အပိုင်း ၂၈၃
Vol. 19 Ch. 283
နျဉ်ယွိယွင်ရဲ့တိုက်ခန်းက ဒီနေရာနဲ့အရမ်းနီးကပ်တာကြောင့် သူတို့ အဲ့ဒီနေရာကိုပဲ အရင်သွားလိုက်ကြသည်။
မော့ယန် မော့ချူးကို ကုတင်ပေါ် တင်လိုက်သည်။ ဖြူဖပ်ဖြူရော် မျက်နှာလေးကို ကြည့်ကာ သူ့ရင်ထဲ မနေနိုင်ဘဲ နာကျင်သွားမိသည်။
"ကျုံးဝမ်" နျဉ်ယွိယွင် ခပ်တိုးတိုးခေါ်လိုက်ကာ သူ့ကို အကြည့်တစ်ချက်ပေးလိုက်သည်။
ကျုံးဝမ်လည်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ကျိုးလေလံအိမ်ရဲ့ ပုံစံကို သူကြားဖူးသည်။ မော့ချူးဟာ အဲ့ဒီထဲကနေ ဒဏ်ရာမရဘဲ လွတ်မြောက်လာခဲ့ပေမယ့် ဆေးတချို့တော့ ထိုးခံထားရလောက်သည်။ သူမကို မြန်မြန်စစ်ဆေးကြည့်ပါက ပိုကောင်းမည်ပင်။
စစ်ဆေးတဲ့ကိရိယာတွေ ပြင်ဆင်ပြီးချိန်မှာ မော့ချူးက ကုတင်ပေါ်တွင် လှဲကာ အိပ်ပျော်နေ၏။ သူမ တစ်နေ့လုံး လှုပ်လှုပ်ရှားရှား လုပ်ခဲ့ရသည်။ နောက်ဆုံး သူမစိတ်လျှော့လိက်တဲ့အခါ အိပ်ငိုက်ခြင်းတွေက သူမခေါင်းထဲကို သဘာဝအလျောက် တိုးဝင်လာသည်။
မော့ယန် ဘေးကိုအသာရွှေ့လိုက်ပေမယ့် သူသာ ဂရုမစိုက်မိပါက သူ့အရှေ့မှနေ သူမ ပျောက်သွားနိုင်သလိုမျိုး သူ့အကြည့်တွေကတော့ မော့ချူးပေါ်တွင်သာ ရှိနေဆဲပင်။
ကျုံးဝမ်ရဲ့ လုပ်ဆောင်ချက်တွေက အရမ်းမြန်သည်။ စစ်ဆေးမှုတွေအားလုံး ပြီးဖို့ တစ်နာရီလောက်သာ ကြာလိုက်သည်။
"ဘယ်လိုနေလဲ?" နျဉ်ယွိယွင် အခန်းထဲမှ ထွက်လာကာ တံခါးကို ခပ်သာသာလေး ပိတ်လိုက်သည်။ သူ စိတ်လှုပ်ရှားနေပုံရကာ အခန်းထဲတွင် အိပ်နေသည့် ကောင်မလေးကို အနှောက်အယှက်ဖြစ်သွားစေမှာကိုလည် စိုရိမ်နေသလိုမျိုး သူ့အသံက ခပ်တိုးတိုးပင်။
ကျုံးဝမ် ခေါင်းအသာခါလိုက်ကာ သူ့လေသံက အနည်းငယ် အေးဆေးနေသည်။ "စိတ်မပူပါနဲ့ ကျွန်တော်စစ်ဆေးပြီးပါပြီ။ မော့ချူးရဲ့ ကိုယ်ထဲမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့…”
ဒီလိုပြောပြီးတာနဲ့ ကျုံးဝမ် မနေနိုင်ဘဲ ချီတုံချတုံ ဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ?" ဒါကိုကြားတော့ နျဉ်ယွိယွင်ရဲ့ စောစောပိုင်းက စိတ်အေးလက်အေး အမူအရာဟာလည် တစ်ဖန် တင်းမာလာသည်။
"မော့ချူးရဲ့ ကိုယ်ထဲမှာ B11 မေ့ဆေးမှုန့်တွေ နည်းနည်း ကျန်နေသေးတယ်" ကျုံးဝမ် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ “ဒီလောက်များတဲ့ ဆေးလက်ကျန်ပမာဏနဲ့၊ မော့ချူးအနေနဲ့ ဘယ်လိုလုပ် ဒီလောက်ထိ လျင်လျင်မြန်မြန် ရှင်းရှင်းလင်းလင်း လုပ်ရှားနိုင်ရတာလဲ?
B11 မေ့ဆေးမှုန့်က အသင်းချုပ်တွင် အစွမ်းထက်ဆုံး မေ့ဆေးမှုန့် အမျိုးအစားဖြစ်သည်။ ဒီမေ့ဆေးမှုန့်အမျိုးအစားနဲ့ ခံရသူတိုင်း လှုပ်ရှားမှုတွေက နည်းနည်း လေးလံလာတတ်တဲ့ ပြဿနာရှိလိမ့်မည်ဖြစ်သည်။ သို့ပေမယ့် မော့ချူးရဲ့ လက်ရှိအခြေအနေကတော့ ယုတ္တိမရှိဘူးဆိုတာ သိသာလှသည်။
"မင်းအမှား လုပ်မိတာမဟုတ်ဘူးလား?" ဒီစကားကိုကြားတဲ့အခါ နျဉ်ယွိယွင်လည်း မထိန်းနိုင်ဘဲ အံ့အားသင့်သွားမိတော့သည်။ သူတို့လည်း ယခင်က ဒီဆေးအမျိုးအစားနဲ့ ထိတွေ့ဖူးတာကြောင့် ယင်း၏ အစွမ်းကို သဘာဝအလျောက် သိကြသည်။
“လုံးဝမဟုတ်ဘူး" ကျုံးဝမ် နျဉ်ယွိယွင်ကို စိုက်ကြည့်ကာ ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတော့ နျဉ်ယွိယွင် ဖြည်းဖြည်းချင်းပြောလာသည်။ “မင်း ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောဘဲ လျှို့ဝှက်ထားပေးဖို့ ငါမျှော်လင့်တယ်"
ပုံမှန်မဟုတ်တာက မကောင်းပေ။ မော့ချူး၏ လက်ရှိအခြေအနေအရ လုံးဝယုတ္တိမရှိပေ။ တစ်စုံတစ်ယောက်သာ ၎င်းအကြောင်းကို သိသွားပြီး သတင်းဖြန့်လိုက်ပါက မော့ချူးအနေနဲ့ ဒုက္ခရောက်သွားနိုင်သည်။
“အင်း!” ကျုံးဝမ် တစ်ခဏလောက် အံ့အားသင့်သွားမိသည်။ နျဉ်ယွိယွင်၏ ရည်ရွယ်ချက်ကိုလည်း သူနားလည်သည်။ ဒါကို သူအရင်က မတွေးမိခဲ့ပေ။ သို့ပေမယ့်၊ သူ့ဘော့စ်ကတော့ ဒီအသေးအမွှားကိစ္စလေးအပေါ်တောင် အာရုံစိုက်ထားသည်။
ထိုအခိုက်တွင် မော့ယန်လည်း ထွက်လာကာ ကျုံးဝမ်ကို မေးခွန်းထုတ်လိုတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့ ချူးလေး အဆင်ပြေပါတယ်" ကျုံးဝမ် ခပ်ဖျော့ဖျော့ပြုံးကာ ပြန်ဖြေလိုက်သည်။ ကျန်နေတဲ့ B11 မေ့ဆေးမှုန့်ကိုတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မအဖြစ်အပျက်နှင့်အတူ ခန္ဓာကိုယ်ကနေ ဖယ်ရှားပေးပါလိမ့်မည်။ မော့ချူးကို ထိခိုက်စေလိမ့်မည်မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ်" ဒါကိုကြားတော့ မော့ယန် သက်ပြင်းတစ်ချက်ချကာ ကျုံးဝမ်ကို ခေါင်းညိတ်ပြလိုက်သည်။ သူ့အကြည့်တွေက နျဉ်ယွိယွင်ဆီရောက်သွားတော့ ချက်ချင်း အေးစက်သွားသည်။
အဖြစ်အပျက်တစ်ခုလုံးရဲ့ အတွင်းရောအပြင်ကိုပါ နားလည်ပြီးသွားတဲ့နောက် မော့ယန်ဟာ သူသည် နျဉ်ယွိယွင်အပေါ် အမှားအားလုံးကို အပြစ်တင်ကာ သူ့ဒေါသကို ဖြေဖျောက်နေခြင်းဖြစ်ကြောင်း သိရှိလိုက်သည်။ ဒါတောင် သူက နျဉ်ယွိယွင်ကို ကောင်းကောင်း မဆက်ဆံနိုင်သေးပေ။
အခုလေးတင် အခန်းထဲမှာ ထိုင်ပြီး ချူးလေးရဲ့ ဖြူဖျော့နေတဲ့ မျက်နှာလေးကို မြင်လိုက်ရတဲ့အချိန် သူ့ရင်ထဲတွင် စိုးရွံ့ထိတ်လန့်မှုတစ်ခုကို ခံစားနေရဆဲပင်!
အကယ်၍ သူတို့သာ အနည်းငယ် နောက်ကျသွားပြီး ကျိုးလေလံအိမ်ရဲ့ မြေအောက်တည်နေရာကို အချိန်မီ မရှာတွေ့နိုင်ခဲ့ရင် ရလဒ်က လုံး၀ခန့်မှန်းရခက်သွားပေလိမ့်မည်။
နျဉ်ယွိယွင်လည်း မော့ယန်နဲ့ အတွေးတူတူပင်!