စျေးနှုန်းတွေက သူတို့ပါးစပ်ကနေ တစ်ခွန်းပြီးတစ်ခွန်း ထွက်လာကြသည်။ မော့ချူးကို သူတို့ကြည့်နေတဲ့ အကြည့်တွေဟာလည်း သူမကို မျိုချပစ်ချင်နေသလိုပင်။
“ကောင်းပါပြီ၊ အခု အမြင့်ဆုံးဈေးကတော့ တစ်ဘီလီယံပါ။ ဒီထက်ပိုမြင့်တဲ့ဈေးပေးချင်ကြပါသေးလား?" ဘေးမှာရပ်နေတဲ့ လေလံဆွဲသူကတော့ ဒီလိုမြင်ကွင်းနဲ့ ကောင်းကောင်းအသားကျနေသည့်ပုံပင်။ သူ့မျက်နှာက တည်ငြိမ်နေကာ သူ့အသံ ကြိမ်နှုန်းဟာလဲ ပြောင်းလဲသွားပုံမပေါ်ချေ။ သူ လေလံတင်ရောင်းချနေတဲ့အရာဟာ သက်ရှိလူသားမဟုတ်ဘဲ သက်မဲ့ပစ္စည်းတစ်ခုလိုပင်။
“ကောင်းပါပြီ တစ်ဘီလီယံ။ တစ်ခါ!”
"တစ်ဘီလီယံ၊ နှစ်ခါ!"
"သုံးခါပါ!" သစ်သားတူဟာ ဘုတ်ပြားပေါ် ကျသွားကာ တစ်ချက်တည်းဖြင့် အပြီးအပြတ်သွားသည် “ရောင်းထွက်သွားပါပြီ! ဒီပစ္စည်းကို မစ္စတာလင်း ပိုင်သွားပါပြီ!”
......
လေလံပွဲက ဒီလိုနဲ့ဘဲ ပြီးသွားတော့သည်။
မကြာခင်မှာဘဲ မော့ချူးရှိနေတဲ့ သတ္တုလှောင်အိမ်အား တစ်စုံတစ်ယောက်က အခန်းထဲကို တွန်းလာသည်။ ဘယ်ညာ လှည့်ကြည့်ပြီးနောက် နောက်ဆုံးမှာ သူတို့အလင်းရောင် မှိန်ပျပျအခန်းထဲ ဝင်လာကြသည်။
အခုလေးတင် မော့ချူးကို လေလံဆွဲနိုင်ခဲ့တဲ့ မစ္စတာလင်းဟာ ကုတင်ဘေးတွင် ထိုင်နေပြီဖြစ်သည်။ သူ့ရဲ့ suit ဟာ သူ့ရဲ့အမိုက်စားပုံစံကို ဖော်ပြနေကာ သူ့မျက်နှာပေါ်တွင်တော့ သပ်ရပ်လှပတဲ့ အနက်ရောင် မျက်နှာဖုံးကို တပ်ထားသည်။ သူ့ရဲ့ နှုတ်ခမ်းပါးပါးကိုသာ မြင်နေရသည်။
သူ့တစ်ကိုယ်လုံး လျှို့ဝှက်ဆန်းကြယ်ကာ နားမလည်နိုင်တဲ့ လေထုကို ထုတ်ဖော်ပြသနေသည်။
သူက မော့ချူးဆီ ခြေလှမ်းနှစ်လှမ်း လှမ်းလာကာ ခပ်တိုးတိုးလေးပြောလာသည်။ သူ့အသံက ကခုန်နေတဲ့ချည်မျှင်လိုမျိုး နူးညံ့သိမ်မွေ့နေပေမယ့် အန္တရာယ်ရှိတဲ့ အရိပ်အယောင်ကို သယ်ဆောင်လာသည်။ "မင်းက မော့ချူး ပြီးတော့ အဖွဲ့ချုပ်ရဲ့ မာရှယ်နျဉ်က မင်းရဲ့အုပ်ထိန်းသူလား?"
ဒီစကားတွေ သူပြောလိုက်တာနဲ့ မော့ချူးရဲ့ မျက်ခုံးတွေ ရုတ်တရက် ပင့်တက်လာတော့သည်။
“သူ့မှာ ဒီလိုပြင်းထန်တဲ့ အကြိုက်ရှိလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။ တကယ်တော့ သူက မဖွံ့ဖြိုးသေးတဲ့ မိန်းကလေးတွေနဲ့ ကစားရတာကို သဘောကျတာလား?” မော့ချူးရဲ့အမူအရာကို ဂရုမစိုက်ဘဲ၊ အဲ့ဒီလူရဲ့နှုတ်ခမ်းတွေက တွန့်ကွေးသွားကာ သူ့အသံဟာ အနည်းငယ်နူးညံ့သိမ်မွေ့နေသည်။ "ဒါပေမဲ့ ငါသာ မင်းကို မသန်စွမ်းဖြစ်သွားတဲ့အထိ ကစားလိုက်ရင် နျဉ်ယွိယွင်ရဲ့ဂုဏ်သိက္ခာတွေ မပျက်ပြားသွားလောက်ဘူးလား?"
“သူ့လူကိုတောင် သူ မကာကွယ်နိုင်ရင် သူ့လိုယောက်ျားမျိုးက ဂုဏ်ယူစရာ ဘာကျန်အုံးမှာလဲ?” နျဉ်ယွိယွင်ရဲ့ နာကျင်နေတဲ့ အမူအရာကို မြင်ယောင်ကြည့်ရင်း အဲ့ဒီလူရဲ့ အပြုံးက ပိုလို့တောင် ထင်ရှားလာသည်။
သူ တစ်နေရာကနေ သော့တစ်ချောင်းကို ထုတ်လိုက်သည်။ သူ့ရဲ့ သွယ်လျနေတဲ့လက်ဟာ သော့ကို ဆုပ်ကိုင်ထားပြီး ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ မော့ချူးကိုလှောင်ထားတဲ့ သတ္တုလှောင်အိမ်က ပွင့်သွားတော့သည်။
"လာခဲ့" မော့ချူးဟာ အားနည်းနေသေးကာ အဲ့ဒီလူဆီကနေ အသယ်ခံလိုက်ရသည်။ သူက သူမကို ဘေးကကုတင်ကြီးပေါ် လှဲချလိုက်သည်။ " မာရှယ်နျဉ် မျက်စိကျနေတဲ့ မိန်းကလေးက ဘာတွေများထူးခြားနေလဲဆိုတာလဲ ကြည့်ကြည့်တာပေါ့!"
သော့ကို သာမာန်ကာလျှံကာ ပစ်ထုတ်လိုက်ပြီး အဲ့ဒီလူရဲ့လက်က မော့ချူးရဲ့ကိုယ်ဆီ တဖြည်းဖြည်း နီးကပ်လာသည်။ သူမကိုယ်ပေါ်က အဖြူရောင် ပိတ်စကို သူထိတော့မှာမြင်လိုက်ရတဲ့အတွက် မော့ချူး ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူမရဲ့ အသံက အားနည်းနေပေမယ့် ခိုင်မာမှုအပြည့်ရှိသည်။ “ရှင်က….အဖွဲ့ချုပ်က မဟုတ်ဘူးမလား?”