အပိုင်း ၂၈၆
Vol. 20 Ch. 286
အဆုံးမှာ မော့ချူးရဲ့ စွမ်းအားကြီးလှတဲ့ ကံကောင်းမှုက တစ်ဖန်ပြန်ပေါ်လာကာ အထိမ်းအမှတ်ဒင်္ဂါးပြားတွေပါတဲ့ အိတ်ကို အမြန်ရှာတွေ့လိုက်သည်။
ဒါပေါ့… 'ကံကောင်းတဲ့ကြယ်လေး' က မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူ့ရဲ့ ကံကြမ္မာက ရိုးရိုးရှင်းရှင်းကို အံ့သြစရာပင်။
ချင်ယွဲ့ရဲ့ မျက်နှာမှာလည်း စိတ်အားထက်သန်မှုတွေဖြင့် ပြည့်နှက်နေသည်။ အံ့အားသင့်စရာတွေက ခပ်မြန်မြန်ရောက်လာကာ အဲဒါက သူတို့ကိုပါ နည်းနည်းလွှမ်းသွားသည်။ သို့သော်လည်း သူ အကြာကြီး မပျော်ရသေးခင်မှာဘဲ ဝိုင်းဝိုင်းတစ်ယောက် ပြေးလာကာ သူ့လက်တွေနဲ့ပုံစံတူ အိတ်တွေကို ထပ်ဆွဲထုတ်လာသည်။
ချင်ယွဲ့မှာ ချက်ချင်းဘဲ ထိတ်လန့်သွားတော့သည်။ သူ့ရဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေက အင်တာနက်သုံးစွဲသူတွေကို ရယ်မောစေတော့သည်။ တစ်ယောက်ပြီးတစ်ယောက် ဗိုက်တွေနှိပ်ကာ မှတ်ချက်ကဏ္ဍတွင် မှတ်ချက်တွေ ချန်ထားကြတော့သည်။
[ ဘုရားရေ၊ ချင်ယွဲ့ကို ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ငါမထင်ထားဘူး။ သူ့မှာ ဟာသလုပ်နိုင်တဲ့ သဘာဝစွမ်းရည်ရှိတာဘဲ။ သူ့အမူအရာကိုကြည့်ပါအုံး။ အရမ်းရယ်ရတာဘဲ! မရတော့ဘူး၊ ငါ ခဏလောက်ရယ်မှရမယ်!]
[ ဟားဟား၊ ကံကောင်းတဲ့ကြယ်လေးက ဉာဏ်ကောင်းတယ်။ ပိုးအိတ်တွေကို ဒီလောက်လွယ်လွယ်နဲ့ ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်မှန်း သူသိတယ်။ ငါတော့ ချူးလေးကို သဘောကျတယ်!]
[ ဝိုင်းဝိုင်းရဲ့ သနားစရာကောင်းတဲ့ ပုံစံကို သတိထားမိတာ ငါတစ်ယောက်တည်းပဲလား? သူ့အတွက် ငါ့ရင်တွေနာတယ်။ လာ၊ သူ့ကို ဖက်ထားပေးမယ်!]
[ငါလဲ သတိထားမိတယ်။ ချူးလေးရဲ့အိမ်မွေးတိရစ္ဆာန်က မျှော်လင့်ထားတဲ့အတိုင်း။ အရမ်းထူးခြားတယ်!]
[ဒါရိုက်တာလင်က ဘာတွေလာကစားနေတာလဲ? အထိမ်းအမှတ်ဒင်္ဂါးပြားတွေက အများကြီးရှိလေ၊ ဘယ်ဟာက အစစ်လဲ?]
ဒီစကားတွေကို အင်တာနက်သုံးစွဲသူအများစုရဲ့ ရင်ထဲမှာလဲ မေးနေမိသည်။
အစီအစဉ်ထဲက ချင်ယွဲ့ကိုကြည့်လိုက်တော့ သူ့မျက်နှာမှာ မျက်မှောင်ကြုတ်ကာ ခါးသီးတဲ့အမူအရာတွေ ရှိနေသည်။ တစ်ဖက်တွင်မူ မော့ချူးက တစ်ခဏလောက် အံ့အားသင့်သွားသည်။ အလျင်အမြန်ပဲ သူမစိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာကာ သူမအား ယခင်က သဲလွန်စကတ်ပြရန် ချင်ယွဲ့ကို ပြောလိုက်သည်။
ဟမ်? ဒီသဲလွန်စကတ်မှာ တစ်ခုခု မှားနေလို့လား?
အင်တာနက်သုံးစွဲသူတွေရဲ့စိတ်ထဲမှာ မနေနိုင်ဘဲ အမျိုးမျိုး စိတ်ကူးကြည့်ကြည့်ကာ ခန့်မှန်းချက်တွေကို မှတ်ချက်ကဏ္ဍတွင် ချန်ထားကြသည်။ မှတ်ချက်တွေက အထပ်မြင့် အဆောက်အအုံတွေလို ထွက်ပေါ်လာသည်။
သိပ်မကြာခင်မှာပဲ မော့ချူးရဲ့လုပ်ရပ်က သူတို့ကို အဖြေတစ်ခုပေးလိုက်သည်။ သူမက သဲလွန်စကတ်ကို တစ်ဖက်ကနေ ဆုတ်ဖြဲလိုက်တာကို တွေ့လိုက်ရသည်။ အမှန်တကယ်ကို အတွင်းထဲမှာ ဝှက်ထားတဲ့ နောက်ထပ်သဲလွန်စတစ်ခုရှိနေသည်။ “မျှော်စင်ဖြူတောင် ၂၅၊ ၆၈”
[သေစမ်း! ဒီအပိုင်းက အရမ်းမမိုက်ဘူးလား? သာမာန်လူတွေဆို ဒီလိုမျိုး ဘယ်တွေးမိမှာလဲ?]
[မှန်တယ်! ကျွတ်စ် ကျွတ်စ်၊ သူတကယ်ဉာဏ်ကောင်းတာပဲ။ ဒီလှည့်ကွက်က နည်းနည်းတော့ စဉ်းလဲတယ်မလား?]
[မော့ချူးရဲ့ ဉာဏ်စွမ်းနဲ့ ကံကောင်းမှုက အံ့သြစရာပဲ!]
[ဒီအချက်က ဘာကိုဆိုလိုတာလဲ? ဘာကိုဆိုလိုတယ်ဆိုတာ ငါနားမလည်ဘူး!]
တစ်ချိန်တည်းမှာဘဲ မြင်ကွင်းက ပြောင်းလဲသွားသည်။ နတ်ဘုရားစုန့်နဲ့ မော့ယန်တို့လည်း ဒီနောက်ကွယ်က လျှို့ဝှက်ချက်ကို အမြန်ရှာတွေ့ခဲ့ကာ ဒုတိယသဲလွန်စကတ်ကို အောင်မြင်စွာနဲ့ ထုတ်ယူနိုင်ခဲ့သည်။
သူတို့နှစ်ဖွဲ့ရဲ့တိုးတက်မှုဟာ မမျှော်လင့်ဘဲ တသမတ်တည်းဖြစ်နေသည်။ အခု ဘယ်အသင်းက ပိုမြန်သလဲဆိုသည့်အပေါ်သာ မူတည်တော့သည်!
ချင်ယွဲ့ ဒီတစ်ခေါက်တော့ သေချာကစားတော့သည်။ သူ မော့ချူးကိုဆွဲကာ လမ်းကနေပြေးဆင်းသွားတော့သည်။ သူတို့နှစ်ယောက်နောက်က ကင်မရာမင်းတွေကတော့ ကျန်ရစ်ခဲ့တော့သည်။ သူတို့အနေနဲ့ ရှေ့ခြေတစ်လှမ်းသာအောင် အသဲအသန်လိုက်သွားရုံဘဲ ရှိတော့သည်။
"စကားမစမ် ဒီသဲလွန်စက ဘာကိုဆိုလိုတာလဲ?" မော့ချူးလည်း ပြေးဆင်းလာရင်း ချင်ယွဲ့ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
"တကယ်တော့ ဒါက လုံးဝရိုးရှင်းတယ်" ချင်ယွဲ့ မော့ချူးရဲ့ ချစ်စဖွယ်အကြည့်နဲ့ ဆုံသွားတဲ့အခါ ချက်ချင်း ခေါင်းယမ်းလိုက်သည်။ သူ မော့ချူးကို မျက်ခုံးပင့်ပြလိုက်ကာ ချက်ကျလက်ကျပြောလာသည်။ သူ့မျက်လုံးထဲတွင် စိတ်ကြီးဝင်နေတာကို လုံးဝမဖုံးကွယ်နိုင်ပေ။ "' မျှော်စင်ဖြူတောင် ၂၅၊ ၆၈' ဆိုတာက တကယ်တော့ သတ်မှတ်ထားတဲ့ တည်နေရာကို ရည်ညွှန်းတာ"
လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်တို့ကို စံနှုန်းအဖြစ် အသုံးပြုကာ စစ်တပ်ရှိ ဒေတာအရ ရှင်းလင်းလိုက်ပါက တိကျသည့် သြဒီနိတ်တစ်ခုကို ရနိုင်သည်။
"အဲဒီနေရာမှာ ဒီအထိမ်းအမှတ်ဒင်္ဂါးပြားကို ဝှက်ထားတာဖြစ်ရမယ်!" အောင်ပွဲခံရန် အလားအလာရှိနိုင်တာကို တွေးလိုက်မိတော့ ချင်ယွဲ့ ပိုလို့တောင်စိတ်လှုပ်ရှားလာသည်။ သူ့ခြေထောက်နှစ်ချောင်းက အံ့အားသင့်စရာကောင်းတဲ့အရှိန်နဲ့ ပြေးနေကာ ပျံသွားတော့မယ့်ပုံပင်။
သူစိတ်လှုပ်ရှားနေတာက ကိစ္စမဟုတ်ပေ။ အဓိကအချက်ကတော့ သူက မော့ချူးကို ကိုင်ထားတာကြောင့် သူမကို ခလုတ်တိုက် လဲကျလုနီးပါးဖြစ်သွားစေသည်။
"ဟေး သတိထား!" ဒါက တောင်တက်လမ်း။ မတော်တဆ ပြုတ်ကျသွားရင် ကြီးကြီးမားမား ဖြစ်သွားလိမ့်မယ်။ ချင်ယွဲ့လည်း သူ အမှားလုပ်မိကြောင်း သိသည်။
သူ့မျက်နှာပေါ်က ပျော်ရွှင်နေတဲ့အမူအရာဟာ ချက်ချင်းပျောက်ကွယ်သွားပြီး မော့ချူးကို ကိုင်ထားတဲ့လက်ကိုလည်း အမြန်ဖြေလျော့လိုက်သည်။ သူက အပြစ်ရှိပေမယ့် မျက်နှာချိုသွေးတဲ့ အပြုံးကို ပြုံးပြလိုက်သည်။