အပိုင်း ၂၈၄
Vol. 19 Ch. 284
နှစ်အတော်ကြာအောင်နေထိုင်ခဲ့ပြီးတဲ့နောက်မှာ ဒီဟာက ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ အရမ်းမုန်းတီးမိခြင်းပင်။ ဒီလေးနာရီကြားထဲ စက္ကန့်တိုင်းဟာ နှစ်တွေလိုခံစားရကာ၊ သူ့နှလုံးသားထဲမှာ နောင်တရမှုတွေက နစ်မြုပ်လုနီးပါးပင်။ အဲ့ဒီအချိန်တုန်းက သူသာ နည်းနည်းပါးပါး နိုးနိုးကြားကြားရှိခဲ့ရင် ချူးလေးလဲ ပြန်ပေးဆွဲခံရလိုက်မည်မဟုတ်ပေ - အဲ့ဒီလို အတွေးတွေက နာကျင်နေပြီဖြစ်တဲ့ သူ့နှလုံးသားကို ဖောက်ပစ်နေသလိုပင်။
ခလုတ်ခုံကနေ ရုတ်တရက် အသံထွက်လာသည်။
နျဉ်ယွိယွင် တစ်ချက်ကြည့်လိုက်ပြီး ပြတင်းပေါက်နားသွားကာ ဗီဒီယိုကောကိုဖွင့်လိုက်သည်။
"မင်း တော်တော်သတ္တိရှိနေတာပဲ!" ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားတာနဲ့ အကြီးအကဲနျဉ်ရဲ့ ဆူပူကြိမ်းမောင်းသံက ထပ်မံထွက်ပေါ်လာသည်။ နျဉ်ယွိယွင်ရြဲ မျက်နှာကို မြင်တဲ့အခါ သူပိုပြီးတော့ ဒေါသထွက်လာသည်။ “စောစောက မင်းကို ငါ အကြိမ်ကြိမ်ခေါ်ခဲ့တယ်၊ ဒါပေမယ့် လုံးဝကိုမတုံ့ပြန်ဘူး။ ဘာလဲ၊ မင်းအခုအတောင်တွေစုံနေပြီလား? ငါ့ကိုပါ မေ့သွားတာလား?"
“အဘိုး၊ မော့ချူးကို ရှာတွေ့ပြီးသွားပြီ" နျဉ်ယွိယွင်ရဲ့ နှုတ်ခမ်းတွေကော့တက်သွားသည်။ သူ့ရဲ့ အရင်က တင်းမာပြီးခက်ထန်တဲ့ မျက်နှာက အခုတော့ ပြုံးနေ၏။
လူအိုကြီးနျဉ်ရဲ့ အသံက ရုတ်တရက် ရပ်သွားတော့သည်။
"F*ck off! မင်းကို ဘယ်သူက မေးလို့လဲ?" စက္ကန့်ဝက်အကြာမှာ အကြီးအကဲနျဉ်က ခါတိုင်းလိုဘဲ အော်ငေါက်လာကာ သူ့ရဲ့ မျက်အိုအိုဟာလည်း အနည်းငယ် တုန်နေသည်။ "ခရိုင် ၃ ကို လေးနာရီကြာအောင် ပိတ်ထားဖို့ အထက်အရာရှိတွေနဲ့ မင်းတွေ့ခဲ့တယ်လို့ ငါကြားတယ်။ မင်းရူးသွားတာလား?"
“အဘိုး၊ အသံကို လျှော့ပါအုံး” နျဉ်ယွိယွင် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
ဟမ့်! လူအိုကြီးနျဉ်ရဲ့ ဒေါသတွေ ပြေလျော့သွားသည်။ ဆိုတော့ ဒီကောင်စုတ်လေး နောက်ဆုံးတော့ သူ့အဘိုးအပေါ် မကောင်းသလိုခံစားမိပြီပေါ့? ဘာလို့ ဒီလောက်တောင်ကြာရတာလဲ?
“အဘိုးအသံက အရမ်းကျယ်နေတာ။ မော့ချူး အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်” နျဉ်ယွိယွင်က အခန်းဘက်ကိုလှမ်းကြည့်လိုက်ကာ သူ့အကြည့်တွေကလည်း နူးညံ့နေသည်။ "သူ အိပ်ပျော်သွားတာ မကြာသေးဘူး"
ဒါကိုကြားတော့ လူအိုကြီးနျဉ်ရဲ့ မျက်နှာက ချက်ချင်း တင်းမာသွားတော့သည်။ သူ့မျက်နှာဟာ စောစောက ဒေါသကြောင့် နီရဲနေပေမယ့် အခုတော့ အနည်းငယ်စိမ်းလာသည်။ နောက်ဆုံးမှာတော့ မည်းလာတော့သည်။
ဖောင်း!
အခုမှပဲ အကြီးအကဲနျဉ်တစ်ယောက် သူအတွေးလွန်နေမှန်း သဘောပေါက်သွားတော့သည်။ သူ ဗီဒီယိုကောခေါ်နေတာကို ချပစ်လိုက်သည်။ စားပွဲပေါ်က ခွက်ကိုယူကာ ရေကိုတစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။ မရတော့ဘူး။ ဒီကလေးနဲ့သာ သူထပ်ပြောမိရင် ဒေါသထွက်ပြီးသေသွားမှာပဲ!
ကျသွားတဲ့ ဗီဒီယိုကောခေါ်ဆိုမှုကို ကြည့်ရင်း နျဉ်ယွိယွင် တစ်စက္ကန့်လောက် အံ့အားသင့်သွားမိသည်။ သူအမှားလုပ်မိခဲ့တယ်ဆိုတာကို သဘောမပေါက်ခင် ကျောလင်ရောက်လာသည်။
"စုံစမ်းရေးက ဘယ်လိုနေလဲ?" ကျုံးဝမ် ရှေ့တစ်လှမ်းတိုးကာ သူ့ကိုရေတစ်ခွက် ပေးလိုက်သည်။
နျဉ်ယွိယွင်လည်း ခလုတ်ခုံကိုပိတ်လိုက်ကာ ကျောလင်ဆီ သွားလိုက်သည်။
ဒီကိစ္စတွင်၊ ကျိုးယုံဟာ ကြားလူသာဖြစ်သည်ကာ မော့ချူးကို ခေါ်သွားပြီး လေလံတင်ခန်းဆီ ပို့ခဲ့တဲ့သူကသာ တရားခံဖြစ်သည်။ ဒါကြောင့်၊ ဒီကိစ္စက မပြီးသေးပေ။
ကျောလင် ခေါင်းခါလိုက်ကာ အပြစ်ရှိသလိုအမူအရာပြလာသည်။ “ကျွန်တော် စုံစမ်းကြည့်တော့ ဒီလူရဲ့ နည်းစနစ်တွေက အရမ်းကို ရှင်းလင်းပြီး သပ်ရပ်နေတယ်။ ခြေရာတွေတောင် မကျန်ခဲ့ဘူး။ ကိုင်တွယ်ရခက်တယ်"
ကျောလင်ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်တွေဟာ နျဉ်ယွိယွင် မျှော်လင့်ထားတဲ့အတိုင်းပင်။
မော့ချူးကို တိတ်တဆိတ် ပြန်ပေးဆွဲပြီး ကျိုးလေလံအိမ်နှင့် ချောချောမွေ့မွေ့ ဆက်သွယ်နိုင်သည့်သူမှာ လျှော့တွက်လို့ရမည့်သူ မဟုတ်တာ သေချာပေါက်ပင်။ သို့ပေမယ့် အမှန်တရားဟာ တစ်နေ့တစ်ချိန်မှာ ပေါ်လာမှာပင်။ သူတို့အနေနဲ့ စိတ်ရှည်ဖို့သာ လိုသည်!
နျဉ်ယွိယွင် မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ကာ အေးစက်စက်လေထုက ထွက်ပေါ်လာသည်။
"အဲဒီ ဝယ်တဲ့သူလေ" ကျောလင် သူ့ခွက်ကို ချလိုက်ကာ မျက်လုံးတွေ တောက်ပလာသည်။ "ကျွန်တော် သဲလွန်စတစ်ချို့ရှာတွေ့လာတယ်။ ကြည့်ကြည့်!”
ပြောရင်းနဲ့ ကျောလင်က သူ့လက်ထဲရှိ ခလုတ်ခုံကိုဖွင့်လိုက်ကာ စခရင်ကို zoom ချဲ့လိုက်သည်။
“ဒါကို ကျိုးလေလံအိမ်ရဲ့ စောင့်ကြည့်ကင်မရာကနေ ရှာတွေ့ပြီး ယူထားတဲ့ မြင်ကွင်းပဲ။ ဖြစ်ချင်တော့ အဲ့ဒီကောင်ရှေ့မှာ ဖြစ်နေတာ”
သူတို့တွေ သေချာကြည့်လိုက်ကြသည်။ စခရင်ပေါ်တွင် အနက်ရောင်မျက်နှာဖုံးတစ်ခုက မျက်နှာရှိနေရာအများစုကိုဖုံးထားသည်။ ရှင်းလင်းပြတ်သားသည့် မျက်နှာအောက်တစ်ပိုင်းကိုသာ သူတို့မြင်နေရသည်။
"ဒီသဲလွန်စနဲ့ ငါတို့ ဘာလုပ်လို့ရမှာလဲ?" ကျုံးဝမ် မတတ်နိုင်ဘဲ မျက်လုံးလှိမ့်လိုက်မိသည်။ ဒီလိုနဲ့၊ ဒီကောင်က ဘယ်သူလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ?
"ဟေး၊ မင်းဘယ်လိုလုပ် အဲ့ဒီလိုပြောနိုင်ရတာလဲ!" ဒါကိုကြားတော့ကျောလင် မပျော်တော့ပေ။ ဒီသဲလွန်စကို ရှာတွေ့ဖို့ သူနာရီပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ကျိုးလေလံအိမ်ရဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းက စောင့်ကြည့်ဗီဒီယိုတွေကို သူကြည့်ခဲ့ရသည်။ သူ့မျက်လုံးတွေ မှုန်ဝါးသွားတော့မတတ်ပင်။ ဒီလိုမြင်ကွင်းမျိုး ရဖို့ သူ့အတွက် မလွယ်ခဲ့ပေ။