← Chapters

အပိုင်း ၂၈၂

Vol. 19 Ch. 282

အပိုင်း ၂၈၂

Vol. 19 Ch. 282

ကျိုးယုံ သူ့လက်တွေကို အပြစ်ကင်းသလိုဖြန့်ကာ ရှေ့နှစ်လှမ်းတိုးလိုက်သည်။ သူ့မျက်လုံးတွေက ရုတ်တရက် ကျဉ်းမြောင်းသွား‌သည်။ "ကျိုးလေလံအိမ်က ကုန်ပစ္စည်းတွေ လက်ခံတာနဲ့ ပေးပို့တာကိုပဲ အမြဲတမ်းလုပ်နေတာ။ ငါတို့ဘာကိုမှ ဂရုမစိုက်ဘူး။ ပြဿနာလာရှာတာဆိုရင်တော့ မင်းတို့တွေ နေရာမှားလာမှာစိုးပါရဲ့!"

"မော့ချူးကို လွှဲပေးဖို့ပြောနေတယ်နော်!" ဤသည်မှာ မော့ယန်ရဲ့ စိတ်ထဲက တစ်ခုတည်းသော အတွေးဖြစ်သည်။

နျဉ်ယွိယွင်က ကိစ္စရပ်တွေကို မြန်မြန်နားလည်လိုက်ကာ အေးစက်စက်မေးလိုက်သည်။ "ဒါဆို ဒီတစ်လော ရထားတဲ့ ပစ္စည်းတွေ ဘယ်မှာလဲ? ငါတို့ကို ကြည့်ခွင့်ပေးလို့ရမလား?"

ဒါကိုကြားတော့ ကျိုးယုံက မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။ မာရှယ်နျဉ်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပါဘဲ၊ သူ့ရဲ့တုံ့ပြန်နိုင်စွမ်းက တကယ်မြန်တာပဲ!

“ဒါပေမယ့်… ဝမ်းနည်းဖို့ကောင်းတာက ကျွန်တော်တို့ အခုရထားတဲ့ ကုန်ပစ္စည်းတွေအားလုံးကို လေလံတင်ရောင်းလိုက်ပါပြီ။ ခင်ဗျားတို့တွေ အရမ်းနောက်ကျသွားတယ်!" ဝမ်းနည်းတယ်လို့ပြောနေပေမယ့် ကျိုးယုံရဲ့ မျက်နှာပေါ်မှာတော့ မထီမဲ့မြင်ပြုတဲ့ အမူအရာက ထင်ရှားလှသည်။

အဲ့ဒီအချိန် အတွင်းထဲကနေ ပေါက်ကွဲသံတွေ ရုတ်တရက် ထွက်ပေါ်လာသည်။

ဗလတောင့်တောင့်နဲ့ လူတချို့က အမြန်ထွက်လာကာ ကျိုးယုံရဲ့ နားထဲစကားအနည်းငယ် တီးတိုးပြောလာသည်။

ကျိုးယုံရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

"စိတ်မကောင်းပါဘူး၊ ကျွန်တော့်မှာ လုပ်စရာကိစ္စတွေရှိသေးလို့ အခုတော့ ခင်ဗျားတို့နဲ့အတူ မရှိပေးနိုင်တော့ပါဘူး" ကျိုးယုံ လက်ဝှေ့ယမ်းလိုက်ကာ ကျွမ်းကျင်သူများစွာ သူ့နောက်မှာ ပေါ်လာသည်။ သူတို့အားလုံးက နျဉ်ယွိယွင်တို့ အဖွဲ့ကို ပြင်းပြတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြသည်။

"ဘာလဲ?" နျဉ်ယွိယွင် မျက်ခုံးပင့်လိုက်ကာ သူ့အရောင်အဝါတွေက ပေါက်ကွဲထွက်လာတော့သည်။ "သခင်လေးကျိုးက ဧည့်သည်တွေကို ငြင်းတာလား?"

ဒီလိုနာမည်သာ ပျံ့သွားပါက နှစ်ပေါင်းတစ်ရာကျော်လောက်ရှိတဲ့ ကျိုးလေလံအိမ်ရဲ့ ဂုဏ်သတင်းဟာ ပျက်စီးသွားလိမ့်မှာပင်။ ဒါကိုကြားတော့ ကျိုးယုံရဲ့မျက်နှာက မတတ်နိုင်ဘဲ အေးခဲသွားတော့သည်။ ဒီနျဉ်ယွိယွင်က တကယ်ရင်ဆိုင်ရခက်တာပဲ!

“ဒီတစ်ခေါက်တော့ ကျွန်တော်တကယ်တောင်းပန်ပါတယ်။ ကိစ္စတစ်ခုပေါ်လာလို့ ကျွန်တော်တို့ အဲ့ဒါကိုကိုင်တွယ်ရမှာမို့ပါ” ကျိုးယုံ အပြုံးတစ်ခုကို ညစ်ထုတ်လိုက်သည်။ “ဒီလိုဆိုရင်ရောဘယ်လိုလဲ၊ နောင်ကျ...."

သူ့စကားမဆုံးခင်မှာဘဲ ဆူညံသံတွေက ပိုနီးကပ်လာသည်!

ရုတ်တရက် တစ်ဖက်တံခါးကို ရေဓားသွားတစ်လက်က ဖြတ်ဖွင့်လိုက်ကာ 'ဘမ်း' ခနဲအသံနဲ့အတူ မြေပြင်ပေါ် ပြိုကျသွားတော့သည်။

သူတို့ အဲ့ဒီအသံကို ကြားရပြီးတဲ့နောက် သွယ်လျတဲ့ပုံသဏ္ဍာန်တစ်ခုက သူတို့မျက်လုံးထဲ ဝင်ရောက်လာကာ အမူအရာတွေ ပြောင်းလဲသွားကြတော့သည်။

"ချူးလေး!" ဒီအခိုက်အတန့်မှာ နျဉ်ယွိယွင်၊ မော့ယန်နဲ့ တခြားသူတွေက သဘာဝအလျောက် မျက်လုံးတွေနီရဲလာကာ သူတို့ရဲ့ မျက်နှာတွေပေါ်က ပျော်ရွှင်စိတ်လှုပ်ရှားမှုတွေက ပြောမပြတတ်လောက်အောင်ပင်။

တစ်ဖက်မှာတော့ ကျိုးယုံတစ်ယောက် မျက်မှောင်တင်းတင်းကြုတ်လိုက်မိသည်။ ဘာတွေဖြစ်နေတာလဲ!! မော့ချူးကို ဆေးမထိုးထားရဘူးလား? ဒီလို ကြီးကြီးမားမား ရုန်းရင်းဆန်ခတ်မှုမျိုးကို သူမ ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ? အဲဒီ့ငတုံးတွေက ဘာလုပ်နေကြတာလဲ? ဘယ်လိုလုပ် သူ့ကို ဒီအတိုင်း ပြေးထွက်ခွင့်ပေးနိုင်ရတာလဲ?!

"သခင်လေးကျိုး၊ အခုလေးတင် မင်းဘာပြောခဲ့လဲဆိုတာကို ငါ မှတ်မိပါသေးတယ်!" ကျိုးယုံကို အေးစက်စက် စိုက်ကြည့်ရင်း နျဉ်ယွိယွင်ရဲ့ မျက်နှာကပိုလို့တောင်အေးစက်လာတော့သည်။

မော့ချူးရဲ့ပုံစံကြောင့် စောစောက သူ့(ကျိုးယုံ)ရဲ့ခပ်ကျယ်ကျယ် စကားလုံးတွေဟာ သဘာဝအလျောက် မမှန်တော့ပေ။

မော့ယန် ဘာကိုမှဂရုမစိုက်တော့ဘဲ အရှေ့ကိုအပြေးသွားကာ မော့ချူးကို သူ့ရင်ခွင်ထဲ တင်းတင်းဖက်ထားလိုက်သည်။ သူ သူမကိုစစ်ဆေးကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။ "ချူးလေး၊ ဘယ်လိုနေလဲ? အဆင်ပြေရဲ့လား? ဒဏ်ရာရထားသေးလား?"

သို့ပေမယ့် ငုံ့ကြည့်လိုက်တဲ့အခါ မော့ယန်ရဲ့အမူအရာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။

ချူးလေးရဲ့ကိုယ်ဖုံးရုံလောက်သာရှိနေတဲ့ ဒီအဖြူရောင်ပိတ်ပါးစက ဘာလဲ? သူ့ရင်ထဲက ဒေါသတွေကို အတတ်နိုင်ဆုံး ဖိနှိပ်ပစ်လိုက်သည်။ မော့ယန် သူ့ဂျာကင်အင်္ကျီကို အမြန်ချွတ်လိုက်ကာ မော့ချူးရဲ့ကိုယ်ပေါ်လွှားတင်လိုက်သည်။ “ဒါကိုအရင်ဝတ်လိုက်"

“ကောင်းပါပြီ” မော့ယန်နဲ့ နျဉ်ယွိယွင်တို့ကို မြင်မှဘဲ မော့ချူး သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။ သူမလက်နှစ်ဖက်ဖြင့် ဂျာကင်ကိုတင်းတင်းဆုပ်ကိုင်ကာ သူမမျက်နှာ‌ပေါ်တွင် အပြုံးတစ်ခုပေါ်လာတော့သည်။

ဘေးနားရှိ နျဉ်ယွိယွင်လည်း ဒါကို သတိထားမိသွားသည်။ သူ အံကြိတ်ကာ သူ့မျက်လုံးတွေထဲတွင် မှုန်မှိုင်းသည့်အရိပ်အယောင်တွေ တိုးလာသည်။ "သခင်လေးကျိုး၊ အခုရော ဘာပြောစရာရှိသေးလဲ?"

မဟုတ်ရင်တော့ သူ လှုပ်ရှားတော့မယ်!

ကျိုးယုံရဲ့ အမူအရာ ပြောင်းလဲသွားတော့သည်။ ဒီတစ်‌ကြိမ်တော့ သူနိုင်တော့မှာမဟုတ်မှန်း သိလိုက်တာကြောင့် ညှိနှိုင်းရုံသာရှိတော့သည်။ “မာရှယ်နျဥ်၊ ကျွန်တော်တို့က အခု စီးပွားရေး လုပ်နေတယ်ဆိုတာ ခင်ဗျားလဲသိတာပဲ။ တစ်ယောက်ယောက်က ပစ္စည်းကိုပို့ပေးပြီး တစ်‌ယောက်ယောက်က ပစ္စည်းကိုလိုချင်သရွေ့ ကျွန်‌တော်တို့က တာဝန်ယူပေးရုံပါ။ ဒီတစ်ခေါက်…"

"အဲ့ဒါဆို ချူးလေးကို ဘယ်သူပို့လိုက်တာလဲ? ပြီးတော့ ချူးလေးကို ဘယ်သူဝယ်ခဲ့တာလဲ?" နျဉ်ယွိယွင် သူ့စကားကိုဖြတ်ကာ အေးစက်စက် မေးလိုက်သည်။

ကျိုးယုံ တစ်ခဏလောက် တိတ်ဆိတ်သွားသည်။ “… ဒါတွေက စီးပွားရေးလောကရဲ့ စည်းမျဉ်းတွေမို့လို့ ကျွန်တော်စိုးရိမ်မိပါတယ်။ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်မှာ ဘာမှပြောစရာမရှိပါဘူး"

"ဒီနေရာကို ဖြိုပစ်လိုက်!" နျဉ်ယွိယွင်ရဲ့ မျက်လုံးတွေဟာ ပိုလို့တောင် အေးစက်လာကာ သူ့လက်သည် အောက်ဘက်ကိုရိုက်ချလိုက်သည်။

သူ့နောက်က စစ်သားတွေက သူ့အမိန့်ကို ကြားတာနဲ့ လှုပ်ရှားလာတော့သည်။ မိနစ်အနည်းငယ်အတွင်း အထက်တန်းကျကာ ဆန်းပြားလှတဲ့ လေလံခန်းမဟာ ချက်ချင်း ပျက်စီးသွားတော့သည်။

"သခင်လေးကျိုး၊ ကျွန်တော်တို့..." နျဉ်ယွိယွင်နဲ့ တခြားသူတွေ ထွက်သွားတာကိုမြင်တော့ ကျိုးယုံဘေးက ဗလတောင့်တောင့်နဲ့လူတစ်ယောက်က ရှေ့တိုးလာကာ အသံနက်နက်ဖြင့် မေးလိုက်သည်။

"ပါးစပ်ပိတ်ထား!" သူပြောလို့မပြီးသေးခင်မှာဘဲ ကျိုးယုံက သူ့ကို စိုက်ကြည့်လိုက်သည်။ “ဒါက လေလံရုံ‌လေးတစ်ခုပဲ။ ငါ ဂရုမစိုက်ဘူး"

တစ်ဖက်မှာတော့၊ အဲ့ဒီကောင်မလေး မော့ချူးက တကယ်ထူးဆန်းတာပဲ...

All Chapters