အပိုင်း ၂၈၁
Vol. 19 Ch. 281
မော့ချူးမှာ သူနဲ့စကားများနေဖို့ စိတ်မဝင်စားအားပေ။ သူမလက်ထဲက ရေဓါးသွားတွေဟာ တစ်ချောင်းပြီးတစ်ချောင်းထွက်လာကာ အားလုံးက အဲ့ဒီလူရဲ့ နှလုံးကို တည့်တည့် ချိန်ရွယ်ထားသည်။ အဲ့ဒီလူသည် မျက်မှောင်ကြုတ်ကာ အကြိမ်အနည်းငယ် နောက်ပြန်လှည့်ကာ မော့ချူးရဲ့တိုက်ခိုက်မှုတွေကို ရှောင်လိုက်သည်။
ဘယ်လိုတောင် ကောင်းလိုက်တဲ့အခွင့်အရေးလဲ? အဲ့ဒီလူရဲ့ပုံသဏ္ဍာန် ရွေ့လျားသွားတာကို မြင်တော့ မော့ချူးမျက်လုံးတွေ မနေနိုင်ဘဲ တောက်ပလာတော့သည်။ သူတံခါးဆီ ခြေလှမ်းကြဲတွေနှင့် ပြေးသွားပေမယ့် သူမရဲ့လက်ထဲမှ ရေဓါးသွားတွေဟာ လျော့မသွားပေ။
"ဟမ့်!" မော့ချူးရဲ့ လုပ်ရပ်ကို မြင်လိုက်ရတဲ့အတွက် အဲ့ဒီလူက စိတ်ထဲမထားပေ။ သူက နှာမှုတ်လိုက်သည်။ "မင်း လွတ်မယ် ထင်နေလား?"
ရှုပ်ထွေးလှတဲ့ အခန်းအပြင်အဆင်ပုံကို မပြောနဲ့ဦး၊ သာမန်လူတွေတောင် ထွက်လမ်းကို ရှာမတွေ့နိုင်လောက်ပေ။ အပြင်က အစောင့်တွေက မော့ချူးကိုထွက်သွားခွင့်မပေးလောက်ဘူးဆိုတာ သူတို့သိနေတာတောင်မှ သူမရဲ့ လက်ရှိလုပ်ရပ်တွေဟာ အားကိုဖြုန်းတီးနေတာပင်။
"ဟက်၊ ရှင့်ကို ကျွန်မ တိုက်ခိုက်လိမ့်မယ်လို့ မထင်ထားဘူးမလား?" ကိုယ့်ကိုယ်ကိုယ်အဟုတ်ကြီးထင်မနေနဲ့! မော့ချူးရဲ့နှုတ်ခမ်းတွေက အေးစက်စက်အပြုံးအဖြစ် ကွေးတက်သွားကာ သူမ အပြင်ကို အမြန်ပြေးထွက်လိုက်သည်။ သူမကို ဒီကိုအပို့ခံရတုန်းက ဒီလမ်းကြောင်းကို အလွတ်မှတ်ထားတာဖြစ်သည်။ အခုတော့ ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ!
မော့ချူးရဲ့ လုပ်ရပ်ကို အဲ့ဒီလူမြင်တဲ့အခါ သူမကို မတားရုံသာမက မျက်နှာပေါ်တွင်အပြုံးနှင့်အတူ မနှေးမမြန် ခြေလှမ်းတွေနှင့်အတူ သူမနောက်ကို လိုက်သွားတော့သည်။
ကြောင်က ကြွက်ကိုဖမ်းနေသလိုပင်။ သူ့သားကောင် အဆက်မပြတ် ရုန်းကန်နေတာကို မြင်ချင်ပေမယ့် နောက်ဆုံးမှာတော့ မလွတ်မြောက်နိုင်ခဲ့ပါချေ။ သူမအနေနဲ့ သူ့ဘေးနားတွင် နာနာခံခံနှင့်သာနေကာ သူ့အား သူမကို ကစားခွင့်ပေးရမည်ပင်။ အဲဒါက သူ့ကို ကြီးကျယ်တဲ့ အောင်မြင်မှုဆိုတဲ့ခံစားချက်ကို ပေးလိမ့်မှာပင်!
သူ့ရှေ့က ဒီမိန်းကလေးလဲ ခြွင်းချက်မရှိဘူး!
နှုတ်ခမ်းတွေကို သပ်လိုက်ရင်း အဲ့ဒီလူရဲ့မျက်လုံးတွေထဲ အပြုံးက ပိုနက်ရှိုင်းလာသည်။
ယခုအချိန်တွင် နျဉ်ယွိယွင်ဟာ တပ်ဖွဲ့တစ်စုနှင့်အတူ အတင်းအကြပ် တိုးဝင်နေပြီဖြစ်သည်။
သူ့နောက်ကလိုက်နေတဲ့ ကျောလင်နဲ့ ကျုံးဝမ်တို့မှာ အနည်းငယ် ကြောင်စီစီဖြစ်နေသေးသည်။ ဒီအခိုက်အတန့်မှာပဲ ခရိုင် ၃ အောက်မှာ လျှို့ဝှက်ထားတဲ့ အဆောက်အဦးတစ်ခုရှိတယ်ဆိုတာ သူတို့သဘောပေါက်သွားတော့သည်။ အဲ့ဒါက တကယ့်ကို ထူးဆန်းသည်! အပြင်ဘက် စကားဝှက်ခံထားတဲ့တံခါးကိုတော့ - ဟားဟား၊ ဆောရီးပါ၊ ဒေါသကြီးတဲ့ဘော့စ်က လေဓားသွားနဲ့ ဖွင့်ပစ်လိုက်တာ!
"မာရှယ်နျဉ်" တစ်ကိုယ်လုံး အေးစက်စက် ရောင်ဝါနဲ့ လျှောက်ဝင်လာတဲ့ နျဉ်ယွိယွင်ကို မြင်လိုက်ရတော့ ကျိုးယုံရဲ့ မျက်လုံးတွေ မနေနိုင်ဘဲ လျှပ်တပျက် လက်သွားတော့သည်။ သူ့ကိုကြိုဖို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာကာ သူ့နှုတ်ခမ်းထောင့်တွေက တွန့်ကွေးနေကာ ပြုံးနေသည်။ “တကယ်ကို ရှားရှားပါးပါး ဧည့်သည်ပဲ။ ဒီနေရာကိုလာဖို့ ဘယ်လိုလုပ်အချိန်ရှိနေတာလဲ?"
"ပါးစပ်ပိတ်ထား!" နျဉ်ယွိယွင်က နှာမှုတ်လိုက်ကာ ကျိုးယုံကို ကို ကြည့်လိုက်သည်။ "ငါ မင်းကို ဝေ့လည်ချောင်ပတ်တွေ လုပ်မနေတော့ဘူး။ မော့ချူးကို အခုချက်ချင်းလွှဲပေး!"
ကျိုးယုံ အံ့အားသင့်သွားကာ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ "မာရှယ်နျဉ်ရေ၊ ခင်ဗျားပြောတာကိုလဲ ကြည့်ပါအုံး။ ကျွန်တော်က သိက္ခာရှိတဲ့ နိုင်ငံသားတစ်ယောက်ပါ။ မစ်မော့က ဘယ်လိုလုပ်ဒီမှာရှိရမှာလဲ? ခင်ဗျားရဲ့ရာထူးကိုသုံးပြီး ကျွန်တော်တို့လို အရပ်သားတွေကို အနိုင်ကျင့်လို့မရဘူးလေ၊ ဟုတ်တယ်မလား?"
"စစ်ဆေးကြည့်ပြီးရင်တော့ အားလုံးရှင်းသွားမှာ မဟုတ်လား?" နျဉ်ယွိယွင်က ကျိုးယံနားကပ်ကာ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ကျိူယုံ ချက်ချင်း နောက်ပြန်ဆုတ်သွားကာ သူ့နှုတ်ခမ်းထောင့်တွေဟာလဲ မထီမဲ့မြင်ပြုတဲ့ အပြုံးအဖြစ် တွန့်ကွေးသွားတော့သည်။ "ကျွန်တော်က ဒီမှာစီးပွားရေးလုပ်နေတာပါ။ ခင်ဗျားက စုံစမ်းဖို့ စစ်သားအမြောက်အမြားကို ဒီနေရာခေါ်လာတယ်။ ဒါက ကျွန်တော့်ရဲ့စီးပွါးရေးကို တမင်အနှောင့်အယှက် ပေးနေတာ မဟုတ်ဘူးလား?"
"မဟုတ်တာတွေ လာမပြောနေနဲ့!" မော့ယန်က အနောက်မှာ ရပ်နေသည်။ ကျိုးယုံနဲ့ စကားစစ်ပွဲ တိုက်နေတာကို သူအကြာကြီး စိတ်မရှည်တော့ပေ။ အေးစက်စက်အမူအရာနဲ့ သူရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းကာ သူ့လက်ကြီးတွေက ကျိုးယုံရဲ့ ကော်လာကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "ချူးလေးကို ငါ့လက်ထဲမအပ်ရင်၊ ခင်ဗျားကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး!"
မော့ယန်ပြောပြီးတာနဲ့ ဘေးနားက အဆင့်မြင့်နှစ်ယောက်က သူ့ကို ချက်ခြင်း တိုက်ခိုက်လာသည်။ မရေမတွက်နိုင်တဲ့ ရေခဲစူးချွန်တွေနဲ့ နီမြန်းပူပြင်းလှတဲ့ မီးလုံးကြီးတွေက မော့ယန် ရင်ဘက်ဆီ ချက်ချင်းပစ်ဝင်လာသည်။
မော့ယန်ရြဲ အမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ သူ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ သူ့လက်ထဲက လျှပ်စီးတွေကို တစ်လုံးပြီးတစ်လုံး ပစ်လွှတ်လိုက်ကာ ဒီတိုက်ခိုက်မှုလှိုင်းကို ခုခံနိုင်ရုံလေးပင်။
"မင်းက မော့ယန်၊ ဟုတ်တယ်မလား?" ကျိုးယုံက မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။ ဘယ်ဘက်မှာ တစ်ယောက်၊ ညာဘက်မှာ တစ်ယောက် သူ့ကို ကာကွယ်ပေးထားသည်။ "မင်းရဲ့ညီမ ပျောက်သွားလို့ စိုးရိမ်နေရတာကို ငါနားလည်ပေမဲ့၊ ဒါက ငါနဲ့ဘာဆိုင်လို့လဲ?"