အပိုင်း ၂၈၅
Vol. 19 Ch. 285
“လုံလောက်ပြီ” နျဉ်ယွိယွင် တစ်ချက်ကြည့်လိုက်တော့ သူတို့နှစ်ယောက် စကားမပြောတော့ဘဲ ချက်ချင်းရပ်လိုက်သည်။ "ကျောလင်၊ ခဏနေရင် ဒီစခရင်ရှော့ပုံကို ငါ့ခလုတ်ခုံထဲ ပို့ဖို့ မမေ့နဲ့"
ဒီလူ မော့ချူးကို ဘာလုပ်မလို့ ပြင်နေခဲ့လဲဆိုတာကို တွေးမိတဲ့အခါ နျဉ်ယွိယွင်ရဲ့ မျက်လုံးတွေ ချက်ချင်း မည်းမှောင်သွားတော့သည်။
“ကောင်းပါပြီ” ကျောလင် ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို သူသတိရသွားကာ လက်ခုပ်တီးလိုက်သည်။ "ဟုတ်သားဘဲ၊ ဘော့စ် ကျောက်စိမ်းတုံးကို မရှာချင်ဘူးလား? ကျွန်တော်ရှာပြီးပြီ…”
“အဲဒါကို… လောလောဆယ် မလိုသေးဘူး” နျဉ်ယွိယွင် စကားဖြတ်ပြောလာကာ သူ့မျက်နှာပေါ်တွင် မတတ်နိုင်ဘဲ ခါးသီးတဲ့ အပြုံးကို ထုတ်ဖော်လိုက်သည်။
ကျောက်စိမ်းတုံးဟာ မွှေးရနံ့သင်းသည့် ကျောက်စိမ်းအမျိုးအစားတစ်မျိုးဖြစ်သည်။ ၎င်းဟာ အဖွဲ့ချုပ်တွင် အကျော်ကြားဆုံး လက်ဆောင်များထဲမှ တစ်ခုဖြစ်သည်။
မူလက ၎င်းကျောက်စိမ်းအား သူတို့ကျမ်းကျိန်သစ္စာပြုသည့်နေ့တွင် မော့ချူးအား ပေးချင်ခဲ့တာဖြစ်သည်။ ဒီလိုမျိုးဖြစ်လာလမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ သူတို့ ကျမ်းကျိန်မှာကို မော့ယန်သဘောတူဖို့မပြောနဲ့ ချူးလေးတောင် သူ့အပေါ် စိတ်ပျက်နေပေလိမ့်မည်။
သူ မော့ချူးအိပ်နေတဲ့ အခန်းကို လှည့်ကြည့်လိုက်တယ်။
နျဉ်ယွိယွင် ခဏလောက် တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် သူလျှောက်သွားလိုက်သည်။
သူ တံခါးလက်ကိုင်ကိုကိုင်ကာ အသာလေးလှည့်ဖွင့်လိုက်သည်။
သူ့ရဲ့ခြေသံတွေဟာ အရမ်းကိုတိုးတိတ်နေကာ သူ့ရဲ့အသက်ရှူသံကိုတောင် ထိန်းထားသည်။ နျဉ်ယွိယွင် ကုတင်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာကာ ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည့် မော့ချူးကို ကြည့်လိုက်သည်။
သူမမျက်နှာပေါ်ရှိ ဖြူဖျော့နေမှုတွေဟာ အနည်းငယ် မှိန်ဖျော့သွားသော်လည်း လေပူကြောင့် မျက်နှာဟာ အနည်းငယ်နီနေ၏။ သူမ၏ နှုတ်ခမ်းတွေဟာ အနည်းငယ်ပွင့်ဟနေဟာ ခပ်မှန်မှန် အသက်ရှူနေသည်။
သူ့လက်ကြီးကြီးကို မြှောက်ကာ မော့ချူးမျက်နှာပေါ်တွင် ဂရုတစိုက်တင်လိုက်ပြီး သူမ၏ မျက်နှာအား ညင်သာစွာ ပွတ်သပ်လိုက်သည်။ နျဉ်ယွိယွင်မျက်လုံးတွေက အနည်းငယ်နီရဲနေကာ နည်းနည်းငုံ့လိုက်ပြီး သူမနဖူးပေါ် တုန်ယင်နေသည့် အနမ်းတစ်ပွင့် ခြွေလိုက်သည်။
ဩရှနေသည့်အသံဖြင့် နျဉ်ယွိယွင်၏ မျက်နှာပေါ်တွင် နောင်တတရားနှင့် အပြစ်ရှိစိတ်များ ပြည့်နှက်နေသည်။ "တောင်းပန်ပါတယ်... မင်းကို သေသေချာချာ မကာကွယ်နိုင်ခဲ့ဘဲ အဲ့ဒီအစားမင်းကို ဒီလိုအန္တရာယ်ရှိတဲ့ အခြေအနေမျိုးရောက်အောင် လုပ်ခဲ့မိလို့ ကိုယ်တောင်းပန်ပါတယ်!"
အပြင်ဘက်တွင် မော့ယန်က ဘာစကားမှမပြောဘဲ ဒီမြင်ကွင်းကို ကြည့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် အဖွဲ့ချုပ်မှ ပြည်သူတွေဟာတော့ မော့ချူး ဘာဖြစ်ခဲ့လဲဆိုတာ မသိကြပေ။ ဒီအခိုက်အတန့်တွင် 'ဘယ်သူက အသန်မာဆုံးလဲ' ဒုတိယအစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းကို စောင့်မျှော်နေကြသည်။
လူတိုင်းက သူတို့ဘာသာ ဆုံးဖြတ်ရမယ့် ပထမအစီအစဉ်နဲ့ မတူဘဲ၊ ပရိုဂရမ်ရဲ့ ဒုတိယအစီအစဉ်က တစ်ယောက်နဲ့တစ်ယောက် တွဲရန် မဲနှိုက်ရတာဖြစ်သည်။
ယုတ္တိဗေဒအရပြောရလျှင် မော့ယန်နဲ့ နတ်ဘုရားစုန့်တို့အဖွဲ့က လူကြိုက်အများဆုံးအဖွဲ့ဖြစ်သင့်သည်။ သို့သော် မော့ချူးနဲ့ ချင်ယွဲ့တို့မှာတော့ တလွဲဖြစ်နေသည်။
ပထမအပိုင်းနှစ်ပိုင်းကို ကြည့်ပြီးနောက်၊ အင်တာနက်သုံးစွဲသူတွေမှာ သူတို့လှည့်စားခံရကြောင်း အော်ဟစ်လာကြသည်။ တည်ငြိမ်ပြီး ကြံ့ခိုင်တဲ့ချင်ယွဲ့ဟာ အမှန်တကယ်တော့ ဉာဏ်နည်းလိမ့်မယ်လို့ သူတို့ဘယ်တုန်းကမှ မထင်ထားခဲ့ကြပေ။
သူ တုံးအတာက အဆင်ပြေသေးသည်။ သို့ပေမယ့် မော့ချူးနဲ့ ပေါင်းလိုက်တဲ့အခါ ၁ အပေါင်း ၁ ရဲ့ သက်ရောက်မှုဟာ ၂ ထက်ပိုကြီးလာသည်။ သူတို့နှစ်ယောက်ရဲ့ ခပ်ထုံထုံနဲ့ ချစ်စရာကောင်းတဲ့ စိတ်နေစိတ်ထားကို ဖုံးကွယ်ထားလို့မရပါချေ။ ယင်းအစား၊ အဆုံးမရှိအောင် ဆွဲဆောင်နိုင်ခဲ့သည်။ ဟာသတွေ ပြည့်နှက်နေရုံမက ချစ်စရာကောင်းပြီး ကြောင်တောင်တောင် အမူအရာလေးတွေ ပါနေပေမယ့် သူတို့နှစ်ယောက်ကတော့ ဒီဟာကို လုံးဝမသိကြပါချေ။ သူတို့က အရေးပါတဲ့ ကိစ္စရပ်တစ်ခုလို ပြုမူကြကာ အဲ့ဒါက ရယ်စရာကောင်းလှပြီး လူတွေကို အော်ရယ်မိစေသည်။
သို့ပေမယ့် မော့ချူးရဲ့ 'ကံကောင်းတဲ့ကြယ်လေး' ဆိုတဲ့ နာမည်ပြောင်က အလကားမဟုတ်ပေ။ ကြည့်လေ၊ တစ်လျှောက်လုံး နှစ်ယောက်သား ဦးဆောင်လုနီးနီးပင်။
သူတို့ဟာ နောက်ဆုံးအဆင့်ဖြစ်သည့် မျှော်စင်ဖြူတောင်ကို ရောက်နေပြီဖြစ်သည်။
'အိပ်တဲ့ပုံစံ' ပြဿနာကြောင့် ယခင်က မပျော်မရွှင်ဖြစ်နေတဲ့ ချင်ယွဲ့ဟာ ကောင်မလေးတစ်ယောက်ဆီကနေ အားပေးခံရပြီးတဲ့နောက် ပြန်လည်တက်ကြွလာသည်။ သူ့ရဲ့ စွမ်းအင်တွေဟာ စိတ်ကြွဆေးထိုးသွင်းခံလိုက်ရသလိုမျိုး သူ့တစ်ကိုယ်လုံး 'ကြိုးစားချင်စိတ်' ဆိုတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်သွားတော့သည်။
မကြာခင်မှာပဲ နတ်ဘုရားစုန့်တို့အဖွဲ့လည် အနောက်နေ လိုက်မှီလာသည်။
သို့သော် ထိုနေရာ၌ လမ်းဆုံလမ်းခွနှစ်ခုရှိတာကြောင့်ဒီအခိုက်အတန့်မှာ တိုက်ခိုက်ရန် မလိုတော့ပေ။ လုနေစရာမလိုတော့ပေ၊ သူတို့အတွက် တစ်လမ်းစီရှိနေသည်။
မော့ချူးနဲ့ ချင်ယွဲ့တို့က အရင်ရောက်လာကာ လမ်းတစ်ခုကိုညွှန်ပြလိုက်သည်။
သူတို့တွေ အချိန်အတော်ကြာအောင် လျှောက်လာကြသည်။ အချိန်တွေကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်တွင် ဘာမှတိုးတက်မှုမရှိခဲ့ပေ။ အင်တာနက်သုံးစွဲသူတွေလည်း သူတို့အတွက် စိုးရိမ်လာကြသည်။