အပိုင်း ၂၈၀
Vol. 19 Ch. 280
ဒီလူပါးစပ်ဟလိုက်ကတည်းက သူ့ရဲ့စကားတွေကနေ သူ့ရဲ့အထောက်အထားကို ဖော်ထုတ်လိုက်ပြီဖြစ်သည်။ အကယ်၍ သူသာ အဖွဲ့ချုပ်ကလူဖြစ်ပါက နျဉ်ယွိယွင်ကိုပြောတဲ့အခါ 'အဖွဲ့ချုပ်က မာရှယ်နျဉ်' ဆိုတဲ့ စကားလုံးကို အလိုအလျောက် သုံးလိမ့်မည်မဟုတ်ပေ။ ဒီအဓိပ္ပါယ်က သူဟာအဖွဲ့ချုပ်က လူမဟုတ်တာ သေချာပေါက်ပင်။
ဒီစကားကိုကြားတဲ့အခါ အဲ့ဒီလူရဲ့လက်က ချက်ချင်းဘဲ အေးခဲသွားတော့သည်။
သူ့နှုတ်ခမ်းထောင့်တွေက ဖြည်းဖြည်းချင်းကုပ်ကျသွားတော့သည်။
"... အခုတော့၊ နျဉ်ယွိယွင် မင်းကို ဘာလို့ ချစ်မိသွားလဲဆိုတာ ငါ နည်းနည်းတော့ နားလည်လာပြီ" မော့ချူးရဲ့ သိမ်မွေ့လှပတဲ့ မျက်နှာလေးကို စိုက်ကြည့်ရင်း အဲ့ဒီလူက ရုတ်တရက် စကားစလိုက်သည်။ စကားလုံးနည်းနည်းနဲ့တင် သူဟာ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်လိုက်တဲ့သူမဟာ အမှန်တကယ်ကို ထက်မြက်လှတဲ့ ကောင်မလေးတစ်ယောက်ပင်။
"ဒါပေမယ့် တစ်ခါတစ်လေမှာ အများကြီးသိထားတာက မကောင်းဘူး ဆိုတာမင်းသိထားသင့်တယ်" အဲ့ဒီလူက အကြောင်းအရာကို ရုတ်တရက်ပြောင်းလိုက်ကာ လေးလံတဲ့လေသံနဲ့ ပြောလိုက်သည်။
မော့ချူးက အဲ့ဒီလးကိုစူးစိုက်ကြည့်ကာ အကြည့်ချင်းဆုံလိုက်သည်။ သူမရဲ့လေသံက တည်ငြိမ်နေ၏။ "ဆိုတော့.... ရှင်က ကျွန်မကို သတ်မှာလား?"
"ဟင့်အင်း၊ သေချာပေါက် မလုပ်ပါဘူး!" အဲ့ဒီလူရဲ့ လေသံ အနည်းငယ် မြင့်တက်လာသည်။ သူ ခေါင်းယမ်းလိုက်ကာလက်ဆန့်လိုက်ပြီး မော့ချူးရဲ့ချောမွေ့တဲ့ မျက်နှာလေးကို ထိလိုက်သည်။ "မင်းကိုဝယ်ဖို့ ငါတစ်ဘီလီယံလောက် အကုန်ခံလိုက်ရတာ။ မင်းကို ဘယ်လိုလုပ်လွယ်လွယ်နဲ့ သတ်ပစ်နိုင်ရမှာလဲ?"
“စိတ်မပူပါနဲ့။ ငါတို့လူတွေ လာတဲ့အခါကျရင် ငါတို့အတူတူ ထွက်သွားကြမယ်” အဲ့ဒီလူက မျက်ခုံးပင့်လိုက်သည်။ "ငါ မင်းကိုဝယ်လိုက်ပြီးဆိုကတည်းက မင်းထွက်ပြေးလို့မရတော့ဘူး!"
မော့ချူးရဲ့ အမူအရာတွေ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ထွက်သွားမယ်? ဘယ်ကိုလဲ?
သူတို့သာ ခရိုင် ၃ ကနေ ထွက်သွားရင် သူမကို ရှာတွေ့ဖို့ တော်တော် ခက်သွားလိမ့်မည်!
“လိမ္မာလိုက်တဲ့ ကောင်မလေး" မော့ချူးရဲ့ အမူအရာ အပြောင်းအလဲကို မြင်လိုက်ရတော့ အဲ့ဒီလူရဲ့ လေသံက ပိုလို့တောင် ကျေနပ်အားရလာသည်။ “အခုက ဒါကို စဉ်းစားရမယ့် အချိန်မဟုတ်ဘူး။ ငါ မထွက်သွားခင်၊ မင်းကို မြည်းစမ်းသွားကြည့်သင့်တယ်လို့ မထင်ဘူးလား?"
အဲ့ဒီလိုပြောပြီးတဲ့အခါ အဲ့ဒီယောက်ျားက မနေနိုင်ဘဲ ကောက်ကျစ်တဲ့အပြုံးကို တပ်ဆင်လိုက်သည်။ သူရဲ့လေးလံတဲ့ ခန္ဓာကိုယ်ကို မော့ချူးရဲ့ကိုယ်ပေါ် ဖိချလိုက်သည်။
ဘမ်းခနဲ အဲ့ဒီလူက ကုတင်ကြီးပေါ် ဖိချလိုက်ကာ သူ့အောက်မှာ ရှိနေရမယ့် မော့ချူးက အဲ့ဒီအခိုက်အတန့်မှာ သွက်လက်စွာဖြင့် ဘေးဘက်လှိမ့်ချလိုက်သည်။
အဲ့ဒီလူက ခေါင်းနည်းနည်းလှည့်လာကာ မျက်ခုံးအသာပင့်လိုက်သည်။ သူ့လေသံထဲတွင် စူးစမ်းလိုတဲ့အရိပ်အယောင်တွေ ပေါ်လာသည်။ "မင်း ဘယ်တုန်းက လှုပ်ရှားလို့ရသွားတာလဲ?"
ကျိုးလေလံအိမ်တွင် လေလံတင်ရောင်းချသူတိုင်းဟာ ဆေးတစ်မျိုးကို ကြိုတင်ထိုးသွင်းခံထားရသည်ဖြစ်သည်။ ဒီဆေးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို အားနည်းစေကာ မလှုပ်ရှားနိုင်စေပေ။ လေလံတင်ရောင်းချတဲ့ပစ္စည်းတွေ နာခံမှုရှိစေရန်အတွက် ထိုဆေးကိုအသုံးပြုကြတာဖြစ်သည်။
မမျှော်လင့်ထားဘူး! ဒီကောင်မလေးက အံ့သြစရာပဲ!
မော့ချူး သူမရဲ့ တောင့်နေတဲ့ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး သူမရဲ့ နှုတ်ခမ်းထောင့်ဟာလည်း အနည်းငယ် ကွေးတက်သွားသည်။
အမှန်ပင်၊ အစောပိုင်းက သူမလည်း အဲ့ဒီဆေးကိုအထိုးခံထားရသည်။ သို့ပေမယ့် ကံကောင်းထောက်မစွာဖြင့်၊ သူမရဲ့ခလုတ်ခုံကို သူတို့မသိမ်းရသေးပေ။ အစောပိုင်းက သူတို့တွေ လှောင်အိမ်ကို အနက်ရောင်အဝတ်နဲ့ဖုံးလိုက်တဲ့အချိန် မော့ချူးသည် ခလုတ်ခုံထဲမှ စိတ်ဝိညာဉ်အစားအစာတချို့ကို ထုတ်ကာ သူမမှာ ကျန်နေတဲ့အားတွေဖြင့် သူမပါးစပ်ထဲ ထိုးထည့်လိုက်သည်။
ဒီစိတ်ဝိညာဉ်အစားအစာရဲ့ အကျိုးသက်ရောက်မှုဟာ ကောင်းလှသည်။ သို့ပေမယ့်၊ သူမ စိတ်ဝိညာဉ်အစားအစာကို စားပြီးနောက် အာနိသင်ပေါ်လာရန် အချိန်ခဏလောက် ဖြတ်ကျော်ရသည်။
မဟုတ်ပါက သူမ ဒီလူနဲ့ အချိန်အတော်ကြာ ရန်ဖြစ်နေရလိမ့်မည်မဟုတ်ပေ။ ကံကောင်းထောက်မစွာနဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာ၊ စိတ်ဝိညာဉ်အစားအစာရဲ့ အကျိုးသက်ရောက်မှုတွေက နောက်ဆုံးတော့ စတင်ဝင်ရောက်လာခဲ့သည်။ ၎င်းဟာ သူမရဲ့ကိုယ်ထဲက ဆေးအာနိသင်တွေကို ဖယ်ရှားပစ်လိုက်သည်။ ဒါတင်မကဘဲ၊ သူမရဲ့ အပိတ်ခံထားရတဲ့ ဒြပ်စင်စွမ်းရည်ကိုလည်း ပြန်အသုံးပြုလို့ရသွားတော့သည်။
"ရှင် ဒါကို မမျှော်လင့်ထားဘူးမလား?" မော့ချူးရဲ့ နှုတ်ခမ်းတွေ အနည်းငယ် တွန့်ကွေးသွားကာ သူမရဲ့လက်တွေက နောက်ထပ်လှုပ်ရှားမှုတွေကို တိတ်တဆိတ် ပြင်ဆင်နေလိုက်သည်။
"တကယ်ပဲ!" အဲ့ဒီလူက ခေါင်းညိတ်လိုက်ကာ အသာထထိုင်လိုက်သည်။ မာရှယ်နျဉ် မျက်စိကျနေတဲ့ မိန်းကလေးကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူ့မှာ တကယ်အရည်အချင်းရှိသလို လျှော့တွက်လို့မရဘူး။ ဒါပေမယ့် ဒီလိုကဘဲ ဒီကောင်မလေးအပေါ် သူ့ရဲ့စိတ်ဝင်စားမှုက ပိုလို့တောင် အားကောင်းလာတော့သည်...
သူတွေးနေတုန်းမှာဘဲ အဲ့ဒီလူက ရုတ်တရက် မျက်လုံးကျဉ်းမြောင်းလိုက်ကာ မော့ချူးရဲ့လက်ထဲကနေ ထွက်လာတဲ့ ရေဓားသွားကို အနောက်ဘက်ခုန်လိုက်ရင်း လျှပ်တပြတ် ရှောင်လိုက်သည်။
လွဲသွားတဲ့ ရေဓားသွားဟာ တံခါးကိုထိသွားပြီး တကယ်ကြီး အပေါက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်!
"ဒီကောင်မလေးက နှလုံးသားမရှိဘူးပဲ!" အဲ့ဒီလူရဲ့ မျက်လုံးတွေက အေးစက်သွားတော့သည်။ ဒီရေဓားသွားသာ သူ့အပေါ်ရောက်လာခဲ့ရင် သူ့အသက်ကို ချက်ချင်းနုတ်ပစ်သွားလောက်မည်ပင်!