← Chapters

အပိုင်း ၂၈၇

Vol. 20 Ch. 287

အပိုင်း ၂၈၇

Vol. 20 Ch. 287

“ လုံလောက်ပြီ" မော့ချူး ရယ်လိုက်သည်။ "ရှင် အရှေ့ကသွား၊ ကျွန်မ နောက်ကလိုက်မယ်"

“ကောင်းပြီ!” ချင်ယွဲ့ ချက်ချင်းခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ချင်ယွဲ့ကို အမှီလိုက်ရသည့် ကင်မရာသမားတွေမှာ ထိုစကားကိုကြားသည့်အခါ မနေနိုင်ဘဲ စိတ်သက်သာရာရသွားကြသည်။ သူတို့တွေ ပြင်းပြင်းထန်ထန်ကို ဟောဟဲလိုက်နေကြသည်။ ကောင်းတယ်။ အခုတော့ သူတို့ နည်းနည်းလောက် အမောဖြေလို့ရပြီ။

သို့ပေမယ့် သူတို့အသက်ရှုလို့မဆုံးခင်မှာဘဲ သူ့တို့ရှေ့မှာရှိတဲ့ ချင်ယွဲ့တစ်ယောက် သူ့ခွာတွေကို လှုပ်ရှားလိုက်သည်အား တွေ့လိုက်ရသည်။ သူဟာ ဇက်ကြိုးကနေလွတ်တဲ့ မြင်းရိုင်းတစ်ကောင်လိုပင်။ အရင်ကထက် ပိုပြီး အားသွန်ခွန်စိုက် ပြေးတော့သည်။

ဟင်းး! ဘာတွေဖြစ်နေတာလဲ? မော့ချူး ပြောတာကို သူနားလည်ရဲ့လား? သူ နည်းနည်းဖြည်းဖြည်းလောက် ပြေးသင့်တာလေ!

နောက်တော့ ကင်မရာမင်းတွေရဲ့ မျက်လုံးတွေထဲ မျက်ရည်တွေနဲ့ ပြည့်နှက်သွားတော့သည်။ နူးညံ့သိမ်မွေ့ပြီး ပျော့ညံ့တဲ့ ကလေးမလေးနဲ့တူတဲ့ မော့ချူးကရော ဘာလို့ ဒီလောက်ထိ မြန်မြန်ပြေးနိုင်ရတာလဲ? သူ့ကိုကြည့်ရတာ အေးအေးဆေးဆေးပဲ။ နောက် သူ့နောက်မှ ခွေးတစ်ကောင်လို ဟောဟဲလိုက်နေတဲ့ ဝန်ထမ်းတွေကိုကြည့်လိုက်သည်။ ဒီထက် ပိုရှင်းအောင် ယှဉ်ရဲသေးလား?

ရက်စက်နဲ့ စာတန်းထိုးအဖွဲ့ဟာလည်း အရှိန်ပြင်းပြင်းဖြင့် အလုပ်လုပ်နေဆဲပင်။ သူတို့ခေါင်းပေါ်၌ တောက်ပနေတဲ့ စကားလုံးအချို့ကို ရိုက်ထည့်ထားကြသည်- "မှန်တယ်၊ ဒါက လေနဲ့တူတဲ့ ယောက်ျားနဲ့ မိန်းမပဲ!"

နောက်ဆုံးတော့ သူတို့ရဲ့ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ နှစ်ယောက်သား နတ်ဘုရားစုန့်နဲ့ မော့ယန်တို့ မရောက်ခင် သူတို့ရဲ့ ဦးတည်ရာကို ရောက်သွားတော့သည်။

ဒါပေမယ့် ဒါက ဒီအစီအစဉ်တွင် ချန်ပီယံဆုသေချာပေါက် ရလိမ့်မယ်လို့ မဆိုလိုပါချေ။ တကယ်တော့ အထိမ်းအမှတ်ဒင်္ဂါးပြားကို ဘယ်မှာဝှက်ထားတယ်ဆိုတာ ဘယ်သူသိလို့လဲ?

"အချစ်လေး၊ မြန်မြန်ထွက်လာတော့! အကိုကြီး မင်းကိုရှာနေတာကြာလှပြီ!" ချင်ယွဲ့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဒီအချိန်မှာ သူ့ပုံရိပ်က လုံးဝကိုပျောက်ကွယ်သွားပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံး မြေပြင်ပေါ် ဖြစ်သလိုထိုင်နေသည်။ ဘယ်ထောင့်ကိုမှ မလွတ်စေဘဲ သူ့လက်ကိုသုံးကာ မြေကြီးအားတူးနေသည်။

ကံဆိုးစွာနဲ့ဘဲ၊ သူ ရွှံ့ရုပ်တုဖြစ်လာသည်အထိ ဒီအထိမ်းအမှတ်ဒင်္ဂါးပြားရဲ့ ဘာအရိပ်အယောင်ကိုမှ မတွေ့ပါချေ။

"ဘာတွေဖြစ်နေတာလဲ?" သူ မော့ချူးရဲ့ပခုံးကို ပုတ်လိုက်သည်။ သူမရဲ့ သန့်ရှင်းနေတဲ့အဝတ်ပေါ်တွင် ရွံ့ပေနေတဲ့ သူ့လက်ဖဝါးရာကြီးကို အောင်အောင်မြင်မြင်နဲ့ ချန်ထားနိုင်လိုက်သည်။ ချင်ယွဲ့ လုံးဝကို နားမလည်ဖြစ်နေသည်။ ဒီနေရာဟာ ကျဉ်းကျဉ်းလေးပင်။ သူနေရာစုံလိုက်ရှာပြီးပြီဖြစ်သည်။ သို့ပေမယ့် ဘာကိုမှ ရှာမတွေ့ပါချေ။ သူမြေကြီးထဲ သုံးပေလောက် တူးရမှာများလား?

“သူတို့ ရောက်လာကြပြီ!" အဲ့ဒီအချိန်မှာ မော့ချူးရဲ့ မျက်လုံးတွေ တဖျပ်ဖျပ်ဖြစ်သွားကာ ခပ်တိုးတိုး ပြောလိုက်သည်။

ဘာ?

ဒါကိုကြားတော့ ချင်ယွဲ့မျက်နှာဟာ မနေနိုင်ဘဲ ပြောင်းလဲသွားတော့သည်။ သူခြေဖျားထောက်ကာ စူးစမ်းလိုက်သည်။ သေစမ်း! မျှော်လင့်ထားတဲ့အတိုင်း နတ်ဘုရားစုန့်တို့အဖွဲ့က သူတို့ထက် အများကြီးနောက်ကျကျန်ခဲ့တာလေ။ အခုတော့ မီတာရာကျော်လောက်သာ ဝေးတော့ကာ နှစ်မိနစ်၊ သုံးမိနစ်အတွင်းမှာဘဲ ဒီကိုရောက်လာတော့မည်ဖြစ်သည်။

"ငါတို့ဘာလုပ်ကြမလဲ? ငါတို့ဘာလုပ်ကြမလဲ?" ချင်ယွဲ့မှာ အစိုးရိမ်လွန်ကာ နေရာမှာလှည့်ပတ်နေမိသည်။ သူထပ်လှဲချလိုက်ကာ မြေပြင်ပေါ် စမ်းတဝါးဝါးဖြင့် ထပ်ရှာလိုက်သည်။ "ငါ တစ်ခုခု လွဲသွားလို့ ရှာမတွေ့တာများလား?"

“ကျွန်မတော့ မထင်ဘူး" မော့ချူး မျက်မှောင်ကြုတ်လိုက်သည်။ စောစောက ဒီနေရာကို သူမဖြတ်ခဲ့ပေမယ့် အခုထိ ရှာမတွေ့သေးပေ။ “ဒီအထိမ်းအမှတ်ဒင်္ဂါးပြားက ဒီမှာမရှိတာများလား? နေရာမှားရှာမိတာများလား?""

"အာ?" ချင်ယွဲ့ထရပ်လိုက်ကာ သူ့မျက်နှာပေါ်တွင် မယုံနိုင်မှုတွေနဲ့ ပြည့်သွားတော့သည်။ “မဖြစ်နိုင်ဘူး။ ငါတို့ အားအများကြီး စိုက်ထုတ်ခဲ့တာကို၊ ဒါပေမယ့် နောက်ဆုံးတော့ ထောင်ချောက်ဖြစ်နေသေးတာလား? တကယ်သာဆိုရင် ဒီလင်ယဲ့ဟုန်က အရမ်းယုတ်မာတာပဲ!"

လမ်းတစ်လျှောက်တွင် သူတို့ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို တွေးတောမိကာ ချင်ယွဲ့မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်သွားတော့သည်။ သူ့တစ်ဖက်လှည့်ကာ သူ့ဘေးနားက ဝန်ထမ်းတစ်ယောက် သူ့လက်ကြီးနဲ့ ဖမ်းဆွဲလိုက်ပြီး အားအင်အပြည့်နဲ့ လှုပ်ယမ်းလိုက်သည်။ "ကျွန်တော့်ကိုပြော! ခင်ဗျားရဲ့ ဒါရိုက်တာလင်က ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ? အဆုံးတောင် ရောက်နေပြီကို၊ သူက ငါတို့ကို ဒီလိုမျိုး ကစားချင်နေသေးတာလား?"

အပြစ်မရှိတဲ့ ဝန်ထမ်းမှာ ချင်ယွဲ့ကြောင့် ပြင်းပြင်းထန်ထန် လှုပ်ခါခံလိုက်ရကာ သူ့ကိုယ်မှာ ယိမ်းယိုင်သွားရသည်။ သူ့အင်္ကျီလက်ပင့်တက်သွားတော့ ပိုးသားအိတ်တစ်အိတ် ထွက်ကျလာကာ မော့ချူးရင်ခွင်ထဲ ကျလာသည်။

“ဒါက…” လူတိုင်း အံ့ဩသွားကြသည်။ ဒါက သူတို့ရှာမတွေ့ခဲ့တဲ့ ပိုးသားအိတ် မဟုတ်ဘူးလား? ဒီလိုမျိုးထွက်လာတယ်လား?

မော့ချူးလည်း တစ်ခဏလောက် အံ့အားသင့်သွားရသည်။ သူမ ပိုးသားအိတ်ကိုဖွင့်လိုက်တော့ ရွှေရောင်အထိမ်းအမှတ်ဒင်္ဂါးပြားထွက်လာခဲ့သည်။

ဒီအခိုက်အတန့်မှာ မော့ချူး နောက်ဆုံးတော့ တုံ့ပြန်လာသည်။ အရင်က ဒီအထိမ်းအမှတ်ဒင်္ဂါးပြားကို ရှာမတွေ့ခဲ့တာ အံ့သြစရာမရှိတော့ပေ။ ဒီဟာက ဝန်ထမ်းတစ်ယောက်ပေါ်မှာ တစ်ချိန်လုံးရှိနေမှန်း ထွက်ပေါ်လာသည်!

ချင်ယွဲ့ ရုတ်တရတ် လှုပ်ရှားခဲ့တာကြောင့်သာ မဟုတ်ရင် ဒါကို ဘယ်သူမှ တွေးမိလိမ့်မည်မဟုတ်ပေ။

နောက်ဆုံးတော့၊ ရလဒ်က ရယ်စရာကောင်းတဲ့နည်းလမ်းနဲ့ ဆုံးဖြတ်နိုင်လိုက်သည်။ မော့ချူးဟာ သူမရဲ့ ကံကောင်းမှုပေါ် အားကိုးကာ 'အသန်မာဆုံး' ဆိုတဲ့နာမည်ကို အောင်မြင်စွာနဲ့ ရယူနိုင်လိုက်သည်။

နောက်ဆုံးအပိုင်း ပြီးသွားတော့ ပရိသတ်တွေက ထပ်ပြီး ကြည့်ချင်နေသေးသည်....

[ပြီးသွားပြီ? ဒီအတိုင်း ပြီးသွားတာလား?]

[ရွှတ် ရွှတ် ရွှတ်၊ ပြီးသွားပြီလား? ထပ်ကြည့်ချင်သေးတာကို!]

[ပြီးသွားပြီ၊ ငါ အခုပဲကြည့် ပြီးသွားတာ။ ရုတ်တရက်ကြီး ငါ့ဘဝမှာ တစ်ခုခုကိုလွတ်သွားသလို ခံစားလိုက်ရတယ်]

[လင်ယွဲ့ဟုန်၊ အခုထွက်လာခဲ့ပါ။ နောက်လာမယ့်အစီအစဉ် အကြောင်း ငါတို့ဆွေးနွေးကြမယ်!]

အွန်လိုင်းပေါ်တွင် ကြည့်ရှုသူအရေအတွက် စံချိန်သစ်တင်ပြီးနောက်၊ စိတ်အားထက်သန်ဆဲဖြစ်သည့် အင်တာနက်အသုံးပြုသူတွေဟာ နောက်အစီအစဉ်အား ဆက်ရိုက်ကူးရန် အင်တာနက်တခွင် နေရာအနှံ့တောင်းဆိုကြတော့သည်။

သို့သော် အဲ့ဒီအချိန်မှာ မော့ချူးတစ်ယောက် လေလံအိမ်မှာ ပြန်ပေးဆွဲရောင်းချခံရကြောင်း တစ်စုံတစ်ဦးမှ သတင်းဖြန့်လိုက်သည်။ တစ်ခဏလောက် ဆီအိုးထဲ ရေပက်ထည့်လိုက်သလို စတားနက်တစ်ခွင် ပွက်ပွက်ဆူလာတော့သည်!

All Chapters